Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေလေပၚ ပ်ံဝဲကစားႏိုင္ မည့္ Indoor Skydiving Yangon ကို ျမန္မာႏိုင္ငံတြင္ ပထမဆံုး အေနျဖင့္ ျမန္မာ့စီးပြားေရးေကာ္ ပိုေရးရွင္းက ဖြင့္လွစ္သည္။

Indoor Skydiving Yangon ကို မရမ္းကုန္းၿမိဳ႕နယ္ ေတာ္ဝင္ လမ္း၌ ေအာက္တိုဘာ ၂၁ ရက္ တြင္ စတင္ဖြင့္လွစ္ၿပီး တစ္ရက္ လွ်င္ လာေရာက္ေဆာ့ကစားသူ ၄၀ ဦးခန္႔ရွိေၾကာင္း ဝန္ထမ္းတစ္ ဦးက ေျပာသည္။

ပံုမွန္ေစ်းႏႈန္းအေနျဖင့္ ႏိုင္ငံ သားတစ္ဦးလွ်င္ က်ပ္ငါးေသာင္း၊ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ကန္ေဒၚလာ ၅၀ သတ္မွတ္ထားေသာ္လည္း လက္ရွိတြင္ ပ႐ိုမိုးရွင္းကာလသံုးလသတ္မွတ္ထားကာ ႏိုင္ငံသားတစ္ဦးလွ်င္ က်ပ္သံုးေသာင္းႏွင့္ ႏိုင္ငံျခားသားတစ္ဦးလွ်င္ ၃၅ ေဒၚလာ သတ္မွတ္ထားေၾကာင္း Indoor Skydiving Yangon တာဝန္ခံဦးဟန္ထြန္းက ေျပာၾကားသည္။

ေဆာ့ကစားသူမ်ား အေန ျဖင့္ တစ္မိနစ္စာႏွစ္ႀကိမ္ (စုစု ေပါင္းႏွစ္မိနစ္) ေလေပၚ ပ်ံဝဲခြင့္ရရွိမည္ျဖစ္ၿပီး ၫႊန္ၾကားသည့္အ တိုင္း လုပ္ေဆာင္ပါက ခက္ခဲမႈမရွိ ေၾကာင္း နည္းျပကိုေက်ာ္မ်ိဳးထြန္း က ေျပာသည္။

Indoor Skydiving လုပ္မည့္သူမ်ားကို ၂၉ ဒသမ ၆ ေပအျမင့္၊ ၁၂ ဒသမ ၁ ေပအက်ယ္ Vertical Wind Tunnel သို႔ မဝင္မီနည္းျပ မ်ားက Skydiving ျပဳလုပ္စဥ္ေန ထိုင္ျပဳမူရမည့္ ပံုစံမ်ားကို မိနစ္ ပိုင္းခန္႔သင္ၾကားျပသေပးသည္။

အသက္ (၅) ႏွစ္အထက္၊ ေပါင္ ၂၀၀ ေအာက္ရွိသူမ်ားေဆာ့ ကစားႏိုင္ၿပီး ႁခြင္းခ်က္အေနျဖင့္ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ လက္ေမာင္းႏွင့္ ေျခေထာက္အဆစ္ ျပဳတ္ထားဖူးသူမ်ား၊ ႏွလံုးေရာဂါရွိသူမ်ား၊ အရက္ေသစာႏွင့္ မူးယစ္ေဆးဝါးသံုးစြဲထားသူမ်ား ေဆာ့ကစားႏိုင္မည္မဟုတ္ေၾကာင္း ဦးဟန္ထြန္းက ေျပာသည္။

‘‘နည္းပညာကေတာ့ လတ္ ဗီးယားနည္းပညာနဲ႔ စက္ေတြတပ္ ဆင္ထားတာျဖစ္ပါတယ္’’ ဟု ဦး ဟန္ထြန္းက ေျပာသည္။

ထို႔အျပင္ လက္ရွိနည္းျပမ်ား အား လတ္ဗီးယားႏိုင္ငံမွ ပညာရွင္ မ်ားက ၿပီးခဲ့သည့္ ၂၀၁၆ ေအာက္ တိုဘာကတည္းက သင္ၾကားေပး ခဲ့ေၾကာင္း ဦးဟန္ထြန္းက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ရန္ #
 လေပေါ် ပျံဝဲကစားနိုင် မည့် Indoor Skydiving Yangon ကို မြန်မာနိုင်ငံတွင် ပထမဆုံး အနေဖြင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းက ဖွင့်လှစ်သည်။

Indoor Skydiving Yangon ကို မရမ်းကုန်းမြို့နယ် တော်ဝင် လမ်း၌ အောက်တိုဘာ ၂၁ ရက် တွင် စတင်ဖွင့်လှစ်ပြီး တစ်ရက် လျှင် လာရောက်ဆော့ကစားသူ ၄၀ ဦးခန့်ရှိကြောင်း ဝန်ထမ်းတစ် ဦးက ပြောသည်။

ပုံမှန်ဈေးနှုန်းအနေဖြင့် နိုင်ငံ သားတစ်ဦးလျှင် ကျပ်ငါးသောင်း၊ နိုင်ငံခြားသားတစ်ဦးလျှင် ကန်ဒေါ်လာ ၅၀ သတ်မှတ်ထားသော်လည်း လက်ရှိတွင် ပရိုမိုးရှင်းကာလသုံးလသတ်မှတ်ထားကာ နိုင်ငံသားတစ်ဦးလျှင် ကျပ်သုံးသောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၃၅ ဒေါ်လာ သတ်မှတ်ထားကြောင်း Indoor Skydiving Yangon တာဝန်ခံဦးဟန်ထွန်းက ပြောကြားသည်။

ဆော့ကစားသူများ အနေ ဖြင့် တစ်မိနစ်စာနှစ်ကြိမ် (စုစု ပေါင်းနှစ်မိနစ်) လေပေါ် ပျံဝဲခွင့်ရရှိမည်ဖြစ်ပြီး ညွှန်ကြားသည့်အ တိုင်း လုပ်ဆောင်ပါက ခက်ခဲမှုမရှိ ကြောင်း နည်းပြကိုကျော်မျိုးထွန်း က ပြောသည်။

Indoor Skydiving လုပ်မည့်သူများကို ၂၉ ဒသမ ၆ ပေအမြင့်၊ ၁၂ ဒသမ ၁ ပေအကျယ် Vertical Wind Tunnel သို့ မဝင်မီနည်းပြ များက Skydiving ပြုလုပ်စဉ်နေ ထိုင်ပြုမူရမည့် ပုံစံများကို မိနစ် ပိုင်းခန့်သင်ကြားပြသပေးသည်။

အသက် (၅) နှစ်အထက်၊ ပေါင် ၂၀၀ အောက်ရှိသူများဆော့ ကစားနိုင်ပြီး ခြွင်းချက်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ လက်မောင်းနှင့် ခြေထောက်အဆစ် ပြုတ်ထားဖူးသူများ၊ နှလုံးရောဂါရှိသူများ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲထားသူများ ဆော့ကစားနိုင်မည်မဟုတ်ကြောင်း ဦးဟန်ထွန်းက ပြောသည်။

‘‘နည်းပညာကတော့ လတ် ဗီးယားနည်းပညာနဲ့ စက်တွေတပ် ဆင်ထားတာဖြစ်ပါတယ်’’ ဟု ဦး ဟန်ထွန်းက ပြောသည်။

ထို့အပြင် လက်ရှိနည်းပြများ အား လတ်ဗီးယားနိုင်ငံမှ ပညာရှင် များက ပြီးခဲ့သည့် ၂၀၁၆ အောက် တိုဘာကတည်းက သင်ကြားပေး ခဲ့ကြောင်း ဦးဟန်ထွန်းက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top