Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

လြန္ခဲ့တဲ့ ၂၅ႏွစ္မတိုင္ခင္က ပန္းေရာင္ဖဲျပားေလးမရွိခဲ့ပါဘူး

ရင္သားကင္ဆာေရာဂါဟာ ဆင္းရဲခ်မ္းသာမေရြး၊ အသက္အရြယ္အႀကီးအငယ္မေရြး ေနာက္ၿပီး အခ်ိန္မေရြး အမ်ိဳးသမီးေတြကို အတားအဆီးမရွိ ေျခာက္လွန္႔ေနတဲ့ အိပ္မက္ဆိုးႀကီးတစ္ခုပါပဲ။ အမ်ိဳးသမီး ၈ေယာက္မွာ ၁ေယာက္ဟာ ဆိုးရြားတဲ့ရင္သားကင္ဆာေရာဂါကို ခံစားေနရတာျဖစ္ၿပီး ရင္သားကင္ဆာေရာဂါ စမ္းသက္စစ္ေဆးမႈမွာ ၂မိနစ္တိုင္း အမ်ိဳးသမီးတစ္ေယာက္ဟာ ရင္သားကင္ဆာေရာဂါ ခံစားေနရေၾကာင္း စမ္းသပ္ေတြ႕ရွိလွ်က္ရွိပါတယ္။

၁၉၉၂ ခုနစ္မွာ ESTĒE LAUDER Companies ဟာ “The Breast Cancer Awareness Campaign” ဆိုတဲ့ ရင္သားကင္ဆာေရာဂါဂရုျပဳလႈပ္ရွားမႈေတြကို ESTĒE LAUDER ရဲ႕ Founder အမ်ိဳးသမီး Evelyn H. Lauder က ဦးေဆာင္ၿပီး စတင္လႈပ္ရွားခဲ့ပါေတာ့တယ္။

သူမဟာ ဒီလႈပ္ရွားမႈေလးကို ပန္းေရာင္ဖဲျပားေလးေတြနဲ႔ အမွတ္သေကၤတျပဳခဲ့ပါတယ္။ အမ်ိဳးသမီးေတြအားလံုးဟာ ပန္းေရာင္ဖဲျပားေလးေတြကိုေတြ႕တာနဲ႔ အမ်ိဳးသမီးေတြကို တိုက္ခိုက္ႏိုင္တဲ့ ဒီလိုရင္သားကင္ဆာေရာဂါဆိုးႀကီးကို သတိရေနေအာင္ပဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ESTĒE LAUDER Companies အေနနဲ႔ကေတာ့ ႏိုင္ငံေပါင္း ၇၀ေက်ာ္မွာ “The Breast Cancer Awareness Campaign” ကို အင္တိုက္အားတိုက္ေဆာင္ရြက္ၿပီး အသိပညာေပးလာတာဆိုရင္ အခုႏွစ္ ၂၀၁၇ ခုနစ္မွာေတာ့ ၂၅ ႏွစ္ျပည့္ခဲ့ပါၿပီ။

ESTĒE LAUDER Campanies က ရင္သာကင္ဆာဂရုျပဳလႈပ္ရွားမႈမ်ားအတြက္ ေဒၚလာ ၇၀ မီလီယမ္ေက်ာ္ကို ကမာၻ႕ေနရာအႏွံ႔အျပားအတြက္ မတည္လွဴဒါန္းထားတဲ့အျပင္ ရင္သားကင္ဆာသုေတသနလုပ္ငန္းမ်ားအတြက္လည္း ေဆးပညာဆိုင္ရာသုေတသနဓာတ္ခြဲခန္း ၂၂၅ခုကို ေဒၚလာ ၅၆ မီလီယမ္ေက်ာ္ မတည္ၿပီး ဖြင့္လွစ္ေပးထားပါတယ္။

(Evelyn H. Lauder)

ဒီ ဖဲျပားပန္းေရာင္ေလးနဲ႔ ရင္သားကင္ဆာေရာဂါဂရုျပဳလႈပ္ရွားမႈေတြ ေအာင္ျမင္ဖို႔အတြက္ကို သူမရဲ႕ သူငယ္ခ်င္းေလးျဖစ္တဲ့ Self Magazine ရဲ႕ အယ္ဒီတာခ်ဳပ္ Alexandra Penney နဲ႔အတူတူ လႈပ္ရွားခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Elizabeth Hurley က The ESTĒE LAUDER Companies’ Breast Cancer Campaign ရဲ႕ Global Ambassador အျဖစ္နဲ႔ တာ၀န္ယူေဆာင္ရြက္ေပးေနတာျဖစ္ၿပီး Elizabeth Hurley ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ESTĒE LAUDER Companies ကေနၿပီးေတာ့ Elizabeth Pink Lipstick ကို ထုတ္လုပ္ၿပီး ေရာင္းခ်လို႔ရတဲ့ အျမတ္အစြန္းအားလံုးကို ရင္သားကင္ဆာသုေတသနေဖာင္ေဒးရွင္းကို လွဴဒါန္းလွ်က္ရွိပါတယ္။

ဒီလႈပ္ရွားမႈေလးရဲ႕ ရည္ရြယ္ခ်က္ကေတာ့ အခ်ိန္တစ္ခုမွာ ရင္သားကင္ဆာေရာဂါ ကင္းရွင္းတဲ့ ကမာၻေျမႀကီးျဖစ္လာဖို႔အတြက္ပါပဲ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာလည္း ရင္သားကင္ဆာေရာဂါကင္းစင္ႏုိင္ဖို႔အတြက္ အသိပညာေပးလႈပ္ရွားမႈေတြကို စတင္လုပ္ေဆာင္လာတာဆိုရင္ ၄ႏွစ္ဆီကို ဦးတည္လာခဲ့ပါၿပီ။ တကယ္ေတာ့ ရင္သားကင္ဆာေရာဂါဟာ ေရာဂါလကၡဏာေတြကို အခ်ိန္မီ ဂရုျပဳမိမယ္ဆိုရင္ေတာ့ ကုသလို႔ ေပ်ာက္ကင္းႏိုင္တဲ့ေရာဂါတစ္မ်ိဳးပဲျဖစ္ပါတယ္ေနာ္။

(Elizabeth Hurley)

Evelyn H. Lauder ဟာ ၂၀၀၇ ခုနစ္မွာ သူမကိုယ္တိုင္ ကင္ဆာေရာဂါလကၡဏာေတြကို စတင္ေတြ႕ရွိခဲ့ရတာေၾကာင့္ ႏွစ္စဥ္ေအာက္တိုဘာလတိုင္းမွာ ဒီေၾကာက္ရြ႕ံထိတ္လန္႔စရာ ကင္ဆာေရာဂါသတိေပးလႈပ္ရွားမႈေတြ၊ အခမ္းအနားေတြကို ကမာၻနဲ႔အ၀ွမ္း က်င္းပေပးခဲ့ပါတယ္။

သူမ အသက္ ၇၅ႏွစ္အေရာက္ ၂၀၁၁ ခုနစ္မွာ သားဥအိမ္ကင္ဆာေရာဂါနဲ႔ ဆံုးပါးသြားခဲ့ေပမယ့္ အခုအခ်ိန္အထိ ကမာၻတစ္၀ွမ္းမွာေတာ့ သူမရဲ႕ ပန္းေရာင္ဖဲႀကိဳးေလးကေတာ့ လြင့္ေမ်ာရင္း အမ်ိဳးသမီးတိုင္းကို သတိေပးအသိေပးေနတုန္းပါပဲ။

(Alexandra Penney)

“တစ္စံုတစ္ရာဟာ အမွန္တကယ္ျဖစ္ေပၚလာဖို႔ဆိုတာ တစ္ဦးတစ္ေယာက္တည္းနဲ႔ လုပ္ေဆာင္လို႔မရပါဘူး။ အစုလိုက္အဖြဲ႕လိုက္ လုပ္ေဆာင္မွသာ ၿပီးေျမာက္ႏိုင္မွာပါ။” _ Evelyn H. Lauder

အခုလည္း ဒီလႈပ္ရွားမႈေလး အသက္၀င္ေနတယ္ဆိုတဲ့ သေကၤတ ပန္းေရာင္ဖဲႀကိဳးေလးကိုလည္း ျမန္မာအမ်ိဳးသမီးေလးေတြအတြက္ ျမန္မာႏိုင္ငံမွာ ရွိတဲ့ ESTĒE LAUDER Cosmetics Counter တိုင္းမွာ ျမင္ေတြ႕ရမွာျဖစ္သလို 2017 Breast Cancer Campaign Video ေခြေလးေတြကိုလည္း အခမဲ့ ေ၀မွ်ေပးလွ်က္ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ရန္ #
လွန်ခဲ့တဲ့ ၂၅နှစ်မတိုင်ခင်က ပန်းရောင်ဖဲပြားလေးမရှိခဲ့ပါဘူး

ရင်သားကင်ဆာရောဂါဟာ ဆင်းရဲချမ်းသာမရွေး၊ အသက်အရွယ်အကြီးအငယ်မရွေး နောက်ပြီး အချိန်မရွေး အမျိုးသမီးတွေကို အတားအဆီးမရှိ ခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။ အမျိုးသမီး ၈ယောက်မှာ ၁ယောက်ဟာ ဆိုးရွားတဲ့ရင်သားကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပြီး ရင်သားကင်ဆာရောဂါ စမ်းသက်စစ်ဆေးမှုမှာ ၂မိနစ်တိုင်း အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာရောဂါ ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိလျှက်ရှိပါတယ်။

၁၉၉၂ ခုနစ်မှာ ESTĒE LAUDER Companies ဟာ “The Breast Cancer Awareness Campaign” ဆိုတဲ့ ရင်သားကင်ဆာရောဂါဂရုပြုလှုပ်ရှားမှုတွေကို ESTĒE LAUDER ရဲ့ Founder အမျိုးသမီး Evelyn H. Lauder က ဦးဆောင်ပြီး စတင်လှုပ်ရှားခဲ့ပါတော့တယ်။

သူမဟာ ဒီလှုပ်ရှားမှုလေးကို ပန်းရောင်ဖဲပြားလေးတွေနဲ့ အမှတ်သင်္ကေတပြုခဲ့ပါတယ်။ အမျိုးသမီးတွေအားလုံးဟာ ပန်းရောင်ဖဲပြားလေးတွေကိုတွေ့တာနဲ့ အမျိုးသမီးတွေကို တိုက်ခိုက်နိုင်တဲ့ ဒီလိုရင်သားကင်ဆာရောဂါဆိုးကြီးကို သတိရနေအောင်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ESTĒE LAUDER Companies အနေနဲ့ကတော့ နိုင်ငံပေါင်း ၇၀ကျော်မှာ “The Breast Cancer Awareness Campaign” ကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး အသိပညာပေးလာတာဆိုရင် အခုနှစ် ၂၀၁၇ ခုနစ်မှာတော့ ၂၅ နှစ်ပြည့်ခဲ့ပါပြီ။

ESTĒE LAUDER Campanies က ရင်သာကင်ဆာဂရုပြုလှုပ်ရှားမှုများအတွက် ဒေါ်လာ ၇၀ မီလီယမ်ကျော်ကို ကမ္ဘာ့နေရာအနှံ့အပြားအတွက် မတည်လှူဒါန်းထားတဲ့အပြင် ရင်သားကင်ဆာသုတေသနလုပ်ငန်းများအတွက်လည်း ဆေးပညာဆိုင်ရာသုတေသနဓာတ်ခွဲခန်း ၂၂၅ခုကို ဒေါ်လာ ၅၆ မီလီယမ်ကျော် မတည်ပြီး ဖွင့်လှစ်ပေးထားပါတယ်။

(Evelyn H. Lauder)

ဒီ ဖဲပြားပန်းရောင်လေးနဲ့ ရင်သားကင်ဆာရောဂါဂရုပြုလှုပ်ရှားမှုတွေ အောင်မြင်ဖို့အတွက်ကို သူမရဲ့ သူငယ်ချင်းလေးဖြစ်တဲ့ Self Magazine ရဲ့ အယ်ဒီတာချုပ် Alexandra Penney နဲ့အတူတူ လှုပ်ရှားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ Elizabeth Hurley က The ESTĒE LAUDER Companies’ Breast Cancer Campaign ရဲ့ Global Ambassador အဖြစ်နဲ့ တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပြီး Elizabeth Hurley ကို ဂုဏ်ပြုတဲ့အနေနဲ့ ESTĒE LAUDER Companies ကနေပြီးတော့ Elizabeth Pink Lipstick ကို ထုတ်လုပ်ပြီး ရောင်းချလို့ရတဲ့ အမြတ်အစွန်းအားလုံးကို ရင်သားကင်ဆာသုတေသနဖောင်ဒေးရှင်းကို လှူဒါန်းလျှက်ရှိပါတယ်။

ဒီလှုပ်ရှားမှုလေးရဲ့ ရည်ရွယ်ချက်ကတော့ အချိန်တစ်ခုမှာ ရင်သားကင်ဆာရောဂါ ကင်းရှင်းတဲ့ ကမ္ဘာမြေကြီးဖြစ်လာဖို့အတွက်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ရင်သားကင်ဆာရောဂါကင်းစင်နိုင်ဖို့အတွက် အသိပညာပေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်လာတာဆိုရင် ၄နှစ်ဆီကို ဦးတည်လာခဲ့ပါပြီ။ တကယ်တော့ ရင်သားကင်ဆာရောဂါဟာ ရောဂါလက္ခဏာတွေကို အချိန်မီ ဂရုပြုမိမယ်ဆိုရင်တော့ ကုသလို့ ပျောက်ကင်းနိုင်တဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်နော်။

(Elizabeth Hurley)

Evelyn H. Lauder ဟာ ၂၀၀၇ ခုနစ်မှာ သူမကိုယ်တိုင် ကင်ဆာရောဂါလက္ခဏာတွေကို စတင်တွေ့ရှိခဲ့ရတာကြောင့် နှစ်စဉ်အောက်တိုဘာလတိုင်းမှာ ဒီကြောက်ရွံ့ထိတ်လန့်စရာ ကင်ဆာရောဂါသတိပေးလှုပ်ရှားမှုတွေ၊ အခမ်းအနားတွေကို ကမ္ဘာနဲ့အဝှမ်း ကျင်းပပေးခဲ့ပါတယ်။

သူမ အသက် ၇၅နှစ်အရောက် ၂၀၁၁ ခုနစ်မှာ သားဥအိမ်ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပေမယ့် အခုအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာတော့ သူမရဲ့ ပန်းရောင်ဖဲကြိုးလေးကတော့ လွင့်မျောရင်း အမျိုးသမီးတိုင်းကို သတိပေးအသိပေးနေတုန်းပါပဲ။

(Alexandra Penney)

“တစ်စုံတစ်ရာဟာ အမှန်တကယ်ဖြစ်ပေါ်လာဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်ဆောင်လို့မရပါဘူး။ အစုလိုက်အဖွဲ့လိုက် လုပ်ဆောင်မှသာ ပြီးမြောက်နိုင်မှာပါ။” _ Evelyn H. Lauder

အခုလည်း ဒီလှုပ်ရှားမှုလေး အသက်ဝင်နေတယ်ဆိုတဲ့ သင်္ကေတ ပန်းရောင်ဖဲကြိုးလေးကိုလည်း မြန်မာအမျိုးသမီးလေးတွေအတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ ESTĒE LAUDER Cosmetics Counter တိုင်းမှာ မြင်တွေ့ရမှာဖြစ်သလို 2017 Breast Cancer Campaign Video ခွေလေးတွေကိုလည်း အခမဲ့ ဝေမျှပေးလျှက် ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top