Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အိႏၵိယ နိုင္ငံက သိပၸံပညာရွင္ မ်ားဟာ အိႏၵိယ နိုင္ငံ အေနာက္စြန္ဆုံးမွာ တည္ရွိတဲ့ ဂူဂ်ာရတ္ ျပည္နယ္ရဲ႕ ေနာက္ပိုင္းမွာ မ်ိဳးသုဥ္း သြားၿပီျဖစ္တဲ့ ပင္လယ္ သြားတြား သတၱဝါ Ichthyosaur ရဲ႕ ႏွစ္ ၁၅၂ သန္း သက္တမ္းရွိၿပီျဖစ္တဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။

ဒါဟာ ichthyosaur လို႔ေခၚတဲ့ တြားသြား ပင္လယ္ေန သတၱဝါ တစ္မ်ိဳးရဲ႕ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို အိႏၵိယႏိုင္ငံမွာ ပထမဆုံးအႀကိမ္ေတြ႕ရွိျခင္းလည္း ျဖစ္ပါတယ္။ ဒီ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း ကို တြားသြား သတၱဝါ ေတြ အားအႀကီးဆုံးျဖစ္ေခတ္ျဖစ္တဲ့ Mesozoic ေခတ္ကတည္းကျဖစ္ေပၚခဲ့တဲ့ ေက်ာက္တုံး တစ္တုံးထဲမွာ ေတြ႕ခဲ့တာ ျဖစ္ပါတယ္။

တူးေဖာ္မႈကို ဦးေဆာင္သူ ပါေမာကၡ VR ပရာဆတ္ ကေတာ့ ၁၈ ေပခန႔္ရွည္လ်ားတဲ့ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း တစ္ခုလုံးနီးပါးကို တူးေဖာ္ၿပီးၿပီျဖစ္ေပမဲ့ ဦးေခါင္း႐ိုး နဲ႔ အၿမီး႐ိုး ကိုေတာ့ မတူးေဖာ္ရေသးဘူးလို႔ဆိုပါတယ္။ဒီေလ့လာခ်က္ကို Plos One science ဂ်ာနယ္ မွာ ပုံႏွိပ္ခဲ့ၿပီး “ဒီေတြ႕ရွိခ်က္ဟာ အိႏၵိယမွာ ichthyosaur လိုပ င္လယ္ေန သတၱဝါ ေတြ ေနဖူးတယ္ဆိုတဲ့ အေထာက္အထားျဖစ္သလို အိႏၵိယႏိုင္ငံဟာ Jurassic ေခတ္ကာလမွာ တျခားႏိုင္ငံေတြ နည္းတူ ဇီဝေဗဒဆိုင္ရာ ဆက္သြယ္ခ်က္ေတြ ရွိေနေၾကာင္း သက္ေသျပခ်က္လည္း ျဖစ္ပါတယ္။” လို႔ ပရာဆတ္ က ဆိုပါတယ္။

ichthyosaur ေတြကို လူအမ်ားစုက ဒိုင္ႏိုေဆာ ငါး တစ္ေကာင္ျဖစ္တယ္လို႔ ထင္မွတ္ၾကေပမဲ့ ichthyosaur ဆိုတဲ့ နာမည္ဟာ ဂရိဘာသာစကားအရ Fish Lizard (အိမ္ေျမႇာင္ငါး) လို႔ အဓိပၸါယ္ရၿပီး တြားသြားႏိုင္တဲ့ ပင္လယ္ေန သတၱဝါ ေတြျဖစ္ပါတယ္။ ၁၉ ရာစု အလယ္ပိုင္းကစၿပီး ဒီသတၱဝါေတြကို တြားသြားႏိုင္တဲ့ သတၱဝါ အုပ္စုထဲထည့္ခဲ့ပါတယ္။ ဒီ သတၱဝါ ေတြရဲ႕ အရွည္က ၁ မီတာမွ ၁၄ မီတာ အထိရွိႏိုင္ၿပီး ဒီသတၱဝါေတြဟာ ခြၽန္ထက္သန္မာတဲ့ သြားေတြရွိတဲ့ သတၱဝါ ေတြလို႔ ထင္ရွားခဲ့တဲ့ သတၱဝါ ေတြ ျဖစ္ပါတယ္။ ichthyosaur ေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ သန္း ၉၀ ခန႔္ေလာက္က မ်ိဳးသွဥ္းသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

အိန္ဒိယ နိုင်ငံက သိပ္ပံပညာရှင် များဟာ အိန္ဒိယ နိုင်ငံ အနောက်စွန်ဆုံးမှာ တည်ရှိတဲ့ ဂူဂျာရတ် ပြည်နယ်ရဲ့ နောက်ပိုင်းမှာ မျိုးသုဉ်း သွားပြီဖြစ်တဲ့ ပင်လယ် သွားတွား သတ္တဝါ Ichthyosaur ရဲ့ နှစ် ၁၅၂ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဖြစ် ရုပ်ကြွင်း ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ichthyosaur လို့ခေါ်တဲ့ တွားသွား ပင်လယ်နေ သတ္တဝါ တစ်မျိုးရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း ကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်း ဖြစ်ပါတယ်။ ဒီ ကျောက်ဖြစ် ရုပ်ကြွင်း ကို တွားသွား သတ္တဝါ တွေ အားအကြီးဆုံးဖြစ်ခေတ်ဖြစ်တဲ့ Mesozoic ခေတ်ကတည်းကဖြစ်ပေါ်ခဲ့တဲ့ ကျောက်တုံး တစ်တုံးထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

တူးဖော်မှုကို ဦးဆောင်သူ ပါမောက္ခ VR ပရာဆတ် ကတော့ ၁၈ ပေခန့်ရှည်လျားတဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုလုံးနီးပါးကို တူးဖော်ပြီးပြီဖြစ်ပေမဲ့ ဦးခေါင်းရိုး နဲ့ အမြီးရိုး ကိုတော့ မတူးဖော်ရသေးဘူးလို့ဆိုပါတယ်။ဒီလေ့လာချက်ကို Plos One science ဂျာနယ် မှာ ပုံနှိပ်ခဲ့ပြီး “ဒီတွေ့ရှိချက်ဟာ အိန္ဒိယမှာ ichthyosaur လိုပ င်လယ်နေ သတ္တဝါ တွေ နေဖူးတယ်ဆိုတဲ့ အထောက်အထားဖြစ်သလို အိန္ဒိယနိုင်ငံဟာ Jurassic ခေတ်ကာလမှာ တခြားနိုင်ငံတွေ နည်းတူ ဇီဝဗေဒဆိုင်ရာ ဆက်သွယ်ချက်တွေ ရှိနေကြောင်း သက်သေပြချက်လည်း ဖြစ်ပါတယ်။” လို့ ပရာဆတ် က ဆိုပါတယ်။

ichthyosaur တွေကို လူအများစုက ဒိုင်နိုဆော ငါး တစ်ကောင်ဖြစ်တယ်လို့ ထင်မှတ်ကြပေမဲ့ ichthyosaur ဆိုတဲ့ နာမည်ဟာ ဂရိဘာသာစကားအရ Fish Lizard (အိမ်မြှောင်ငါး) လို့ အဓိပ္ပါယ်ရပြီး တွားသွားနိုင်တဲ့ ပင်လယ်နေ သတ္တဝါ တွေဖြစ်ပါတယ်။ ၁၉ ရာစု အလယ်ပိုင်းကစပြီး ဒီသတ္တဝါတွေကို တွားသွားနိုင်တဲ့ သတ္တဝါ အုပ်စုထဲထည့်ခဲ့ပါတယ်။ ဒီ သတ္တဝါ တွေရဲ့ အရှည်က ၁ မီတာမှ ၁၄ မီတာ အထိရှိနိုင်ပြီး ဒီသတ္တဝါတွေဟာ ချွန်ထက်သန်မာတဲ့ သွားတွေရှိတဲ့ သတ္တဝါ တွေလို့ ထင်ရှားခဲ့တဲ့ သတ္တဝါ တွေ ဖြစ်ပါတယ်။ ichthyosaur တွေကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၉၀ ခန့်လောက်က မျိုးသှဉ်းသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top