ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဝမ္းဗိုက္မွာ အဆီ ေတြစုၿပီး ဗိုက္ပူ ေနလို့ စိတ္ညစ္ ေနသူ ေတြ အတြက္ ဗိုက္ပူ တာေလ်ာ့က် ေအာင္ လုပ္ႏိုင္ မယ္႕ အလြယ္နည္းေတြကို ေရးသားလိုက္ရပါတယ္။

(၁) ေလ့က်င္႕ခန္း လုပ္ပါ

ေလ့က်င့္ခန္းအားလံုးဟာ ကိုယ္အ ေလးခ်ိန္ေလ်ာ့က်ေစပါတယ္။ ေလ့က်င့္ ခန္းလုပ္တဲ့အခါ ဝမ္းဗိုက္အဆီက်ေအာင္ စြမ္းအားျမင့္ေလ့က်င့္ခန္းကို လုပ္ဖို႔ လို အပ္ပါတယ္။ ေလ့လာမႈအရ အမ်ိဳးသမီး အုပ္စုသံုးခုကို တစ္ပတ္မွာ ငါးႀကိမ္ခန္႔ မတူညီတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ေစ ခဲ့ရာ ကယ္လိုရီေလာင္ကြ်မ္းပံုခ်င္း တူေပ မယ့္ စြမ္းအားျမင့္ေလ့က်င့္ခန္းကို လုပ္ ေဆာင္တဲ့ အုပ္စုတစ္ခုရွိ အမ်ိဳးသမီးေတြ ကသာ ဝမ္းဗိုက္အဆီေလ်ာ့က်မႈရွိခဲ့တာ ကို ေတြ႕ရပါတယ္။ စြမ္းအားျမႇင့္ေလ့က်င့္ ခန္းေတြမွာ အိပ္ထမတင္ ေလ့က်င့္ခန္း၊ ခါးလွည့္ေလ့က်င့္ခန္းစတဲ့ ေလ့က်င့္ခန္း အမ်ိဳးအစားေတြ ပါဝင္ေနပါတယ္။(၂) ဗိုက္ကို တုန္ခါေအာင္ လုပ္ပါ

ဗိုက္ကို တုန္ခါေစတဲ့ စက္နဲ႔ အဆီ ခ်ေပးတာက ထိုင္-ထေလ့က်င့္ခန္းလုပ္ သလို ေျခာက္လအတြင္းမွာ ဝမ္းဗိုက္အ ဆီကို သိသိသာသာ ေလ်ာ့က်ေစတာကို ေတြ႕ရပါတယ္။

(၃) ညေနခင္းတြင္ အလင္းေရာင္ကို ေလွ်ာ႕ခ်ပါ

စိတ္ဖိစီးမႈေဟာ္မုန္း ေကာ္တီေဆာ အဆင့္ျမင့္တက္မႈရွိတာက ဝမ္းဗိုက္အဆီ တိုးတာနဲ႔ ဆက္စပ္မႈရွိပါတယ္။ ညဘက္ မွာ ေကာ္တီေဆာေဟာ္မုန္းအဆင့္ ေလ်ာ့ က်ေအာင္ အိပ္ရာမဝင္ခင္ တစ္နာရီအ လိုမွာ လွ်ပ္စစ္ပစၥည္းေတြကို ပိတ္ၿပီး အ နားယူေပးဖို႔ လိုပါတယ္။ ကြန္ပ်ဴတာကို ညဥ္႔နက္တဲ့အထိ အသံုးျပဳတာကို ေရွာင္ သင့္ပါတယ္။ ဒါဆိုရင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ပါလိမ့္မယ္။

(၄) ေစာေစာ အိပ္ရာဝင္ပါ

တစ္ညမွာ ၅-၆နာရီခန္႔ပဲ အိပ္တဲ့ သူေတြက တစ္ညမွာ ၇-၈နာရီေလာက္ အိပ္တဲ့သူေတြထက္ ခါးနဲ႔ ဗိုက္ေနရာ တစ္ဝိုက္မွာ အဆီတက္ၿပီး ဝႏိုင္ေျခ ၆၀ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း ေလ့လာေတြ႕ ရွိရပါတယ္။ “အိပ္ေရးပ်က္တာက ဆာ ေလာင္မႈတိုးေစတဲ့ Ghrelina ေဟာ္မုန္းကို အထြက္တိုးေစၿပီး ဆာေလာင္မႈကို ဟန္႔ တားေပးတဲ့Leptina ေဟာ္မုန္းကို ေလ်ာ့က်ေစလို႔ ျဖစ္တယ္ ” လို႔ အိပ္စက္မႈ ဆိုင္ရာပညာရွင္ ေဒါက္တာ စတန္ေလ က ဆိုပါတယ္။ လူေတြက ပင္ပန္းႏြမ္း နယ္တဲ့အခါ သၾကားပါတဲ့ ကာဗိုဟိုက္ ဒရိတ္အစာကို မ်ားမ်ားစားမိတာေၾကာင့္ ဗိုက္ပူလာရတာျဖစ္ပါတယ္။

(၅) ရွလကာရည္ ေသာက္ပါ

တစ္ေန႔မွာ ရွလကာရည္ ထမင္းစား ဗိုက္ပူတာ ငါးရာခိုင္ႏႈန္းေလ်ာ့က်မႈ ရွိေစ တယ္လို႔ ဂ်ပန္သုေတသီေတြက ေလ့လာ ေတြ႕ရွိခဲ့ပါတယ္။ ရွလကာရည္မွာ အဓိက ပါဝင္တဲ့Acetic Acid ဟာ ခႏၶာကိုယ္အဆီေတြ ေလာင္ကြ်မ္းေအာင္ လံႈ႔ေဆာ္မႈေပးတာေၾကာင့္ ျဖစ္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ျပဳလုပ္ရ မယ့္နည္းကေတာ့ အစာမစားခင္မွာ ေရေႏြး တစ္ဖန္ခြက္ထဲကုိ ရွလကာရည္ ထမင္းစားဇြန္း တစ္ဇြန္း ထည့္ျပီး ေသာက္သုံးရမွာ သံုးရမွာ ျဖစ္ပါတယ္။

(၆) ဒိန္ခ်ဥ္စားပါ

ေန႔စဥ္ ကယ္လိုရီကို ထိန္းခ်ဳပ္ၿပီး စားေနတဲ့သူေတြဟာ ဒိန္ခ်ဥ္မွ ကယ္လ္စီ ယမ္ ၁၁၀ဝမီလီဂရမ္ေလာက္ရေနရင္ ဝမ္းဗိုက္အဆီ ၈၁ ရာခိုင္ႏႈန္းေလ်ာ့က် မႈ ရွိတာကို တင္နက္ဆီးတကၠသိုလ္မွ ေလ့ လာေတြ႕ရွိရပါတယ္။ ကယ္လ္စီယမ္ဟာ အဆီကို ေလာင္ကြ်မ္းေစလို႔ျဖစ္တယ္လို႔ ယံုၾကည္ၾကပါတယ္။ တျခားအစာေတြ အေနနဲ႔ အခြံခြ်တ္မထားတဲ့ ေကာက္ႏွံ စာ (ဥပမာ- ဆန္လံုးညိဳ၊ေခါက္ဆြဲညိဳ)နဲ႔ မျပည့္ဝဆီ(အခြံမာတဲ့ အေစ့အဆန္၊ ေထာပတ္သီး၊ ငါး)စတာေတြကိုလည္း စားေပးရမွာ ျဖစ္ပါတယ္။

(၇) စိတ္ဖိစီးမႈကို အႏိုင္ယူပါ

စိတ္ဖိစီးမႈဟာ ဝမ္းဗိုက္မွာ အဆီပို ေတြ စုေနတာနဲ႔ အႀကီးအက်ယ္ဆက္စပ္ မႈရွိပါတယ္။ အေၾကာင္းကေတာ့ စိတ္ဖိ စီးမႈမ်ားေနခ်ိန္မွာ အဒရီနယ္ဂလင္းမွ ေကာ္တီေဆာ အလြန္အမင္း ထြက္လာ လို႔ပါ။ ေကာ္တီေဆာ အထြက္မ်ားတာ က အင္ဆူလင္ထြက္ႏႈန္းတိုးေစၿပီး အဆီ ေတြ စုေနေစပါတယ္။

(၈) ဗီတာမင္ဒီကို ရယူပါ

ေန႔စဥ္ နံနက္တိုင္း အိမ္အျပင္မွာ ၁၅ မိနစ္ေလာက္ေနၿပီး ေနျခည္ႏုႏုမွ ဗီ တာမင္ဒီရေအာင္ ယူပါ။ ဗီတာမင္ဒီဟာ အဆီေတြကို ေခ်ဖ်က္ေပးႏိုင္တဲ့အရာ ျဖစ္ပါတယ္။ ဗီတာမင္ဒီမလံုေလာက္တာ ေၾကာင့္ အဝလြန္တာကို ျဖစ္ေစႏိုင္ပါ တယ္။

(၉) ေဆးလိပ္ေသာက္တတ္လွ်င္ ေဆး လိပ္ျဖတ္ပါ

ေဆးလိပ္ ေသာက္တာဟာ ဗိုက္ပူ ေစတယ္လို႔ နယ္သာလန္ ေဆးစင္တာမွ သုေတသီေတြက ဆိုပါတယ္။ အေၾကာင္း ရင္းကို တိတိက်က် မသိၾကေသးေပမယ့္ ေဆးလိပ္ေသာက္တာဟာ ခႏၶာကိုယ္ထဲ မွာ အီစထ႐ိုဂ်င္ေဟာ္မုန္းရဲ႕ လုပ္ေဆာင္ မႈကို ေလ်ာ့က်ေစၿပီး က်ားေဟာ္မုန္းရဲ႕ လႊမ္းမိုးမႈကို တိုးေစတာေၾကာင့္ ဗိုက္ပူ တာ ျဖစ္ႏိုင္တယ္လို႔ သုေတသီေတြက ယူဆထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Good Health
#Unicode Version#
ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက် ဗိုက်ပူ တာလျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ် ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။(၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ

ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီ ချပေးတာက ထိုင်-ထလေ့ကျင့်ခန်းလုပ် သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အ ဆီကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။

(၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ

စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှုရှိတာက ဝမ်းဗိုက်အဆီ တိုးတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ညဘက် မှာ ကော်တီဆောဟော်မုန်းအဆင့် လျော့ ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအ လိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အ နားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင် သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

(၄) စောစော အိပ်ရာဝင်ပါ

တစ်ညမှာ ၅-၆နာရီခန့်ပဲ အိပ်တဲ့ သူတွေက တစ်ညမှာ ၇-၈နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာ တစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာတွေ့ ရှိရပါတယ်။ “အိပ်ရေးပျက်တာက ဆာ လောင်မှုတိုးစေတဲ့ Ghrelina ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့် တားပေးတဲ့Leptina ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ် ” လို့ အိပ်စက်မှု ဆိုင်ရာပညာရှင် ဒေါက်တာ စတန်လေ က ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်း နယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက် ဒရိတ်အစာကို များများစားမိတာကြောင့် ဗိုက်ပူလာရတာဖြစ်ပါတယ်။

(၅) ရှလကာရည် သောက်ပါ

တစ်နေ့မှာ ရှလကာရည် ထမင်းစား ဗိုက်ပူတာ ငါးရာခိုင်နှုန်းလျော့ကျမှု ရှိစေ တယ်လို့ ဂျပန်သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရ မယ့်နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ သုံးရမှာ ဖြစ်ပါတယ်။

(၆) ဒိန်ချဉ်စားပါ

နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီ ယမ် ၁၁၀ဝမီလီဂရမ်လောက်ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်းလျော့ကျ မှု ရှိတာကို တင်နက်ဆီးတက္ကသိုလ်မှ လေ့ လာတွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံ စာ (ဥပမာ- ဆန်လုံးညို၊ခေါက်ဆွဲညို)နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး)စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။

(၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ

စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပို တွေ စုနေတာနဲ့ အကြီးအကျယ်ဆက်စပ် မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိ စီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာ လို့ပါ။ ကော်တီဆော အထွက်များတာ က အင်ဆူလင်ထွက်နှုန်းတိုးစေပြီး အဆီ တွေ စုနေစေပါတယ်။

(၈) ဗီတာမင်ဒီကို ရယူပါ

နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီ တာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဗီတာမင်ဒီမလုံလောက်တာ ကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါ တယ်။

(၉) ဆေးလိပ်သောက်တတ်လျှင် ဆေး လိပ်ဖြတ်ပါ

ဆေးလိပ် သောက်တာဟာ ဗိုက်ပူ စေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်း ရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲ မှာ အီစထရိုဂျင်ဟော်မုန်းရဲ့ လုပ်ဆောင် မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူ တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Good Health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top