Golden City Promotion
×



Credit: 7DayDaily
#Unicode Version#
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ တိုက်နယ်ဆေးရုံသို့ အောက်တိုဘာ ၉ ရက် မွန်းတည့် ၁၂ နာရီက အစာအဆိပ်သင့်သူများ တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု ရွာလေး ကျေးရွာ (၇)လမ်းနေ ဦးပြုံး၏နေအိမ်၌ မြေးဖြစ်သူရက်(၁ဝဝ)ပြည့် မွေးနေ့အလှူတွင် အုန်းနို့ခေါက်ဆွဲဖြင့် နံနက် ၇ နာရီမှစတင်ကာ ဧည့်ခံ ကျွေးမွေးစဉ် လာရောက်စားသုံးသူများ မှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ သည်။

အစာအဆိပ်သင့်ရာတွင် လူကြီး ၁၈ ဦးနှင့် ကလေး ၃ဝ စုစုပေါင်း ၄၈ ဦးတို့မှာ အော့အန်ပြီး သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ရောက်ရှိလာသည့် အတွက် ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းဆွေနှင့် ဝန်ထမ်းများက စောင့်ရှောက်ကုသခဲ့၍ စိုးရိမ်ရမှု မရှိကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top