Golden City Promotion
×

Credit: Duwun
#Unicode Version#
အမြင့်ဆုံး မော်ဒယ်ကတော့ မြန်မာငွေ ၃ သိန်းအထိ ရှိမှာပါ။
သြဂုတ်လကုန်ပိုင်းက မြန်မာငွေ ၁ သိန်းခွဲကနေ ၂ သိန်းခွဲအထိ ဈေးရှိတဲ့ Redmi Note 5A ကို မိတ်ဆက်ခဲ့တဲ့ Xiaomi ဟာ မကြာခင်မှာ အလတ်တန်းစားဈေးနဲ့dual rear camer ပါ Redmi Note 5 ကို ဈေးကွက်ထဲ မိတ်ဆက်ကြေငြာသွားဖို့ရှိပါတယ်။
 Redmi Note 5A နဲ့မတူတာက ဒီတစ်ခါ ထွက်လာမယ့် Redmi Note 5 ဟာ dual camera စနစ်သုံးဖြစ်ပြီး ဈေနှုန်းအနေနဲ့၂ သိန်းခွဲကနေ ၃ သိန်းအထိပဲ ရှိမှာ ဖြစ်လို့တန်ဖိုးသင့် အရည်အသွေးမြင့် ဖုန်းတစ်လုံးလည်း ဖြစ်မှာပါ။ မျက်နှာပြင် ၅.၅ လက်မ FullHD display နဲ့လာတဲ့ ဒီဖုန်းဟာ ဘေးဘောင်အနားတွေ အတော်လေး ပါသွားပြီး home နဲ့back / multitasking button ကလည်း virtual button တွေ သုံးထားပါတယ်။
 တစ်ခြား specs တွေ အနေနဲ့Snapdragon 630 (ဒါမှမဟုတ်) Snapdragon 660 chipset ကို RAM 3 GB နဲ့RAM 4GB တစ်မျိုးမျိုး သုံးသွားဖို့ရှိပါတယ်။ storage ကတော့ အနည်းဆုံး 32GB ကနေ အများဆုံး 64GB ပါရှိဖို့ရှိပြီး ဘက်ထရီကတော့ QucikCharge 3.0 support ပေးထားတဲ့ 3790mAh ဘက်ထရီ ဖြစ်ပါတယ်။
Redmi Note 5 မှာ Redmi Note 5A နဲ့ကွာသွားတာက ကျောဘက်မှာ dual Camera နဲ့fingerprint ပါလာတာပါ။ dual camera ဟာ 16MP နဲ့5MP တွဲသုံးထားတာဖြစ်ပြီး ရှေ့ဆယ်လ်ဖီကင်မရာကတော့ 13MP သုံးထားတာ ဖြစ်ပါတယ်။ တစ်ခြား hardware specs တွေနဲ့ဈေးကွက်ထဲ တရားဝင် မိတ်ဆက်သွားမယ့် ရက်ကတော့ မသိရသေးပါဘူး။
 အခု ထွက်လာနေတဲ့ သတင်းအရဆိုရင် Redmi Note 5 ဟာ ဗားရှင်း ၃ မျိုးနဲ့ထွက်လာတာဖြစ်ပြီး RAM 3GB/storage 32GB အတွက် ၁၂၀၀ ယွမ် ( မြန်မာငွေ ၂ သိန်း ခွဲနီးပါး) ၊ RAM 4GB/storage 32GB ကို ၁၄၀၀ ယွမ် (မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်) နဲ့အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ RAM 4GB/storage 64GB အတွက် ၁၅၀၀ ယွမ် (မြန်မာငွေ ၃ သိန်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top