Golden City Promotion
×
Credit: MyStyle
#Unicode Version#
အမျိုးသမီးတွေမှာ ခံနိုင်ရည်ရှိမှု ၊ သတ္တိရှိမှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေရှိကြပါတယ်။ အဲဒီအချက်တွေကပဲ ကျွန်မတို့ အမျိုးသမီးတွေကို ပန်းတိုင်ရောက်အောင် ပံ့ပိုးပေးနိုင်တာမဟုတ်ပါလားရှင်။
၁။ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့ သင်ယူခဲ့ကြတယ်
အမျိုးသမီးတွေဟာ ရှေးယခင်တုန်းက အိမ်မှုကိစ္စတွေ၊ ကလေးကိစ္စတွေနဲ့ အိမ်တွင်းပုန်းအချိန်ကုန်ခဲ့ကြတာပါ။ ဒါပေမယ့် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုှရိဖို့အတွက် သင်ယူခဲ့ကြပြီး အခုတော့ အမျိုးသားတွေနဲ့ တန်းတူ အလုပ်လုပ်ကိုင်နေပြီဖြစ်သလို၊ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးတွေ များစွာလည်း ပေါ်ထွက်လို့နေပြီဖြစ်ပါတယ်။
၂။ ပျော်ရွှင်မှုအတွက် တခြားသူတွေမလိုအပ်ဘူး
ရှေးယခင်ကဆို အမျိုးသမီးဆိုတာ တစ်ယောက်တည်းနေရင်မတင့်တယ်ဘူး ဆိုပြီး အိမ်ထောင်ချပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် အဲဒီအတိတ်တွေကို ထားရစ်ခဲ့ပြီး အခုဆိုရင် တကိုယ်တည်း ရပ်တည်နေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိလို့နေပါပြီ။ ယခင်ကဆို အိမ်ထောင်ရှိ ကလေးတွေမရှိရင် ဘဝကပျော်စရာမကောင်းဘူးလို့ တွေးခဲ့ရာကနေ အခုတော့ တစ်ယောက်တည်းလည်း ရပ်တည်နိုင်ဖို့ အမျိုးသမီးတွေ သင်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
၃။ အနာဂတ် မျိုးဆက်သစ်အတွက် အတုယူစရာအမျိုးသမီးတွေ
ကျွန်မတို့မိန်းမသားတွေဟာ မိမိကိုယ်ကို ယုံကြည်မှုတွေ၊ ခွန်အားတွေရရှိလာတာနဲ့အမျှ လုပ်ငန်းခွင်မှာ အောင်မြင်နေသူတွေ၊ နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူတွေ ဖြစ်လို့လာခဲ့ပါပြီ။ ဒါတွေအားလုံးဟာ အနာဂတ်မျိုးဆက်သစ်တွေက် အတုယူစရာအဖြစ် ကျန်ရစ်ခဲ့မှာပါ။
၄။ သူကိုယ်ခေါင်းဆန်ဖို့မဟုတ်ဘဲ စာနာသနားတတ်ဖို့ သင်ယူခဲ့ကြတယ်
အမျိုးသမီးတွေရဲ့ ဝိသေသလက္ခဏာရပ်ကိုက တခြားသူတွေကို ပိုပြီး စာနာသနားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်ကိုယ် ပြန်ပြီး ဂရုစိုက်ဖို့ မေ့လျော့တဲ့ထိတော့ တခြားသူကို ဂရုမစိုက်ပါနဲ့။
၅။ တခြားသူတွေရဲ့ အတွေးတွေဟာ သင်ဘယ်သူလဲဆိုတာကို ဖော်ပြနေခြင်းမဟုတ်ပါ
နင့်ကြည့်ရတာ ဝလာသလိုပဲ၊ ရည်းစားတစ်ယောက်လောက်တော့ထားလေ ပျင်းစရာကြီး၊ အခု ကလေးလည်းရပြီဆိုတော့ အိမ်မှာပဲနေတော့။ စသဖြင့် ပတ်ဝန်းကျင်က အကြံပေးတဲ့စကားလုံးတွေ၊ သင့်အပေါ် ထင်မြင်ယူဆမှုတွေကို သင်အမြဲကြားနေရမှာပါ။ ဒါပေမယ့် အဲဒီလိုအကြံပေးစကား၊ သူတို့ရဲ့ ထင်မြင်ချက်တွေဟာ သင့်ကိုယ် ဘယ်သူဖြစ်တယ်ဆိုတာ သတ်မှတ်ပေးတာမဟုတ်ဘူးလို့ ကျွန်မတို့တွေ သင်ယူခဲ့ကြပြီဖြစ်ပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top