Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
~ယောက်ျားလေးဆိုလျှင်ဘီယာတိုက်ပါ။
အကြိုအပို့လုပ်ပါ။
~ယောက်ျားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ်မခံချိမခံသာအောင်ပြောခြင်းဖြင့်အောင်မြင်နိုင်သလိုမိန်းကလေးများကိုအချစ်ရေးအချစ်ရာများပြော၍သနားအောင်လုပ်ခြင်းဖြင့်အောင်မြင်နိုင်သည်။
Credit: Orginal Writer
# Unicode Version ဖြင့် ဖတ်ပါ#
သင် hack ချင်တဲ့သူရဲ့ Facebook account ကိုသင်အရင် add ပါ။
~Facebook တွင်လည်းထိုသူကို add ပြီးအချိန်ရလျှင်ရသလို hi ပါ။
~ထိုသူမှပြန် hi လျှင်အောင်မြင်ရန်အစပျိုးပြီဖြစ်သည်။
~ထို့နောက်ခင်မင်ရင်းနီးအောင်ပြောဆိုပေါင်းသင်းပါ။
~ထိုသူမှအသက်အရွယ်မကွာဘဲသင်ကမိန်းကလေးဖြစ်ပါကထိုသူမှပြန် Q လာလျှင်ရေလာမြောင်းပေးလုပ်ပါ။
~သင်ကယောက်ျားလေးဖြစ်ပါကအတင်းဝင်ရောပါ။Q ပါ။ ~ဤအတိုင်းလုပ်ဆောင်၍သမီးရည်းစားဖြစ်သွားလျှင်မိမိအသုံးမပြုသော facebook account တစ်ခုဖြင့် password ချင်းအလဲအလှယ်ပြုပြီးချစ်သက်သေပြလိုက်ပါ။
~သင့်ကျွမ်းကျင်မှုအပေါ်မူတည်၍ ဤအဆင့်တွင်ပင်အောင်မြင်နိုင်ပေသည်။
~ထိုသို့ပြုလုပ်ခွင့်မသာခဲ့လျှင်ထိုသူနှင့် mutual friend များများရအောင်လုပ်ပါ။
~မိသားစုဝင်များနှင့်ရင်းနီးအောင်လုပ်ပါ။
~ယခင်ရင်းနီးပြီးသူဖြစ်ပါကပိုရင်းနီးအောင်နေပါ။
~အပြင်မှာတွေ့ဖြစ်အောင်ချိန်းပါ။
~ယောကျ်ားလေးဆိုလျှင်ဘီယာတိုက်ပါ။
~မိန်းကလေးဖြစ်လျှင်လက်ဆောင်ဝယ်ပေးပါ။
အကြိုအပို့လုပ်ပါ။
~အင်တာနက်အတူသုံးဖြစ်အောင်ကြိုးစား၍အကြောင်းအမျိုးမျိုးပြပြီးသူ့အကောင့်ကိုတောင်းသုံးပါ။
~ယောကျ်ားလေးများကို နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ အမျိုးသားရေးတို့ဖြင့် ကြီးကြီးကျယ်ကျယ်မခံချိမခံသာအောင်ပြောခြင်းဖြင့်အောင်မြင်နိုင်သလိုမိန်းကလေးများကိုအချစ်ရေးအချစ်ရာများပြော၍သနားအောင်လုပ်ခြင်းဖြင့်အောင်မြင်နိုင်သည်။
အထက်ပါနည်းလမ်းဖြင့်မအောင်မြင်ပါကလူသူကင်းဝေးသောနေရာများလူမရှိသောအချိန်များတွင်နှစ်ဦးတည်းတွေ့ဖြစ်အောင်ကြိုးစားပါ။
~အလစ်တွင်ဦးခေါင်းကိုတုတ်ဖြင့်ရိုက်၍ ကြိုးတုပ်ပါ။
~အသက်မသေချင်လျှင် facebook password ပေးဟုခြိမ်းခြောက်ပါ။
~ခြိမ်းခြောက်၍မကြောက်ပါကကြက်တောင်မွေးဖြင့်ခြေဖဝါးနှင့်နှာခေါင်းကိုကလိထိုးပြီးထပ်တောင်းပါ။
~ထိုနည်းဖြင့်မရပါကရှောက်သီးကိုချဉ်ပေါင်ရွက်နှင့်ရောနယ်ပြီးသံပုရာရည်ရည်ဆမ်းကာပါးစပ်ထဲအတင်းထည့်ကျွေးပါ။မျက်နှာရှုံ့မဲ့သွားချိန်ဓာတ်ပုံအမိအရရိုက်ပါ။ထိုပုံကိုဟာသ page များသို့ပို့မည်ဟုခြိမ်းခြောက်ပြီး password ထပ်တောင်းပါ။
အထက်ပါနည်းလမ်းများနှင့်လည်းအဆင်မပြေပါက
~ထိုသူ့ကို mention လုပ်ပြီးသူ့မကောင်းကြောင်းကိုပယ်ပယ်နယ်နယ်ရေး၍ ပြပါ။
~မကျေနပ်၍ပြန်ဖျက်စေချင်ရင် password ပြောဟုတောင်းပါ။
နောက်ဆုံးနည်းလမ်းမှာ…
~အကောင့်ဆိုတာထပ်ဖောက်ရင်ရတာပဲမင်းအသက်ထက်အရေးမကြီးပါဘူးဟုခြိမ်းခြောက်၍အစာငတ်ထားလိုက်ပါ။
ဤအဆင့်များအတိုင်းလုပ်ဆောင်ပါကနောက်ဆုံးတွင်သင့်အနေဖြင့် facebook password တစ်ခု၊အရူးလက်မှတ်တစ်စောင်(သို့မဟုတ်)အလုပ်ကြမ်းနှင့်ထောင်ဒဏ်များသေချာပေါက်ရရှိမှာဖြစ်ပါတယ်…
မိမိလိုချင်သောအကောင့်များကို အောင်မြင်စွာ hack နိုင်ကြပါစေသော်…😂😂😂😂
ဖိုးသူတော် (www.phothutaw.com)
Credit: Orginal Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top