Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #








# Unicode Version ဖြင့် ဖတ်ပါ #
 ကိုရီးယားနိုင်ငံရဲ့ ဟောလိုးဝင်းပွဲတော်ကတော့ အောက်တိုဘာ ၂၆ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

SMTOWN ရဲ့ပရိတ်သတ်တွေက SM ရဲ့အနုပညာရှင်တွေ ဘယ်လိုတွေဝတ်ဆင်ကြမလဲ စိတ်ဝင်စားလို့နေကြပါပြီ။ ကဲ EXO ရဲ့လူချောလေး ချန်းယောက ဘာဝတ်မှာလဲ ?

မြောက်များလှစွာတဲ့ပရိတ်သတ်တွေ ရိုက်ကူးထားတဲ့ဓါတ်ပုံတွေမှာ ချန်းယော ဟာ Iron-Man ဝတ်စုံ ဝတ်ဆင်ထားတာလို့ ဆိုလိုနေပါခြင်း ဖြစ်ပါတယ် ။

အဲ့ဝတ်စုံဈေးကို ပျမ်းမျှတွက်ကြည့်တဲ့အခါ ကိုရီးယားဝမ် 13,020,000 ( ၁၁၅၀၀ ဒေါ်လာ) ပဲ ဖြစ်ပါတယ်။တချို့ ဖန် တွေရဲ့ပြောပြချက်အရ လူအရပ်ပေါ်မူတည်ပြီး တန်ဖိုးပြောင်းသေးတယ်လို့လည်း ဆိုပါတယ်။

ချန်းယောရဲ့အမာခံပရိတ်သတ်တွေရဲ့ စူးစမ်းချက်အရ အဆိုပါဝတ်စုံကို စက်တင်ဘာလ လက်မှတ်ရေးထိုးပွဲပြီးနောက် ဝယ်ခဲ့ဟန်တူပြီး ချန်းယောရဲ့ဘဏ်အကောင့်မှာ ၄၇ ဒေါ်လာပဲ ကျန်တယ်လို့ သိရပါတယ်။

ချန်းယော ရ ဲ့ Iron-Man ဝတ်စုံက ယခုနှစ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးဖြစ်မဖြစ်စောင့်ကြည့်ရင်း EXO - ချန်းယောကို ဆက်လက်အားပေးကြရအောင်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top