မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×






Credit: MyStyle
#Unicode Version#
ယခင် EXO အမျိုးသား တေးသံရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ Lu Han ဟာ အခုလက်ရှိ မင်းသမီး Guan Xiaotong နဲ့ တရားဝင်တွဲနေတဲ့အကြောင်း ဝန်ခံလိုက်ပါတယ်။
Lu Han ဟာ တရုတ် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Weibo ကနေ “အားလုံးပဲမင်္ဂလာပါ။ ကျွန်တော့ရဲ့ ကောင်မလေးနဲ့ မိတ်ဆက်ပေးပါရစေ” ဆိုပြီး Guan Xiaotong ရဲ့ပုံကို တင်ခဲ့တာပါ။ Guan Xiaotong ကလည်း အသည်းပုံကော့မန့်ပြန်ပေးခဲ့ပါတယ်။
တရုတ်မင်းသမီးလေး Guan Xiaotong ကိုတော့Traey Miley လို့လည်း လူသိများကြပြီး အသက်ကတော့ ၂၀ ရှိပြီဖြစ်ပါတယ်။ Lu Han က ၁၉၉၀ ပြည့်နှစ်မှာမွေးတာဆိုတော့ သူမထက် ၇ နှစ်ပိုကြီးပါတယ်။

သူတို့နှစ်ယောက်ဟာ Sweet Combat ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အတူတူ သရုပ်ဆောင်နေပါတယ်။

နှစ်ယောက်လုံးက ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့အတွဲလေးပါပဲနော်။ Congratulation ပါလို့ပြောရင်း ချစ်တဲ့ ပရိသတ်တွေအတွက်လည်း ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top