ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မနက္စာကိုလည္း အလြတ္မခံနဲ႔ဦးေနာ္။ လူက ပင္ပန္းထားေတာ့ အစားမစားဘဲ႐ံုးသြားရင္ အလုပ္ပါမလုပ္ႏိုင္ျဖစ္ေနမယ္။
က်န္းမာေရးလိုက္စားသူေတြ၊ ကိုယ္ကာယၾကံ႕ခိုင္ဖုိ႔အတြက္ မနက္ပိုင္း ေလ့က်င့္ခန္းလုပ္သူေတြအေနနဲ႔ မနက္ပိုင္းမွာ Gym သြားၿပီး အားကစားလုပ္တယ္၊ ၿပီးရင္ အလုပ္ကို ဆက္သြားရမယ္။ ေရခ်ိဳးဖုိ႔လည္း အခ်ိန္မရဘူးဆုိရင္ေတာ့ ဒိုးခပဲေလ။ အဲ့လိုဆုိရင္ ခႏၶာကိုယ္ကို သပ္သပ္ရပ္ရပ္ေလးျဖစ္ေအာင္ေတာ့ ျပင္ဆင္ရတာေပါ့။ Gym ကေန အလုပ္ကို ဆက္သြားတဲ့အခါ ကိုယ့္ခႏၶာကိုယ္က ေခၽြးန႔ံေတြမထြက္ေအာင္၊ လူပံုစံက ဖရိုဖရဲျဖစ္မေနေအာင္လည္း ျပင္ဆင္သြားရမယ္ေလ။ ဘယ္လိုေတြျပင္ဆင္မလဲဆုိတာ ေျပာျပမယ္ေနာ္။
၁။ ျပင္းျပင္းထန္ထန္မလုပ္သင့္ဘူး
ပင္ပင္ပန္းပန္းနဲ႔ အရမ္းအားစိုက္ၿပီး လုပ္ရတဲ့ ေလ့က်င့္ခန္းေတြကို အၾကာႀကီး၊ အမ်ားႀကီး မလုပ္သင့္ဘူး။ လူက ႏံုးခ်ိသြားရင္ အလုပ္မွာ ၾကည့္ရဆုိးေနမယ္။
၂။ အားကစားဝတ္စံု

Gym မွာ ေလ့က်င့္ခန္းလုပ္ရင္း ဝတ္ဖုိ႔အတြက္ ဝတ္စံုသပ္သပ္ထားပါ။ အတြင္းခံေတြကိုလည္း ေလ့က်င့္ခန္းၿပီးခ်ိန္မွာ လဲဝတ္ပါ။ ေခၽြးေတြစိုေနၿပီးသားအဝတ္က လူၾကားထဲ အနံ႔ထြက္ႏိုင္ပါတယ္။
၃။ ေမႊးရနံ႔
ေခၽြးနံ႔ေပ်ာက္မယ့္ roll-on ၊ စပေရး၊ ေရေမႊး စတာေတြလည္း ေဆာင္ထားဖုိ႔လိုမယ္။ Wet Tissue ေလးလည္း ေဆာင္ထားပါ။ မ်က္ႏွာသစ္စရာမလိုဘဲ ေခၽြးနဲ႔ အညစ္အေၾကးေတြကို ရွင္းလို႔ရတာေပါ့။
၄။ ေရဓာတ္ျဖည့္

ေလ့က်င့္ခန္းမလုပ္မီ၊ လုပ္ေနစဥ္အတြင္းနဲ႔ ေလ့က်င့္ခန္းၿပီးခ်ိန္မွာေရာ ေရဓာတ္မခမ္းသြားေအာင္ သတိထားပါ။ ေလ့က်င့္ခန္းအားလံုးၿပီးၿပီဆုိရင္ ေရေအးေအးေသာက္တာက ေခၽြးတိတ္တာျမန္ေစပါလိမ့္မယ္။
၅။ ႐ံုးဝတ္စံု
မနက္ပိုင္း Gym မသြားခင္ ညတည္းက ႐ံုးဝတ္စံုကို အိတ္ထဲမွာ အသင့္ထည့္ထားဖုိ႔လည္း မေမ့နဲ႔ဦး။ ေလ့က်င့္ခန္းလုပ္ၿပီးတာနဲ႔ အဝတ္လဲခန္းထဲေျပးၿပီး အေပၚမွာ ေျပာတာေတြလုပ္၊ အဝတ္လဲၿပီး ရံုးကိုေျပးလို႔ရၿပီ။

Source : Thirty
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
မနက်စာကိုလည်း အလွတ်မခံနဲ့ဦးနော်။ လူက ပင်ပန်းထားတော့ အစားမစားဘဲရုံးသွားရင် အလုပ်ပါမလုပ်နိုင်ဖြစ်နေမယ်။
ကျန်းမာရေးလိုက်စားသူတွေ၊ ကိုယ်ကာယကြံ့ခိုင်ဖို့အတွက် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မနက်ပိုင်းမှာ Gym သွားပြီး အားကစားလုပ်တယ်၊ ပြီးရင် အလုပ်ကို ဆက်သွားရမယ်။ ရေချိုးဖို့လည်း အချိန်မရဘူးဆိုရင်တော့ ဒိုးခပဲလေ။ အဲ့လိုဆိုရင် ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင်တော့ ပြင်ဆင်ရတာပေါ့။ Gym ကနေ အလုပ်ကို ဆက်သွားတဲ့အခါ ကိုယ့်ခန္ဓာကိုယ်က ချွေးနံ့တွေမထွက်အောင်၊ လူပုံစံက ဖရိုဖရဲဖြစ်မနေအောင်လည်း ပြင်ဆင်သွားရမယ်လေ။ ဘယ်လိုတွေပြင်ဆင်မလဲဆိုတာ ပြောပြမယ်နော်။
၁။ ပြင်းပြင်းထန်ထန်မလုပ်သင့်ဘူး
ပင်ပင်ပန်းပန်းနဲ့ အရမ်းအားစိုက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို အကြာကြီး၊ အများကြီး မလုပ်သင့်ဘူး။ လူက နုံးချိသွားရင် အလုပ်မှာ ကြည့်ရဆိုးနေမယ်။
၂။ အားကစားဝတ်စုံ

Gym မှာ လေ့ကျင့်ခန်းလုပ်ရင်း ဝတ်ဖို့အတွက် ဝတ်စုံသပ်သပ်ထားပါ။ အတွင်းခံတွေကိုလည်း လေ့ကျင့်ခန်းပြီးချိန်မှာ လဲဝတ်ပါ။ ချွေးတွေစိုနေပြီးသားအဝတ်က လူကြားထဲ အနံ့ထွက်နိုင်ပါတယ်။
၃။ မွှေးရနံ့
ချွေးနံ့ပျောက်မယ့် roll-on ၊ စပရေး၊ ရေမွှေး စတာတွေလည်း ဆောင်ထားဖို့လိုမယ်။ Wet Tissue လေးလည်း ဆောင်ထားပါ။ မျက်နှာသစ်စရာမလိုဘဲ ချွေးနဲ့ အညစ်အကြေးတွေကို ရှင်းလို့ရတာပေါ့။
၄။ ရေဓာတ်ဖြည့်

လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်အတွင်းနဲ့ လေ့ကျင့်ခန်းပြီးချိန်မှာရော ရေဓာတ်မခမ်းသွားအောင် သတိထားပါ။ လေ့ကျင့်ခန်းအားလုံးပြီးပြီဆိုရင် ရေအေးအေးသောက်တာက ချွေးတိတ်တာမြန်စေပါလိမ့်မယ်။
၅။ ရုံးဝတ်စုံ
မနက်ပိုင်း Gym မသွားခင် ညတည်းက ရုံးဝတ်စုံကို အိတ်ထဲမှာ အသင့်ထည့်ထားဖို့လည်း မမေ့နဲ့ဦး။ လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အဝတ်လဲခန်းထဲပြေးပြီး အပေါ်မှာ ပြောတာတွေလုပ်၊ အဝတ်လဲပြီး ရုံးကိုပြေးလို့ရပြီ။

Source : Thirty

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top