Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလ့လာခ်က္တစ္ခုအရ ဥေရာပမွာ အသက္၅၀ႏွင့္အထက္လူႀကီးေတြဟာ HIV ပိုးကူးစက္ပိုမိုကူးစက္ခံရေၾကာင္းေတြ႔ရွိခဲ့ပါတယ္။ ပိုးကူးစက္မႈဟာ ေဆးမွတ္တမ္းေတြအရ ၂၀၀၄ကေန ၂၀၁၅အထိ ၁၁ႏွစ္အတြင္း ဒီအသက္အပိုင္းအျခားမွာ ၂.၁ရာခိုင္ႏႈန္း ႏွစ္စဥ္တိုးတက္လ်က္ရွိပါတယ္။ဒါေပမယ့္ ၂၀၁၅မွာေတာ့ ၁၇.၃ ရာခိုင္ႏႈန္းအထိတုိးလာတာကို ေတြ႔ရွိခဲ့ရပါတယ္။

ဒါေၾကာင့္ လိင္က်န္းမာေရးအသိပညာေပးတဲ့လုပ္ငန္းေတြကို လူငယ္ေတြေကာလူႀကီးေတြပါ အဓိကထားလုပ္ေဆာင္သင့္ေၾကာင္း ကြ်မ္းက်င္သူေတြက အၾကံျပဳပါတယ္။ ေရာဂါျပန္႔ပြားမႈႏႈန္းဟာ ပံုမွန္တိုးတက္ေနတာေတြ႔ရတယ္လို႔ ဥေရာပေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာက သိပၸံပညာရွင္ လာရာတာဗိုခ်ီ(Lara Tavochi )ကေျပာၾကားခဲ့ပါတယ္။ အဓိကအားျဖင့္ လိင္ဆက္ဆံျခင္းကေန အမ်ားဆံုးကူးစက္ေနတာကိုေတြ႔ရပါတယ္။ လူႀကီးပိုင္းၾကားမွာ ကိုယ္တိုင္နားလည္သေဘာေပါက္ဖို႔ လိုအပ္ပါတယ္။

ဥေရာပႏိုင္ငံေပါင္း၃၁ႏုိင္ငံရဲ႕စစ္တမ္းေတြအရ အသက္၁၅ႏွစ္ႏွင့္အထက္မွာ HIV ပိုးကိုေတြ႕ရွိခဲ့ရပါတယ္။ ဂ်ာမနီ၊ အုိင္ယာလန္ နဲ႔ ဘယ္လ္ဂ်ီယန္ စတဲ့ ႏိုင္ငံေပါင္း၁၆ႏိုင္ငံမွာေတာ့ အသက္၅၀ႏွင့္အထက္လူေတြမွာ ပိုအျဖစ္မ်ားတာကိုေတြ႔ရပါတယ္။ အက္စတိုနီးယား၊ လက္ဗီးယားနဲ႔ မယ္လ္တာ စတဲ့ႏိုင္ငံေတြမွာေတာ့ အသက္ ၁၅ႏွစ္မွ ၄၉ႏွစ္ အတြင္းလူေတြမွာ ျပန္႔ပြားႏႈန္းျမင့္တက္ေနတာေတြ႔ရပါတယ္။ UK နဲ႔ေနာ္ေဝး စတဲ့ၿမိဳ႕ႀကီးေတြမွာလည္း ၃.၆ရာခိုင္ႏႈန္းတိုးတက္ေနပါတယ္။အသက္ႀကီးပိုင္းလူႀကီးေတြကို အဓိကထားျခင္းျဖင့္ ေအာင္ျမင္တဲ့ရလဒ္တစ္ခု ရႏိုင္တယ္လို႔ တာဗိုခ်ီက ေျပာပါတယ္။

အဂၤလန္မွာေတာ့ အမ်ိဳးသားခုခံအားက်ဆင္းမႈကူးစက္ေရာဂါကာကြယ္ေရးအစီအစဥ္ေတြကို ျပဳလုပ္ခဲ့ပါတယ္။ဥပမာအားျဖင့္ ေဒသႏၱရလႈပ္ရွားမႈေတြနဲ႔ လူမႈေရးေစ်းကြက္ ေတြသံုးၿပီး It starts with me လို႔ေခၚတဲ့ programတစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲဒီ့မွာ လူေတြကို လိင္ပိုင္းဆိုင္ရာပညာေပးလုပ္ငန္းေတြလုပ္ခဲ့ပါတယ္။

ေတြ႔ရွိခ်က္ေတြအရ ေရာဂါျပန္႔ပြားမႈဟာ လူငယ္ေတြထက္ လူႀကီးေတြမွာ ပိုၿပီးျပန္႔ပြားေနၿပီး အမ်ိဳးသမီးေတြၾကားမွာလည္း လူငယ္ေတြထက္လူႀကီးေတြမွာ ပိုတုိးလာပါတယ္။အခုလိုအသက္ ၅၀နဲ႔အထက္လူေတြဆီမွာ ေရာဂါျပန္႔ပြားေနတဲ့ျဖစ္စဥ္ေတြမွာဆိုရင္ ကူးစက္ခံရတဲ့လူအမ်ားစုဟာ အေၾကာင္းအရင္းမသိဘဲ ကူးစက္ခံေနရတာျဖစ္ပါတယ္။ ဥေရာပေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာ ရဲ႕ေဖာ္ျပခ်က္အရ CD4 လို႔ေခၚတဲ့ ဆဲလ္ေတြကို HIVပိုးဟာ ဖ်က္ဆီးပစ္ပါတယ္။ ၂၀၁၅ခုႏွစ္မွာ ၆၀ ရာခိုင္ႏႈန္းေက်ာ္ေသာလူေတြဟာ ဒီဆဲလ္ေတြနည္းပါးမႈေၾကာင့္ ကူးစက္ခံေနရတာျဖစ္ၿပီး ၄၇ရာခိုင္ႏႈန္းဟာ ေရာဂါပိုးကိုေနာက္က်မွ စစ္ေဆးေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ အသက္အပိုင္းအျခားအရ ေရာဂါကူးစက္ခံေနရတဲ့ လူေတြရဲ႕ ၆၃ ရာခိုင္ႏႈန္းဟာ ေဆးစစ္ဖို႔အခ်ိန္ဆြဲေနၾကပါတယ္။

HIV ပိုးရွိေနတာမသိဘဲေနမိတဲ့သူေတြဟာ ေနာက္ထပ္လူေတြကိုလည္း မသိဘဲနဲ႔ ကူးစက္ေစႏိုင္ပါတယ္။ေနာက္ထပ္ေတြ႔ရွိခ်က္ေတြအရ HIV ပိုးရွိေနတဲ့လူႀကီးအခ်ိဳ႕ၾကားမွာ နိမ့္က်တဲ့လူေနမႈနဲ႔ အသိပညာနည္းပါးမႈေၾကာင့္ဆိုတာ ေတြ႔ခဲ့ရပါတယ္။ “ဒီေတြ႔ရွိခ်က္ေတြအရ HIVပိုးကူးစက္ျခင္းဟာ မရပ္တန္႔သြားပါဘူး။ ဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားျခင္းဟာ ကမၻာရဲ႕မည့္သည့္ေနရာမဆို မည္သည့္အသက္အပိုင္းအျခားကိုမဆိုျဖစ္ႏိုင္ေနလို႔ပါ။”လို႔ ႏိုင္ငံတကာAIDSအဖြဲ႔အစည္းရဲ႕ဥကၠဌျဖစ္တဲ့ လင္ဒါဂယ္လ္ဘတ္ကာLinda Gail Bekker ကေျပာပါတယ္။

ဒီစစ္တမ္းေတြအရ ရင္းျမစ္ေတြနဲ႔အင္အားေတြသြားဖို႔လိုအပ္ေနတဲ့ ေနရာေတြကို အခုခ်ိန္မွာ အဓိကထားၿပီးသြားဖို႔ိလိုအပ္ေနပါတယ္။ ကမၻာလူဦးေရရဲ့ ၃၆သန္းေက်ာ္ေသာလူေတြဟာ ဒီေရာဂါျဖစ္ေနတယ္လို႔ခန္႔မွန္းရပါတယ္။အသက္၅၀နဲ႔အထက္လူေတြဆီမွာ လူတစ္သန္းမွာ၃ေယာက္ခန္႔ဟာ ေရာဂါကူးစက္ခံေနရပါတယ္။။ " ဒီလို လူႀကီးေတြမွာ HIV ေရာဂါအျဖစ္မ်ားလာတဲ့ ကိစၥကို လူထုက်န္းမာေရးဌာနေတြက သိပ္ အေလးအနက္မထားၾကပါဘူး။ ဒါ ေကာင္းတဲ့ လကၡဏာတစ္ရပ္ေတာ့ မဟုတ္ပါဘူး"လို႔ ပါေမာကၡ ေဂ်းနပ္စီးေလ(Janet Seeley)ကေျပာၾကားခဲ့ပါတယ္။

Ref: CNN: Rise in HIV diagnoses among people 50 over 50 in Europe

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia(ရိုးရာေလး)

# Unicode Version #
လေ့လာချက်တစ်ခုအရ ဥရောပမှာ အသက်၅၀နှင့်အထက်လူကြီးတွေဟာ HIV ပိုးကူးစက်ပိုမိုကူးစက်ခံရကြောင်းတွေ့ရှိခဲ့ပါတယ်။ ပိုးကူးစက်မှုဟာ ဆေးမှတ်တမ်းတွေအရ ၂၀၀၄ကနေ ၂၀၁၅အထိ ၁၁နှစ်အတွင်း ဒီအသက်အပိုင်းအခြားမှာ ၂.၁ရာခိုင်နှုန်း နှစ်စဉ်တိုးတက်လျက်ရှိပါတယ်။ဒါပေမယ့် ၂၀၁၅မှာတော့ ၁၇.၃ ရာခိုင်နှုန်းအထိတိုးလာတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် လိင်ကျန်းမာရေးအသိပညာပေးတဲ့လုပ်ငန်းတွေကို လူငယ်တွေကောလူကြီးတွေပါ အဓိကထားလုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ ရောဂါပြန့်ပွားမှုနှုန်းဟာ ပုံမှန်တိုးတက်နေတာတွေ့ရတယ်လို့ ဥရောပရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက သိပ္ပံပညာရှင် လာရာတာဗိုချီ(Lara Tavochi )ကပြောကြားခဲ့ပါတယ်။ အဓိကအားဖြင့် လိင်ဆက်ဆံခြင်းကနေ အများဆုံးကူးစက်နေတာကိုတွေ့ရပါတယ်။ လူကြီးပိုင်းကြားမှာ ကိုယ်တိုင်နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဥရောပနိုင်ငံပေါင်း၃၁နိုင်ငံရဲ့စစ်တမ်းတွေအရ အသက်၁၅နှစ်နှင့်အထက်မှာ HIV ပိုးကိုတွေ့ရှိခဲ့ရပါတယ်။ ဂျာမနီ၊ အိုင်ယာလန် နဲ့ ဘယ်လ်ဂျီယန် စတဲ့ နိုင်ငံပေါင်း၁၆နိုင်ငံမှာတော့ အသက်၅၀နှင့်အထက်လူတွေမှာ ပိုအဖြစ်များတာကိုတွေ့ရပါတယ်။ အက်စတိုနီးယား၊ လက်ဗီးယားနဲ့ မယ်လ်တာ စတဲ့နိုင်ငံတွေမှာတော့ အသက် ၁၅နှစ်မှ ၄၉နှစ် အတွင်းလူတွေမှာ ပြန့်ပွားနှုန်းမြင့်တက်နေတာတွေ့ရပါတယ်။ UK နဲ့နော်ဝေး စတဲ့မြို့ကြီးတွေမှာလည်း ၃.၆ရာခိုင်နှုန်းတိုးတက်နေပါတယ်။အသက်ကြီးပိုင်းလူကြီးတွေကို အဓိကထားခြင်းဖြင့် အောင်မြင်တဲ့ရလဒ်တစ်ခု ရနိုင်တယ်လို့ တာဗိုချီက ပြောပါတယ်။

အင်္ဂလန်မှာတော့ အမျိုးသားခုခံအားကျဆင်းမှုကူးစက်ရောဂါကာကွယ်ရေးအစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ဥပမာအားဖြင့် ဒေသန္တရလှုပ်ရှားမှုတွေနဲ့ လူမှုရေးဈေးကွက် တွေသုံးပြီး It starts with me လို့ခေါ်တဲ့ programတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ့မှာ လူတွေကို လိင်ပိုင်းဆိုင်ရာပညာပေးလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ ရောဂါပြန့်ပွားမှုဟာ လူငယ်တွေထက် လူကြီးတွေမှာ ပိုပြီးပြန့်ပွားနေပြီး အမျိုးသမီးတွေကြားမှာလည်း လူငယ်တွေထက်လူကြီးတွေမှာ ပိုတိုးလာပါတယ်။အခုလိုအသက် ၅၀နဲ့အထက်လူတွေဆီမှာ ရောဂါပြန့်ပွားနေတဲ့ဖြစ်စဉ်တွေမှာဆိုရင် ကူးစက်ခံရတဲ့လူအများစုဟာ အကြောင်းအရင်းမသိဘဲ ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဥရောပရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ ရဲ့ဖော်ပြချက်အရ CD4 လို့ခေါ်တဲ့ ဆဲလ်တွေကို HIVပိုးဟာ ဖျက်ဆီးပစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းကျော်သောလူတွေဟာ ဒီဆဲလ်တွေနည်းပါးမှုကြောင့် ကူးစက်ခံနေရတာဖြစ်ပြီး ၄၇ရာခိုင်နှုန်းဟာ ရောဂါပိုးကိုနောက်ကျမှ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရ ရောဂါကူးစက်ခံနေရတဲ့ လူတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ ဆေးစစ်ဖို့အချိန်ဆွဲနေကြပါတယ်။

HIV ပိုးရှိနေတာမသိဘဲနေမိတဲ့သူတွေဟာ နောက်ထပ်လူတွေကိုလည်း မသိဘဲနဲ့ ကူးစက်စေနိုင်ပါတယ်။နောက်ထပ်တွေ့ရှိချက်တွေအရ HIV ပိုးရှိနေတဲ့လူကြီးအချို့ကြားမှာ နိမ့်ကျတဲ့လူနေမှုနဲ့ အသိပညာနည်းပါးမှုကြောင့်ဆိုတာ တွေ့ခဲ့ရပါတယ်။ “ဒီတွေ့ရှိချက်တွေအရ HIVပိုးကူးစက်ခြင်းဟာ မရပ်တန့်သွားပါဘူး။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခြင်းဟာ ကမ္ဘာရဲ့မည့်သည့်နေရာမဆို မည်သည့်အသက်အပိုင်းအခြားကိုမဆိုဖြစ်နိုင်နေလို့ပါ။”လို့ နိုင်ငံတကာAIDSအဖွဲ့အစည်းရဲ့ဥက္ကဌဖြစ်တဲ့ လင်ဒါဂယ်လ်ဘတ်ကာLinda Gail Bekker ကပြောပါတယ်။

ဒီစစ်တမ်းတွေအရ ရင်းမြစ်တွေနဲ့အင်အားတွေသွားဖို့လိုအပ်နေတဲ့ နေရာတွေကို အခုချိန်မှာ အဓိကထားပြီးသွားဖို့ိလိုအပ်နေပါတယ်။ ကမ္ဘာလူဦးရေရဲ့ ၃၆သန်းကျော်သောလူတွေဟာ ဒီရောဂါဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။အသက်၅၀နဲ့အထက်လူတွေဆီမှာ လူတစ်သန်းမှာ၃ယောက်ခန့်ဟာ ရောဂါကူးစက်ခံနေရပါတယ်။။ " ဒီလို လူကြီးတွေမှာ HIV ရောဂါအဖြစ်များလာတဲ့ ကိစ္စကို လူထုကျန်းမာရေးဌာနတွေက သိပ် အလေးအနက်မထားကြပါဘူး။ ဒါ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ပါဘူး"လို့ ပါမောက္ခ ဂျေးနပ်စီးလေ(Janet Seeley)ကပြောကြားခဲ့ပါတယ်။

Ref: CNN: Rise in HIV diagnoses among people 50 over 50 in Europe

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia(ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top