


Credit:7DayDaily
#Unicode Version#
 တောင်ကိုရီးယားအမျိုး သား ကေပေါ့ပ်အဖွဲ့ BTS သည် ဂျပန်နိုင်ငံတွင် ဂီတဖျော်ဖြေပွဲများ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
အိုဆာကာမြို့တွင် အောက် တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်၌ ကျင်းပသော အဆိုပါဂီတဖျော် ဖြေပွဲသို့ ပရိသတ် ၈၀,၀၀၀ ကျော် လာရောက်အားပေးခဲ့သည်။

BTS အဖွဲ့သည် ၎င်းတို့၏ အောင်မြင်ကျော်ကြားသော သီ ချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ဂျပန် ပရိသတ်များအတွက် ဂျပန်ဘာ သာဖြင့် သီချင်းများကိုလည်းသီ ဆိုဖျော်ဖြေခဲ့သည်။

ထို့အပြင် BTS သည် ဒီဇင် ဘာ ၆ ရက်တွင် ဂျပန်သီချင်းသစ် တစ်ပုဒ် ဖြန့်ချိမည့်အကြောင်း ထို ဖျော်ဖြေပွဲတွင် ကြေညာခဲ့သည်။

၂၀၁၃ ကအဖွဲ့ဝင် ခုနစ်ဦး ဖြင့် စတင်တည်ထောင်ခဲ့သော BTS အဖွဲ့သည် တောင်ကိုရီးယား တွင်သာမက အာရှနှင့် အနောက် နိုင်ငံများအထိပါ အောင်မြင်မှုရရှိ ခဲ့သော ကေပေါ့ပ်အဖွဲ့ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top