Golden City Promotion
×

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အိတ်ခ်ျအိုင်ဗီရောဂါဖြစ်ပွားမှု အမြင့်မားဆုံး မြို့နယ် ၈၀ ကျော်မှာ ရန်ကုန်နဲ့ မန္တလေး နှစ်မြို့ပေါင်းဖြစ် ပွားမှုက သုံးပုံတစ်ပုံခန့်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားခုခံအားကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ -၂၀၂၀ အမျိုးသားမဟာဗျူဟာ စီမံကိန်းရေးဆွဲကာ တစ်နိုင်ငံလုံး တွင် ၃၃၀ မြို့နယ်ရှိတဲ့ အထဲက အိတ်ခ်ျအိုင်ဗီဖြစ်ပွားမှု အများဆုံး ၈၅ မြို့နယ်ကို ပထမဦးစားပေးအ ဖြစ်လည်းကောင်း၊ မြို့နယ် ၁၅၁ ခုကို ဒုတိယဦးစားပေးအဖြစ် လည်းကောင်း၊ ကျန် ၉၄ မြို့နယ် ကို ပုံမှန်ဆောင်ရွက်ရမယ့် မြို့နယ်များအဖြစ် ခွဲခြားသတ်မှတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိတ်ခ်ျအိုင်ဗီ ရောဂါဖြစ်ပွားမှု လူဦးရေ နှစ်သိန်းနှစ်သောင်းလေးထောင်ကျော်ရှိ နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်း တွက်ချက်ထားပြီး အဆိုပါလူနာတွေထဲက ၂၀၁၆ နှစ်ကုန်အထိ လူနာ တစ်သိန်းနှစ်သောင်းခုနစ်ထောင်ကျော်ကို အေအာရ်တီတစ်သက်တာ သောက်ဆေးနဲ့ ကုသမှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily
Credit: Duwun
#Unicode Version#
တစ်နိုင်ငံလုံးမှာ HIV ဖြစ်နေတဲ့သူ နှစ်သိန်းလေးသောင်းကျော် ရှိနေပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အိတ်ချ်အိုင်ဗီရောဂါဖြစ်ပွားမှု အမြင့်မားဆုံး မြို့နယ် ၈၀ ကျော်မှာ ရန်ကုန်နဲ့ မန္တလေး နှစ်မြို့ပေါင်းဖြစ် ပွားမှုက သုံးပုံတစ်ပုံခန့်ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားခုခံအားကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

အဆိုပါရောဂါဖြစ်ပွားမှု အမြင့်မားဆုံး မြို့နယ် ၈၅ ခုမှာ ရန်ကုန်နဲ့ မန္တလေးက ဖြစ်ပွားမှုအမြင့်မားဆုံး မြို့နယ်တွေမှာ ပါဝင် နေကာ ရန်ကုန်တိုင်းမှာ ၂၃ မြို့နယ်ရှိတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၆ -၂၀၂၀ အမျိုးသားမဟာဗျူဟာ စီမံကိန်းရေးဆွဲကာ တစ်နိုင်ငံလုံး တွင် ၃၃၀ မြို့နယ်ရှိတဲ့ အထဲက အိတ်ချ်အိုင်ဗီဖြစ်ပွားမှု အများဆုံး ၈၅ မြို့နယ်ကို ပထမဦးစားပေးအ ဖြစ်လည်းကောင်း၊ မြို့နယ် ၁၅၁ ခုကို ဒုတိယဦးစားပေးအဖြစ် လည်းကောင်း၊ ကျန် ၉၄ မြို့နယ် ကို ပုံမှန်ဆောင်ရွက်ရမယ့် မြို့နယ်များအဖြစ် ခွဲခြားသတ်မှတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
‘‘ရောဂါဖြစ်ပွားမှုနှုန်းကို ပြန် ကြည့်တဲ့အခါမှာ မြို့နယ် ၈၀ ကျော်ရဲ့ ဖြစ်ပွားမှုက တစ်နိုင်ငံ လုံး ရောဂါဖြစ်ပွားမှုရဲ့ ၈၀ ရာခိုင်နှုန်းရှိနေတယ်။ ဒါကြောင့် ဒီလို သတ်မှတ်ဆောင်ရွက်တာပါ။ ပိုပြီး ရလဒ်ကောင်းကောင်း ရ အောင်လို့ ဖြစ်ပွားမှုမြင့်နေတဲ့နေ ရာတွေမှာ ဦးစားပေးဆောင်ရွက် တာပါ’’လို့ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိတ်ချ်အိုင်ဗီ ရောဂါဖြစ်ပွားမှု လူဦးရေ နှစ်သိန်းနှစ်သောင်းလေးထောင်ကျော်ရှိ နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်း တွက်ချက်ထားပြီး အဆိုပါလူနာတွေထဲက ၂၀၁၆ နှစ်ကုန်အထိ လူနာ တစ်သိန်းနှစ်သောင်းခုနစ်ထောင်ကျော်ကို အေအာရ်တီတစ်သက်တာ သောက်ဆေးနဲ့ ကုသမှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top