Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တခါက
လျပည့္ဝန္း ပလာဇာ မွာတစ္ေယာက္တည္းေစ်းဝယ္ေနတုန္း
ဒဂံု(၁)က ကေလးမေလးေတြ က်ေနာ့္ကို အတင္း လာဆြဲေခၚၾကတယ္။ ေက်ာင္းဝတ္စံု ေလးေတြနဲ႔။ ေျခာက္တန္း လို႔ထင္တာပဲ ။

စိုင္းစိုင္း နဲ႔ ဓာတ္ပံု ႐ိုက္မလို႔တဲ့ ။
အဲတုန္းက camera phone ေတြမရွိၾကေသးပါဘူး ။
ကေလးေတြလည္း ဖုန္း မကိုင္ၾကေသးဘူး။ Facebook ေခတ္လည္းမေရာက္ေသးဘူးေပါ့ေလ။
လျပည့္ဝန္း ပလာဇာ တတိယထပ္မွာ ဓာတ္ပံု ႐ိုက္ၿပီး တခါတည္းပံုေတြထြက္လာတဲ့ စက္ႀကီးရွိတယ္ ။ Sticker ပံုေလးေတြေလ ။ ၂ပံုတြဲတို႔၊ ၄ ပံုတြဲတို႔ ။
က်ေနာ့္ကို အဲဒီေခၚသြားတာဗ်။

ၿပီးေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ဓာတ္ပံု တြဲ႐ိုက္ၾကတယ္။ ေပ်ာ္ဖို႔လည္းေကာင္းတယ္ ။ဆူညံေနတာပဲ ။
၁၀ေယာက္ေက်ာ္ေလာက္ရွိမယ္ထင္တယ္ ။
ၿပီးေတာ့ စက္ထဲက ဂ်စ္ဂ်စ္ ဂ်စ္ဂ်စ္နဲ႔ ဓာတ္ပံု ေလးေတြထြက္လာတာေပါ႔။

အားလံုးၿပီးေတာ့ ကိုယ့္ပံုကိုယ္ယူၿပီး ပိုက္ဆံ ရွင္းရမယ္ဆိုေတာ့ စိုင္းစိုင္း ေပးလိုက္တဲ့ ။ ပိုက္ဆံ မပါဘူးတဲ့ဗ်။
အင္းေပါ႔ေလ၊ ေျခာက္တန္း ကေလး ေတြပဲဥစၥာ ။ ဓာတ္ပံု ဖိုးေတာ့ဘယ္ရွိမလဲ ။ မတတ္ႏိုင္ဘူး ။ က်ေနာ္ဘဲရွင္းရတာေပါ့ ။

ဟိုမွာ ဆိုင္ရွင္ ကလည္းရႈိးေနၿပီ။
ဘာရယ္မဟုတ္ဘူး ဒီည အဲဒီအေၾကာင္းေလး ျပန္သတိရလို႔ တစ္ေယာက္တည္း ေတြးေတြးၿပီး ျပံဳးမိပါတယ္ ။ အခုဆိုရင္ အဲ့ကေလးေတြ မမႀကီးေတြျဖစ္ေနေလာက္ေရာေပါ့ ။ တခ်ိဳ႕ဆို က်ေနာ္႔ထက္ေတာင္ ဝါႀကီးရင္ ႀကီးေနေတာ့မွာ … … …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
တခါက
လပြည့်ဝန်း ပလာဇာ မှာတစ်ယောက်တည်းဈေးဝယ်နေတုန်း
ဒဂုံ(၁)က ကလေးမလေးတွေ ကျနော့်ကို အတင်း လာဆွဲခေါ်ကြတယ်။ ကျောင်းဝတ်စုံ လေးတွေနဲ့။ ခြောက်တန်း လို့ထင်တာပဲ ။

စိုင်းစိုင်း နဲ့ ဓာတ်ပုံ ရိုက်မလို့တဲ့ ။
အဲတုန်းက camera phone တွေမရှိကြသေးပါဘူး ။
ကလေးတွေလည်း ဖုန်း မကိုင်ကြသေးဘူး။ Facebook ခေတ်လည်းမရောက်သေးဘူးပေါ့လေ။
လပြည့်ဝန်း ပလာဇာ တတိယထပ်မှာ ဓာတ်ပုံ ရိုက်ပြီး တခါတည်းပုံတွေထွက်လာတဲ့ စက်ကြီးရှိတယ် ။ Sticker ပုံလေးတွေလေ ။ ၂ပုံတွဲတို့၊ ၄ ပုံတွဲတို့ ။
ကျနော့်ကို အဲဒီခေါ်သွားတာဗျ။

ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံ တွဲရိုက်ကြတယ်။ ပျော်ဖို့လည်းကောင်းတယ် ။ဆူညံနေတာပဲ ။
၁၀ယောက်ကျော်လောက်ရှိမယ်ထင်တယ် ။
ပြီးတော့ စက်ထဲက ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ဓာတ်ပုံ လေးတွေထွက်လာတာပေါ့။

အားလုံးပြီးတော့ ကိုယ့်ပုံကိုယ်ယူပြီး ပိုက်ဆံ ရှင်းရမယ်ဆိုတော့ စိုင်းစိုင်း ပေးလိုက်တဲ့ ။ ပိုက်ဆံ မပါဘူးတဲ့ဗျ။
အင်းပေါ့လေ၊ ခြောက်တန်း ကလေး တွေပဲဥစ္စာ ။ ဓာတ်ပုံ ဖိုးတော့ဘယ်ရှိမလဲ ။ မတတ်နိုင်ဘူး ။ ကျနော်ဘဲရှင်းရတာပေါ့ ။

ဟိုမှာ ဆိုင်ရှင် ကလည်းရှိုးနေပြီ။
ဘာရယ်မဟုတ်ဘူး ဒီည အဲဒီအကြောင်းလေး ပြန်သတိရလို့ တစ်ယောက်တည်း တွေးတွေးပြီး ပြုံးမိပါတယ် ။ အခုဆိုရင် အဲ့ကလေးတွေ မမကြီးတွေဖြစ်နေလောက်ရောပေါ့ ။ တချို့ဆို ကျနော့်ထက်တောင် ဝါကြီးရင် ကြီးနေတော့မှာ … … …

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top