၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ထိတ္လန္႕စရာမ်ား ႏွင့္ အႏၱရာယ္မ်ားလွေသာ အေတြ႕အႀကံဳမ်ားကိုမွ ေတာင့္တမက္ေမာလြန္းလွသည့္ ခရီးသြားမ်ား ကို ႀသစေတ်းလ်ႏိုင္ငံရွိ ဒါ၀င္ၿမိဳ႕သို႕ သြားေရာက္လည္ပတ္ရန္ ႏိႈးေဆာ္ခ်င္ပါတယ္။

ထို႕ၿမိဳ႕ဟာဆိုရင္ ယခုအခ်ိန္မွာ အလြန္နာမည္ႀကီးေနေသာ ေနရာတစ္ခုျဖစ္သည့္ “Cage Of Death” တည္ရွိေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္ပါတယ္။ “Cage Of Death” ဆိုသည္မွာ တိုက္ႀကီးမ်ားထဲမွ အႀကီးမားဆံုးေသာ မိေခ်ာင္းမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ ႀကံဳေတြ႕ႏိုင္မည့္ အခြင့္အလမ္းကို ေပးစြမ္းမည့္ ေနရာတစ္ခုပဲ ျဖစ္ပါတယ္။

“Cage Of Death” ကို လူသားမ်ားအား လံုၿခံဳစိတ္ခ်ရမႈရွိေစရန္ အလြန္ထူထဲေသာ ဖန္ေပါင္းခ်ံဳႀကီးျဖင့္ ျပဳလုပ္ထားၿပီး ထို အထဲသို႕၀င္ေရာက္ကာ အရြယ္အစားအားျဖင့္ (၁၆) ေပ ရွည္လ်ားေသာ မိေခ်ာင္းႀကီးမ်ား ေန႕တဒူ၀ လႈပ္ရွားကူး ခတ္ေနပံုမ်ားကို ရင္သပ္ရႈေမာဖြယ္ ျမင္ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။

အခန္းက႑တစ္ခုစီမွာ ၁၅ မိနစ္ႀကာ ႀကာျမင့္ၿပီး ခရီးသြားဧည့္သည္မ်ားမွာ ဦးစြာပထမအေနႏွင့္ ေရထဲသို႕မ၀င္ေရာက္ ခင္ မိေခ်ာင္းမ်ားအား အစာေကၽြးေနပံုကို မ်က္ျမင္ကိုယ္ေတြ႕ ရႈစားရမွာျဖစ္ပါတယ္။ ထုိမွတဆင့္ ဖန္ေပါင္းခ်ံဳဟာ ေရ ထဲသို႕ တျဖည္းျဖည္း နစ္၀င္သြားမွာျဖစ္ၿပီး အရြယ္အစားအင္မတန္မွ ႀကီးမာလွသည့္ သားရဲတိရစာၦန္မ်ားက အနားသို႕ ကူးခတ္လာကာ လာေရာက္ရႈစားသူမ်ားအား ေႀကာက္စရာေကာင္းလွေသာ သြားမ်ားျဖင့္ ႏႈတ္ဆက္စကား ဆိုလာႀက မွာပါ။

“Cage Of Death” အတြင္းရွိ မိေခ်ာင္းမ်ားမွာ သားရဲတိရစာၦန္တို႕၏ ပင္ကိုယ္သဘာ၀ ႀကမ္းတမ္းခက္ထန္မႈေႀကာင့္ ႀသစေတ်းလ်ႏုိင္ငံအတြင္းတြင္ပင္ အထူး လူသိမ်ားေက်ာ္ႀကားလွပါတယ္။ သည့္အတြက္ ထုိသားရဲတိရစာၦန္မ်ား၏ အ နားကိုကပ္ဖို႕မွာ ေတာ္ရံုသတၱိျဖင့္ မျဖစ္ႏုိင္သည့္အတြက္ အသည္းငယ္ေအာင္ေႀကာက္တတ္သူမ်ား မသြားဖို႕ႀကိဳတင္ တိုက္တြန္းခ်င္ပါတယ္။

သြားေရာက္လည္ပတ္ခဲ့ဖူးေသာ ခရီးသြားတစ္ေယာက္ကလည္း ထုိမိေခ်ာင္းကန္သို႕ ၀င္ေရာက္ရသည္မွာ အင္မတန္ ေႀကာက္ဒူးတုန္ရံုမွလြဲ၍ မတတ္ႏုိင္ေသာ္လည္း ဖန္ေပါင္းခ်ံဳမွာ အင္မတန္ထူထဲသည့္အတြက္ လံုျခံဳမႈကိုေတာ့ ခံစားရ ပါတယ္ ဆိုၿပီးေတာ့လည္း မိမိအေတြ႕အႀကံဳကို ေျပာျပခဲ့ဖူးပါေသးတယ္။

ထုိကဲ့သုိ႕ ေႀကာက္ဖို႕ေကာင္းလွေသာ သားရဲတိရစာၦန္ မိေခ်ာင္းမ်ားရွိသည့္ “Cage Of Death” သို႕ ၀င္ေရာက္ဖို႕မွာ အႏၱရာယ္မ်ားလွေသာေႀကာင့္ အသက္အရြယ္ကန္႕သတ္မ်ားလည္း ရွိပါတယ္။ ထုိ႕ေႀကာင့္ သတ္မွတ္ထားေသာ အ သက္ျပည့္မွသာ အထဲသို႕၀င္ေရာက္ခြင့္ရွိမွာျဖစ္ၿပီး မ၀င္ခင္မွာလည္း လံုျခံဳစိတ္ခ်မႈအတြက္ ထရိန္နင္အနည္းအက်ဥ္း ကိုလည္း သင္ယူရအံုးမွာျဖစ္ပါတယ္။

“Cage Of Death” သို႕ ၀င္ေရာက္ရန္ တစ္ဦးွလွ်င္ ေဒၚလာ ၁၂၆ က်သင့္မွာျဖစ္ၿပီး ႏွစ္ဦးလွ်င္ ေဒၚလာ ၁၉၀ ခန္႕ ကုန္က်မွာျဖစ္ပါတယ္။ ထုိကုန္က်စရိတ္မွာ မိေခ်ာင္းကန္တစ္ခုတည္းအတြက္သာ မဟုတ္ဘဲ Crocosaurus Cove အတြင္းရွိ အျခားသားရဲတိရစာၦန္မ်ားရွိသည့္ ေနရာမ်ားသို႕လည္း သြားေရာက္လည္ပတ္ႏိုင္မွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

ထိတ်လန့်စရာများ နှင့် အန္တရာယ်များလှသော အတွေ့အကြုံများကိုမှ တောင့်တမက်မောလွန်းလှသည့် ခရီးသွားများ ကို သြစတျေးလျနိုင်ငံရှိ ဒါဝင်မြို့သို့ သွားရောက်လည်ပတ်ရန် နှိုးဆော်ချင်ပါတယ်။

ထို့မြို့ဟာဆိုရင် ယခုအချိန်မှာ အလွန်နာမည်ကြီးနေသော နေရာတစ်ခုဖြစ်သည့် “Cage Of Death” တည်ရှိနေတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ “Cage Of Death” ဆိုသည်မှာ တိုက်ကြီးများထဲမှ အကြီးမားဆုံးသော မိချောင်းများနှင့် မျက်နှာချင်းဆိုင် ကြုံတွေ့နိုင်မည့် အခွင့်အလမ်းကို ပေးစွမ်းမည့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

“Cage Of Death” ကို လူသားများအား လုံခြုံစိတ်ချရမှုရှိစေရန် အလွန်ထူထဲသော ဖန်ပေါင်းချုံကြီးဖြင့် ပြုလုပ်ထားပြီး ထို အထဲသို့ဝင်ရောက်ကာ အရွယ်အစားအားဖြင့် (၁၆) ပေ ရှည်လျားသော မိချောင်းကြီးများ နေ့တဒူ၀ လှုပ်ရှားကူး ခတ်နေပုံများကို ရင်သပ်ရှုမောဖွယ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

အခန်းကဏ္ဍတစ်ခုစီမှာ ၁၅ မိနစ်ကြာ ကြာမြင့်ပြီး ခရီးသွားဧည့်သည်များမှာ ဦးစွာပထမအနေနှင့် ရေထဲသို့မဝင်ရောက် ခင် မိချောင်းများအား အစာကျွေးနေပုံကို မျက်မြင်ကိုယ်တွေ့ ရှုစားရမှာဖြစ်ပါတယ်။ ထိုမှတဆင့် ဖန်ပေါင်းချုံဟာ ရေ ထဲသို့ တဖြည်းဖြည်း နစ်ဝင်သွားမှာဖြစ်ပြီး အရွယ်အစားအင်မတန်မှ ကြီးမာလှသည့် သားရဲတိရစ္ဆာန်များက အနားသို့ ကူးခတ်လာကာ လာရောက်ရှုစားသူများအား ကြောက်စရာကောင်းလှသော သွားများဖြင့် နှုတ်ဆက်စကား ဆိုလာကြ မှာပါ။

“Cage Of Death” အတွင်းရှိ မိချောင်းများမှာ သားရဲတိရစ္ဆာန်တို့၏ ပင်ကိုယ်သဘာ၀ ကြမ်းတမ်းခက်ထန်မှုကြောင့် သြစတျေးလျနိုင်ငံအတွင်းတွင်ပင် အထူး လူသိများကျော်ကြားလှပါတယ်။ သည့်အတွက် ထိုသားရဲတိရစ္ဆာန်များ၏ အ နားကိုကပ်ဖို့မှာ တော်ရုံသတ္တိဖြင့် မဖြစ်နိုင်သည့်အတွက် အသည်းငယ်အောင်ကြောက်တတ်သူများ မသွားဖို့ကြိုတင် တိုက်တွန်းချင်ပါတယ်။

သွားရောက်လည်ပတ်ခဲ့ဖူးသော ခရီးသွားတစ်ယောက်ကလည်း ထိုမိချောင်းကန်သို့ ဝင်ရောက်ရသည်မှာ အင်မတန် ကြောက်ဒူးတုန်ရုံမှလွဲ၍ မတတ်နိုင်သော်လည်း ဖန်ပေါင်းချုံမှာ အင်မတန်ထူထဲသည့်အတွက် လုံခြုံမှုကိုတော့ ခံစားရ ပါတယ် ဆိုပြီးတော့လည်း မိမိအတွေ့အကြုံကို ပြောပြခဲ့ဖူးပါသေးတယ်။

ထိုကဲ့သို့ ကြောက်ဖို့ကောင်းလှသော သားရဲတိရစ္ဆာန် မိချောင်းများရှိသည့် “Cage Of Death” သို့ ဝင်ရောက်ဖို့မှာ အန္တရာယ်များလှသောကြောင့် အသက်အရွယ်ကန့်သတ်များလည်း ရှိပါတယ်။ ထို့ကြောင့် သတ်မှတ်ထားသော အ သက်ပြည့်မှသာ အထဲသို့ဝင်ရောက်ခွင့်ရှိမှာဖြစ်ပြီး မဝင်ခင်မှာလည်း လုံခြုံစိတ်ချမှုအတွက် ထရိန်နင်အနည်းအကျဉ်း ကိုလည်း သင်ယူရအုံးမှာဖြစ်ပါတယ်။

“Cage Of Death” သို့ ဝင်ရောက်ရန် တစ်ဦးှလျှင် ဒေါ်လာ ၁၂၆ ကျသင့်မှာဖြစ်ပြီး နှစ်ဦးလျှင် ဒေါ်လာ ၁၉၀ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ ထိုကုန်ကျစရိတ်မှာ မိချောင်းကန်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ Crocosaurus Cove အတွင်းရှိ အခြားသားရဲတိရစ္ဆာန်များရှိသည့် နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top