Golden City Promotion
×

အက္ပ္ပဲလ္ကုမၸဏီက အသစ္ထုတ္လုပ္ထားေသာ i Phone 8 Plus ၏ ဘက္ထရီမ်ား ေဖာင္းႂကြတက္လာၿပီး အဖံုးကိုပင္ တြန္းထုတ္မႈ ျဖစ္ေနသည္ဆိုေသာ သတင္းမ်ားကို ၿပီးခဲ့သည့္လက ယင္းဖုန္းမ်ား စတင္ေရာင္းခ်ၿပီးခ်ိန္ကပင္ ၾကားေနရၿပီး ထိုကိစၥကို ၾကည့္႐ႈေလ့လာေနသည္ဟု အက္ပ္ပဲလ္ကုမၸဏီက ေျပာၾကားသည္။
 ဖုန္းဘက္ထရီမ်ား အပူလြန္ကဲလာျခင္း (သို႔မဟုတ္) ဆမ္ေဆာင္း၏ Galaxy Note 7 ကဲ့သို႔ မီးေလာင္မႈမ်ိဳး မဟုတ္ဘဲ ဘက္ထရီေဖာင္းႂကြကာ အဖံုး ပြင့္အန္လာကာ မ်က္ႏွာျပင္ ျပဳတ္ထြက္ ျခင္းျဖစ္သည္။ ယင္းအတြက္ဖုန္းမ်ာလည္း အလုပ္မလုပ္ေတာ့ေပ။

ဘက္ထရီေဖာင္းႂကြလာျခင္းကို ပထမဆုံုးသတင္း ေဖာ္ျပေသာ Mac Rumors ဆိုက္က ထိုကဲ့သို႔ ေသာျပႆနာငါးခု ၾကားသိထား ၿပီးျဖစ္သည္ဟု ေျပာသည္။

တိုင္ေပမွ အမ်ိဳးသမီးတစ္ဦးက i Phone 8 Plus အသစ္ကို ဘက္ထရီအားသြင္းထားစဥ္ ေဖာင္းႂကြလာၿပီး အဖံုးပါပြင့္လာသည္ကို သတိထားမိခဲ့ေသာ စက္တင္ဘာ ၂၆ ရက္တြင္ အဆိုပါသတင္းမ်ား စတင္ေပၚထြက္လာခဲ့သည္။

i Phone 8 Plus မ်ားကို စက္တင္ဘာ ၂၆ ရက္က စတင္ျဖန္႔ခ်ိေရာင္းခ်ခဲ့သည္။

i Phone 8 Plus ဝယ္ယူသူ အမ်ားအျပားကလည္း ဘက္ထရီ ျပႆနာကို တြစ္တာေပၚ၌ ပံုမ်ား ႏွင့္တကြ တင္ထားသည္ကိုေတြ႕ရသည္။ ဂ်ပန္ႏိုင္ငံမွ ဝယ္ယူသူတစ္ဦးက ပါဆယ္ျဖင့္ပို႔လိုက္ေသာ ဖုန္းဘူးကိို ဖြင့္လိုက္စဥ္မွာပင္ ဘက္ထရီေဖာင္းႂကြ၍ ကိုယ္ထည္ပြင့္ေနသည္ဟု ေဖာ္ျပထားသည္။   
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အက်ပ်ပဲလ်ကုမ္ပဏီက အသစ်ထုတ်လုပ်ထားသော i Phone 8 Plus ၏ ဘက်ထရီများ ဖောင်းကြွတက်လာပြီး အဖုံးကိုပင် တွန်းထုတ်မှု ဖြစ်နေသည်ဆိုသော သတင်းများကို ပြီးခဲ့သည့်လက ယင်းဖုန်းများ စတင်ရောင်းချပြီးချိန်ကပင် ကြားနေရပြီး ထိုကိစ္စကို ကြည့်ရှုလေ့လာနေသည်ဟု အက်ပ်ပဲလ်ကုမ္ပဏီက ပြောကြားသည်။
 ဖုန်းဘက်ထရီများ အပူလွန်ကဲလာခြင်း (သို့မဟုတ်) ဆမ်ဆောင်း၏ Galaxy Note 7 ကဲ့သို့ မီးလောင်မှုမျိုး မဟုတ်ဘဲ ဘက်ထရီဖောင်းကြွကာ အဖုံး ပွင့်အန်လာကာ မျက်နှာပြင် ပြုတ်ထွက် ခြင်းဖြစ်သည်။ ယင်းအတွက်ဖုန်းမျာလည်း အလုပ်မလုပ်တော့ပေ။

ဘက်ထရီဖောင်းကြွလာခြင်းကို ပထမဆုံးသတင်း ဖော်ပြသော Mac Rumors ဆိုက်က ထိုကဲ့သို့ သောပြဿနာငါးခု ကြားသိထား ပြီးဖြစ်သည်ဟု ပြောသည်။

တိုင်ပေမှ အမျိုးသမီးတစ်ဦးက i Phone 8 Plus အသစ်ကို ဘက်ထရီအားသွင်းထားစဉ် ဖောင်းကြွလာပြီး အဖုံးပါပွင့်လာသည်ကို သတိထားမိခဲ့သော စက်တင်ဘာ ၂၆ ရက်တွင် အဆိုပါသတင်းများ စတင်ပေါ်ထွက်လာခဲ့သည်။

i Phone 8 Plus များကို စက်တင်ဘာ ၂၆ ရက်က စတင်ဖြန့်ချိရောင်းချခဲ့သည်။

i Phone 8 Plus ဝယ်ယူသူ အများအပြားကလည်း ဘက်ထရီ ပြဿနာကို တွစ်တာပေါ်၌ ပုံများ နှင့်တကွ တင်ထားသည်ကိုတွေ့ရသည်။ ဂျပန်နိုင်ငံမှ ဝယ်ယူသူတစ်ဦးက ပါဆယ်ဖြင့်ပို့လိုက်သော ဖုန်းဘူးကို ဖွင့်လိုက်စဉ်မှာပင် ဘက်ထရီဖောင်းကြွ၍ ကိုယ်ထည်ပွင့်နေသည်ဟု ဖော်ပြထားသည်။  
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top