Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေကာင့္ အစစ္ နဲ႔ သံုးသူေတြအတြက္ လူမႈေရး ျပႆနာ မေပၚေပါက္ေစဖို႔နဲ႔ အႏၱရာယ္ ကင္​းရွင္​း​ေစမဲ့ အခ်က္ေတြျဖစ္ပါတယ္။
၁။အိမ္ေထာင္ေရး အခ်စ္ေရး ျပႆနာ
ဘယ္ေလာက္ခ်စ္တယ္၊ ဘယ္ေလာက္​ မုန္းတယ္ဆိုတာေတြ မတင္ပါနဲ႔။ ရည္းစားေဟာင္းက ဘယ္လိုဘာညာဆိုတာ
ေတြလည္း မတင္သင့္ပါဘူး။ (သင္႔ကို ရႈပ္ေပြသူ တစ္ေယာက္အျဖစ္ လူအထင္ေသးသြားတတ္သည္)
၂ ။ကိုယ္လံုး အသားေပး
ခႏၶာကိုယ္ ဘယ္ေလာက္ပဲ လွလွ ကိုယ္လံုး အသားေပး ပံုေတြမတင္ပါနဲ႔။ ( မေကာင္းတဲ႔ ေနရာမွာ အသံုးခ်တတ္သူမ်ားလက္ထဲ ေရာက္သြားရင္ ေျဖရွင္းရခက္တတ္သည္)
၃။အရက္
အရက္ ေသာက္တဲ့ ပံုေတြမတင္ပါနဲ႔။(အလကားေနရင္း လူအထင္ေသးခံရတတ္သည္)
၄။အထင္အျမင္
သင့္ အလုပ္ နဲ႔ပတ္သက္တဲ့ အထင္အျမင္ ေတြကို မတင္ပါနဲ႔။( ဘာလုပ္သလဲ အားနည္းခ်က္ဘာလဲ မသမာသူမ်ား ရွာေတြ႔သြားတတ္သည္)
၅။ပိုက္ဆံ
ေငြေရးေၾကးေရးအေျခအေန ဘယ္ေလာက္ရွိတယ္၊ ေငြ ဘယ္ေလာက္ရွိတယ္ဆိုတဲ့ ပံု ေတြ မတင္ပါနဲ႔။( အနည္းဆံုး ပိုက္ဆံ ေခ်းခံရတတ္သည္)
၆။ သူငယ္ခ်င္း ေတြရဲ႕ ရွက္စရာေကာင္းတဲ့ပံု
သူငယ္ခ်င္း ေတြရဲ႕ ရွက္စရာေကာင္းတဲ့ပံုဟာ တစ္ခါနွစ္ခါေလာက္တင္ရင္
ေပ်ာ္စရာျဖစ္ေပမဲ့ ခဏခဏဆိုရင္မေကာင္း​ေတာ့ပါဘူး။( ရင္းႏွီးပါတယ္ ဆိုတဲ႔ သူငယ္ခ်င္း ေတြရဲ႔ အျမင္မၾကည္ျခင္း ခံရတတ္သည္)
၇။မက္ေဆ့
နွစ္ဦးတည္းေျပာထားတဲ့ မက္ေဆ့ ေတြကို အမ်ားသိေအာင္ screen shot ျပီးတင္တာမ်ိဳး မလုပ္ပါနဲ႔။(ဟာသ အျမင္ဆိုရင္ ေပ်ာ္စရာေကာင္းေပမဲ႔ တခ်ိဳ႕ ေသာ အေၾကာင္းအရာေတြေၾကာင္႔ ခင္မင္မႈပ်က္တတ္သည္)
၈။သိေစခ်င္
လူေတြက သင့္အေၾကာင္းအဲ့ေလာက္မသိခ်င္ၾကပါဘူး။ ကိုယ့္အေၾကာင္းေတြ တအားေျပာထားတဲ့ ပို႔စ္မ်ိဳးမတင္ပါနဲ႔။( အာ႔ေလာက္ ကိုယ္ရည္ေသြးေနရေလာက္ေအာင္ အလုပ္ မရွိပဲ အားယားေနလား လို႔ မ်က္ေစာင္းေလးျဖစ္ျဖစ္ ထိုးသြားတတ္သည္)
၉။အခ်က္အလက္
သင့္ဖုန္းနံပါတ္၊ သင့္ အိမ္လိပ္စာေတြ ကို ေဖ့စ္ဘြတ္ ေပၚလံုးဝမတင္ပါနဲ႔။(ျပႆနာ တစ္ခုခုျဖစ္တာနဲ႔ သင္႔အိမ္ကို တန္းေရာက္လာ လိမ္႔မည္)
အေကာင့္ အစစ္ နဲ႔ သံုးသူေတြအတြက္ လူမႈေရး ျပႆနာမေပၚေပါက္ေစဖို႔နဲ႔ အႏၱရယ္ မျဖစ္ေစမဲ့ အခ်က္
ေတြျဖစ္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin
#Unicode Version#
 အကောင့် အစစ် နဲ့ သုံးသူတွေအတွက် လူမှုရေး ပြဿနာ မပေါ်ပေါက်စေဖို့နဲ့ အန္တရာယ် ကင်းရှင်းစေမဲ့ အချက်တွေဖြစ်ပါတယ်။

၁။အိမ်ထောင်ရေး အချစ်ရေး ပြဿနာ

ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် မုန်းတယ်ဆိုတာတွေ မတင်ပါနဲ့။ ရည်းစားဟောင်းက ဘယ်လိုဘာညာဆိုတာ
တွေလည်း မတင်သင့်ပါဘူး။ (သင့်ကို ရှုပ်ပွေသူ တစ်ယောက်အဖြစ် လူအထင်သေးသွားတတ်သည်)

၂ ။ကိုယ်လုံး အသားပေး

ခန္ဓာကိုယ် ဘယ်လောက်ပဲ လှလှ ကိုယ်လုံး အသားပေး ပုံတွေမတင်ပါနဲ့။ ( မကောင်းတဲ့ နေရာမှာ အသုံးချတတ်သူများလက်ထဲ ရောက်သွားရင် ဖြေရှင်းရခက်တတ်သည်)

၃။အရက်

အရက် သောက်တဲ့ ပုံတွေမတင်ပါနဲ့။(အလကားနေရင်း လူအထင်သေးခံရတတ်သည်)

၄။အထင်အမြင်

သင့် အလုပ် နဲ့ပတ်သက်တဲ့ အထင်အမြင် တွေကို မတင်ပါနဲ့။( ဘာလုပ်သလဲ အားနည်းချက်ဘာလဲ မသမာသူများ ရှာတွေ့သွားတတ်သည်)

၅။ပိုက်ဆံ

ငွေရေးကြေးရေးအခြေအနေ ဘယ်လောက်ရှိတယ်၊ ငွေ ဘယ်လောက်ရှိတယ်ဆိုတဲ့ ပုံ တွေ မတင်ပါနဲ့။( အနည်းဆုံး ပိုက်ဆံ ချေးခံရတတ်သည်)

၆။ သူငယ်ချင်း တွေရဲ့ ရှက်စရာကောင်းတဲ့ပုံ

သူငယ်ချင်း တွေရဲ့ ရှက်စရာကောင်းတဲ့ပုံဟာ တစ်ခါနှစ်ခါလောက်တင်ရင်
ပျော်စရာဖြစ်ပေမဲ့ ခဏခဏဆိုရင်မကောင်းတော့ပါဘူး။( ရင်းနှီးပါတယ် ဆိုတဲ့ သူငယ်ချင်း တွေရဲ့ အမြင်မကြည်ခြင်း ခံရတတ်သည်)

၇။မက်ဆေ့

နှစ်ဦးတည်းပြောထားတဲ့ မက်ဆေ့ တွေကို အများသိအောင် screen shot ပြီးတင်တာမျိုး မလုပ်ပါနဲ့။(ဟာသ အမြင်ဆိုရင် ပျော်စရာကောင်းပေမဲ့ တချို့ သော အကြောင်းအရာတွေကြောင့် ခင်မင်မှုပျက်တတ်သည်)

၈။သိစေချင်

လူတွေက သင့်အကြောင်းအဲ့လောက်မသိချင်ကြပါဘူး။ ကိုယ့်အကြောင်းတွေ တအားပြောထားတဲ့ ပို့စ်မျိုးမတင်ပါနဲ့။( အာ့လောက် ကိုယ်ရည်သွေးနေရလောက်အောင် အလုပ် မရှိပဲ အားယားနေလား လို့ မျက်စောင်းလေးဖြစ်ဖြစ် ထိုးသွားတတ်သည်)

၉။အချက်အလက်

သင့်ဖုန်းနံပါတ်၊ သင့် အိမ်လိပ်စာတွေ ကို ဖေ့စ်ဘွတ် ပေါ်လုံးဝမတင်ပါနဲ့။(ပြဿနာ တစ်ခုခုဖြစ်တာနဲ့ သင့်အိမ်ကို တန်းရောက်လာ လိမ့်မည်)

အကောင့် အစစ် နဲ့ သုံးသူတွေအတွက် လူမှုရေး ပြဿနာမပေါ်ပေါက်စေဖို့နဲ့ အန္တရယ် မဖြစ်စေမဲ့ အချက်
တွေဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top