Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Metoo ေလးရဲ႕အဆက္ HimThough နဲ႔ IDidThat /IDidToo ဆိုတာေလးက MeToo ေနာက္ပိုင္းမွာ ေခတ္စားလာျပန္ပါတယ္။ #IDidThat ကိုပိုၿပီး အဓိကထားေရးၾကတယ္ေပါ့ေနာ္။ ရည္ရြယ္ခ်က္ေလးကလည္း ေတာ္ေတာ္ေကာင္းတယ္။ ဘာအဓိပၸါယ္လည္း ဆိုတာေတာ့ အက္ဒ္မင္နဲ႔တူတူၾကည့္လိုက္ရေအာင္။

MeToo ဆိုတာေလးက လူမႈကြန္ရက္ေတြမွာ ေတာ္ေတာ္ေလး လူေျပာမ်ားၿပီးေရပန္းစားခဲ့ေပမဲ့ အၾကာႀကီး မခံခဲ့ဘဲ #IDidThat ဆိုတာက ေနရာဝင္ယူလာပါတယ္။ #MeToo ရဲ႕ အဓိပၸါယ္ေတာ့ေယာင္းတို႔ သိၿပီးသားျဖစ္မွာေပါ့။ မသိေသးတဲ့ေယာင္းေတြလည္း ဒီမွာ ၾကည့္လို႔ရတယ္ေနာ္။

MeToo အစီအစဥ္ရဲ႕ ရည္ရြယ္ခ်က္ကေကာင္းေပမဲ့ ဒါက အမ်ိဳးသမီးေတြကိုပဲ ဦးတည္ထားတဲ့အတြက္ေၾကာင့္ ကမာၻေပၚမွာ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈခံခဲ့ရတဲ့ အမ်ိဳးသမီးေတြအမ်ားႀကီးရွိတယ္ဆိုတာကို ခ်ျပနိုင္ခဲ့ယံုပဲ ျဖစ္ခဲ့ၿပီးေတာ့ ဘာျပဳျပင္ေျပာင္းလဲတိုးတက္မႈမွ မရွိခဲ့ပါဘူးတဲ့။

ဒါကို သတိထားမိတဲ့ အမ်ိဳးသမီးေရးရာ လႈပ္ရွားသူတစ္ဦးျဖစ္တဲ့ စာေရးဆရာမ Wagatwe Sara Wanjuki က သူရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚမွာ ဒီလိုမ်ိဳးေရးသားခဲ့ပါတယ္။

“ကၽြန္မကေတာ့ ‘ကၽြန္မေရာပဲ။’ (Me, Too) လို႔ မေျပာလိုဘူး။ အမ်ိဳးသမီးေတြအေတာ္မ်ားမ်ား လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ ခံေနရတယ္ဆိုတာ တစ္ကမာၻလံုး သိေနၿပီးသားပဲ။ အဓိကကေတာ့ ကၽြန္မတို႔ရဲ႕ ျဖစ္ရပ္မွန္ေတြကိုေတာင္ မေဖာ္ထုတ္သင့္တာပါ။

– ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားေတြဟာ သူတို႔ပတ္ဝန္းက်င္မွာ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို ေတြ႕ေနတာေတာင္ (သူတို႔ကိုယ္တိိုင္လည္း အဲ့ ေစာ္ကားမႈေတြရဲ႕ တရားခံျဖစ္ေနတာေတာင္) ဘာမွမလုပ္ဘဲ၊ မတားဆီးဘဲ ထိုင္ၾကည့္ေနၾကတာ အရင္ထဲကပဲ။

– ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးေတြ၊ ေယာက္်ားလ်ာေတြ၊ ကိုယ့္ကိုကိုယ္ မိန္းမရယ္၊ ေယာက္်ားရယ္လို႔ မသတ္မွတ္ဘဲ လူတစ္ေယာက္အျဖစ္သာခံယူထားတဲ့ အမ်ိဳးသမီးေတြ၊ အိမ္ရွင္မေတြက ဘယ္ေလာက္ပဲ သူတို႔ လိင္ပိုင္းဆိုင္ရာအရ ေစာ္ကားျခင္းကို ခံေနရပါတယ္ဆိုၿပီး သက္ေသေတြနဲ႔ ေျပာေနပါေစ ဘယ္သူမွ ဂရုမစိုက္ခဲ့တာ အရင္တည္းကပဲ။

– ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မတို႔ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈနဲ႔ ပတ္သတ္ၿပီး ထိခိုက္ခဲ့ရတာေတြကို သူတို႔ျမင္လည္းဘာမွမထူးလုိ႔ပဲ။ သူတို႔အရင္ကလည္း ျမင္ခဲ့တာပဲေလ။

– ဘာေၾကာင့္လဲဆိုေတာ့ ဒီကိစၥကို ေျဖရွင္းဖို႔တာဝန္က ကၽြန္မတို႔ပခံုးေပၚမက်သင့္လို႔ပဲ။ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈလုပ္ေနတဲ့ ပုရိသေတြဆီမွာပဲ တာဝန္ရွိတယ္။

– ဘာေၾကာင့္လဲဆိုေတာ့ ဒီလိုလုပ္ျခင္းျဖင့္ ဘာမွေျပာင္းလဲသြားမွာ မဟုတ္ဘူးဆိုတာ ကၽြန္မစိတ္ထဲ၊အသည္းထဲကကို သိေနလို႔ပဲ။ ကၽြန္မတို႔က ေယာက္်ားေတြကို သိေစခ်င္လို႔ေျပာလည္း မသိခ်င္ေယာင္ေဆာင္ေနဦးမွာ မို႔လို႔ပဲ။

– ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ထိလက္ေရာက္ျပဳမူသူေတြ အက်င့္ဆိုးရွိတဲ့သူေတြ အေပၚဦးတည္ရမယ့္အစား ခံရတဲ့သူေတြအေပၚဦးတည္ေနတဲ့အခ်က္ကို ေျပာင္းလဲသင့္လို႔ပဲ။

– ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မတို႔ ေစာ္ကားခံခဲ့ရတာေတြ၊ ထုတ္ေဖာ္ခဲ့ရတာေတြလံုေလာက္ၿပီ။ အခုက ရွင္တို႔အလွည့္ပဲ။”

သူေျပာတာလည္း လက္ေတြ႔က်တာပဲေနာ္။ အမ်ိဳးသမီးေတြ လိင္ပိုင္းဆိုင္ရာအရ ေစာ္ကားျခင္းခံရတယ္ဆိုတာ အခုမွ မဟုတ္ဘူး အရင္တည္းကရွိခဲ့တာပဲ။ မသိတာလည္း မဟုတ္။။ အကုန္လံုး သိၿပီးသားကိစၥႀကီးကို။ အရင္ကေတာင္ ဂရုမစိုက္တာ အခုေရာစိုက္ပါ့မလား။ ဒါလည္း ေတြးစရာ။ ဒီထက္ဆိုးတာႀကီးက အဲ့ #MeToo ကိုေရးတဲ့ အမ်ိဳးသမီးေတြကို တိုက္ခိုက္တဲ့ေယာက္်ားေတြေတာင္ ေပၚလာပါေသးတယ္။ တကယ္ ခံရတာလည္း မဟုတ္ဘဲနဲ႔ ဆိုတာကတစ္မ်ိဳး၊ ခံရတယ္ဆိုၿပီး သူလွေၾကာင္း၊ ေယာက္်ားေလးေတြရဲ႕ စိတ္ဝင္စားမႈကိုခံရေၾကာင္း ၾကြားခ်င္ေနတယ္ ဆိုတာက တစ္ဖံုနဲ႔။

နာမည္ႀကီး စာေရးဆရာတစ္ေယာက္ျဖစ္တဲ့ Jackson Katz ဆိုရင္ ၂၀၁၃ ခုႏွစ္တည္းက ဒီျပသနာကိုေထာက္ျပခဲ့တာ။ ခံရတဲ့သူေတြေပၚပဲ အာရံုစိုက္ၿပီး ျပဳလုပ္တဲ့လူေတြကို ဦးတည္ခ်က္မထားတဲ့အေၾကာင္းတဲ႔ ပတ္သတ္ၿပီးေတာ့ သူကဘာေျပာလဲဆိုေတာ့

“မႏွစ္ကေတာ့ျဖင့္ အမ်ိဳးသမီးဘယ္ႏွစ္ေယာက္ မုဒိန္းက်င့္ခံရပါတယ္ဆိုတာပဲ ေျပာၾကတယ္။ ေယာက္်ားဘယ္ႏွစ္ေယာက္က မုဒိန္းက်င့္ပါတယ္လို႔ မေျပာၾကဘူး။ ေက်ာင္းသူေလးဘယ္ႏွစ္ေယာက္ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ ခံရပါတယ္ဆိုတာပဲ ေဖာ္ျပတယ္။ ေက်ာင္းသားဘယ္ႏွစ္ေယာက္က ေစာ္ကားလိုက္တယ္ဆိုတာ မပါဘူး။ ဆယ္ေက်ာ္သက္အမ်ိဳးသမီးငယ္ ဘယ္ႏွစ္ေယာက္ကိုယ္ဝန္ရသြားပါတယ္ဆိုတာပဲ ေျပာၾကတယ္။ ေယာက္်ားဘယ္ႏွစ္ေယာက္က သူတို႔ ကိုယ္ဝန္ရေအာင္ လုပ္ခဲ့လဲဆိုတာကို မေျပာၾကဘူး။ အဲ့လိုေျပာဆိုၾကတဲ့အခါ ဒီကိစၥေတြျဖစ္ရတာက မိန္းမေတြကိစၥ၊ မိန္းမေတြျပသနာသက္သက္သာ ျဖစ္ၿပီး ေယာက္်ားေတြေၾကာင့္ ဆိုတာႀကီးကို လံုးလံုးေမ့ထားၾကတယ္။ ေယာက္်ားေတြက ဒီကိစၥနဲ႔ လံုးလံုးမသက္ဆိုင္သလိုျဖစ္သြားၾကတယ္။” တဲ့။

ေသခ်ာစဥ္းစားၾကည့္ရင္ ေခတ္အစဥ္အဆက္ဒီလိုပဲေျပာေနတယ္ဆိုတာကလည္း သတိထားစရာပဲေနာ္။ တကယ္ပဲ ဒီကိစၥဟာ ေယာက္်ားေတြနဲ႔ မသက္ဆိုင္သလို ျဖစ္ခဲ့သလားေပါ့။ သက္ဆိုင္တာ မသက္ဆိုင္တာထက္ ဂရုမစိုက္တာ၊ မသိခ်င္ဟန္ေဆာင္ခံရတာက ပိုမ်ားမယ္ထင္တယ္။ မဆိုင္ပါဘူးေလ ဆိုၿပီးေတာ့ေလ။

ဆက္ရေအာင္။ ဆိုေတာ့ကာ#MeToo က နာမည္ႀကီးေပမဲ့ ခရီးမေရာက္ဘူးဆိုပါေတာ့။ အဲ့ေတာ့ VOX မီဒီယာရဲ႕ စာေရးဆရာတစ္ေယာက္ျဖစ္တဲ့ Liz Plank က သူ႔ရဲ႕ Twitter အေကာင့္မွာ ဒီလိုေတြေရးခဲ့ပါတယ္။

“ကၽြန္မလည္း စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာအရပါ  လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈကို ခံခဲ့ရပါတယ္။ ဒါေပမဲ့ အမ်ိဳးသားေတြအတြက္ကေရာ? ေယာက္်ားေတြကို ျပဳျပင္ဖို႔ အမ်ိဳးသမီးေတြမွာ တာဝန္ရွိတယ္လို႔ ဘယ္သူကမ်ား ေျပာခဲ့သလဲ”

“ဒီကိစၥကို ေျဖရွင္းဖို႔တာဝန္က ဘာလို႔အမ်ိဳးသမီးေတြပခံုးေပၚပဲ က်ရတာလဲ။ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရမႈ ျပသနာဟာ အမ်ိဳးသမီးေတြနဲ႔ပဲ သက္ဆိုင္တယ္လို႔ ဟန္ေဆာင္ေနရတာကို ကၽြန္မေတာ့ မႏွစ္သက္ဘူး။ ရွက္ရမွာက ကၽြန္မတို႔မဟုတ္ဘူး။ ရွင္တို႔ပါ။#HimThough”

“လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈဟာ အမ်ိဳးသမီးေတြနဲ႔ သက္ဆိုင္တဲ့ ကိစၥတစ္ခုသာျဖစ္တယ္ဆိုတာက သိပ္ေတာ့ သဘာဝမက်လွဘူး။ အမ်ိဳးသားေတြလည္း လိင္ပိုင္းဆိုင္ရာအရ ေစာ္ကားခံရမႈေတြ ရွိေနပါတယ္။ က်ဴးလြန္သူ အမ်ားစုဟာ အမ်ိဳးသားေတြျဖစ္ေပမဲ့ေပါ့။”

စသည္ျဖင့္ အျငင္းပြားမႈေလးေတြရွိလာပါတယ္။ #HimThough (သူ႔မွာလည္းတာဝန္ရွိတယ္) ဆိုတာေလးက အဲ့မွာစတာပါ။ မၾကာခင္မွာပဲ ဟာသသရုပ္ေဆာင္တစ္ျဖစ္လဲ စာေရးဆရာ တစ္ေယာက္ျဖစ္တဲ့ Devang Pathak ဟာ Twitter အေကာင့္မွာ သူ႔ရဲ႕ျဖစ္ရပ္မွန္ဇာတ္လမ္းကို ေဝမွ်ခဲ့ပါတယ္။ အဲ့မွာေတာ့ သူက က်ဴးလြန္သူေပါ့။ ဇာတ္လမ္းအဆံုးမွာ hashtag IDidThat (#IDidThat) ‘ငါအဲ့ဒါကို (လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ) လုပ္ခဲ့ပါတယ္’ ဆိုၿပီး က်ဴးလြန္ခဲ့တယ္ဆိုတာကို ဝန္ခံခဲ့ပါတယ္။ ရည္ရြယ္ခ်က္ကေတာ့ အမ်ိဳးသားေတြေစာ္ကားခံရတယ္၊ အမ်ိဳးသမီးေတြ ေစာ္ကားခံရတယ္ရယ္လို႔ မဟုတ္ပဲ ျပဳလုပ္တဲ့သူကိုပဲ ဦးတည္တဲ့သေဘာမ်ိဴးပါ။ #IDidThat/ #IDidToo ဆိုတဲ့သေဘာကေတာ့ ကိုယ္လုပ္တယ္ဆိုတာ ဝန္ခံ၊ အမွားကိုသိၿပီး ကိုယ္က်ဴးလြန္ခဲ့မိတဲ့လူေတြကို ေတာင္းပန္တဲ့သေဘာေပါ့။ ဒါေလးက ေတာ္ေတာ္ေအာင္ျမင္သြားတယ္လို႔ဆိုရမယ္။ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ #IDidThat ေလးတြဲတင္ၿပီး ေတာင္းပန္ေနၾကတဲ့သူေတြ အမ်ားႀကီး။ သူလည္း ေစာ္ကားခံရတဲ့သူေတြကို ေတာင္းပန္တာကလြဲလို႔ ဘာမွမလုပ္ႏိုင္ဘူးဆိုေပမဲ့ အသိတရားရၿပီး အနာဂတ္မွာ ဆင္ျခင္မယ့္လူေတြ ရွိလာမယ္လို႔ ေမွ်ာ္လင့္ရတာေပါ့ေလ။ ဒါေလးက ဝန္ခံထားတဲ့ ဥပမာထဲက တစ္ခုပါ။

“#Ididtoo

ေပါ့ပင္လုပ္တာေတာ့ မဟုတ္ရပါဘူး။ ဒါေပမဲ့ အဲ့ #MeToo ပို႔စ္ပိုင္ရွင္ တစ္ေယာက္မဟုတ္တစ္ေယာက္ အတြက္ေတာ့ ကၽြန္ေတာ့္မွာ အေသအခ်ာ တာဝန္ရွိေနတယ္။ ကၽြန္ေတာ္တို႔ (လိင္ပိုင္းဆိုင္ရာေစာ္ကားသူ) ဟာ ေနရာတိုင္းမွာရွိေနသလို ဘယ္သူမဆိုလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ #MeToo လို အစီအစဥ္မ်ိဳးေၾကာင့္ ကၽြန္ေတာ္တို႔ အသိတရားရခဲ့သလို ရင့္က်က္ခဲ့ပါတယ္။

 အဲ့တာေၾကာင့္ အဲ့အစီအစဥ္ၿပီးေနာက္ပိုင္းမွာ ကၽြန္ေတာ္ဆိုးဆိုးရြားရြားဆက္ဆံခဲ့ဖူးတဲ့ ကၽြန္ေတာ္သိကၽြမ္းသေလာက္ အမ်ိဳးသမီးေတြဆီက ခြင့္လႊတ္မႈကိုေတာင္းခံခဲ့တာ ခြင့္လႊတ္ၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္မမွတ္မိဘဲ/သတိမထားမိလိုက္ဘဲ ဆိုးဆိုးရြားရြားဆက္ဆံခဲ့မိတဲ့ အမ်ိဳးသမီးေတြရွိရင္လည္း ကၽြန္ေတာ့္ကိုအသိေပးပါ။ ကၽြန္ေတာ္သိရရင္ အဲ့ကတစ္ဆင့္ သင္ခန္းစာယူၿပီးေတာ့ ေတာင္းပန္ခ်င္ပါတယ္။

ဒီ ျပႆနာကို ေျဖရွင္းဖို႔တာဝန္က အမ်ိဳးသမီးေတြပခံုးေပၚ မေရာက္သင့္ပါဘူး။” တဲ့

ဒါတစ္ခုပဲ ရွိပါေသးတယ္ေနာ္။ ေနာက္ထပ္ဝန္ခံထားတာေတြ အမ်ားၾကီးအမ်ားၾကီးရွိေသးတယ္။

တစ္ခုရွိတာက အမ်ိဳးသားေတြအားလံုးဟာ အျပစ္က်ဴးလြန္သူေတြ မဟုတ္ၾကဘူး၊ သူတို႔ေတြလည္း လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈေတြရွိေနပါတယ္။ အဲ့ေတာ့ ဘယ္သူေတြကပဲ ေစာ္ကားခဲ့သည္ျဖစ္ေစ၊ ဘယ္သူေတြကပဲ ေစာ္ကားခံခဲ့ရသည္ျဖစ္ေစ၊ မိန္းမျဖစ္ေစ၊ ေယာက္်ားျဖစ္ေစ၊ ကိုယ္က်ဴးလြန္ခဲ့တဲ့အျပစ္ကို ဝန္ခံၿပီး အသိတရားရဖို႔က ပိုအေရးႀကီးတာ မဟုတ္လားေယာင္းတို႔ေရ။ ကိုယ္တစ္ေယာက္တည္း အသိတရားရရံုနဲ႔ေတာ့ သိပ္ၿပီးမထူးျခားသြားႏိုင္ေပမယ့္ အေယာက္ခ်င္းဆီတိုင္းကသာ ဒီလိုအသိတရားရွိၿပီး ျပဳျပင္ေျပာင္းလဲသြားမယ္ဆိုရင္ ေယာင္းတို႔ေနထိုင္တဲ့ ကမာၻၾကီးက အရမ္းကို လွပသြားမွာပါ။

အမ်ားအားနဲ႔ ပိုေအးခ်မ္းသာယာလွပတဲ့ ကမာၻသစ္တစ္ခုကို ဖန္တီးရေအာင္ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
Metoo လေးရဲ့အဆက် HimThough နဲ့ IDidThat /IDidToo ဆိုတာလေးက MeToo နောက်ပိုင်းမှာ ခေတ်စားလာပြန်ပါတယ်။ #IDidThat ကိုပိုပြီး အဓိကထားရေးကြတယ်ပေါ့နော်။ ရည်ရွယ်ချက်လေးကလည်း တော်တော်ကောင်းတယ်။ ဘာအဓိပ္ပါယ်လည်း ဆိုတာတော့ အက်ဒ်မင်နဲ့တူတူကြည့်လိုက်ရအောင်။

MeToo ဆိုတာလေးက လူမှုကွန်ရက်တွေမှာ တော်တော်လေး လူပြောများပြီးရေပန်းစားခဲ့ပေမဲ့ အကြာကြီး မခံခဲ့ဘဲ #IDidThat ဆိုတာက နေရာဝင်ယူလာပါတယ်။ #MeToo ရဲ့ အဓိပ္ပါယ်တော့ယောင်းတို့ သိပြီးသားဖြစ်မှာပေါ့။ မသိသေးတဲ့ယောင်းတွေလည်း ဒီမှာ ကြည့်လို့ရတယ်နော်။

MeToo အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကကောင်းပေမဲ့ ဒါက အမျိုးသမီးတွေကိုပဲ ဦးတည်ထားတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရတဲ့ အမျိုးသမီးတွေအများကြီးရှိတယ်ဆိုတာကို ချပြနိုင်ခဲ့ယုံပဲ ဖြစ်ခဲ့ပြီးတော့ ဘာပြုပြင်ပြောင်းလဲတိုးတက်မှုမှ မရှိခဲ့ပါဘူးတဲ့။

ဒါကို သတိထားမိတဲ့ အမျိုးသမီးရေးရာ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ စာရေးဆရာမ Wagatwe Sara Wanjuki က သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဒီလိုမျိုးရေးသားခဲ့ပါတယ်။

“ကျွန်မကတော့ ‘ကျွန်မရောပဲ။’ (Me, Too) လို့ မပြောလိုဘူး။ အမျိုးသမီးတွေအတော်များများ လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံနေရတယ်ဆိုတာ တစ်ကမ္ဘာလုံး သိနေပြီးသားပဲ။ အဓိကကတော့ ကျွန်မတို့ရဲ့ ဖြစ်ရပ်မှန်တွေကိုတောင် မဖော်ထုတ်သင့်တာပါ။

– ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ပတ်ဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို တွေ့နေတာတောင် (သူတို့ကိုယ်တိုင်လည်း အဲ့ စော်ကားမှုတွေရဲ့ တရားခံဖြစ်နေတာတောင်) ဘာမှမလုပ်ဘဲ၊ မတားဆီးဘဲ ထိုင်ကြည့်နေကြတာ အရင်ထဲကပဲ။

– ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေ၊ ယောက်ျားလျာတွေ၊ ကိုယ့်ကိုကိုယ် မိန်းမရယ်၊ ယောက်ျားရယ်လို့ မသတ်မှတ်ဘဲ လူတစ်ယောက်အဖြစ်သာခံယူထားတဲ့ အမျိုးသမီးတွေ၊ အိမ်ရှင်မတွေက ဘယ်လောက်ပဲ သူတို့ လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်းကို ခံနေရပါတယ်ဆိုပြီး သက်သေတွေနဲ့ ပြောနေပါစေ ဘယ်သူမှ ဂရုမစိုက်ခဲ့တာ အရင်တည်းကပဲ။

– ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သတ်ပြီး ထိခိုက်ခဲ့ရတာတွေကို သူတို့မြင်လည်းဘာမှမထူးလို့ပဲ။ သူတို့အရင်ကလည်း မြင်ခဲ့တာပဲလေ။

– ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကို ဖြေရှင်းဖို့တာဝန်က ကျွန်မတို့ပခုံးပေါ်မကျသင့်လို့ပဲ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလုပ်နေတဲ့ ပုရိသတွေဆီမှာပဲ တာဝန်ရှိတယ်။

– ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းဖြင့် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ ကျွန်မစိတ်ထဲ၊အသည်းထဲကကို သိနေလို့ပဲ။ ကျွန်မတို့က ယောက်ျားတွေကို သိစေချင်လို့ပြောလည်း မသိချင်ယောင်ဆောင်နေဦးမှာ မို့လို့ပဲ။

– ဘာကြောင့်လဲဆိုတော့ ကိုယ်ထိလက်ရောက်ပြုမူသူတွေ အကျင့်ဆိုးရှိတဲ့သူတွေ အပေါ်ဦးတည်ရမယ့်အစား ခံရတဲ့သူတွေအပေါ်ဦးတည်နေတဲ့အချက်ကို ပြောင်းလဲသင့်လို့ပဲ။

– ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ စော်ကားခံခဲ့ရတာတွေ၊ ထုတ်ဖော်ခဲ့ရတာတွေလုံလောက်ပြီ။ အခုက ရှင်တို့အလှည့်ပဲ။”

သူပြောတာလည်း လက်တွေ့ကျတာပဲနော်။ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအရ စော်ကားခြင်းခံရတယ်ဆိုတာ အခုမှ မဟုတ်ဘူး အရင်တည်းကရှိခဲ့တာပဲ။ မသိတာလည်း မဟုတ်။။ အကုန်လုံး သိပြီးသားကိစ္စကြီးကို။ အရင်ကတောင် ဂရုမစိုက်တာ အခုရောစိုက်ပါ့မလား။ ဒါလည်း တွေးစရာ။ ဒီထက်ဆိုးတာကြီးက အဲ့ #MeToo ကိုရေးတဲ့ အမျိုးသမီးတွေကို တိုက်ခိုက်တဲ့ယောက်ျားတွေတောင် ပေါ်လာပါသေးတယ်။ တကယ် ခံရတာလည်း မဟုတ်ဘဲနဲ့ ဆိုတာကတစ်မျိုး၊ ခံရတယ်ဆိုပြီး သူလှကြောင်း၊ ယောက်ျားလေးတွေရဲ့ စိတ်ဝင်စားမှုကိုခံရကြောင်း ကြွားချင်နေတယ် ဆိုတာက တစ်ဖုံနဲ့။

နာမည်ကြီး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Jackson Katz ဆိုရင် ၂၀၁၃ ခုနှစ်တည်းက ဒီပြသနာကိုထောက်ပြခဲ့တာ။ ခံရတဲ့သူတွေပေါ်ပဲ အာရုံစိုက်ပြီး ပြုလုပ်တဲ့လူတွေကို ဦးတည်ချက်မထားတဲ့အကြောင်းတဲ့ ပတ်သတ်ပြီးတော့ သူကဘာပြောလဲဆိုတော့

“မနှစ်ကတော့ဖြင့် အမျိုးသမီးဘယ်နှစ်ယောက် မုဒိန်းကျင့်ခံရပါတယ်ဆိုတာပဲ ပြောကြတယ်။ ယောက်ျားဘယ်နှစ်ယောက်က မုဒိန်းကျင့်ပါတယ်လို့ မပြောကြဘူး။ ကျောင်းသူလေးဘယ်နှစ်ယောက် လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံရပါတယ်ဆိုတာပဲ ဖော်ပြတယ်။ ကျောင်းသားဘယ်နှစ်ယောက်က စော်ကားလိုက်တယ်ဆိုတာ မပါဘူး။ ဆယ်ကျော်သက်အမျိုးသမီးငယ် ဘယ်နှစ်ယောက်ကိုယ်ဝန်ရသွားပါတယ်ဆိုတာပဲ ပြောကြတယ်။ ယောက်ျားဘယ်နှစ်ယောက်က သူတို့ ကိုယ်ဝန်ရအောင် လုပ်ခဲ့လဲဆိုတာကို မပြောကြဘူး။ အဲ့လိုပြောဆိုကြတဲ့အခါ ဒီကိစ္စတွေဖြစ်ရတာက မိန်းမတွေကိစ္စ၊ မိန်းမတွေပြသနာသက်သက်သာ ဖြစ်ပြီး ယောက်ျားတွေကြောင့် ဆိုတာကြီးကို လုံးလုံးမေ့ထားကြတယ်။ ယောက်ျားတွေက ဒီကိစ္စနဲ့ လုံးလုံးမသက်ဆိုင်သလိုဖြစ်သွားကြတယ်။” တဲ့။

သေချာစဉ်းစားကြည့်ရင် ခေတ်အစဉ်အဆက်ဒီလိုပဲပြောနေတယ်ဆိုတာကလည်း သတိထားစရာပဲနော်။ တကယ်ပဲ ဒီကိစ္စဟာ ယောက်ျားတွေနဲ့ မသက်ဆိုင်သလို ဖြစ်ခဲ့သလားပေါ့။ သက်ဆိုင်တာ မသက်ဆိုင်တာထက် ဂရုမစိုက်တာ၊ မသိချင်ဟန်ဆောင်ခံရတာက ပိုများမယ်ထင်တယ်။ မဆိုင်ပါဘူးလေ ဆိုပြီးတော့လေ။

ဆက်ရအောင်။ ဆိုတော့ကာ#MeToo က နာမည်ကြီးပေမဲ့ ခရီးမရောက်ဘူးဆိုပါတော့။ အဲ့တော့ VOX မီဒီယာရဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Liz Plank က သူ့ရဲ့ Twitter အကောင့်မှာ ဒီလိုတွေရေးခဲ့ပါတယ်။

“ကျွန်မလည်း စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ  လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေအတွက်ကရော? ယောက်ျားတွေကို ပြုပြင်ဖို့ အမျိုးသမီးတွေမှာ တာဝန်ရှိတယ်လို့ ဘယ်သူကများ ပြောခဲ့သလဲ”

“ဒီကိစ္စကို ဖြေရှင်းဖို့တာဝန်က ဘာလို့အမျိုးသမီးတွေပခုံးပေါ်ပဲ ကျရတာလဲ။ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု ပြသနာဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ဟန်ဆောင်နေရတာကို ကျွန်မတော့ မနှစ်သက်ဘူး။ ရှက်ရမှာက ကျွန်မတို့မဟုတ်ဘူး။ ရှင်တို့ပါ။#HimThough”

“လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုဟာ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုသာဖြစ်တယ်ဆိုတာက သိပ်တော့ သဘာဝမကျလှဘူး။ အမျိုးသားတွေလည်း လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရမှုတွေ ရှိနေပါတယ်။ ကျူးလွန်သူ အများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ပေါ့။”

စသည်ဖြင့် အငြင်းပွားမှုလေးတွေရှိလာပါတယ်။ #HimThough (သူ့မှာလည်းတာဝန်ရှိတယ်) ဆိုတာလေးက အဲ့မှာစတာပါ။ မကြာခင်မှာပဲ ဟာသသရုပ်ဆောင်တစ်ဖြစ်လဲ စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Devang Pathak ဟာ Twitter အကောင့်မှာ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို ဝေမျှခဲ့ပါတယ်။ အဲ့မှာတော့ သူက ကျူးလွန်သူပေါ့။ ဇာတ်လမ်းအဆုံးမှာ hashtag IDidThat (#IDidThat) ‘ငါအဲ့ဒါကို (လိင်ပိုင်းဆိုင်ရာ စော်ကားမှု) လုပ်ခဲ့ပါတယ်’ ဆိုပြီး ကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးသားတွေစော်ကားခံရတယ်၊ အမျိုးသမီးတွေ စော်ကားခံရတယ်ရယ်လို့ မဟုတ်ပဲ ပြုလုပ်တဲ့သူကိုပဲ ဦးတည်တဲ့သဘောမျိူးပါ။ #IDidThat/ #IDidToo ဆိုတဲ့သဘောကတော့ ကိုယ်လုပ်တယ်ဆိုတာ ဝန်ခံ၊ အမှားကိုသိပြီး ကိုယ်ကျူးလွန်ခဲ့မိတဲ့လူတွေကို တောင်းပန်တဲ့သဘောပေါ့။ ဒါလေးက တော်တော်အောင်မြင်သွားတယ်လို့ဆိုရမယ်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ #IDidThat လေးတွဲတင်ပြီး တောင်းပန်နေကြတဲ့သူတွေ အများကြီး။ သူလည်း စော်ကားခံရတဲ့သူတွေကို တောင်းပန်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူးဆိုပေမဲ့ အသိတရားရပြီး အနာဂတ်မှာ ဆင်ခြင်မယ့်လူတွေ ရှိလာမယ်လို့ မျှော်လင့်ရတာပေါ့လေ။ ဒါလေးက ဝန်ခံထားတဲ့ ဥပမာထဲက တစ်ခုပါ။

“#Ididtoo

ပေါ့ပင်လုပ်တာတော့ မဟုတ်ရပါဘူး။ ဒါပေမဲ့ အဲ့ #MeToo ပို့စ်ပိုင်ရှင် တစ်ယောက်မဟုတ်တစ်ယောက် အတွက်တော့ ကျွန်တော့်မှာ အသေအချာ တာဝန်ရှိနေတယ်။ ကျွန်တော်တို့ (လိင်ပိုင်းဆိုင်ရာစော်ကားသူ) ဟာ နေရာတိုင်းမှာရှိနေသလို ဘယ်သူမဆိုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ #MeToo လို အစီအစဉ်မျိုးကြောင့် ကျွန်တော်တို့ အသိတရားရခဲ့သလို ရင့်ကျက်ခဲ့ပါတယ်။

 အဲ့တာကြောင့် အဲ့အစီအစဉ်ပြီးနောက်ပိုင်းမှာ ကျွန်တော်ဆိုးဆိုးရွားရွားဆက်ဆံခဲ့ဖူးတဲ့ ကျွန်တော်သိကျွမ်းသလောက် အမျိုးသမီးတွေဆီက ခွင့်လွှတ်မှုကိုတောင်းခံခဲ့တာ ခွင့်လွှတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်မမှတ်မိဘဲ/သတိမထားမိလိုက်ဘဲ ဆိုးဆိုးရွားရွားဆက်ဆံခဲ့မိတဲ့ အမျိုးသမီးတွေရှိရင်လည်း ကျွန်တော့်ကိုအသိပေးပါ။ ကျွန်တော်သိရရင် အဲ့ကတစ်ဆင့် သင်ခန်းစာယူပြီးတော့ တောင်းပန်ချင်ပါတယ်။

ဒီ ပြဿနာကို ဖြေရှင်းဖို့တာဝန်က အမျိုးသမီးတွေပခုံးပေါ် မရောက်သင့်ပါဘူး။” တဲ့

ဒါတစ်ခုပဲ ရှိပါသေးတယ်နော်။ နောက်ထပ်ဝန်ခံထားတာတွေ အများကြီးအများကြီးရှိသေးတယ်။

တစ်ခုရှိတာက အမျိုးသားတွေအားလုံးဟာ အပြစ်ကျူးလွန်သူတွေ မဟုတ်ကြဘူး၊ သူတို့တွေလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေရှိနေပါတယ်။ အဲ့တော့ ဘယ်သူတွေကပဲ စော်ကားခဲ့သည်ဖြစ်စေ၊ ဘယ်သူတွေကပဲ စော်ကားခံခဲ့ရသည်ဖြစ်စေ၊ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ ကိုယ်ကျူးလွန်ခဲ့တဲ့အပြစ်ကို ဝန်ခံပြီး အသိတရားရဖို့က ပိုအရေးကြီးတာ မဟုတ်လားယောင်းတို့ရေ။ ကိုယ်တစ်ယောက်တည်း အသိတရားရရုံနဲ့တော့ သိပ်ပြီးမထူးခြားသွားနိုင်ပေမယ့် အယောက်ချင်းဆီတိုင်းကသာ ဒီလိုအသိတရားရှိပြီး ပြုပြင်ပြောင်းလဲသွားမယ်ဆိုရင် ယောင်းတို့နေထိုင်တဲ့ ကမ္ဘာကြီးက အရမ်းကို လှပသွားမှာပါ။

အများအားနဲ့ ပိုအေးချမ်းသာယာလှပတဲ့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးရအောင်လေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myat (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top