ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

K pop အမ်ိဳးသမီး ေတးသံရွင္အဖြဲ႔တစ္ခုျဖစ္တဲ့ Girl’s Generationအဖြဲ႔မွ အဖြဲ႔ဝင္ ၃ ဦး ထပ္မံႏႈတ္ထြက္သြားၿပီျဖစ္တဲ့အေၾကာင္း SM Entertainment မွ အတည္ျပဳလိုက္ပါတယ္။

အဲဒီ ၃ ဦးကေတာ့ Tiffany, Sooyoung နဲ႔ Seohyun တို႔ ျဖစ္ပါတယ္။ အရင္က အဖြဲ႔ဝင္ ၉ ဦးနဲ႔ စတင္ဖြဲ႔စည္းခဲ့ၿပီး K-pop ဂီတေလာကမွာ ေအာင္ျမင္မႈရေနတဲ့ Girl’s Generationအဖြဲ႔မွာ လက္ရွိ အဖြဲ႔ဝင္ ၅ ဦးက်န္ပါေသးတယ္။

SM Entertainment ကေတာ့ က်န္တဲ့အဖြဲ႔ဝင္ေတြနဲ႔ ဆက္ၿပီးေနာက္ထပ္ ရိုက္ကူးေရးေတြအတြက္ ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ ဆုိပါတယ္။ Girl’s Generations စာခ်ဳပ္နဲ႔ပတ္သက္လို႔ ၂၀၁၇ ခုႏွစ္မွာစၿပီး ေကာလဟာလေတြထြက္ခဲ့တာျဖစ္ပါတယ္။

အခုႏႈတ္ထြက္သြားတဲ့ Tiffany, Sooyoung နဲ႔ Seohyun တို႔ကေတာ့ သရုပ္ေဆာင္ပိုင္းကို ပိုၿပီး အားစိုက္ခ်င္တာေၾကာင့္ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Tiffany ကေတာ့ သရုပ္ေဆာင္နဲ႔ပတ္သက္လို႔ ႏုိင္ငံျခားမွာ ေလ့လာသင္ၾကားေနၿပီး Sooyoung နဲ႔ Seohyun တို႔ကေတာ့ ဒရမ္မာ၊ ဂီတနဲ႔ ရုပ္ရွင္သရုပ္ေဆာင္ပိုင္းကို ေလ့လာေနပါတယ္။

ဘာပဲျဖစ္ျဖစ္ အႏုပညာအလုပ္ကို ဆက္ၿပီးလုပ္ကိုင္ဦးမွာဆိုေတာ့ ပရိသတ္ေတြနဲ႕ေတာ့ ဆက္လက္ထိေတြ႕ေနဦးမွာပဲျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
K pop အမျိုးသမီး တေးသံရှင်အဖွဲ့တစ်ခုဖြစ်တဲ့ Girl’s Generationအဖွဲ့မှ အဖွဲ့ဝင် ၃ ဦး ထပ်မံနှုတ်ထွက်သွားပြီဖြစ်တဲ့အကြောင်း SM Entertainment မှ အတည်ပြုလိုက်ပါတယ်။
အဲဒီ ၃ ဦးကတော့ Tiffany, Sooyoung နဲ့ Seohyun တို့ ဖြစ်ပါတယ်။ အရင်က အဖွဲ့ဝင် ၉ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး K-pop ဂီတလောကမှာ အောင်မြင်မှုရနေတဲ့ Girl’s Generationအဖွဲ့မှာ လက်ရှိ အဖွဲ့ဝင် ၅ ဦးကျန်ပါသေးတယ်။
SM Entertainment ကတော့ ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ ဆက်ပြီးနောက်ထပ် ရိုက်ကူးရေးတွေအတွက် ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Girl’s Generations စာချုပ်နဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်မှာစပြီး ကောလဟာလတွေထွက်ခဲ့တာဖြစ်ပါတယ်။
အခုနှုတ်ထွက်သွားတဲ့ Tiffany, Sooyoung နဲ့ Seohyun တို့ကတော့ သရုပ်ဆောင်ပိုင်းကို ပိုပြီး အားစိုက်ချင်တာကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Tiffany ကတော့ သရုပ်ဆောင်နဲ့ပတ်သက်လို့ နိုင်ငံခြားမှာ လေ့လာသင်ကြားနေပြီး Sooyoung နဲ့ Seohyun တို့ကတော့ ဒရမ်မာ၊ ဂီတနဲ့ ရုပ်ရှင်သရုပ်ဆောင်ပိုင်းကို လေ့လာနေပါတယ်။

ဘာပဲဖြစ်ဖြစ် အနုပညာအလုပ်ကို ဆက်ပြီးလုပ်ကိုင်ဦးမှာဆိုတော့ ပရိသတ်တွေနဲ့တော့ ဆက်လက်ထိတွေ့နေဦးမှာပဲဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top