Golden City Promotion
×



Credit: 7DayDaily
#Unicode Version#
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကျောင်းတိုက်နယ်ဆေးရုံတွင် လူတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ ငရုတ်ကောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သံပတ်ကွင်းကျေးရွာနေ ဦးညိုထွန်းဦး (၄၆)နှစ်သည် ကျေးရွာအနောက်ဘက်(၆)မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ ထမင်းချက်ရန် ဓာတ်ဆီ ဖြင့် မီးမွှေးခဲ့ရာမှ ခန္ဓာကိုယ်အား မီးကူးစက်လောင်ကျွမ်း၍ မီးလောင်ဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံ၌ လာရောက်ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း စစ်ဆေးသိရှိရသည်။

သေဆုံးသူ ညိုထွန်းဦး အား ငရုတ်ကောင်းနယ်မြေရဲစခန်း (ပ)၇၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top