Golden City Promotion
×

HIV နဲ႔ AIDS ဆိုတာမတူပါဘူး။

HIV ဆိုတာ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးပါ။ HIV ပိုးကူးစက္ခံရၿပီးရင္ ထိုပိုးဟာ လူ႔ကိုယ္ခႏၶာမွာရွိတဲ႔ ကိုယ္ခံ အားစနစ္ကို ဖ်က္ဆီးပါတယ္။ ဒီလိုနဲ႔ ကိုယ္ခံအားေတြ တျဖည္းျဖည္းေလ်ာ့နည္းလာၿပီး အျခားေရာဂါပိုးေတြ စုေပါင္း၀င္ေရာက္ လာၿပီးျဖစ္ေပၚလာတဲ႔ ေရာဂါလကၡဏာစုကိုမွ AIDS (ခုခံအားက်ဆင္းမွဳကူးစက္ေရာဂါ) လို႔ေခၚပါတယ္။ HIV ပိုးရွိေနၿပီး ေဆးကုသမႈမခံယူခဲ႔ရင္ AIDS ေရာဂါအဆင္႔ကို ေရာက္ရွိသြားႏိုင္ပါတယ္။
HIV ပိုးေၾကာင္႔ AIDS ေရာဂါျဖစ္ဖို႔အတြက္ အခ်ိန္ယူရပါတယ္။
HIV ပိုးကူးစက္ခံရၿပီး AIDS ေရာဂါအဆင္႔ကို ခ်က္ခ်င္းေရာက္ရွိသြားတာမဟုတ္ပါဘူး။ ေရာဂါ လကၡဏာေတြျပဖို႔အတြက္ အခ်ိန္အနည္းဆံုး ၂ ႏွစ္မွ အမ်ားဆံုး ၁၀ႏွစ္ေလာက္အထိၾကာျမင္႔တတ္ပါတယ္။ ထိုေရာဂါလကၡဏာေတြမျပေသးတဲ႔ အခ်ိန္မွာေတာ႔ လူတစ္ေယာက္ကို အျပင္ပန္းၾကည္႔႐ံုနဲ႔ HIV ပိုးရွိ/မရွိ မသိႏိုင္ပါဘူး။ ေသြးစစ္ၾကည္႔မွသာ သိႏိုင္မွာျဖစ္ပါတယ္။

HIV ပိုးကို ကိုယ္ခႏၶာကထြက္တဲ႔ အရည္ေတြမွာ အမ်ားဆံုးေတြ႕ရပါတယ္။

HIV ပိုးကူးစက္ခံထားရတဲ႔သူရဲ႕ ကိုယ္ခႏၶာမွထြက္တဲ႔ အရည္ေတြ (ေသြး၊ အမ်ိဳးသားသုတ္ရည္၊ အမ်ိဳး သမီးအဂၤါမွ ထြက္တဲ႔အရည္၊ ႏို႔ရည္) မွာ HIV ပိုးကိုအမ်ားဆံုးေတြ႕ရပါတယ္။ ထိုအရည္ေတြကို တနည္းနည္းနဲ႔ ထိေတြ႕မႈရွိခဲ႔ရင္ HIV ပိုးကူးစက္မႈခံရႏိုင္ပါတယ္။

HIV ပိုးဟာ လိင္ဆက္ဆံျခင္း (လိင္တူ/လိင္ကြဲ) ကေနတဆင္႔ အမ်ားဆံုးကူးစက္ပါတယ္။

HIV ပိုးကူးစက္ခံထားရသူနဲ႔ အကာအကြယ္မဲ႔ လိင္ဆက္ဆံမွဳ (လိင္တူ/လိင္ကြဲ) ရွိခဲ႔ရင္ HIV ပိုးကူး စက္ခံရနိုင္ပါတယ္။ လိင္ဆက္ဆံေနစဥ္မွာ အမ်ိဳးသား/အမ်ိဳးသမီး လိင္အဂၤါမွထြက္တဲ႔ အရည္ေတြနဲ႔ ထိေတြ႕ ရာမွ တဆင္႔ကူးစက္ပါတယ္။ အထူးသျဖင္႔ လိင္ဆက္ဆံေနစဥ္မွာ အပြန္းအပဲ႔ဒဏ္ရာေတြျဖစ္ခဲ႔ရင္ ကူးစက္ႏိုင္ေခ် ပိုမိုျမင္႔မားပါတယ္။
လိင္မွတဆင္႔ကူးစက္ေသာေရာဂါ (ကာလသားေရာဂါ) ေတြေၾကာင္႔ HIV ပိုးပိုမိုကူးစက္ခံရႏိုင္။
လိင္အဂၤါေရယုန္၊ လိင္အဂၤါအနာ၊ ဆစ္ဖလစ္ေရာဂါ နဲ႔ ဂႏို အစရွိတဲ႔ ကာလသားေရာဂါ အခံတစ္ခုခုရွိၿပီး အကာအကြယ္မဲ႔ လိင္ဆက္ဆံမႈရွိခဲ႔ရင္ HIV ပိုးကူးစက္ႏိုင္ေခ် ပိုမိုျမင္႔မားတာ ေတြ႕ရပါတယ္။

လိင္ဆက္ဆံျခင္းမွ တဆင္႔ HIV ပိုးကူးစက္မွဳကို ဘယ္လိုနည္းနဲ႔ေလ်ာ႔ခ်မလဲ။

လိင္အေပ်ာ္အပါးလိုက္စားမႈကို ေရွာင္က်ဥ္ျခင္း၊ မိမိအေဖာ္/အိမ္ေထာင္ဖက္တစ္ဦးထဲကိုသာ သစၥာရွိရွိ ေပါင္းသင္းဆက္ဆံျခင္း ႏွင္႔ လိင္ဆက္ဆံမႈျပဳတိုင္းတြင္ အကာအကြယ္ (ကြန္ဒံုး) ကို စနစ္တက် အသံုးျပဳျခင္း တို႔ျဖင္႔ ကူးစက္မႈကို ကာကြယ္ႏိုင္ပါတယ္။
မူးယစ္ေဆးအေၾကာထဲ ထိုးသြင္းအသံုးျပဳသူေတြမွာ HIV ပိုးကူးစက္ခံရမွဳအႏၲရာယ္ ပိုမ်ားပါတယ္။
HIV ပိုးကူးစက္ခံထားရတဲ႔ သူရဲ႕ေသြးနဲ႕ထိေတြ႕ထားတဲ႔ ေဆးထိုးအပ္၊ ေဆးထိုးျပြန္၊ မုတ္ဆိတ္ရိတ္ဓား၊ ေဆးမွင္ေၾကာင္အပ္ အစရွိတဲ႔ပစၥည္းေတြကို ေသခ်ာပိုးမသတ္ပဲ ျပန္လည္အသံုးျပဳရင္ HIV ပိုးကူးစက္ခံ ရနိုင္ပါတယ္။ မူးယစ္ေဆးကို အေၾကာထဲထိုးသြင္း အသံုးျပဳသူေတြဟာ ေဆးထိုး အပ္တစ္ေခ်ာင္းထဲ ကိုမွ်ေ၀သံုးစြဲမယ္ ဆိုရင္ HIV ပိုးကူးစက္ခံရႏိုင္ေခ်မ်ား ပါတယ္။

သာမန္ေနထိုင္မွဳပံုစံေတြ ကေနတဆင္႔ HIV ပိုးမကူးစက္နိုင္ပါ။

HIV ပိုးကူးစက္ခံထားရတဲ႔သူနဲ႔ တစ္အိမ္ထဲအတူေနျခင္း၊ အတူတူအလုပ္လုပ္ျခင္း၊ စာသင္ျခင္း၊ ထမင္းအတူတူစားျခင္း၊ ေရအတူတူေသာက္ျခင္း၊ ေရခ်ိဳးခန္း၊ အိမ္သာအတူတူအသံုးျပဳျခင္း၊ သာမန္ေပြ႕ ဖက္ျခင္း၊ နွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ျခင္ကိုက္ျခင္းတို႕မွ တဆင္႔ HIV ပိုးမကူးစက္ႏိုင္ပါ။
HIV ပိုးကူးစက္ခံထားရသူေတြကို ပိုမိုဂ႐ုစိုက္ၿပီး ေစာင္႔ေရွာက္မႈေပးသင္႔ပါတယ္။

HIV ပိုးကူးစက္ခံထားရတဲ႔သူေတြကို ပစ္ပယ္ျခင္း၊ လစ္လ်ဴ႐ႈထားျခင္း၊ ခြဲျခားႏွိမ္႔ခ်ထားျခင္း တို႔ကို မျပဳလုပ္သင္႔ပါဘူး။ ထိုကဲ႔သို႔ျပဳလုပ္ျခင္းေတြဟာ HIV ပိုးကူးစက္ခံထားရသူအတြက္ လိုအပ္တဲ႔ကုသမႈ ခံယူရာမွာ ေႏွာင္႔ေႏွးေစႏိုင္ၿပီး မလိုလားအပ္တဲ႔ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တဲ႔အျပင္ ေရာဂါပိုးကူးစက္မႈကို လည္း ပိုမိုမ်ားျပားေစႏိုင္ပါတယ္။

က်န္းမာေရး၀န္ထမ္းမ်ားနဲ႔ တိုင္ပင္ေဆြးေႏြးပါ။
တကယ္လို႔ သင္ဟာ HIV ပိုးကူးစက္ခံရႏိုင္တဲ႔ အျပဳအမူတစ္ခုခုနဲ႕ ေတြ႕ႀကံဳခဲ႔တာပဲျဖစ္ျဖစ္ HIV ပိုးကူးစက္ခံထားရၿပီးလို႕ သံသယရွိရင္ပဲျဖစ္ျဖစ္ နီးစပ္ရာ ေဆး႐ံု၊ ေဆးခန္း နဲ႔ က်န္းမာေရးဌာန ေတြကိုသြား ေရာက္ၿပီး က်န္းမာေရး၀န္ထမ္းမ်ားနဲ႔ ႏွစ္သိမ္႕ေဆြးေႏြးမွဳကိုခံယူကာ ေသြးစစ္ၾကည္႔ၾကဖို႔ တိုက္တြန္းလိုက္ ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
HIV နဲ့ AIDS ဆိုတာမတူပါဘူး။

HIV ဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးပါ။ HIV ပိုးကူးစက်ခံရပြီးရင် ထိုပိုးဟာ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ကိုယ်ခံ အားစနစ်ကို ဖျက်ဆီးပါတယ်။ ဒီလိုနဲ့ ကိုယ်ခံအားတွေ တဖြည်းဖြည်းလျော့နည်းလာပြီး အခြားရောဂါပိုးတွေ စုပေါင်းဝင်ရောက် လာပြီးဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာစုကိုမှ AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) လို့ခေါ်ပါတယ်။ HIV ပိုးရှိနေပြီး ဆေးကုသမှုမခံယူခဲ့ရင် AIDS ရောဂါအဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။
HIV ပိုးကြောင့် AIDS ရောဂါဖြစ်ဖို့အတွက် အချိန်ယူရပါတယ်။
HIV ပိုးကူးစက်ခံရပြီး AIDS ရောဂါအဆင့်ကို ချက်ချင်းရောက်ရှိသွားတာမဟုတ်ပါဘူး။ ရောဂါ လက္ခဏာတွေပြဖို့အတွက် အချိန်အနည်းဆုံး ၂ နှစ်မှ အများဆုံး ၁၀နှစ်လောက်အထိကြာမြင့်တတ်ပါတယ်။ ထိုရောဂါလက္ခဏာတွေမပြသေးတဲ့ အချိန်မှာတော့ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ HIV ပိုးရှိ/မရှိ မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသာ သိနိုင်မှာဖြစ်ပါတယ်။

HIV ပိုးကို ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေမှာ အများဆုံးတွေ့ရပါတယ်။

HIV ပိုးကူးစက်ခံထားရတဲ့သူရဲ့ ကိုယ်ခန္ဓာမှထွက်တဲ့ အရည်တွေ (သွေး၊ အမျိုးသားသုတ်ရည်၊ အမျိုး သမီးအင်္ဂါမှ ထွက်တဲ့အရည်၊ နို့ရည်) မှာ HIV ပိုးကိုအများဆုံးတွေ့ရပါတယ်။ ထိုအရည်တွေကို တနည်းနည်းနဲ့ ထိတွေ့မှုရှိခဲ့ရင် HIV ပိုးကူးစက်မှုခံရနိုင်ပါတယ်။

HIV ပိုးဟာ လိင်ဆက်ဆံခြင်း (လိင်တူ/လိင်ကွဲ) ကနေတဆင့် အများဆုံးကူးစက်ပါတယ်။

HIV ပိုးကူးစက်ခံထားရသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု (လိင်တူ/လိင်ကွဲ) ရှိခဲ့ရင် HIV ပိုးကူး စက်ခံရနိုင်ပါတယ်။ လိင်ဆက်ဆံနေစဉ်မှာ အမျိုးသား/အမျိုးသမီး လိင်အင်္ဂါမှထွက်တဲ့ အရည်တွေနဲ့ ထိတွေ့ ရာမှ တဆင့်ကူးစက်ပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံနေစဉ်မှာ အပွန်းအပဲ့ဒဏ်ရာတွေဖြစ်ခဲ့ရင် ကူးစက်နိုင်ချေ ပိုမိုမြင့်မားပါတယ်။
လိင်မှတဆင့်ကူးစက်သောရောဂါ (ကာလသားရောဂါ) တွေကြောင့် HIV ပိုးပိုမိုကူးစက်ခံရနိုင်။
လိင်အင်္ဂါရေယုန်၊ လိင်အင်္ဂါအနာ၊ ဆစ်ဖလစ်ရောဂါ နဲ့ ဂနို အစရှိတဲ့ ကာလသားရောဂါ အခံတစ်ခုခုရှိပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှုရှိခဲ့ရင် HIV ပိုးကူးစက်နိုင်ချေ ပိုမိုမြင့်မားတာ တွေ့ရပါတယ်။

လိင်ဆက်ဆံခြင်းမှ တဆင့် HIV ပိုးကူးစက်မှုကို ဘယ်လိုနည်းနဲ့လျော့ချမလဲ။

လိင်အပျော်အပါးလိုက်စားမှုကို ရှောင်ကျဉ်ခြင်း၊ မိမိအဖော်/အိမ်ထောင်ဖက်တစ်ဦးထဲကိုသာ သစ္စာရှိရှိ ပေါင်းသင်းဆက်ဆံခြင်း နှင့် လိင်ဆက်ဆံမှုပြုတိုင်းတွင် အကာအကွယ် (ကွန်ဒုံး) ကို စနစ်တကျ အသုံးပြုခြင်း တို့ဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်။
မူးယစ်ဆေးအကြောထဲ ထိုးသွင်းအသုံးပြုသူတွေမှာ HIV ပိုးကူးစက်ခံရမှုအန္တရာယ် ပိုများပါတယ်။
HIV ပိုးကူးစက်ခံထားရတဲ့ သူရဲ့သွေးနဲ့ထိတွေ့ထားတဲ့ ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊ မုတ်ဆိတ်ရိတ်ဓား၊ ဆေးမှင်ကြောင်အပ် အစရှိတဲ့ပစ္စည်းတွေကို သေချာပိုးမသတ်ပဲ ပြန်လည်အသုံးပြုရင် HIV ပိုးကူးစက်ခံ ရနိုင်ပါတယ်။ မူးယစ်ဆေးကို အကြောထဲထိုးသွင်း အသုံးပြုသူတွေဟာ ဆေးထိုး အပ်တစ်ချောင်းထဲ ကိုမျှဝေသုံးစွဲမယ် ဆိုရင် HIV ပိုးကူးစက်ခံရနိုင်ချေများ ပါတယ်။

သာမန်နေထိုင်မှုပုံစံတွေ ကနေတဆင့် HIV ပိုးမကူးစက်နိုင်ပါ။

HIV ပိုးကူးစက်ခံထားရတဲ့သူနဲ့ တစ်အိမ်ထဲအတူနေခြင်း၊ အတူတူအလုပ်လုပ်ခြင်း၊ စာသင်ခြင်း၊ ထမင်းအတူတူစားခြင်း၊ ရေအတူတူသောက်ခြင်း၊ ရေချိုးခန်း၊ အိမ်သာအတူတူအသုံးပြုခြင်း၊ သာမန်ပွေ့ ဖက်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ခြင်ကိုက်ခြင်းတို့မှ တဆင့် HIV ပိုးမကူးစက်နိုင်ပါ။
HIV ပိုးကူးစက်ခံထားရသူတွေကို ပိုမိုဂရုစိုက်ပြီး စောင့်ရှောက်မှုပေးသင့်ပါတယ်။

HIV ပိုးကူးစက်ခံထားရတဲ့သူတွေကို ပစ်ပယ်ခြင်း၊ လစ်လျူရှုထားခြင်း၊ ခွဲခြားနှိမ့်ချထားခြင်း တို့ကို မပြုလုပ်သင့်ပါဘူး။ ထိုကဲ့သို့ပြုလုပ်ခြင်းတွေဟာ HIV ပိုးကူးစက်ခံထားရသူအတွက် လိုအပ်တဲ့ကုသမှု ခံယူရာမှာ နှောင့်နှေးစေနိုင်ပြီး မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အပြင် ရောဂါပိုးကူးစက်မှုကို လည်း ပိုမိုများပြားစေနိုင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ဆွေးနွေးပါ။
တကယ်လို့ သင်ဟာ HIV ပိုးကူးစက်ခံရနိုင်တဲ့ အပြုအမူတစ်ခုခုနဲ့ တွေ့ကြုံခဲ့တာပဲဖြစ်ဖြစ် HIV ပိုးကူးစက်ခံထားရပြီးလို့ သံသယရှိရင်ပဲဖြစ်ဖြစ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း နဲ့ ကျန်းမာရေးဌာန တွေကိုသွား ရောက်ပြီး ကျန်းမာရေးဝန်ထမ်းများနဲ့ နှစ်သိမ့်ဆွေးနွေးမှုကိုခံယူကာ သွေးစစ်ကြည့်ကြဖို့ တိုက်တွန်းလိုက် ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top