Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျခေထာက္ (foot) တစ္ေခ်ာင္းမွာ အ႐ုိးေပါင္း ၂၆ ခု၊ အဆစ္ေပါင္း ၃၃ ဆစ္၊ အရြတ္ေပါင္း ၂၀၇၊ ႂကြက္သားေပါင္း ၁၉ ခုနဲ႔ ေျခေထာက္ တစ္ခုျဖစ္ဖုိ႔ တစ္ခုနဲ႔တစ္ခု ဆက္သြယ္တဲ့ အေၾကာမွ်င္ေပါင္း မ်ားစြာ ပါရွိပါတယ္။

လူတစ္ေယာက္ဟာ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကုိ ၈၀၀၀ မွ ၁၀၀၀၀ ၾကား ေျခလွမ္းေလ့ ရွိတာေၾကာင့္ ေျခဖဝါးေပၚမွာ က်ေရာက္တဲ့ ဖိအားဟာ သူ႔ခႏၶာကုိယ္ရဲ႕ အေလးခ်ိန္ထက္ ပုိၿပီး မ်ားေလ့ ရွိတတ္ပါတယ္။

ဒါ့အျပင္ မိမိနဲ႔ အံဝင္ခြင္က်မႈ မရွိတဲ့ ဖိနပ္ေတြ ဝတ္ဆင္တာေၾကာင့္ ေျခေထာက္ နာက်င္တတ္ပါတယ္။ ေျခေထာက္ နာက်င္တာ သက္သာတဲ့ နည္းလမ္းေတြကုိ ေဖာ္ျပလုိက္ပါတယ္။

ေျခေထာက္ကုိ ျမႇင့္တင္ထားပါ
သင္အိမ္ေရာက္တာနဲ႔ ထုိင္ၿပီး ေျခေထာက္ကုိ ေျမႇာက္ထားပါ။ ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ ေျခေခ်ာင္း ေလ့က်င့္ခန္း လုပ္ပါ။ ခႏၶာကုိယ္ရဲ႕ ၄၅ ဒီဂရီေလာက္ ေရာက္ေအာင္ ေျခေထာက္ ေျမႇာက္ထားၿပီး မိနစ္ ၂၀ ခန္႔ ေျဖေလ်ာ့ထားပါ။ (ေခြးေျခခံုေပၚ ေျခေထာက္ တင္ထားပါ)

ဆားရည္စိမ္ပါ
ေျခေထာက္ေတြ ေညာင္းေနရင္ အေကာင္းဆုံး နည္းလမ္းဟာ ဆား ထမင္းစားဇြန္း တစ္ဇြန္း ဒါမွမဟုတ္ ႏွစ္ဇြန္းစာကို ေရေႏြးဇလုံ တစ္ခုထဲ ထည့္ၿပီး သင့္ေျခေထာက္ကုိ ခဏ စိမ္ထားပါ။ ၿပီးရင္ ေရေအးနဲ႔ ျပန္ေဆးၿပီး ေျခေထာက္ကုိ အေျခာက္ခံကာ Moisturiser ခရင္မ္လိမ္းၿပီး ႏွိပ္ေပးပါ။

အပူတစ္လွည့္ အေအးတစ္လွည့္ အသုံးျပဳပါ
ေရခ်ဳိးဇလုံေပၚ ထုိင္ၿပီး သင့္ေျခေထာက္ကုိ ဘုံပုိင္ေရေအာက္မွာ မိနစ္အနည္းငယ္ ထားပါ။ ေရေႏြး တစ္မိနစ္၊ ေရေအး တစ္မိနစ္ကုိ တစ္လွည့္စီ ဖြင့္ၿပီး ေနာက္ဆုံး ေရေအးနဲ႔ အဆုံးသတ္ပါ။ အပူအေအး မညီမွ်တဲ့ ေရေၾကာင့္ ခႏၶာကုိယ္ စနစ္အားလုံး လန္းဆန္းေစႏုိင္ပါတယ္။ သင့္မွာ ဆီးခ်ဳိေရာဂါ ဒါမွမဟုတ္ ေသြးလွည့္ပတ္မႈ ျပႆနာ ရွိေနရင္ သင့္ေျခေထာက္ကုိ အပူခ်ိန္ လြန္လြန္ကဲကဲနဲ႔ မထိေတြ႕ေစပါနဲ႔။

အႏွိပ္ခံပါ
ေျခေထာက္ကုိ ႏုိ႔စုိ႔ကေလးငယ္ေတြ လိမ္းတဲ့ အဆီ (Baby Oil) ကုိ အသုံးျပဳၿပီး အႏွိပ္ခံပါ။ ေျခဖဝါး တစ္ခုလုံးကုိ ႏွိပ္ပါ။ ေျခေခ်ာင္းေတြကုိ အသာအယာ ဖ်စ္ညႇစ္ၿပီး ေျခဖဝါးေပၚမွာ စက္ဝန္းပုံသဏၭာန္ ဖိၿပီး ႏွိပ္ေပးပါ။ ေျခဖဝါး arch ေနရာကုိ သင့္လက္မနဲ႔ မာႏုိင္သမွ် မာမာ ဖိဆြဲႏုိင္ရင္ အေကာင္းဆုံးပါ။

ေရခဲကပ္ပါ
ေရခဲတုံးကုိ အဝတ္စနဲ႔ပတ္ၿပီး မိနစ္အနည္းငယ္ၾကာမွ် သင့္ေျခဖဝါးနဲ႔ ေျခခ်င္းဝတ္ကုိ ပြတ္ေပးပါ။ ေရခဲေၾကာင့္ ေရာင္ရမ္းမႈ ေလ်ာ့ေစၿပီး ထုံသြားတာေၾကာင့္ နာက်င္တာ သက္သာသြားႏုိင္ပါတယ္။ ၿပီးရင္ ေျခေထာက္ကုိ ေျခာက္ေအာင္သုတ္ၿပီး အရက္ျပန္ ဒါမွမဟုတ္ ရွလကာရည္နဲ႔ ပြတ္ေပးပါ။

ေလ့က်င့္ခန္း လုပ္ပါ
ေျခဖဝါးနဲ႔ ေျခေထာက္ေလ့က်င့္ခန္းကုိ ေန႔စဥ္လုပ္ေပးတာေၾကာင့္ ေသြးလွည့္ပတ္မႈ ေကာင္းမြန္ေစၿပီး အကုိက္အခဲ သက္သာသြားႏုိင္ပါတယ္။ ေန႔ခင္းပုိင္းမွာ ေျခေထာက္ေတြ ေတာင့္တင္းၿပီး ႂကြက္တက္တတ္ရင္ သင့္လက္ေတြကုိ တုန္ခါလႈပ္သလုိမ်ဳိး ေျခေထာက္ကုိ လႈပ္ေပးပါ။ တစ္ႀကိမ္ကုိ ေျခေထာက္တစ္ဘက္ပဲ လႈပ္ၿပီး ေျခေခ်ာင္းေတြကုိ အေပၚေအာက္ ေကြးဆန္႔ပါ။ သင္ဟာ အခ်ိန္အၾကာႀကီး မတ္တတ္ရပ္ ေနရရင္ အဲဒီေနရာ ပတ္ဝန္းက်င္မွာ တတ္ႏုိင္သမွ် လမ္းေလွ်ာက္ေနပါ။

ေျခေထာက္တစ္ဖက္ကုိ ေခြးေျခေပၚတင္ၿပီး အနားေပးတာ ဒါမွမဟုတ္ မၾကာခဏ ေျခလွမ္းလွမ္းတာေတြ လုပ္ပါ။ ေျခေထာက္ေတာင့္တာ သက္သာေအာင္ ဖိနပ္ခၽြတ္ၿပီး ထုိင္ခုံေပၚ ထုိင္ကာ ေျခေထာက္ကုိ ဆန္႔တန္းထားပါ။ ေျခခ်င္းဝတ္မွ ေျခေထာက္ကို Direction တစ္ဘက္သို႔ ၁၀ ႀကိမ္လွည့္ၿပီးေနာက္ Direction တစ္ဖက္ကုိ ၁၀ ႀကိမ္စီ လွည့္ေပးပါ။
 ေျခေခ်ာင္းေတြကုိ ေအာက္ဘက္ စိုက္ႏုိင္သေလာက္ စုိက္ၿပီးေနာက္ အေပၚဘက္ကုိ လွန္ႏုိင္သေလာက္ လွန္ပါ။ ၁၀ ႀကိမ္ ထပ္မံျပဳလုပ္ၿပီး ေျခေခ်ာင္းေတြ အားလုံးကုိ ဆုပ္ကုိင္ၿပီး အေရွ႕ေနာက္ ဆြဲပါ။ ေျခဖဝါးကုိ ႏွိပ္ႏုိင္ေအာင္ ဖိနပ္ခၽြတ္ၿပီး တင္းနစ္ေဘာလုံး ဒါမွမဟုတ္ ေဂါက္သီး ေဘာလုံးေပၚ ေျခဖဝါးလွိမ့္ေပးပါ။

ေျခဖဝါးသက္သာေအာင္
ေအာက္ခံ Sole ျပားထူတဲ့ ဖိနပ္စီးပါ။ Sole ျပားပါးတဲ့ ေဒါက္ျမင့္ဖိနပ္ေတြ မစီးပါနဲ႔။

ေဒါက္ျမင့္ဖိနပ္ ေျပာင္းလဲစီးပါ
ေဒါက္ျမင့္ဖိနပ္ေၾကာင့္ ေျခသလုံး ႂကြက္သားေတြ ေတာင့္တင္းၿပီး ေျခေထာက္ ေညာင္းညာတတ္ပါတယ္။ ေဒါက္ျမင့္ဖိနပ္နဲ႔ ေဒါက္နိမ့္ ဖိနပ္ကုိ တစ္လွည့္စီ စီးပါ။

ဖိနပ္ဝယ္ရင္ ညေနပုိင္းမွာ ဝယ္ပါ
ေျခဖဝါးဟာ ေန႔ခင္းပုိင္းမွာ က်ယ္ျပန္႔လာတတ္တဲ့ အတြက္ ညေနပုိင္း ေျခေထာက္ ေသြးက်တာ အတြက္ပါ ေနရာ ေပးႏုိင္တဲ့ ဖိနပ္ဝယ္ပါ။ မတ္တတ္ရပ္စဥ္မွာသာ ဖိနပ္ကုိ တုိင္းၿပီး ဖိနပ္မဝယ္ခင္ ႏွစ္ဖက္စလုံး စီးၾကည့္ပါ။ ေျခေထာက္တစ္ဖက္က တျခား တစ္ဖက္ထက္ ႀကီးေနရင္ ႀကီးတဲ့ ေျခေထာက္နဲ႔ သင့္ေတာ္တဲ့ ဖိနပ္ကို ဝယ္ပါ။

ဆရာဝန္နဲ႔ ဘယ္အခ်ိန္ ျပရမလဲ
- သင့္ေျခေထာက္ဟာ တစ္ေန႔လုံး နာက်င္ေနရင္
- ႐ွဴးဖိနပ္စီးလုိ႔ မရႏုိင္ေအာင္ နာက်င္ေနရင္
- မနက္ပုိင္းမွာ လမ္းေလွ်ာက္လုိ႔ မရေအာင္ နာက်င္ေနရင္ ေျခေထာက္မွာ ပူစပ္ပူေလာင္ျဖစ္ၿပီး နာက်င္တာဟာ ေသြးလွည့္ပတ္မႈ နည္းတာ၊ ဆီးခ်ဳိေရာဂါ ေသြးအားနည္းတာ၊ သုိင္း႐ိြဳက္ေရာဂါ၊ အရက္မူးလြန္တာ ဒါမွမဟုတ္ တျခား က်န္းမာေရး ျပႆနာေတြရဲ႕ လကၡဏာေတြ ျဖစ္ႏုိင္တာမုိ႔ ဆရာဝန္နဲ႔ ျပပါ။




ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#

ခြေထောက် (foot) တစ်ချောင်းမှာ အရိုးပေါင်း ၂၆ ခု၊ အဆစ်ပေါင်း ၃၃ ဆစ်၊ အရွတ်ပေါင်း ၂၀၇၊ ကြွက်သားပေါင်း ၁၉ ခုနဲ့ ခြေထောက် တစ်ခုဖြစ်ဖို့ တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့ အကြောမျှင်ပေါင်း များစွာ ပါရှိပါတယ်။

လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို ၈၀၀၀ မှ ၁၀၀၀၀ ကြား ခြေလှမ်းလေ့ ရှိတာကြောင့် ခြေဖဝါးပေါ်မှာ ကျရောက်တဲ့ ဖိအားဟာ သူ့ခန္ဓာကိုယ်ရဲ့ အလေးချိန်ထက် ပိုပြီး များလေ့ ရှိတတ်ပါတယ်။

ဒါ့အပြင် မိမိနဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ ဖိနပ်တွေ ဝတ်ဆင်တာကြောင့် ခြေထောက် နာကျင်တတ်ပါတယ်။ ခြေထောက် နာကျင်တာ သက်သာတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ခြေထောက်ကို မြှင့်တင်ထားပါ
သင်အိမ်ရောက်တာနဲ့ ထိုင်ပြီး ခြေထောက်ကို မြှောက်ထားပါ။ သွေးလှည့်ပတ်မှု ကောင်းအောင် ခြေချောင်း လေ့ကျင့်ခန်း လုပ်ပါ။ ခန္ဓာကိုယ်ရဲ့ ၄၅ ဒီဂရီလောက် ရောက်အောင် ခြေထောက် မြှောက်ထားပြီး မိနစ် ၂၀ ခန့် ဖြေလျော့ထားပါ။ (ခွေးခြေခုံပေါ် ခြေထောက် တင်ထားပါ)

ဆားရည်စိမ်ပါ
ခြေထောက်တွေ ညောင်းနေရင် အကောင်းဆုံး နည်းလမ်းဟာ ဆား ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းစာကို ရေနွေးဇလုံ တစ်ခုထဲ ထည့်ပြီး သင့်ခြေထောက်ကို ခဏ စိမ်ထားပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးပြီး ခြေထောက်ကို အခြောက်ခံကာ Moisturiser ခရင်မ်လိမ်းပြီး နှိပ်ပေးပါ။

အပူတစ်လှည့် အအေးတစ်လှည့် အသုံးပြုပါ
ရေချိုးဇလုံပေါ် ထိုင်ပြီး သင့်ခြေထောက်ကို ဘုံပိုင်ရေအောက်မှာ မိနစ်အနည်းငယ် ထားပါ။ ရေနွေး တစ်မိနစ်၊ ရေအေး တစ်မိနစ်ကို တစ်လှည့်စီ ဖွင့်ပြီး နောက်ဆုံး ရေအေးနဲ့ အဆုံးသတ်ပါ။ အပူအအေး မညီမျှတဲ့ ရေကြောင့် ခန္ဓာကိုယ် စနစ်အားလုံး လန်းဆန်းစေနိုင်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် သွေးလှည့်ပတ်မှု ပြဿနာ ရှိနေရင် သင့်ခြေထောက်ကို အပူချိန် လွန်လွန်ကဲကဲနဲ့ မထိတွေ့စေပါနဲ့။

အနှိပ်ခံပါ
ခြေထောက်ကို နို့စို့ကလေးငယ်တွေ လိမ်းတဲ့ အဆီ (Baby Oil) ကို အသုံးပြုပြီး အနှိပ်ခံပါ။ ခြေဖဝါး တစ်ခုလုံးကို နှိပ်ပါ။ ခြေချောင်းတွေကို အသာအယာ ဖျစ်ညှစ်ပြီး ခြေဖဝါးပေါ်မှာ စက်ဝန်းပုံသဏ္ဌာန် ဖိပြီး နှိပ်ပေးပါ။ ခြေဖဝါး arch နေရာကို သင့်လက်မနဲ့ မာနိုင်သမျှ မာမာ ဖိဆွဲနိုင်ရင် အကောင်းဆုံးပါ။

ရေခဲကပ်ပါ
ရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး မိနစ်အနည်းငယ်ကြာမျှ သင့်ခြေဖဝါးနဲ့ ခြေချင်းဝတ်ကို ပွတ်ပေးပါ။ ရေခဲကြောင့် ရောင်ရမ်းမှု လျော့စေပြီး ထုံသွားတာကြောင့် နာကျင်တာ သက်သာသွားနိုင်ပါတယ်။ ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အရက်ပြန် ဒါမှမဟုတ် ရှလကာရည်နဲ့ ပွတ်ပေးပါ။

လေ့ကျင့်ခန်း လုပ်ပါ
ခြေဖဝါးနဲ့ ခြေထောက်လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး အကိုက်အခဲ သက်သာသွားနိုင်ပါတယ်။ နေ့ခင်းပိုင်းမှာ ခြေထောက်တွေ တောင့်တင်းပြီး ကြွက်တက်တတ်ရင် သင့်လက်တွေကို တုန်ခါလှုပ်သလိုမျိုး ခြေထောက်ကို လှုပ်ပေးပါ။ တစ်ကြိမ်ကို ခြေထောက်တစ်ဘက်ပဲ လှုပ်ပြီး ခြေချောင်းတွေကို အပေါ်အောက် ကွေးဆန့်ပါ။ သင်ဟာ အချိန်အကြာကြီး မတ်တတ်ရပ် နေရရင် အဲဒီနေရာ ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ လမ်းလျှောက်နေပါ။

ခြေထောက်တစ်ဖက်ကို ခွေးခြေပေါ်တင်ပြီး အနားပေးတာ ဒါမှမဟုတ် မကြာခဏ ခြေလှမ်းလှမ်းတာတွေ လုပ်ပါ။ ခြေထောက်တောင့်တာ သက်သာအောင် ဖိနပ်ချွတ်ပြီး ထိုင်ခုံပေါ် ထိုင်ကာ ခြေထောက်ကို ဆန့်တန်းထားပါ။ ခြေချင်းဝတ်မှ ခြေထောက်ကို Direction တစ်ဘက်သို့ ၁၀ ကြိမ်လှည့်ပြီးနောက် Direction တစ်ဖက်ကို ၁၀ ကြိမ်စီ လှည့်ပေးပါ။
 ခြေချောင်းတွေကို အောက်ဘက် စိုက်နိုင်သလောက် စိုက်ပြီးနောက် အပေါ်ဘက်ကို လှန်နိုင်သလောက် လှန်ပါ။ ၁၀ ကြိမ် ထပ်မံပြုလုပ်ပြီး ခြေချောင်းတွေ အားလုံးကို ဆုပ်ကိုင်ပြီး အရှေ့နောက် ဆွဲပါ။ ခြေဖဝါးကို နှိပ်နိုင်အောင် ဖိနပ်ချွတ်ပြီး တင်းနစ်ဘောလုံး ဒါမှမဟုတ် ဂေါက်သီး ဘောလုံးပေါ် ခြေဖဝါးလှိမ့်ပေးပါ။

ခြေဖဝါးသက်သာအောင်
အောက်ခံ Sole ပြားထူတဲ့ ဖိနပ်စီးပါ။ Sole ပြားပါးတဲ့ ဒေါက်မြင့်ဖိနပ်တွေ မစီးပါနဲ့။

ဒေါက်မြင့်ဖိနပ် ပြောင်းလဲစီးပါ
ဒေါက်မြင့်ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားတွေ တောင့်တင်းပြီး ခြေထောက် ညောင်းညာတတ်ပါတယ်။ ဒေါက်မြင့်ဖိနပ်နဲ့ ဒေါက်နိမ့် ဖိနပ်ကို တစ်လှည့်စီ စီးပါ။

ဖိနပ်ဝယ်ရင် ညနေပိုင်းမှာ ဝယ်ပါ
ခြေဖဝါးဟာ နေ့ခင်းပိုင်းမှာ ကျယ်ပြန့်လာတတ်တဲ့ အတွက် ညနေပိုင်း ခြေထောက် သွေးကျတာ အတွက်ပါ နေရာ ပေးနိုင်တဲ့ ဖိနပ်ဝယ်ပါ။ မတ်တတ်ရပ်စဉ်မှာသာ ဖိနပ်ကို တိုင်းပြီး ဖိနပ်မဝယ်ခင် နှစ်ဖက်စလုံး စီးကြည့်ပါ။ ခြေထောက်တစ်ဖက်က တခြား တစ်ဖက်ထက် ကြီးနေရင် ကြီးတဲ့ ခြေထောက်နဲ့ သင့်တော်တဲ့ ဖိနပ်ကို ဝယ်ပါ။

ဆရာဝန်နဲ့ ဘယ်အချိန် ပြရမလဲ
- သင့်ခြေထောက်ဟာ တစ်နေ့လုံး နာကျင်နေရင်
- ရှူးဖိနပ်စီးလို့ မရနိုင်အောင် နာကျင်နေရင်
- မနက်ပိုင်းမှာ လမ်းလျှောက်လို့ မရအောင် နာကျင်နေရင် ခြေထောက်မှာ ပူစပ်ပူလောင်ဖြစ်ပြီး နာကျင်တာဟာ သွေးလှည့်ပတ်မှု နည်းတာ၊ ဆီးချိုရောဂါ သွေးအားနည်းတာ၊ သိုင်းရွိုက်ရောဂါ၊ အရက်မူးလွန်တာ ဒါမှမဟုတ် တခြား ကျန်းမာရေး ပြဿနာတွေရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြပါ။

ဖိုးသူတော် (www.phothutaw.com)

#Unicode Version#
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top