Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သာဓုေခၚဆိုျခင္းကို ပတၱာနုေမာဒနာ ကုသိုလ္ ဟုေခၚပါသည္။

သူမ်ားေပးေ၀ေသာ ေကာင္းမႈကို ႏႈတ္ျမြက္သံခ်ိဳ သာဓုေခၚဆိုၾကရျခင္းေၾကာင့္ အလွဴရွင္တို႔ႏွင့္ထပ္ တူ ေကာင္းက်ိဳးတရားမ်ား ျဖစ္ပြါးခံစားနိုင္ခြင့္ရွိၾက၍ (သာဓု) ေခၚဆိုၾကသည္ဟု မွတ္သားသင့္ပါသည္။

သာဓုေခၚဆိုရက်ိဳးသူမ်ားေပးေ၀ေသာ ေကာင္းမႈ ကို ႏႈတ္ျမြက္သံခ်ိဳ သာဓုေခၚဆိုၾကရျခင္းေၾကာင့္ အလွဴရွင္တို႔ႏွင့္ထပ္တူ ေကာင္းက်ိဳးတရားမ်ား ရရွိခံစားနိုင္ပါသည္။

ဤေနရာ၌ စဥ္းစားစရာအခ်က္အေတာ္မ်ားမ်ားရွိိပါသည္။ ေရွးဦးစြာ ဗိမၺိသာရမင္းၾကီး ႏွင့္ၿပိတၱာမ်ား အေၾကာင္းကိုအနည္းငယ္စဥ္းစားၾကည့္ၾကပါမည္။

ဗိမၺိသာရမင္းၾကီးသည္ ေ၀ဠဳ၀န္ဥယ်ာဥ္ေတာ္ကို ဘုရားျမတ္စြာ သာသနာေတာ္အတြက္ ေပးလွဴလိုက္ျပီး သည့္ညတြင္ျပိတၱာအေပါင္း၏ ေျခာက္လွန္႔မႈမ်ိဳးစံုကို ႀကံုေတြ႔ခဲ့ရသည္။

ဘုရားရွင္ထံေလွ်ာက္ထားအျပီးတြင္မွ အတိတ္ဘ၀က ေဆြမ်ိဳးေတာ္စပ္ခဲ့ၾကေသာျပိတၱာမ်ားျဖစ္ေၾကာင္း သိရသည္။ သူတို႔သည္ ကႆပဘုရားလက္ထက္ေတာ္မွသည္ ေဂါတမဘုရားရွင္ ေရႊလက္ေတာ္အထိ
ဗိမၺိသာရမင္းႀကီးေကာင္းမႈျပဳအမွ်ေပးေ၀မည့္ေန႔ကို ေမွ်ာ္လင့္ခ်က္ၾကီးစြာျဖင့္ေစာင့္ေမွ်ာ္ေနခဲ့ၾကသူ မ်ားျဖစ္ၾကသည္။

ဗိမၺိသာရမင္းသည္ ေကာင္းမႈကိုျပဳကားျပဳခဲ့ပါ၏။ သို႔ေသာ္သူတို႔ကိုရည္စူး၍ အမွ်ေပးေ၀မႈကိုကားမျပဳခဲ့။ ထို႔ေၾကာင့္ သာဓုေခၚခြင့္၊ ေကာင္းမႈ၏အဖို႔ကို ခံစားခြင့္မရခဲ့ၾကေပ။ ( ဤေနရာ၌ ပထမဆံုးအခ်က္ ကို ေကာက္ခ်က္ခ် မွတ္သားၾကပါစို႔)။

ေကာင္းမႈရွင္က ရည္စူး၍ အမွ်ေပးေ၀ျခင္းမခံရလွ်င္ သာဓုေခၚခြင့္၊ ေကာင္းမႈ၏အဖို႔ကို ခံစားခြင့္မရနိုင္။
ေနာက္တစ္ေန႔ ေကာင္းမႈျပဳအမွ်ေပးေ၀ေသာအခါ သာဓုေခၚနိုင္ၾက၍ ျပိတၱာမ်ား စားေန၀တ္ အဆင္ေျပသြားခဲ့ၾကပါသည္။

မိမိတို႔ကိုရည္စူး၍ျပဳေသာ ေကာင္းမႈကို ေကာင္းမႈရွင္တို႔က ႏႈတ္ျမြက္သံေျခြ အမွ်ေပးေ၀သည့္အခါ သာဓုေခၚနိုင္ပါလွ်င္ ေကာင္းမႈ၏အဖို႔ကို ခံစားၾကရသည္။

တစ္ဆင့္တက္၍စဥ္းစားဖြယ္သာဓုေခၚက ေကာင္းမႈရွင္တို႔ႏွင့္ထပ္တူ ကုသိုလ္ရသည္ဆိုပါ က ေကာင္းမႈျပဳ အျပီးတြင္ ၄င္းျပိတၱာတို႔သာ သာဓုေခၚဆိုၾကလိမ့္မည္မဟုတ္။ လူသားစစ္စစ္ျဖစ္ေသာ မင္းၾကီး၏အေျခြအရံမ်ားလည္း သာဓုေခၚဆိုၾကမည္သာျဖစ္ပါ၏။

ထိုတြင္ ေကာင္းမႈရွင္ျဖစ္ေသာ မင္းႀကီး၌လည္းေကာင္း၊ သာဓုေခၚဆိုၾကသူ လူအေပါင္းတို႔၌ လည္းေကာင္း ေကာင္းမႈ၏အက်ိဳးဂုဏ္အင္ အာနိသင္တစ္စံုတစ္ခုမွ်ကို ဒိ႒ထင္ထင္ မေတြ႔မျမင္ၾကရပါဘဲလွ်က္ အဘယ့္ေၾကာင့္ သာဓုေခၚရွာ ထိုျပိတၱာတို႔ဆီမွာမွ ေကာင္းမႈ ၏အက်ိဳးကိုေတြ႔ျမင္ၾကရပါသနည္း။ ( ေကာင္းမႈရွင္ျဖစ္ေသာ မင္းႀကီး၌ ထိုေကာင္းမႈေၾကာင့္ မည္သည့္ အ၀တ္တန္ဆာ၊ ေရတြင္းေရကန္။ ေျခြရံသင္းပင္း၊ ဆင္ျမင္းရထား၊ စားေသာက္ဖြယ္ရာမွ် တိုးပြါး၍ မလာပါဘဲလွ်က္ အဘယ့္ေၾကာင့္ လက္ေ၀ခံသာဓုေခၚၾကရသူျပိတၱာတို႔မွာမွ နတ္၀တ္တန္ဆာ၊ စားစရာတို႔ ျဖစ္ေပၚ၍လာရပါသနည္း။ ျပိတၱာမဟုတ္သူ သာဓုေခၚဆိုၾကသူ ထိုထိုလူတို႔၌လည္း အဘယ္ေၾကာင့္ ထိုအက်ိဳးေပးမ်ားထင္ရွားစြာ မရရွိၾကပါသနည္း ဟုဆိုလိုပါသည္။)
( စာၾကြင္းအျဖစ္ သီရိလကၤာနိုင္ငံမွ အမွ်ေပးေ၀ပံုကို ဗဟုသုတမွ်ေ၀လိုပါသည္)
ဦးဇင္းတို႔ ျမန္မာျပည္တြင္ အမွ်ေပးေ၀ၾကေသာအခါ-----

( ၁) ၾကားၾကားသမွ် အမွ်၊ အမွ်၊ အမွ် ---ဟူ၍လည္းေကာင္း၊

(၂) ကုသိုလ္---------- အမွ်၊ အမွ်၊ အမွ် ---ဟူ၍လည္းေကာင္း၊
အမွ်ေပးေ၀ေလ့ရွိၾကပါသည္။

သီရိလကၤာ၌ အမွ်ေပးေ၀ၾကပံုမွာ-----
ဣဒံေမ ဉာတီနံေဟာတု ၊ သုခိတာ ေဟာႏၱဳ ဉာတေယာ---ဟူ၍ အမွ်ေပးေ၀ၾကပါသည္။
(အဓိပၸါယ္မွာ--"ဤေကာင္းမႈသည္ ေဆြမ်ိဳးတို႔အတြက္ ျဖစ္ပါေစ၊ ေဆြမ်ိဳးအေပါင္းတို႔ ခ်မ္းသာၾကပါေစ" ဟူ၍ျဖစ္ပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:
#Unicode Version#
သာဓုခေါ်ဆိုခြင်းကို ပတ္တာနုမောဒနာ ကုသိုလ် ဟုခေါ်ပါသည်။

သူများပေးဝေသော ကောင်းမှုကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ် တူ ကောင်းကျိုးတရားများ ဖြစ်ပွါးခံစားနိုင်ခွင့်ရှိကြ၍ (သာဓု) ခေါ်ဆိုကြသည်ဟု မှတ်သားသင့်ပါသည်။

သာဓုခေါ်ဆိုရကျိုးသူများပေးဝေသော ကောင်းမှု ကို နှုတ်မြွက်သံချို သာဓုခေါ်ဆိုကြရခြင်းကြောင့် အလှူရှင်တို့နှင့်ထပ်တူ ကောင်းကျိုးတရားများ ရရှိခံစားနိုင်ပါသည်။

ဤနေရာ၌ စဉ်းစားစရာအချက်အတော်များများရှိပါသည်။ ရှေးဦးစွာ ဗိမ္ဗိသာရမင်းကြီး နှင့်ပြိတ္တာများ အကြောင်းကိုအနည်းငယ်စဉ်းစားကြည့်ကြပါမည်။

ဗိမ္ဗိသာရမင်းကြီးသည် ဝေဠုဝန်ဥယျာဉ်တော်ကို ဘုရားမြတ်စွာ သာသနာတော်အတွက် ပေးလှူလိုက်ပြီး သည့်ညတွင်ပြိတ္တာအပေါင်း၏ ခြောက်လှန့်မှုမျိုးစုံကို ကြုံတွေ့ခဲ့ရသည်။

ဘုရားရှင်ထံလျှောက်ထားအပြီးတွင်မှ အတိတ်ဘဝက ဆွေမျိုးတော်စပ်ခဲ့ကြသောပြိတ္တာများဖြစ်ကြောင်း သိရသည်။ သူတို့သည် ကဿပဘုရားလက်ထက်တော်မှသည် ဂေါတမဘုရားရှင် ရွှေလက်တော်အထိ
ဗိမ္ဗိသာရမင်းကြီးကောင်းမှုပြုအမျှပေးဝေမည့်နေ့ကို မျှော်လင့်ချက်ကြီးစွာဖြင့်စောင့်မျှော်နေခဲ့ကြသူ များဖြစ်ကြသည်။

ဗိမ္ဗိသာရမင်းသည် ကောင်းမှုကိုပြုကားပြုခဲ့ပါ၏။ သို့သော်သူတို့ကိုရည်စူး၍ အမျှပေးဝေမှုကိုကားမပြုခဲ့။ ထို့ကြောင့် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရခဲ့ကြပေ။ ( ဤနေရာ၌ ပထမဆုံးအချက် ကို ကောက်ချက်ချ မှတ်သားကြပါစို့)။

ကောင်းမှုရှင်က ရည်စူး၍ အမျှပေးဝေခြင်းမခံရလျှင် သာဓုခေါ်ခွင့်၊ ကောင်းမှု၏အဖို့ကို ခံစားခွင့်မရနိုင်။
နောက်တစ်နေ့ ကောင်းမှုပြုအမျှပေးဝေသောအခါ သာဓုခေါ်နိုင်ကြ၍ ပြိတ္တာများ စားနေဝတ် အဆင်ပြေသွားခဲ့ကြပါသည်။

မိမိတို့ကိုရည်စူး၍ပြုသော ကောင်းမှုကို ကောင်းမှုရှင်တို့က နှုတ်မြွက်သံခြွေ အမျှပေးဝေသည့်အခါ သာဓုခေါ်နိုင်ပါလျှင် ကောင်းမှု၏အဖို့ကို ခံစားကြရသည်။

တစ်ဆင့်တက်၍စဉ်းစားဖွယ်သာဓုခေါ်က ကောင်းမှုရှင်တို့နှင့်ထပ်တူ ကုသိုလ်ရသည်ဆိုပါ က ကောင်းမှုပြု အပြီးတွင် ၎င်းပြိတ္တာတို့သာ သာဓုခေါ်ဆိုကြလိမ့်မည်မဟုတ်။ လူသားစစ်စစ်ဖြစ်သော မင်းကြီး၏အခြွေအရံများလည်း သာဓုခေါ်ဆိုကြမည်သာဖြစ်ပါ၏။

ထိုတွင် ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌လည်းကောင်း၊ သာဓုခေါ်ဆိုကြသူ လူအပေါင်းတို့၌ လည်းကောင်း ကောင်းမှု၏အကျိုးဂုဏ်အင် အာနိသင်တစ်စုံတစ်ခုမျှကို ဒိဋ္ဌထင်ထင် မတွေ့မမြင်ကြရပါဘဲလျှက် အဘယ့်ကြောင့် သာဓုခေါ်ရှာ ထိုပြိတ္တာတို့ဆီမှာမှ ကောင်းမှု ၏အကျိုးကိုတွေ့မြင်ကြရပါသနည်း။ ( ကောင်းမှုရှင်ဖြစ်သော မင်းကြီး၌ ထိုကောင်းမှုကြောင့် မည်သည့် အဝတ်တန်ဆာ၊ ရေတွင်းရေကန်။ ခြွေရံသင်းပင်း၊ ဆင်မြင်းရထား၊ စားသောက်ဖွယ်ရာမျှ တိုးပွါး၍ မလာပါဘဲလျှက် အဘယ့်ကြောင့် လက်ဝေခံသာဓုခေါ်ကြရသူပြိတ္တာတို့မှာမှ နတ်ဝတ်တန်ဆာ၊ စားစရာတို့ ဖြစ်ပေါ်၍လာရပါသနည်း။ ပြိတ္တာမဟုတ်သူ သာဓုခေါ်ဆိုကြသူ ထိုထိုလူတို့၌လည်း အဘယ်ကြောင့် ထိုအကျိုးပေးများထင်ရှားစွာ မရရှိကြပါသနည်း ဟုဆိုလိုပါသည်။)
( စာကြွင်းအဖြစ် သီရိလင်္ကာနိုင်ငံမှ အမျှပေးဝေပုံကို ဗဟုသုတမျှဝေလိုပါသည်)
ဦးဇင်းတို့ မြန်မာပြည်တွင် အမျှပေးဝေကြသောအခါ-----

( ၁) ကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊

(၂) ကုသိုလ်---------- အမျှ၊ အမျှ၊ အမျှ ---ဟူ၍လည်းကောင်း၊
အမျှပေးဝေလေ့ရှိကြပါသည်။

သီရိလင်္ကာ၌ အမျှပေးဝေကြပုံမှာ-----
ဣဒံမေ ဉာတီနံဟောတု ၊ သုခိတာ ဟောန္တု ဉာတယော---ဟူ၍ အမျှပေးဝေကြပါသည်။
(အဓိပ္ပါယ်မှာ--"ဤကောင်းမှုသည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးအပေါင်းတို့ ချမ်းသာကြပါစေ" ဟူ၍ဖြစ်ပါသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: ဓမ္မပျိုးခင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top