မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×












Credit:  My tech

#Unicode Version#
အင်တာနက် အခမဲ့ သုံးလို့ရတဲ့ Free Wi-Fi တွေနဲ့သုံးနေချိန်မှာ သတိထားရမယ့် ကိစ္စတွေရှိနေပါတယ်။ အခုဆိုရင် နေရာတော်တော်များများမှာ Free Wi-Fi တွေနေပါပြီ။ အင်တာနက် သုံးခလေးကုန်မှာစိုးတာနဲ့ ကိုယ့် ဘဏ်အကောင့်က ပိုက်ဆံတွေ ခိုးခံရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် Free Wi-Fi သုံးရင် သတိထားရမယ့် အကြောင်းအရင်းတွေကို ဝေမျှချင်ပါတယ်။

အင်တာနက် သို့ Mobile Banking ဒါမှမဟုတ် ဘဏ် အချက်အလက် တွေကို မရိုက်ထည့်ပါနဲ့။

Free Wifi သုံးနေရင်း ကိုယ့် ဘဏ်အကောင့်ကို Mobile Banking နဲ့ ဝင်ကြည့်တာမျိုး ဘဏ်အကောင့်နဲ့ချိတ်ပြီး အွန်လိုင်းကနေ ဈေးဝယ်တာမျိုးတွေက အရမ်း အန္တရာယ်များပါတယ်။ ကိုယ့် အကောင့် ကို ခိုးယူနိုင်ပြီး ကိုယ့် ပိုက်ဆံ တွေကိုလည်း ခိုးထုတ်သွားနိုင်ပါတယ်။

လိုအပ်မှသာ Wi-Fi ခလုတ် ကို ဖွင့်ပါ။

Wi-Fi ခလုတ် ကို အမြဲတမ်းဖွင့်ထားရင် ဖုန်းဘက်ထရီခ ဏလေးနဲ့ ကုန်သွားတတ်ပါတယ်။ အဲ့ဒီအပြင် အင်တာနက် Wi-Fi မိတဲ့အချိန်ကျရင် အလိုလို ချိတ်ဆက်ပြီး ကြော်ငြာ အီးမေလ် တွေ ဝင်လာတတ်ပါတယ်။

ကိုယ့်ဖုန်းကို Wi-Fi Free Network ကို remember ဖြစ်အောင်မလုပ်ထားပါနဲ့

အများအားဖြင့် ဖုန်း တွေက တခါသုံးပြီးရင် အဲ့ဒီ Network ကို remember လုပ်ထားတတ်ကြပါတယ်။ အဲ့ဒီ Network ကနေ တစ်ဆင့် ကိုယ့်နာမည်၊ကိုယ်ရေးအချက်အလက် စတာတွေကို ယူထားလို့ရပါတယ်။

Antivirus Software ကောင်းကောင်းကို သုံးပါ

အထူးသဖြင့် ကွန်ပျုတာ နဲ့ သုံးမယ်ဆိုရင် Antivirus Software နောက်ဆုံးပေါ်တွေကို သုံးထားပါ။ ကိုယ့် ပစ္စည်းတွေဖြစ်တဲ့ ကွန်ပျုတာ တွေ၊ ဖုန်းတွေကို ဟက် (Hack) မယ့် နည်းလမ်းအသစ်တွေက အမြဲလိုလို ပေါ်လာနေလို့ပါဘဲ။ Updated ဖြစ်တဲ့ Antivirus Software တွေက မမှန်ကန်တဲ့ Fake Hotspot Connections တွေကို ချိတ်မိရင် သတိပေးပါတယ်။

စိတ်ချရတဲ့ URL တွေကိုဘဲ သုံးပါ။

Website ရဲ့ လိပ်စာ တွေဖြစ်တဲ့ URL တွေကို ရိုက်ထည့်ရာမှာ https: မှာ “s” ကို မကျန်ခဲ့ဖို့ အရေးကြီးပါတယ်။ https: က http: ထက်ပိုပြီး လုံခြုံမှုရှိပါတယ်။ Google လိုမျိုး Website တွေတောင် https: ကို အသုံးပြုကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  My tech
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top