Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သ႐ုပ္ေဆာင္ရမည့္ ဇာတ္႐ုပ္ႏွင့္ လိုက္ဖက္ေအာင္ ျမန္မာဝတ္စံုမ်ား ဝတ္ဆင္မႈအ ေပၚ ေဝဖန္မႈအခ်ိဳ႕ ႀကံဳေတြ႕ရ သျဖင့္ စိတ္မေကာင္းျဖစ္ရ ေၾကာင္း အိေခ်ာပိုက ေျပာသည္။

‘‘ကိုုယ္ေတြအေနနဲ႔က စိတ္ မေကာင္းျဖစ္႐ံုကလြဲလို႔ က်န္တာ ဘာမွေျပာလို႔မရဘူးေလ။ တစ္ခါ တေလက်ေတာ့လည္း Body Shaming လုပ္တယ္ဆုိတာက လူတစ္ဖက္သားကို အရမ္းႀကီး ႏွိပ္ကြပ္သလိုျဖစ္ေနတယ္။ ကိုယ္ အေျပာခံရရင္ဆုိတဲ့ ကိုယ္ခ်င္းစာ စိတ္ေလးထားေပးၾကရင္ ပို ေကာင္းမယ္ထင္တယ္’’ဟု ၎ က ေျပာသည္။

မိမိကိုယ္ကိုယ္ အလြန္လွ သည္ဟု မဆုိလိုေသာ္လည္း အခ်ိဳ႕က ခႏၶာကိုယ္အခ်ိဳးအစားအေပၚ ဦးတည္၍ ေျပာဆိုေဝဖန္ေနသည္ ကို စိတ္မေကာင္းျဖစ္ေၾကာင္း ဆုိသည္။ ‘‘အိေခ်ာပိုဆိုတာ စေပၚကတည္းက ဒီပံုပါပဲ။ ျဖဴလည္းမျဖဴသြားဘူး။ အရမ္းႀကီး ပံုေျပာင္း သြားတာလည္းမရွိဘူး။ အဲဒီေတာ့ဒါကို အခုက်မွလာၿပီး ဂ႐ုစိုက္မိ ၾကတာလားေတာ့ မသိပါဘူး’’ဟု အိေခ်ာပိုက ေျပာသည္။

လက္ရွိတြင္ ဒါ႐ိုက္တာ မ်ိဳး ေဇာ္ေအာင္႐ိုက္ကူးသည့္ ‘မႏၲလာေျမက ပန္းသစၥာ’ဇာတ္ကားတြင္ Mikisweber၊ မင္းဦး၊ ပိုင္ၿဖိဳးသု၊ ေမသၪၨာဦး၊ ခင္ဇာျခည္ေက်ာ္တုိ႔ ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ေန ၿပီး အိေခ်ာပိုက ဧည့္လမ္းၫႊန္အ ျဖစ္ ပါဝင္သည္။

‘‘Miki နဲ႔႐ိုက္ျဖစ္တာ ဒါ ပထမဆံုးကားပါ။ သူ႔ကို ဒါ႐ိုက္ တာကလည္း သင္ျပတယ္။ အိ ေခ်ာတို႔ မႏၲေလးမွာ ႐ိုက္တယ္။ ေတာ္ေတာ္ေလးလည္း ပူပါတယ္။မေန႔ကဆုိရင္ မင္းကြန္းဘက္မွာ သြား႐ိုက္ျဖစ္တယ္။ Tour Guide ျဖစ္တဲ့အတြက္ သမုိင္းေၾကာင္း ေတြကို အဂၤလိပ္လိုရွင္းရတယ္။ အိေခ်ာ အမ်ားႀကီးႀကိဳးစားထားပါ တယ္’’ဟု ၎က ေျပာသည္။

အဆုိပါဇာတ္ကား႐ိုက္ကူး ေရးၿပီးသည္ႏွင့္ ပုပၸားတြင္ ႐ုပ္ရွင္ ကားႀကီး သံုးကား သြားေရာက္ ႐ိုက္ကူးရန္ လက္ခံထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင်ရမည့် ဇာတ်ရုပ်နှင့် လိုက်ဖက်အောင် မြန်မာဝတ်စုံများ ဝတ်ဆင်မှုအ ပေါ် ဝေဖန်မှုအချို့ ကြုံတွေ့ရ သဖြင့် စိတ်မကောင်းဖြစ်ရ ကြောင်း အိချောပိုက ပြောသည်။

‘‘ကိုုယ်တွေအနေနဲ့က စိတ် မကောင်းဖြစ်ရုံကလွဲလို့ ကျန်တာ ဘာမှပြောလို့မရဘူးလေ။ တစ်ခါ တလေကျတော့လည်း Body Shaming လုပ်တယ်ဆိုတာက လူတစ်ဖက်သားကို အရမ်းကြီး နှိပ်ကွပ်သလိုဖြစ်နေတယ်။ ကိုယ် အပြောခံရရင်ဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေးထားပေးကြရင် ပို ကောင်းမယ်ထင်တယ်’’ဟု ၎င်း က ပြောသည်။

မိမိကိုယ်ကိုယ် အလွန်လှ သည်ဟု မဆိုလိုသော်လည်း အချို့က ခန္ဓာကိုယ်အချိုးအစားအပေါ် ဦးတည်၍ ပြောဆိုဝေဖန်နေသည် ကို စိတ်မကောင်းဖြစ်ကြောင်း ဆိုသည်။ ‘‘အိချောပိုဆိုတာ စပေါ်ကတည်းက ဒီပုံပါပဲ။ ဖြူလည်းမဖြူသွားဘူး။ အရမ်းကြီး ပုံပြောင်း သွားတာလည်းမရှိဘူး။ အဲဒီတော့ဒါကို အခုကျမှလာပြီး ဂရုစိုက်မိ ကြတာလားတော့ မသိပါဘူး’’ဟု အိချောပိုက ပြောသည်။

လက်ရှိတွင် ဒါရိုက်တာ မျိုး ဇော်အောင်ရိုက်ကူးသည့် ‘မန္တလာမြေက ပန်းသစ္စာ’ဇာတ်ကားတွင် Mikisweber၊ မင်းဦး၊ ပိုင်ဖြိုးသု၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်တို့ နှင့်အတူ ပါဝင်သရုပ်ဆောင်နေ ပြီး အိချောပိုက ဧည့်လမ်းညွှန်အ ဖြစ် ပါဝင်သည်။

‘‘Miki နဲ့ရိုက်ဖြစ်တာ ဒါ ပထမဆုံးကားပါ။ သူ့ကို ဒါရိုက် တာကလည်း သင်ပြတယ်။ အိ ချောတို့ မန္တလေးမှာ ရိုက်တယ်။ တော်တော်လေးလည်း ပူပါတယ်။မနေ့ကဆိုရင် မင်းကွန်းဘက်မှာ သွားရိုက်ဖြစ်တယ်။ Tour Guide ဖြစ်တဲ့အတွက် သမိုင်းကြောင်း တွေကို အင်္ဂလိပ်လိုရှင်းရတယ်။ အိချော အများကြီးကြိုးစားထားပါ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားရိုက်ကူး ရေးပြီးသည်နှင့် ပုပ္ပားတွင် ရုပ်ရှင် ကားကြီး သုံးကား သွားရောက် ရိုက်ကူးရန် လက်ခံထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top