Golden City Promotion
×

ရွားေစာင္းလက္ပပ္ အရြက္ကို အရင္းကေန ဓါးထက္ထက္နဲ႔ ျဖတ္ပါ။ တစ္ေယာက္စာ အတြက္ပဲ ဆိုရင္ေတာ့ ေလးရြက္၊ ငါးရြက္ေလာက္ အနည္းဆံုး ျဖတ္ယူပါ။ အရြက္ငယ္ေလးေ တြကို မျဖတ္ပဲ အပင္ မွာပဲ ခ်န္ထား ခဲ့ပါ။ ေရစင္စင္ ေဆးၿပီး ဆူးေတြနဲ႔ ထိပ္ဖ်ားကို ျဖတ္ပစ္ လိုက္ပါ။

၁။ ဓါးနဲ႔ ပါးပါးလွီးၿပီး သစ္သီး ေဖ်ာ္ရည္စက္နဲ႔ ေမႊပါ။

၂။ပိတ္ စပါးသန္႔သန္႔နဲ႔ အရည္ညွစ္ပါ။ ရွားေစာင္းလက္ပပ္ ရည္ကို အိုးသန္႔သန္႔ တစ္လံုးနဲ႔ ခံယူပါ။

၃။ ရွားေစာင္းလက္ပပ္ ရည္ကို မီးဖိုေပၚတင္ၿပီး မိနစ္ ၃၀ခန္႔ ၾကာေအာင္ က်ိဳပါ။ ဆူလာတဲ့ အခါမွာ အျမွဳပ္ေတြ တက္လာ ပါလိမ့္မယ္။ တက္လာတဲ့ အျမွဳပ္ေတြကို ခပ္ထုတ္ပစ္ပါ။ အျမွဳပ္ ေတြဟာ ဖန္တဲ့ အရည္ေတြပဲ ျဖစ္ပါတယ္။အဲဒါေၾကာင့္ အျမွဳပ္ေတြကို ကုန္ေအာင္ ခပ္ထုတ္ရတာပါ။၄။ပ်ားရည္ (သို႔မဟုတ္) သၾကား သန္႔သန္႔ သင့္ရံုေလာက္ကို ႀကိဳက္ႏွစ္သက္တဲ့ အရသာ ျဖစ္ေအာင္ ထည့္ၿပီး သမေအာင္ ေမႊေပးပါ။ အေအးခံထားၿပီး ေရခဲ ေသတၱာထဲ ထည့္ သိမ္း ထားႏိုင္လွ်င္ ပိုေကာင္း ပါတယ္။ ေသြးခ်ိဳ၊ ဆီးခ်ိဳ ရွိသူမ်ား အတြက္ ကေတာ့ အခ်ိဳ မထည့္ သင့္ပါ ဘူး။ သဘာ၀ အတိုင္း ေသာက္တာ ပိုေကာင္း ပါတယ္။ ရွားေစာင္ လက္ပပ္ သတၱဳရည္ကုိ ေန႔စဥ္ ေၾကြဇြန္းႀကီး ၁ ဇြန္း ႏႈနး္ျဖင့္ သံုးႀကိမ္ ေသာက္သင့္ ပါတယ္။

ရွားေစာင္း လက္ပပ္ ရည္ကို ဒီအတုိင္းပဲ ထားမယ္ ဆုိရင္ သူ႔ထဲမွာ ပါ၀င္တဲ့ ေအာက္ဇားလစ္ အက္ဆစ္ Oxalic Acid ေတြက ဓါတ္ေျပာင္း သြားတတ္ ပါတယ္။ ဒါေၾကာင့္ ေရခဲ ေသတၱာ မရွိ သူမ်ား ႏွစ္ ရက္စာ ေလာက္သာ က်ိဳခ်က္ ေသာက္လွ်င္ ေကာင္းပါတယ္။ ႏွစ္ရက္ ထက္ ပိုမထား သင့္ပါဘူး။

ရွားေစာင္း လက္ပပ္ အမႈန္႔ ျပဳလုပ္နည္း

ရွားေစာင္းလက္ပပ္ အမႈန္႔ ျပဳလုပ္နည္းကေတာ့ … ရွားေစာင္းလက္ပပ္ အရြက္ကို သန္႔စင္ေအာင္ ေဆးၿပီး ဆူးေတြနဲ႔ ထိပ္ခၽြန္ေတြကို ဖယ္ၿပီး ပါးႏုိင္သေလာက္ ပါးေအာင္လွီးပါ။ ပါးေလ ေကာင္းေလ ျဖစ္ပါတယ္။ လွီးထားတဲ့ ရွားေစာင္းလက္ပပ္ အဖတ္ေလးေတြကို ၀ါးနဲ႔လုပ္ထားတဲ့ ဆန္ေကာထဲမွာ ျဖန္႔လွနး္ပါ။ တစ္ရက္နဲ႔ မေျခာက္ရင္ ႏွစ္ရက္၊ သံုးရက္ စ သည္ျဖင့္ လံုး၀ ေျခာက္သြားေအာင္လွန္းပါ။ ႏွစ္ရက္၊ သံုးရက္ ၾကာတဲ့အခါ ရွားေစာင္းလက္ပပ္ေတြ လံုး၀ ေျခာက္သြားၿပီ ဆိုရင္ ဆံုထဲမွာ ထည့္ၿပီးေထာင္းပါ။ မႈန္႔မႈန္႔ညက္ညက္ လိုခ်င္တယ္ ဆိုရင္ေတာ့ ဆန္ကာခ် ေပးရံုပါပဲ။ ရွားေစာင္းလက္ပတ္ အေျခာက္မႈန္႔ ေသာက္နည္းကေတာ့ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို ေရေႏြးတစ္ဖန္ခြက္နဲ႔ ေရာၿပီး တစ္ေန႔ ႏွစ္ႀကိမ္၊ သံုးႀကိမ္ ေသာက္ပါ။

ရွားေစာင္းလက္ပပ္ အမႈန္႔ ျပဳလုပ္ဖို႔ အခ်ိန္မရသူေတြ အတြက္ ရွားေစာင္း လက္ပပ္ အေျခာက္ဖတ္ တိုင္း ေရေႏြးဆူဆူထဲခတ္ၿပီး ေရေႏြးၾကမ္း ေသာက္သလို ေသာက္သံုး ႏုိ္င္ပါ တယ္။ ေသာက္ရတာ ခက္တယ္ ထင္ရင္ေတာ့ ပ်ားရည္ ေလးနည္းနည္းထည့္ေသာက္ ပါ။ ေသြးခ်ိဳ၊ ဆီးခ်ိဳ ရွိ သူမ်ား အတြက္ ကေတာ့ ပ်ားရည္ မထည့္ သင့္ပါ ဘူး။ ေပ်ာက္ကင္း ကာကြယ္ႏိုင္တဲ့ ေရာဂါမ်ားကေတာ့ အစာအိမ္ ျပည္တည္နာနဲ႔ အစာအိမ္နဲ႔ ပတ္သက္တဲ့ ေရာဂါ၊ ဆီးခ်ိဳ၊ ေသြးခ်ိဳ၊ အသည္း၊ ေသြးတုိး ေရာဂါ အစရွိသည္တုိ႔ကို ကာကြယ္ ေပ်ာက္ ကင္း ႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရိုးရာေလး

#Unicode Version#
ရှားစောင်းလက်ပပ် အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက်လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ်လေးေ တွကို မဖြတ်ပဲ အပင် မှာပဲ ချန်ထား ခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။

၁။ ဓါးနဲ့ ပါးပါးလှီးပြီး သစ်သီး ဖျော်ရည်စက်နဲ့ မွှေပါ။

၂။ပိတ် စပါးသန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ် ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူပါ။

၃။ ရှားစောင်းလက်ပပ် ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ် ၃၀ခန့် ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ပစ်ပါ။ အမြှုပ် တွေဟာ ဖန်တဲ့ အရည်တွေပဲ ဖြစ်ပါတယ်။အဲဒါကြောင့် အမြှုပ်တွေကို ကုန်အောင် ခပ်ထုတ်ရတာပါ။၄။ပျားရည် (သို့မဟုတ်) သကြား သန့်သန့် သင့်ရုံလောက်ကို ကြိုက်နှစ်သက်တဲ့ အရသာ ဖြစ်အောင် ထည့်ပြီး သမအောင် မွှေပေးပါ။ အအေးခံထားပြီး ရေခဲ သေတ္တာထဲ ထည့် သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက် ကတော့ အချို မထည့် သင့်ပါ ဘူး။ သဘာ၀ အတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ ဇွန်း နှုန်းဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။

ရှားစောင်း လက်ပပ် ရည်ကို ဒီအတိုင်းပဲ ထားမယ် ဆိုရင် သူ့ထဲမှာ ပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်း သွားတတ် ပါတယ်။ ဒါကြောင့် ရေခဲ သေတ္တာ မရှိ သူများ နှစ် ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက် ထက် ပိုမထား သင့်ပါဘူး။

ရှားစောင်း လက်ပပ် အမှုန့် ပြုလုပ်နည်း

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်နည်းကတော့ … ရှားစောင်းလက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန်တွေကို ဖယ်ပြီး ပါးနိုင်သလောက် ပါးအောင်လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။ လှီးထားတဲ့ ရှားစောင်းလက်ပပ် အဖတ်လေးတွေကို ဝါးနဲ့လုပ်ထားတဲ့ ဆန်ကောထဲမှာ ဖြန့်လှန်းပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စ သည်ဖြင့် လုံး၀ ခြောက်သွားအောင်လှန်းပါ။ နှစ်ရက်၊ သုံးရက် ကြာတဲ့အခါ ရှားစောင်းလက်ပပ်တွေ လုံး၀ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီးထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ် ဆိုရင်တော့ ဆန်ကာချ ပေးရုံပါပဲ။ ရှားစောင်းလက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နဲ့ ရောပြီး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ် သောက်ပါ။

ရှားစောင်းလက်ပပ် အမှုန့် ပြုလုပ်ဖို့ အချိန်မရသူတွေ အတွက် ရှားစောင်း လက်ပပ် အခြောက်ဖတ် တိုင်း ရေနွေးဆူဆူထဲခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိုင်ပါ တယ်။ သောက်ရတာ ခက်တယ် ထင်ရင်တော့ ပျားရည် လေးနည်းနည်းထည့်သောက် ပါ။ သွေးချို၊ ဆီးချို ရှိ သူများ အတွက် ကတော့ ပျားရည် မထည့် သင့်ပါ ဘူး။ ပျောက်ကင်း ကာကွယ်နိုင်တဲ့ ရောဂါများကတော့ အစာအိမ် ပြည်တည်နာနဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးချို၊ သွေးချို၊ အသည်း၊ သွေးတိုး ရောဂါ အစရှိသည်တို့ကို ကာကွယ် ပျောက် ကင်း နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရိုးရာလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top