Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

"No pain, no gain" တုိ႔ "အနာခံမွ အသာစံရမယ္"တုိ႔ စတဲ့ စကားေတြဟာ တြန္းအားအျဖစ္နဲ႔ေတာ့ ႀကိဳးစားခ်င္စိတ္ေပၚလာေစတယ္။ ဒါေပမဲ့ တြန္းအားဆုိတာလည္း အကန္႔အသတ္႐ွိပါေသးတယ္။ Gym သြားတယ္ဆုိတာလည္း က်န္းမာေအာင္၊ ကိုယ္ခႏၶာကိုယ္လွေအာင္ ကစားတာမဟုတ္လား။ အလြန္အကၽြံေလ့က်င့္ခန္းလုပ္ေနရင္ေတာ့ လူကိုဒဏ္ျဖစ္ေစပါလိမ့္မယ္

၁။ ေလ့က်င့္ခန္းလုပ္ရမွာေၾကာက္တယ္

ကိုယ္လုပ္ေနတဲ့အလုပ္ကို ခ်စ္ခင္ခံုမင္ေနမွ လုပ္ရတာ အဓိပၸာယ္႐ွိမွာေနာ္။ Gym သြားရမွာကို စိတ္ထဲမွာ ေၾကာက္႐ြံ႕ေနတယ္။ သတ္မွတ္ခ်ိန္မျပည့္ေသးဘဲ တစ္ဝက္ေလာက္မွာတင္ အရမ္းပင္ပန္းလာၿပီဆုိရင္ ခႏၶာကိုယ္က ပင္ပန္းေနေၾကာင္း အခ်က္ျပေနတာပါ။
တက္တူးမထိုးသင့္တဲ့ အေၾကာင္းရင္းေတြ: တက္တူးမထိုးသင့္တဲ့ အေၾကာင္းရင္းေတြ
တက္တူးမထိုးသင့္တဲ့ အေၾကာင္းရင္းေတြ
တက္တူးမထိုးသင့္တဲ့ အေၾကာင္းရင္းေတြ

၂။ အလြန္အမင္းနာက်င္တယ္

ေလ့က်င့္ခန္းေတြကို ျပင္းျပင္းထန္ထန္လုပ္ၿပီးရင္ ၁ ရက္မွ ၂ ရက္ထိ နားေပးဖုိ႔လိုပါတယ္။ ဒါမွ စုတ္ၿပဲသြားတဲ့ၾကြက္သားေတြ ျပန္ေကာင္းဖုိ႔အခ်ိန္ရမွာပါ။ ၾကြက္သားေတြ နာက်င္ေန႐ံုသာမက တစ္ကိုယ္လံုးကိုက္ခဲေနၿပီဆိုရင္ နားကိုနားရပါမယ္။ ဆက္လုပ္ေနရင္ လူက ပိုပင္ပန္းလာဖုိ႔ပဲရွိမွာ။

၃။ အဆစ္အျမစ္ေတြနာတယ္

ေအာက္ပိုင္းထိုင္တဲ့ ေလ့က်င့္ခန္းမ်ိဳးဟာ ေန႔တုိင္းမလုပ္ရပါဘူး။ ကိုယ္က လွခ်င္ေဇာနဲ႔ ေနတုိင္းလုပ္ေနရင္ ခႏၶာကိုယ္က ခံႏုိင္ရည္မရွိပါဘူး။ ေျခဆစ္လက္ဆစ္ေတြ အေၾကာေတြကို ဒဏ္ပိသြားတဲ့အခါ ျပန္ေကာင္းဖုိ႔ ခက္သြားပါလိမ့္မယ္။ အဆစ္အျမစ္ေတြနာတယ္လို႔ ခံစားမိတာနဲ႔ ေလ့က်င့္ခန္းလုပ္တာကို ရပ္လိုက္ဖုိ႔ လိုပါတယ္။

၄။ ရလဒ္ကစိတ္ပ်က္စရာေကာင္းတယ္

Gym ကို အၿမဲတမ္းသြားတယ္၊ နည္းျပက သင္ေပးတဲ့အတုိင္း ေသေသခ်ာခ်ာ လိုက္လုပ္တယ္။ ဒါေပမဲ့ သီတင္းပတ္ ၅ ပတ္ ျပည့္ခ်ိန္မွာ ဘာမွထူးမလာဘူးဆိုရင္ေတာ့ သင္တစ္ခုခုမွားယြင္းေနပါၿပီ။ ဒါတင္မကေသးဘဲနဲ႔ လြန္ခဲ့တဲ့ႏွစ္ပတ္နဲ႔ယွဥ္ရင္ ျမန္ျမန္မေျပးႏိုင္ေတာ့ဘူး၊ ဝိတ္တံုးေတြကိုလည္း မရတာ ပိုခက္လာတယ္ဆုိရင္ ေလ့က်င့္ခန္းလုပ္တာေတြ မွားေနၿပီဆုိတာ ေသခ်ာပါၿပီ။ ျပင္းျပင္းထန္ထန္လုပ္တာေတာင္မွ ထူးမလာရတာဟာ အလြန္အကၽြံလုပ္ေနမိလို႔ျဖစ္တာပါ။ ကိုယ္လုပ္ေနတာေတြကို သံုးပံုတစ္ပံုေလာက္ ေလွ်ာ့ၿပီး လုပ္ၾကည့္ပါ။

Source : Shape

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
"No pain, no gain" တို့ "အနာခံမှ အသာစံရမယ်"တို့ စတဲ့ စကားတွေဟာ တွန်းအားအဖြစ်နဲ့တော့ ကြိုးစားချင်စိတ်ပေါ်လာစေတယ်။ ဒါပေမဲ့ တွန်းအားဆိုတာလည်း အကန့်အသတ်ရှိပါသေးတယ်။ Gym သွားတယ်ဆိုတာလည်း ကျန်းမာအောင်၊ ကိုယ်ခန္ဓာကိုယ်လှအောင် ကစားတာမဟုတ်လား။ အလွန်အကျွံလေ့ကျင့်ခန်းလုပ်နေရင်တော့ လူကိုဒဏ်ဖြစ်စေပါလိမ့်မယ်

၁။ လေ့ကျင့်ခန်းလုပ်ရမှာကြောက်တယ်

ကိုယ်လုပ်နေတဲ့အလုပ်ကို ချစ်ခင်ခုံမင်နေမှ လုပ်ရတာ အဓိပ္ပာယ်ရှိမှာနော်။ Gym သွားရမှာကို စိတ်ထဲမှာ ကြောက်ရွံ့နေတယ်။ သတ်မှတ်ချိန်မပြည့်သေးဘဲ တစ်ဝက်လောက်မှာတင် အရမ်းပင်ပန်းလာပြီဆိုရင် ခန္ဓာကိုယ်က ပင်ပန်းနေကြောင်း အချက်ပြနေတာပါ။
တက်တူးမထိုးသင့်တဲ့ အကြောင်းရင်းတွေ: တက်တူးမထိုးသင့်တဲ့ အကြောင်းရင်းတွေ
တက်တူးမထိုးသင့်တဲ့ အကြောင်းရင်းတွေ
တက်တူးမထိုးသင့်တဲ့ အကြောင်းရင်းတွေ

၂။ အလွန်အမင်းနာကျင်တယ်

လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ပြီးရင် ၁ ရက်မှ ၂ ရက်ထိ နားပေးဖို့လိုပါတယ်။ ဒါမှ စုတ်ပြဲသွားတဲ့ကြွက်သားတွေ ပြန်ကောင်းဖို့အချိန်ရမှာပါ။ ကြွက်သားတွေ နာကျင်နေရုံသာမက တစ်ကိုယ်လုံးကိုက်ခဲနေပြီဆိုရင် နားကိုနားရပါမယ်။ ဆက်လုပ်နေရင် လူက ပိုပင်ပန်းလာဖို့ပဲရှိမှာ။

၃။ အဆစ်အမြစ်တွေနာတယ်

အောက်ပိုင်းထိုင်တဲ့ လေ့ကျင့်ခန်းမျိုးဟာ နေ့တိုင်းမလုပ်ရပါဘူး။ ကိုယ်က လှချင်ဇောနဲ့ နေတိုင်းလုပ်နေရင် ခန္ဓာကိုယ်က ခံနိုင်ရည်မရှိပါဘူး။ ခြေဆစ်လက်ဆစ်တွေ အကြောတွေကို ဒဏ်ပိသွားတဲ့အခါ ပြန်ကောင်းဖို့ ခက်သွားပါလိမ့်မယ်။ အဆစ်အမြစ်တွေနာတယ်လို့ ခံစားမိတာနဲ့ လေ့ကျင့်ခန်းလုပ်တာကို ရပ်လိုက်ဖို့ လိုပါတယ်။

၄။ ရလဒ်ကစိတ်ပျက်စရာကောင်းတယ်

Gym ကို အမြဲတမ်းသွားတယ်၊ နည်းပြက သင်ပေးတဲ့အတိုင်း သေသေချာချာ လိုက်လုပ်တယ်။ ဒါပေမဲ့ သီတင်းပတ် ၅ ပတ် ပြည့်ချိန်မှာ ဘာမှထူးမလာဘူးဆိုရင်တော့ သင်တစ်ခုခုမှားယွင်းနေပါပြီ။ ဒါတင်မကသေးဘဲနဲ့ လွန်ခဲ့တဲ့နှစ်ပတ်နဲ့ယှဉ်ရင် မြန်မြန်မပြေးနိုင်တော့ဘူး၊ ဝိတ်တုံးတွေကိုလည်း မရတာ ပိုခက်လာတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာတွေ မှားနေပြီဆိုတာ သေချာပါပြီ။ ပြင်းပြင်းထန်ထန်လုပ်တာတောင်မှ ထူးမလာရတာဟာ အလွန်အကျွံလုပ်နေမိလို့ဖြစ်တာပါ။ ကိုယ်လုပ်နေတာတွေကို သုံးပုံတစ်ပုံလောက် လျှော့ပြီး လုပ်ကြည့်ပါ။

Source : Shape

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top