Golden City Promotion
×

အသက္ကေလး ၃၀ ေက်ာ္ လာသူေတြခ်င္း ေခါင္းခ်င္းဆိုင္ မိရင္ ေျပာျဖစ္ၾကတာက အစား လည္း ေလွ်ာ့စားရဲ႕သားနဲ႔ ၀ိတ္က က်မလာဘူးဆုိတာပါပဲ။ ဒါေပမဲ့ ခုေနာက္ပိုင္းမွာေတာ့ ပိန္ခ်င္သူ ေတြၾကား Diet Plan ေလး တစ္ခုယူထားၿပီး ၀ိတ္ခ်ေနတယ္။ အစားေလွ်ာ့စရာမလုိဘဲ အရသာ ရွိရွိစားရင္းကေန ၀ိတ္က်ႏုိင္ တယ္ဆိုတဲ့ သတင္းစကားတစ္ခု က အမ်ိဳးသမီးေတြစကား၀ုိင္းမွာ ေနရာယူလာပါတယ္။ တကယ္ တမ္းက်ေတာ့ အစားေရွာင္တာ အစားအငတ္ခံတာဟာ ခႏၶာ ကုိယ္အေလးခ်ိန္က်ဖုိ႔ အတိအ က်မွန္ကန္တဲ့ နည္းလမ္းတစ္ခု ေတာ့ မဟုတ္ပါဘူး။

Diet Plan ဆုိတာဘာလဲ

Diet Plan လုိ႔ၾကားလုိက္တာ နဲ႔ အမ်ားစုကအစာငတ္ခံရတယ္ လုိ႔ ထင္ၾကတယ္။ တကယ္ေတာ့ ဒါဟာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာေတြကုိ စနစ္တက် စားသုံးၿပီးေတာ့ ၀ိတ္ခ်ျခင္းပဲျဖစ္ ပါတယ္လုိ႔ ‘စုေပါင္းညီညာ ပိန္ ေၾကာင္းရွာ’ Group ရဲ႕ ပဲ့ကုိင္သူ Diet Planner မသင္းစုက ေျပာ ပါတယ္။

‘‘ကိုယ္ကုိယ္တုိင္လည္း အ ရမ္းအ၀မခံဘူး။ ကုိယ္သိသ ေလာက္၊ တတ္သေလာက္ေလးနဲ႔ ၀ိတ္ခ်တယ္ဆုိေတာ့ သူငယ္ခ်င္း ေတြကလည္း ကုိယ့္ကုိဘာျဖစ္လုိ႔ အရမ္းႀကီး၀မလာတာလဲ၊ သူတို႔ ကုိလည္း ပိန္ေအာင္လို႔နည္းေလး ေတြေပးပါဦးဆုိတဲ့အခါ Group ေလးဖြဲ႕ၿပီးေတာ့ ကုိယ္သိထား၊ တတ္ထားတာေလးေတြ မွ်ေ၀ ရင္းက စလုပ္ျဖစ္တယ္’’ လုိ႔ မသင္းစုက ေျပာပါတယ္။

လူအမ်ားစုဟာ Diet Plan လုိ႔ဆုိလုိက္ရင္ ပိန္ေအာင္စား ေသာက္တဲ့ Plan လုိ႔ထင္ျမင္ယူဆ တတ္ၾကပါတယ္။ အမွန္ေတာ့ Diet ဆုိတာ ေန႔စဥ္စားေနတဲ့အ စားအစာေတြျဖစ္ၿပီး မအိရဲ႕ Plan အားလုံးဟာ ဒီေန႔စဥ္ပုံမွန္စားေန က်အစားအစာထဲကေန က်န္းမာ ေရးအတြက္ေသာ္လည္းေကာင္း Weight Loss အတြက္ေသာ္လည္း ေကာင္း ပုိမိုထိေရာက္မႈရွိေစဖုိ႔ ကုိယ္ခႏၶာအတြက္ ေကာင္းမြန္တဲ့ အစာအာဟာရမ်ားႏွင့္သီးသန္႔ စီစဥ္ေဆာင္ရြက္ေပးေနတဲ့ Veg-an Plan ေတြျဖစ္ပါတယ္လုိ႔ Diet Planner တစ္ဦးျဖစ္တဲ့ မအိျမတ္ ႏုိးသူက အဓိပၸာယ္ဖြင့္ဆုိရွင္းျပ ပါတယ္။

‘‘ကုိယ္တုိင္မက်န္းမာျခင္း ဆုိတဲ့အရာေတြကုိ ႀကံဳေတြ႕ခံစား ခဲ့ရၿပီး ဒီမက်န္းမာျခင္းေတြဟာ ေန႔စဥ္မိမိစားေသာက္ေနထုိင္မႈ ေၾကာင့္ဆုိတဲ့ အခ်က္ရယ္၊ ဒီ မက်န္းမာျခင္းကေန ျဖစ္ေပၚခံ စားလာရတဲ့ ေရာဂါေ၀ဒနာေတြ ကုိ ေလ်ာ့ပါးသက္သာေစဖုိ႔ သဘာ၀အစားအစာအသီးအႏွံ ဟင္းသီးဟင္းရြက္ေတြကုိ အသုံး ျပဳစားေသာက္ရင္း Lifestyle ေျပာင္းလဲႏိုင္ရင္ ေျပာင္းလဲႏိုင္ သေလာက္ အက်ိဳးေက်းဇူးေတြ ရရွိတယ္ဆုိတဲ့ အခ်က္ေတြကုိ လက္ေတြ႕ခံစားခဲ့ရခ်ိန္မွာ ကုိယ့္ အနားမွာရွိတဲ့ နီးစပ္ရာအန္တီ ေတြညီအစ္မေတြအတြက္ Plan ေလး တစ္ခုစေရးၿပီး ကုိယ္တြင္း အဆိပ္အေတာက္ေတြ စြန္႔ထုတ္ ေစႏုိင္ဖုိ႔ စီစဥ္ေဆာင္ရြက္ေပးခဲ့ တယ္လုိ႔ သူ႔ရဲ႕ Plan ေတြကုိ ယုံ ၾကည္စြာ သုံးစြဲသူေပါင္းမ်ားစြာ အတြက္ စနစ္တက်စီမံေပးေနတဲ့ Diet Planner မအိျမတ္ႏုိးသူက ေျပာပါတယ္။

Diet Plan ထဲမွာဘာေတြပါလဲ

ခႏၶာကုိယ္အဂၤါရပ္မ်ားဟာ အစာအာဟာရကုိ စုပ္ယူၿပီးခႏၶာ ကုိယ္ႀကီးထြားဖုိ႔၊ ခြန္အားရွိဖုိ႔၊ ေန ထုိင္ေကာင္းမြန္ဖုိ႔ ျပန္လည္ျပဳ ျပင္ေပးေနတာမုိ႔ ကုိယ္ခႏၶာအ တြက္ လုိအပ္ေသာ၊ လုံေလာက္ ေသာ အစာအာဟာရျဖစ္ေစဖုိ႔ အဓိကထားၿပီး ေကာက္ပဲသီးႏွံ အမ်ိဳးမ်ိဳး၊ သစ္သီး၊ အေစ့အဆန္၊ ဟင္းသီးဟင္းရြက္တို႔ ေရာစပ္ၿပီး ခႏၶာကုိယ္အတြက္ လုံေလာက္တဲ့ အစာအာဟာရေပးႏုိင္ဖုိ႔ ဦးတည္ ထားေဆာင္ရြက္ေပးေနပါတယ္ လုိ႔ Plan ေတြစီစဥ္ေပးပုံနဲ႔ ပါ၀င္ ပစၥည္းေတြကုိ Diet Planner မအိ ျမတ္ႏုိးသူက ရွင္းျပပါတယ္။

မသင္းစုကေတာ့ ကမၻာ့ နံပါတ္ (၁) ကေန(၁၅) အထိ Nutritionist ေတြရဲ႕နည္းေတြကုိ ေလ့လာၿပီး က်န္းမာေရးမေကာင္း တဲ့သူေတြ၊ ေရာဂါအခံရွိသူေတြ အတြက္ပါ အဆင္ေျပေအာင္လုိ႔ ထုတ္ထားတာကုိမွ ျမန္မာႏိုင္ငံနဲ႔ ကုိက္ညီတဲ့ Plan ေတြျဖစ္ေအာင္ ဖန္တီးစီစဥ္ျဖစ္ပါတယ္လုိ႔ဆုိပါ တယ္။

‘‘တခ်ိဳ႕အသီးအရြက္ေတြက ျမန္မာမွာ မရတာေတြရွိတယ္။ အဲဒါကုိ ျမန္မာမွာ ရွိတာနဲ႔အစား ထုိးၿပီးေတာ့ ျပန္ထုတ္ရတယ္။ ဒါ ေပမဲ့ကုိယ့္သေဘာနဲ႔ကုိယ္ထုတ္ လုိ႔မရဘူး။ ဥပမာ မုန္လာဥနီဆုိ ပန္ကရိယတို႔ အူမႀကီးျဖတ္ထား သူတို႔ဆုိ လုံး၀မေသာက္သင့္္ဘူး ဆုိတာရွိေတာ့ အဲဒါမ်ိဳးျပန္ညိႇျပန္ ၾကည့္ၿပီး ထုတ္လုိ႔ရတယ္။ Diet လုပ္မယ့္သူကုိ ဘာေရာဂါရွိလဲဆုိ တာ ေမးရတယ္။ အဲဒီအေပၚမွာ စားသင့္၊ မစားသင့္ကုိ မွန္ေအာင္ ျပန္ဆုံးျဖတ္ေပးရတာ’’ လုိ႔ေျပာပါ တယ္။

Diet Plan ယူထားရင္ ခႏၶာကုိယ္ ေလ့က်င့္ခန္း လုပ္ဖု႔ိလုိအပ္ သလား

ခႏၶာကုိယ္ေလ့က်င့္ခန္းက ေတာ့ Plan ယူထားသည္ျဖစ္ေစ၊ မယူထားသည္ျဖစ္ေစ ပုံမွန္ေလ့ က်င့္ခန္းတစ္ခုခုျပဳလုပ္ျခင္းက က်န္းမာေရးအတြက္ အထူးသင့္ ေတာ္ေကာင္းမြန္ေၾကာင္း Diet Planner မ်ားက ေျပာပါတယ္။

‘‘လမ္းေလွ်ာက္တာကုိ အား ေပးပါတယ္။ လမ္းေလွ်ာက္ျခင္း ဟာ ႏွလုံးႂကြက္သားနဲ႔အဆုတ္ အားကုိ ပုိၿပီးသန္မာေစပါတယ္။ Diet လုပ္ေနေပမယ့္လည္း တစ္ ဖက္က ဒီလုိလမ္းေလွ်ာက္ေပး မယ္ဆုိရင္ အေမာခံလာႏုိင္မယ္။ က်န္းမာႀကံ႕ခုိင္တဲ့ခႏၶာကုိယ္တစ္ ခုျဖစ္ေအာင္လုိ႔ေပါ့။ Diet က ေတာ့ ခႏၶာကုိယ္ကုိ အဆီခ်တယ္။ အဆီက်ေအာင္လုပ္တာ။ Gym ရဲ႕သေဘာက်ေတာ့ ခႏၶာကုိယ္အ ခ်ိဳးအစားက်ၿပီးေတာ့  လွပလာ ေအာင္ လုပ္တယ္ေပါ့။ အဲဒီေတာ့ အဲဒီႏွစ္ခုကုိ တြဲႏုိင္ရင္ေတာ့ ေကာင္းတယ္။ ဒါေပမဲ့ Gym အ ရမ္းကစားမယ္ဆုိရင္ေတာ့ အ စားကုိစားေပးရတယ္။ အစ္မတို႔ Diet က်ေတာ့ ဆာတုိင္းအမ်ားႀကီး စားလုိ႔မရဘူး။ ကယ္လုိရီကုိ ေလ်ာ့ေအာင္ လုပ္ထားလုိ႔’’ လုိ႔ မသင္းစုက ဆုိပါတယ္။

သူ႕ရဲ႕ Plan ေတြက ကယ္ လုိရီကုိတစ္ေထာင္နဲ႔ တစ္ေထာင့္ ငါးရာၾကား လုံး၀မေက်ာ္ေအာင္ စီစဥ္ျပင္ဆင္ေပးထားတဲ့အတြက္ ျဖစ္ပါတယ္လုိ႔ မသင္းစုက ရွင္းျပ ပါတယ္။ တကယ္လို႔ လုိခ်င္တဲ့ ခႏၶာကုိယ္အေလးခ်ိန္ကုိ ေရာက္ ခါနီးၿပီ၊ ဒါမွမဟုတ္ ၀ိတ္က်သြား တဲ့အတြက္ ခႏၶာကုိယ္အသားအ ေရ တင္းရင္းမႈေလ်ာ့က်သြားတာ မ်ိဳးကုိ ျပန္လည္ကုစားလုိတယ္ ဆုိရင္ေတာ့ Gym ေပးကစားပါ တယ္လုိ႔ သူကေျပာပါတယ္။

Plan တစ္ခု၀င္ေနစဥ္မွာ အားကစားလုပ္သူေရာ၊ မလုပ္ အားသူေတြေရာ ရွိပါတယ္။ Weight Loss အတြက္ရည္ရြယ္  သူအမ်ားစုက ကစားၾကပါတယ္။ ကစားဖုိ႔ အခ်ိန္မေပးႏုိင္သူအခက္ အခဲရွိသူေတြလည္း ရွိပါတယ္။ အားကစားအတြက္ အခ်ိန္မေပး ႏုိင္ဘဲ Plan ကုိ မိမိ Weight Target တစ္ခုေရာက္ဖုိ႔ ရည္ရြယ္ ႀကိဳးစားဆင္ျခင္ၿပီးေသခ်ာတိက် လုိက္နာကာ မိမိ Target ေရာက္ သြားသူေတြလည္း အမ်ားႀကီးရွိပါ တယ္။ ဒါေပမဲ့ အားကစားကုိ ေတာ့ လုပ္ႏုိင္ရင္အသက္ရွင္ေန ထုိင္မယ့္ ဘ၀တစ္ေလွ်ာက္လုံး အတြက္ အေကာင္းဆုံးက်န္းမာ ေရးကာကြယ္မႈတစ္ခုျဖစ္ေစမွာ ပါလုိ႔ မအိျမတ္ႏုိးသူကေတာ့ အႀကံျပဳပါတယ္။

ေလ့က်င့္ခန္းတစ္ခုခုမလုပ္ ဘဲ Diet Plan အတိုင္းစနစ္တက် အာဟာရျပည့္၀စြာစားရင္ က်န္း မာေရးက ပုိမိုေကာင္းမြန္လာႏုိင္ တယ္လုိ႔ Plan အသုံးျပဳသူမ်ားက ေျပာၾကပါတယ္။

‘‘Plan အတုိင္းစားေတာ့ ေပါင္ ၂၀ ေက်ာ္က်တယ္။ က်န္း မာေရးလည္း အေတာ္ေကာင္းပါ တယ္။ Healthy Lifestyle ခ်ိန္း ျဖစ္သြားတယ္။ အဆီအငန္မစား ျဖစ္ေတာ့ဘူး။ ထမင္းကုိ မမက္ ေတာ့ဘူး’’ လုိ႔ စုေပါင္းညီညာ ပိန္ ေၾကာင္းရွာGroup မွာ၀င္ေရာက္ ထားသူတစ္ဦးက သူ႕အေတြ႕အ ႀကံဳကုိ ေျပာပါတယ္။

ေစ်းႏႈန္းဘယ္ေလာက္နဲ႔ ၀န္ ေဆာင္မႈရရွိႏုိင္သလဲ

စုေပါင္းညီညာ ပိန္ေၾကာင္း ရွာ Group ကုိ၀င္မယ္ဆုိရင္ေစ်း ႏႈန္းကေတာ့ က်ပ္တစ္သိန္းကုိ စတိသေဘာမ်ိဳးသတ္မွတ္ၿပီး ၀န္ ေဆာင္ခယူပါတယ္။ စစခ်င္းမွာ အားလုံးကုိ အခမဲ့ကူညီခဲ့ေပမယ့္ တန္ဖုိးမထားသူ ေသခ်ာမလုပ္သူ တခ်ိဳ႕ေၾကာင့္ တန္ဖုိးရွိတဲ့ Plan ေတြအလကားမျဖစ္ေစဖုိ႔ ေနာက္ ပိုင္းေစ်းႏႈန္းတစ္ခု သတ္မွတ္ယူ လုိက္တယ္လုိ႔ Group ပဲ့ကိုင္ရွင္ မသင္းစုက ေျပာပါတယ္။ ပိန္တဲ့ အထိကုိ တာ၀န္ယူထားတဲ့အ တြက္ Customer တစ္ဦးအတြက္ မပိန္မခ်င္းဒီ၀န္ေဆာင္မႈႏႈန္းထား နဲ႔ပဲ Plan ေတြစီစဥ္ေပးျဖစ္ပါတယ္ လုိ႔ မသင္းစုကေျပာပါတယ္။ မသင္းစုရဲ႕ Group ကုိ၀င္ခ်င္ရင္ ေတာ့ ေဖ့စ္ဘြတ္ခ္မွာ ‘စုေပါင္း ညီညာပိန္ေၾကာင္းရွာ@dietby thinnsu’ ဆိုၿပီး Group နာမည္ ႐ုိက္ထည့္ရွာေဖြဆက္သြယ္ႏုိင္ပါ တယ္။

မအိျမတ္ႏုိးသူရဲ႕ Diet Plan ေတြကေတာ့ ၀န္ေဆာင္မႈယူမယ့္ သူရဲ႕လုိခ်င္တဲ့ ရက္အေရအတြက္ ေပၚမူတည္ၿပီး ေစ်းႏႈန္းကုိ က်ပ္ တစ္သိန္းတစ္ေသာင္းကေန စ တင္သတ္မွတ္ထားပါတယ္။ သူ႔ ရဲ႕ Plan ကုိ ရယူလုိခ်င္ရင္ေတာ့ ဖုန္းနံပါတ္ ၀၉ ၇၉၅၃၃၄၅၂၅ ကုိဆက္သြယ္စုံစမ္းႏုိင္္ပါတယ္။

Diet Plan စီစဥ္သူအမ်ားစု ရဲ႕တူညီတဲ့အခ်က္ကေတာ့ Diet လုပ္တယ္ဆုိတာ အစာငတ္ခံရ တာ မဟုတ္ဘဲ က်န္းမာေရးနဲ႔ ညီ ၫြတ္စြာ အာဟာရမွ်တေအာင္ စားေသာက္ျခင္းဆုိတာကုိ လူထု လက္ခံလာေအာင္ႀကိဳးစားသြား မယ္ဆုိတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
အသက်ကလေး ၃၀ ကျော် လာသူတွေချင်း ခေါင်းချင်းဆိုင် မိရင် ပြောဖြစ်ကြတာက အစား လည်း လျှော့စားရဲ့သားနဲ့ ဝိတ်က ကျမလာဘူးဆိုတာပါပဲ။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ပိန်ချင်သူ တွေကြား Diet Plan လေး တစ်ခုယူထားပြီး ဝိတ်ချနေတယ်။ အစားလျှော့စရာမလိုဘဲ အရသာ ရှိရှိစားရင်းကနေ ဝိတ်ကျနိုင် တယ်ဆိုတဲ့ သတင်းစကားတစ်ခု က အမျိုးသမီးတွေစကားဝိုင်းမှာ နေရာယူလာပါတယ်။ တကယ် တမ်းကျတော့ အစားရှောင်တာ အစားအငတ်ခံတာဟာ ခန္ဓာ ကိုယ်အလေးချိန်ကျဖို့ အတိအ ကျမှန်ကန်တဲ့ နည်းလမ်းတစ်ခု တော့ မဟုတ်ပါဘူး။

Diet Plan ဆိုတာဘာလဲ

Diet Plan လို့ကြားလိုက်တာ နဲ့ အများစုကအစာငတ်ခံရတယ် လို့ ထင်ကြတယ်။ တကယ်တော့ ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စနစ်တကျ စားသုံးပြီးတော့ ဝိတ်ချခြင်းပဲဖြစ် ပါတယ်လို့ ‘စုပေါင်းညီညာ ပိန် ကြောင်းရှာ’ Group ရဲ့ ပဲ့ကိုင်သူ Diet Planner မသင်းစုက ပြော ပါတယ်။

‘‘ကိုယ်ကိုယ်တိုင်လည်း အ ရမ်းအဝမခံဘူး။ ကိုယ်သိသ လောက်၊ တတ်သလောက်လေးနဲ့ ဝိတ်ချတယ်ဆိုတော့ သူငယ်ချင်း တွေကလည်း ကိုယ့်ကိုဘာဖြစ်လို့ အရမ်းကြီးဝမလာတာလဲ၊ သူတို့ ကိုလည်း ပိန်အောင်လို့နည်းလေး တွေပေးပါဦးဆိုတဲ့အခါ Group လေးဖွဲ့ပြီးတော့ ကိုယ်သိထား၊ တတ်ထားတာလေးတွေ မျှေ၀ ရင်းက စလုပ်ဖြစ်တယ်’’ လို့ မသင်းစုက ပြောပါတယ်။

လူအများစုဟာ Diet Plan လို့ဆိုလိုက်ရင် ပိန်အောင်စား သောက်တဲ့ Plan လို့ထင်မြင်ယူဆ တတ်ကြပါတယ်။ အမှန်တော့ Diet ဆိုတာ နေ့စဉ်စားနေတဲ့အ စားအစာတွေဖြစ်ပြီး မအိရဲ့ Plan အားလုံးဟာ ဒီနေ့စဉ်ပုံမှန်စားနေ ကျအစားအစာထဲကနေ ကျန်းမာ ရေးအတွက်သော်လည်းကောင်း Weight Loss အတွက်သော်လည်း ကောင်း ပိုမိုထိရောက်မှုရှိစေဖို့ ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ အစာအာဟာရများနှင့်သီးသန့် စီစဉ်ဆောင်ရွက်ပေးနေတဲ့ Veg-an Plan တွေဖြစ်ပါတယ်လို့ Diet Planner တစ်ဦးဖြစ်တဲ့ မအိမြတ် နိုးသူက အဓိပ္ပာယ်ဖွင့်ဆိုရှင်းပြ ပါတယ်။

‘‘ကိုယ်တိုင်မကျန်းမာခြင်း ဆိုတဲ့အရာတွေကို ကြုံတွေ့ခံစား ခဲ့ရပြီး ဒီမကျန်းမာခြင်းတွေဟာ နေ့စဉ်မိမိစားသောက်နေထိုင်မှု ကြောင့်ဆိုတဲ့ အချက်ရယ်၊ ဒီ မကျန်းမာခြင်းကနေ ဖြစ်ပေါ်ခံ စားလာရတဲ့ ရောဂါဝေဒနာတွေ ကို လျော့ပါးသက်သာစေဖို့ သဘာဝအစားအစာအသီးအနှံ ဟင်းသီးဟင်းရွက်တွေကို အသုံး ပြုစားသောက်ရင်း Lifestyle ပြောင်းလဲနိုင်ရင် ပြောင်းလဲနိုင် သလောက် အကျိုးကျေးဇူးတွေ ရရှိတယ်ဆိုတဲ့ အချက်တွေကို လက်တွေ့ခံစားခဲ့ရချိန်မှာ ကိုယ့် အနားမှာရှိတဲ့ နီးစပ်ရာအန်တီ တွေညီအစ်မတွေအတွက် Plan လေး တစ်ခုစရေးပြီး ကိုယ်တွင်း အဆိပ်အတောက်တွေ စွန့်ထုတ် စေနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့ တယ်လို့ သူ့ရဲ့ Plan တွေကို ယုံ ကြည်စွာ သုံးစွဲသူပေါင်းများစွာ အတွက် စနစ်တကျစီမံပေးနေတဲ့ Diet Planner မအိမြတ်နိုးသူက ပြောပါတယ်။

Diet Plan ထဲမှာဘာတွေပါလဲ

ခန္ဓာကိုယ်အင်္ဂါရပ်များဟာ အစာအာဟာရကို စုပ်ယူပြီးခန္ဓာ ကိုယ်ကြီးထွားဖို့၊ ခွန်အားရှိဖို့၊ နေ ထိုင်ကောင်းမွန်ဖို့ ပြန်လည်ပြု ပြင်ပေးနေတာမို့ ကိုယ်ခန္ဓာအ တွက် လိုအပ်သော၊ လုံလောက် သော အစာအာဟာရဖြစ်စေဖို့ အဓိကထားပြီး ကောက်ပဲသီးနှံ အမျိုးမျိုး၊ သစ်သီး၊ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်တို့ ရောစပ်ပြီး ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ အစာအာဟာရပေးနိုင်ဖို့ ဦးတည် ထားဆောင်ရွက်ပေးနေပါတယ် လို့ Plan တွေစီစဉ်ပေးပုံနဲ့ ပါဝင် ပစ္စည်းတွေကို Diet Planner မအိ မြတ်နိုးသူက ရှင်းပြပါတယ်။

မသင်းစုကတော့ ကမ္ဘာ့ နံပါတ် (၁) ကနေ(၁၅) အထိ Nutritionist တွေရဲ့နည်းတွေကို လေ့လာပြီး ကျန်းမာရေးမကောင်း တဲ့သူတွေ၊ ရောဂါအခံရှိသူတွေ အတွက်ပါ အဆင်ပြေအောင်လို့ ထုတ်ထားတာကိုမှ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ Plan တွေဖြစ်အောင် ဖန်တီးစီစဉ်ဖြစ်ပါတယ်လို့ဆိုပါ တယ်။

‘‘တချို့အသီးအရွက်တွေက မြန်မာမှာ မရတာတွေရှိတယ်။ အဲဒါကို မြန်မာမှာ ရှိတာနဲ့အစား ထိုးပြီးတော့ ပြန်ထုတ်ရတယ်။ ဒါ ပေမဲ့ကိုယ့်သဘောနဲ့ကိုယ်ထုတ် လို့မရဘူး။ ဥပမာ မုန်လာဥနီဆို ပန်ကရိယတို့ အူမကြီးဖြတ်ထား သူတို့ဆို လုံးဝမသောက်သင့်ဘူး ဆိုတာရှိတော့ အဲဒါမျိုးပြန်ညှိပြန် ကြည့်ပြီး ထုတ်လို့ရတယ်။ Diet လုပ်မယ့်သူကို ဘာရောဂါရှိလဲဆို တာ မေးရတယ်။ အဲဒီအပေါ်မှာ စားသင့်၊ မစားသင့်ကို မှန်အောင် ပြန်ဆုံးဖြတ်ပေးရတာ’’ လို့ပြောပါ တယ်။

Diet Plan ယူထားရင် ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်ဖု့ိလိုအပ် သလား

ခန္ဓာကိုယ်လေ့ကျင့်ခန်းက တော့ Plan ယူထားသည်ဖြစ်စေ၊ မယူထားသည်ဖြစ်စေ ပုံမှန်လေ့ ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်းက ကျန်းမာရေးအတွက် အထူးသင့် တော်ကောင်းမွန်ကြောင်း Diet Planner များက ပြောပါတယ်။

‘‘လမ်းလျှောက်တာကို အား ပေးပါတယ်။ လမ်းလျှောက်ခြင်း ဟာ နှလုံးကြွက်သားနဲ့အဆုတ် အားကို ပိုပြီးသန်မာစေပါတယ်။ Diet လုပ်နေပေမယ့်လည်း တစ် ဖက်က ဒီလိုလမ်းလျှောက်ပေး မယ်ဆိုရင် အမောခံလာနိုင်မယ်။ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ် ခုဖြစ်အောင်လို့ပေါ့။ Diet က တော့ ခန္ဓာကိုယ်ကို အဆီချတယ်။ အဆီကျအောင်လုပ်တာ။ Gym ရဲ့သဘောကျတော့ ခန္ဓာကိုယ်အ ချိုးအစားကျပြီးတော့  လှပလာ အောင် လုပ်တယ်ပေါ့။ အဲဒီတော့ အဲဒီနှစ်ခုကို တွဲနိုင်ရင်တော့ ကောင်းတယ်။ ဒါပေမဲ့ Gym အ ရမ်းကစားမယ်ဆိုရင်တော့ အ စားကိုစားပေးရတယ်။ အစ်မတို့ Diet ကျတော့ ဆာတိုင်းအများကြီး စားလို့မရဘူး။ ကယ်လိုရီကို လျော့အောင် လုပ်ထားလို့’’ လို့ မသင်းစုက ဆိုပါတယ်။

သူ့ရဲ့ Plan တွေက ကယ် လိုရီကိုတစ်ထောင်နဲ့ တစ်ထောင့် ငါးရာကြား လုံးဝမကျော်အောင် စီစဉ်ပြင်ဆင်ပေးထားတဲ့အတွက် ဖြစ်ပါတယ်လို့ မသင်းစုက ရှင်းပြ ပါတယ်။ တကယ်လို့ လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ရောက် ခါနီးပြီ၊ ဒါမှမဟုတ် ဝိတ်ကျသွား တဲ့အတွက် ခန္ဓာကိုယ်အသားအ ရေ တင်းရင်းမှုလျော့ကျသွားတာ မျိုးကို ပြန်လည်ကုစားလိုတယ် ဆိုရင်တော့ Gym ပေးကစားပါ တယ်လို့ သူကပြောပါတယ်။

Plan တစ်ခုဝင်နေစဉ်မှာ အားကစားလုပ်သူရော၊ မလုပ် အားသူတွေရော ရှိပါတယ်။ Weight Loss အတွက်ရည်ရွယ်  သူအများစုက ကစားကြပါတယ်။ ကစားဖို့ အချိန်မပေးနိုင်သူအခက် အခဲရှိသူတွေလည်း ရှိပါတယ်။ အားကစားအတွက် အချိန်မပေး နိုင်ဘဲ Plan ကို မိမိ Weight Target တစ်ခုရောက်ဖို့ ရည်ရွယ် ကြိုးစားဆင်ခြင်ပြီးသေချာတိကျ လိုက်နာကာ မိမိ Target ရောက် သွားသူတွေလည်း အများကြီးရှိပါ တယ်။ ဒါပေမဲ့ အားကစားကို တော့ လုပ်နိုင်ရင်အသက်ရှင်နေ ထိုင်မယ့် ဘဝတစ်လျှောက်လုံး အတွက် အကောင်းဆုံးကျန်းမာ ရေးကာကွယ်မှုတစ်ခုဖြစ်စေမှာ ပါလို့ မအိမြတ်နိုးသူကတော့ အကြံပြုပါတယ်။

လေ့ကျင့်ခန်းတစ်ခုခုမလုပ် ဘဲ Diet Plan အတိုင်းစနစ်တကျ အာဟာရပြည့်ဝစွာစားရင် ကျန်း မာရေးက ပိုမိုကောင်းမွန်လာနိုင် တယ်လို့ Plan အသုံးပြုသူများက ပြောကြပါတယ်။

‘‘Plan အတိုင်းစားတော့ ပေါင် ၂၀ ကျော်ကျတယ်။ ကျန်း မာရေးလည်း အတော်ကောင်းပါ တယ်။ Healthy Lifestyle ချိန်း ဖြစ်သွားတယ်။ အဆီအငန်မစား ဖြစ်တော့ဘူး။ ထမင်းကို မမက် တော့ဘူး’’ လို့ စုပေါင်းညီညာ ပိန် ကြောင်းရှာGroup မှာဝင်ရောက် ထားသူတစ်ဦးက သူ့အတွေ့အ ကြုံကို ပြောပါတယ်။

ဈေးနှုန်းဘယ်လောက်နဲ့ ဝန် ဆောင်မှုရရှိနိုင်သလဲ

စုပေါင်းညီညာ ပိန်ကြောင်း ရှာ Group ကိုဝင်မယ်ဆိုရင်ဈေး နှုန်းကတော့ ကျပ်တစ်သိန်းကို စတိသဘောမျိုးသတ်မှတ်ပြီး ဝန် ဆောင်ခယူပါတယ်။ စစချင်းမှာ အားလုံးကို အခမဲ့ကူညီခဲ့ပေမယ့် တန်ဖိုးမထားသူ သေချာမလုပ်သူ တချို့ကြောင့် တန်ဖိုးရှိတဲ့ Plan တွေအလကားမဖြစ်စေဖို့ နောက် ပိုင်းဈေးနှုန်းတစ်ခု သတ်မှတ်ယူ လိုက်တယ်လို့ Group ပဲ့ကိုင်ရှင် မသင်းစုက ပြောပါတယ်။ ပိန်တဲ့ အထိကို တာဝန်ယူထားတဲ့အ တွက် Customer တစ်ဦးအတွက် မပိန်မချင်းဒီဝန်ဆောင်မှုနှုန်းထား နဲ့ပဲ Plan တွေစီစဉ်ပေးဖြစ်ပါတယ် လို့ မသင်းစုကပြောပါတယ်။ မသင်းစုရဲ့ Group ကိုဝင်ချင်ရင် တော့ ဖေ့စ်ဘွတ်ခ်မှာ ‘စုပေါင်း ညီညာပိန်ကြောင်းရှာ@dietby thinnsu’ ဆိုပြီး Group နာမည် ရိုက်ထည့်ရှာဖွေဆက်သွယ်နိုင်ပါ တယ်။

မအိမြတ်နိုးသူရဲ့ Diet Plan တွေကတော့ ဝန်ဆောင်မှုယူမယ့် သူရဲ့လိုချင်တဲ့ ရက်အရေအတွက် ပေါ်မူတည်ပြီး ဈေးနှုန်းကို ကျပ် တစ်သိန်းတစ်သောင်းကနေ စ တင်သတ်မှတ်ထားပါတယ်။ သူ့ ရဲ့ Plan ကို ရယူလိုချင်ရင်တော့ ဖုန်းနံပါတ် ၀၉ ၇၉၅၃၃၄၅၂၅ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Diet Plan စီစဉ်သူအများစု ရဲ့တူညီတဲ့အချက်ကတော့ Diet လုပ်တယ်ဆိုတာ အစာငတ်ခံရ တာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီ ညွတ်စွာ အာဟာရမျှတအောင် စားသောက်ခြင်းဆိုတာကို လူထု လက်ခံလာအောင်ကြိုးစားသွား မယ်ဆိုတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top