Golden City Promotion
×

"ဟေရာင္… ငါတို႕ မျပန္ပဲ… ဒီရြာမွာပဲ ညအိပ္ရင္ ေကာင္းမလား.."

"အာ.. မျဖစ္ဘူးကြ… မနက္ျဖန္ … ေက်ာင္းတက္ရမွာ မင္းလည္း အသိကို.. ငါတို႕ ဒီည ၿမိဳ႕ကို ျပန္ ေရာက္မွ ျဖစ္မွာ…"

"ဟုတ္ေတာ့ ဟုတ္ပါတယ္.. ဒါေပမယ့္.. ငါတုိ႕ ျမိဳ႕ထိပ္က သင္းခ်ိဳင္း အေၾကာင္းလည္း မင္းသိသားနဲ႕. ေန၀င္ပီဆို ဘယ္သူမွေတာင္ ျဖတ္ေတာ့တာ မဟုတ္ဘူး… ငါတို႕ ဒီအခ်ိန္သြားရင္ သင္းခ်ိဳင္းကို ညလယ္ခ်ိန္မွာ ျဖတ္ရမွာေနာ္…"

"ဆိုင္ကယ္နဲ႕ပဲကြာ… ဘာျဖစ္လဲ… ျဖတ္တာေပါ့…"

ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ့္သူငယ္ခ်င္း တစ္ေယာက္ သူတို႕ရြာကို အလည္သြားရာမွ အခ်ိန္လြန္ၿပီး အိမ္  ျပန္ရန္ အခက္ေတြ႕ေနၾကျခင္းျဖစ္သည္။ ဟုတ္လည္း ဟုတ္သည္။ ကၽြန္ေတာ္တို႕ ျမိဳ႕ျပင္ သင္းခ်ိဳင္းက နာမည္ၾကီးသည္။ သုဘရာဇာေတာင္ ညဘက္ အေလာင္းခ်စရာရွိရင္ ေန႕လည္ကတည္း က ကၽြင္းတူးထားၿပီး ညေနကို ကိစၥအျပီးျဖတ္ၿပီး ၿမိဳ႕ထဲ ျပန္အိပ္သည္။ ညေန ေမွာင္စပ်ိဳးျပီဆိုတာနဲ႕ သခ်ိဳင္းထဲတြင္ ေခြးေလေခြးလြင့္မ်ားမွအပ ဘာမွ မရွိေတာ့…။

"ဟေရာင္… ဒီလိုလုပ္… လမ္းတစ္ေလွ်ာက္လံုး.. ငါတို႕ ဆိုင္ကယ္စီးရင္း.. စကားေျပာသြားၾကမယ္.. ဒီလိုဆို အဲ့ဒီသင္းခ်ိဳင္း ဘယ္လို ေက်ာ္လို႕ ေက်ာ္သြားမွန္းေတာင္ သိမွာမဟုတ္ဘူး.."

"ေအး..အဲ့ဒီ အစီအစဥ္ေကာင္းတယ္…"

ဒီလိုနဲ႕ ႏွစ္ေယာက္သား စကားတေျပာေျပာနဲ႕ ဆိုင္ကယ္စီးလာလိုက္ၾကတာနဲ႕…. ခရီး တစ္၀က္က်ိဳး  ည၁၀း၀၀ ခြဲေလာက္လဲ ေရာက္ေရာ.. ဆိုင္ကယ္ ေရွ႕မီးက ျဖတ္ကနဲ ကၽြမ္းသြားတယ္..

"ဟ…ေသာက္က်ိဳးနဲ…မီးသီးကၽြမ္းသြားပဟ…"

"မင္းက သရဲ ေၾကာက္ေၾကာက္နဲ႕ လီဗာ အသားကုန္ လြတ္ဆြဲတာကိုးဟ.."

"ဟေရာင္… ဒီအေၾကာင္း မစပါနဲ႕ဆို… ခြီးတဲ့မွ… မင္းမွာ ဓါတ္မီးပါတယ္မွတ္လား.. ငါ့ကို ေနာက္ကေန မီးထိုးေပး.."

ဒီလိုနဲ႕ ျဖစ္သလို ဆက္ေမာင္းလာလိုက္ၾကတာ… ည (၁း၀၀) ေရာက္လည္း ေရာက္ေရာ.. ၿမိဳ႕ထိပ္ က သင္းခ်ိဳင္းကုန္း နားကို ေရာက္လာပါေရာ…

"ဟေရာင္… အသားကုန္ဆြဲကြာ.. လမ္းက ျဖဴးေနတာပဲကို…"

ကၽြန္ေတာ္လည္း ေၾကာက္ေၾကာက္နဲ႕ ဟိုေကာင္ ေျမွာက္ေပးတဲ့အတိုင္း လီဗာကို မိုင္ကုန္ဆြဲျပီး သင္းခ်ိဳင္းကို အျမန္ေက်ာ္ဖို႕ ၾကိဳးစားလိုက္တယ္..။ အဲ့ဒီအခ်ိန္မွာပဲ..

"ဂလုတ္…ဂလုတ္…ဂလုတ္…."

"ဟ…ဘာျဖစ္တာလဲ ..ဟေရာင္…"

"ဟေရာင္ေရ.. ေသေရာဟ… ခ်ိန္းဆက္ျပဳတ္သြားတာကြ…"

"ေတာက္…. ဒီေနရာကို ေက်ာ္ခ်င္ပါတယ္ဆိုမွ ဒီေနရာ ေရွ႕မွာ လာျဖစ္ရတယ္လို႕…"

"ဟေရာင္… ဒီအေၾကာင္းမေျပာပါနဲ႕ဆို… လာ ဆိုင္ကယ္ကို ဒီမွာ ေဒါက္ေထာက္ခဲ့.. ေနာက္မွ ခ်ိန္း ဆက္ျပန္လိုက္ရွာၾကမယ္…"

ႏွစ္ေယာက္သား ေၾကာက္ေၾကာက္နဲ႕ ဓါတ္မီးထြန္းၿပီး ခ်ိန္းဆက္ေလးကို လိုက္ရွာေနလိုက္ၾကတာ အခ်ိန္ ဘယ္ေလာက္ေတာင္ တာသြားလိုက္လဲမသိဘူး… ျဗဳန္းဆို…. ဓါတ္မီး ေရာင္ေအာက္မွာ ေျခေထာက္တစ္စံု ေပၚလာတယ္… ႏွစ္ေယာက္သား အေပၚကို ဆက္မၾကည့္ရဲေသးပဲ ေၾကာက္ရြံ႕စြာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကတယ္.. ျပီးမွ တံေတြးမ်ိဳခ်လိုက္ပီး အေပၚကို ဆက္ ၾကည့္လိုက္ေတာ့… အသက္ ၇၀ အရြယ္ အဘိုးၾကီး တစ္ေယာက္…

"သားတို႕ အဘကို ကူညီပါအံုးကြယ္…"

"ဗ်ာ….."

"အဘေလ… အဘ ေျမးေလးကို လာျမွပ္တာ…."

"ဗ်ာ…."

"ဒီလိုပါ ေျမးတို႕ရယ္.. အဘ ေျမးေလးက မေန႕ကပဲ  ၀မ္းေလွ်ာပီး ဆံုးသြားတယ္ကြယ္.. အဲ့ဒါ ျမွပ္ခ်င္လို႕ ကူညီပါအံုးေနာ္…"

"အာ… အဘကလည္း… ျမွပ္စရာရွိ.. ေန႕လည္ျမွပ္ေပါ့ဗ်… ဒါမွ မဟုတ္ သုဘရာဇာ လက္အပ္ လိုက္ေလ…"

"အဘတို႕က ဆင္းရဲပါတယ္ကြယ္… ရက္လည္ဆြမ္းေတာင္မွ ခုထိ မကပ္ရေသးပါဘူး… အဘမွာ ေဆြမ်ိဳးကလည္းမရွိ… ဒီေျမးေလး တစ္ေယာက္တည္းရွိတာ…ခုေတာ့…ခုေတာ့…ကူညီေပးပါ သားတို႕ရယ္.."

ကၽြန္ေတာ္ ခဏမွ် စဥ္းစားလိုက္ျပီး

"ကဲ…ကဲ…. ျပီးေရာဗ်ာ…. ဟေရာင္ထ.. သြားမယ္…"

"အာ… ျဖစ္….ျဖစ္ပါ့မလားကြာ…. ငါ သင္းခ်ိဳင္းထဲမ၀င္ရဲဘူး…ျပီးေတာ့…ျပီးေတာ့.. အဲ့အဘက သရဲ ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ…"

"ခြီးတဲ့မွ သရဲျဖစ္ေနမွေတာ့.. ငါတို႕ကို လာပီး အကူအညီေတာင္းပါ့မလား..ေျခာက္လႊတ္လိုက္မွာေပါ့ ဟ… ပိုက္ဆံမရွိလို႕ပါတဲ့ဆို… သနားပါတယ္ကြာ…ကူညီလိုက္တာေပါ့..ကုသိုလ္ရပါတယ္.."

ႏွစ္ေယာက္သား အဘေနာက္ကေန ကုပ္ေခ်ာင္းေခ်ာင္းနဲ႕ လိုက္ပါသြားၾကတယ္….. သင္းခ်ိဳင္း တစ္ေနရာ ေရာက္ေတာ့… တူးလက္စ တြင္းေလးတစ္ခုနဲ႕ ေပါက္တူး တစ္ေခ်ာင္းကို ေတြ႕ရတယ္..

"ဒီေနရာပဲ သားတို႕ရယ္.. အဘ ဆက္မတူးႏိုင္ေတာ့လို႕…သားတို႕ ဆက္တူးေပးပါအံုး…"

"အဘ ေျမးအေလာင္းက ဘယ္မွာလဲ…"

"ဟိုးး အုတ္ဂူေပၚမွာ တင္ထားတယ္…"

ဖ်ာလိပ္နဲ႕ ပတ္ထားတဲ့ ၅ ေပေလာက္ရွည္တဲ့ အေလာင္း တစ္ေလာင္းကို ေတြ႕လိုက္ရတယ္.. အေလာင္းရဲ႕ပံုစံၾကည့္ရတာ အသက္ ၇ ႏွစ္ ၈ ပဲ ရွိအံုးမယ္လို႕ ခန္႕မွန္းရတယ္..

ကၽြန္ေတာ္တို႕ သူငယ္ခ်င္း ႏွစ္ေယာက္ တစ္ေယာက္ကလွည့္ တူးလိုက္ၾကတာ ခဏၾကာေတာ့ ကေလး တစ္ေယာက္ ေကာင္းေကာင္းျမွပ္လို႕ရမယ့္ ၾကြင္းအေနအေထား ေရာက္သြားပီ…

"ျပီးသြားပီ အဘ…"

"တူးေပးပါအံုးကြယ္.. က်ယ္က်ယ္ေလး… ငါ့ေျမးေလး က်ပ္ေနမွာစိုးလို႕ပါ…"

ကၽြန္ေတာ္တို႕လည္း ေနာက္ ဆယ္မိနစ္ေလာက္ၾကာေအာင္ ဆက္တူးေပးလိုက္တယ္…

"ဒီေလာက္ဆို ရပီလား အဘ…"

"ေအး..ရပီ..ေျမးတို႕ရယ္..ေက်းဇူးပါပဲ…ဒီေလာက္ဆို အဘတို႕ ေျမးအဘိုး ႏွစ္ေယာက္အတြက္ ဆန္႕ေလာက္ပါတယ္..."

"ဗ်ာ...အဘ.... ဘာ...ဘာ..ေျပာလိုက္တာ...."

အဘက ဘာမွ ထပ္မေျပာေတာ့ပဲ...
"အဘ ေျမးကို တစ္ခါတည္း ျမွပ္လုိက္ေတာ့မယ္.. ခဏေနာ္.." ဆိုၿပီး အုတ္ဂူေပၚမွာ တင္ထားတဲ့ အေလာင္းကို ပုခံုးေပၚမွာ ထမ္းခ်လာတယ္..။ ျပီးေတာ့ ကၽြန္ေတာ္ တို႕ နွစ္ေယာက္ေရွ႕မွာ ခ်လိုက္တယ္..။

"သားတို႕ တစ္ဖက္က ကိုင္ေပးပါလား.."

ကၽြန္ေတာ္တို႕လည္း အေလာင္းတစ္ဖက္ကေနကိုင္ၿပီး ဆြဲမလိုက္တယ္..။ ပုပ္သိုးတဲ့ အညွီနံ႕က ႏွာေခါင္းထဲကို အလုအယက္တုိး၀င္လာတယ္.. အဲ့ဒီအခ်ိန္မွာပဲ.. အေလာင္းကို ႏွစ္ဖက္မတာ မညီတာ ေၾကာင့္ ဖ်ာလိပ္က အဘဖက္ကို ေလွ်ာၾကသြားတယ္..။ ကၽြန္ေတာ္တို႕ လက္ထဲမွာ က်န္ခဲ့တာက….. မ်က္လံုးၾကီး ပြင့္ၿပီး ကၽြန္ေတာ္တို႕ကို ျပဴးၾကည့္ေနတဲ့ ကေလးအေလာင္းးး

"အားးးးးးးးး… ဟေရာင္….လုပ္ပါအံုး….."

ကၽြန္ေတာ္လည္း ေၾကာက္ေၾကာက္လန္႕လန္႕နဲ႕ ကေလးအေလာင္းကို ကၽြင္းထဲ ပစ္ခ်လိုက္တယ္..။

"ဟင္… မင္းတို႕….မင္းတို႕…ငါ့ေျမးကို ဘာလုပ္တာလဲ…. ငါ့ေျမးကို ဘာလုိ႕ပစ္ခ်လိုက္တာလဲ…"

"ကၽြန္ေတာ္တို႕ မရည္ရြယ္ပါဘူး..ကေလးက မ်က္လံုးမပိတ္ထားေတာ့..လန္႕ျပီး…ပစ္…ပစ္…"

"အဟင့္…အဟင့္…. အဟင့္….." ဒီအခိ်န္မွာပဲ…. ကၽြင္းထဲက အေလာင္းကေန ေကာင္မေလး တစ္ေယာက္ရဲ႕ ငိုသံထြက္လာတယ္…။

"ဟင္….ငါ့ေျမးေလးနာလို႕ ငိုေနပီ… ငါ့ေျမးေလး နာေအာင္ လုပ္တဲ့ေကာင္ေတြ… ငါနဲ႕ေတြ႕မယ္… ငါနဲ႕ေတြ႕မယ္…"

"အားးးးးးးးး…….."

"အားးးး.. အေမေရ… ကယ္ပါအံုး…. သရဲဗ်… သရဲ…သရဲ…အဟီးးး …အဟီးး…"

ကၽြန္ေတာ္တို႕ ႏွစ္ေယာက္ အိမ္ကို ဘယ္လိုျပန္ေရာက္လာမွန္းမသိေတာ့ပါဘူး..။ ဆိုင္ကယ္မယူပဲ ေတာက္ေလွ်ာက္ကိုေျပးလာတာပါ..။ အိမ္ေရာက္ေတာ့ ဖိနပ္ေတြလည္း ပါမလာေတာ့ဘူး.. ဟို ေကာင္ဆို ေဘာင္းဘီတိုေလးပဲ ျပန္ပါလာေတာ့တယ္…။ ကၽြန္ေတာ္တို႕ ႏွစ္ေယာက္လံုး တစ္ပတ္ေလာက္ လိပ္ျပာလြင့္ၿပီး ဖ်ားခဲ့ၾကပါတယ္..။

ဒီျဖစ္ရပ္ေတြ အျပီး ေျခာက္လေလာက္ အၾကာမွာ.. အသုဘပို႕ရင္း သင္းခ်ိဳင္းကို ေနာက္တစ္ေခါက္ ေရာက္လာခဲ့ရပါတယ္..။ သင္းခ်ိဳင္းထဲ၀င္၀င္ခ်င္းပဲ ၾကက္သီးေတြ ထသြားခဲ့ၿပီး အားလံုးကိစၥေတြ ပီးလို႕ ကားေပၚ ျပန္တက္မယ့္ အခ်ိန္မွာ ကၽြန္ေတာ့္စိတ္ထဲ အေတြး တခု ၀င္လာပါတယ္..။ ကၽြန္ေတာ္ ခ်က္ခ်င္းပဲ ကားေပၚက ဆင္းျပီး..
"ခဏေနာ္… အေပါ့သြားခ်င္လို႕…" လို႕ေျပာျပီး ကၽြန္ေတာ္တို႕ ၾကံဳေတြ႕ခဲ့ရတဲ့ ေနရာကို သြားၾကည့္ မိပါတယ္..။ ကၽြန္ေတာ္ ေတြ႕ခဲ့ရတာကေတာ့…. ေျမပံုေလးနွစ္ခုကို ကပ္လ်က္ျမွပ္ထားတာကို ေတြ႕လိုက္ရပါတယ္…. ေျမပံုေလးႏွစ္ခုေပၚမွာ ေရးထားတာကေတာ့…..

"ဦးဖိုးစိန္ - အသက္ (၇၂) - ၂၄-၆-၂၀၀၃
ေက်ာ့ျဖဴစင္ - အသက္ (၈) - ၂၄-၆-၂၀၀၃ "

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေအာင္ထြန္းဦး

#Unicode Version#
"ဟရောင်… ငါတို့ မပြန်ပဲ… ဒီရွာမှာပဲ ညအိပ်ရင် ကောင်းမလား.."

"အာ.. မဖြစ်ဘူးကွ… မနက်ဖြန် … ကျောင်းတက်ရမှာ မင်းလည်း အသိကို.. ငါတို့ ဒီည မြို့ကို ပြန် ရောက်မှ ဖြစ်မှာ…"

"ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့်.. ငါတို့ မြို့ထိပ်က သင်းချိုင်း အကြောင်းလည်း မင်းသိသားနဲ့. နေဝင်ပီဆို ဘယ်သူမှတောင် ဖြတ်တော့တာ မဟုတ်ဘူး… ငါတို့ ဒီအချိန်သွားရင် သင်းချိုင်းကို ညလယ်ချိန်မှာ ဖြတ်ရမှာနော်…"

"ဆိုင်ကယ်နဲ့ပဲကွာ… ဘာဖြစ်လဲ… ဖြတ်တာပေါ့…"

ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း တစ်ယောက် သူတို့ရွာကို အလည်သွားရာမှ အချိန်လွန်ပြီး အိမ်  ပြန်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဟုတ်လည်း ဟုတ်သည်။ ကျွန်တော်တို့ မြို့ပြင် သင်းချိုင်းက နာမည်ကြီးသည်။ သုဘရာဇာတောင် ညဘက် အလောင်းချစရာရှိရင် နေ့လည်ကတည်း က ကျွင်းတူးထားပြီး ညနေကို ကိစ္စအပြီးဖြတ်ပြီး မြို့ထဲ ပြန်အိပ်သည်။ ညနေ မှောင်စပျိုးပြီဆိုတာနဲ့ သချိုင်းထဲတွင် ခွေးလေခွေးလွင့်များမှအပ ဘာမှ မရှိတော့…။

"ဟရောင်… ဒီလိုလုပ်… လမ်းတစ်လျှောက်လုံး.. ငါတို့ ဆိုင်ကယ်စီးရင်း.. စကားပြောသွားကြမယ်.. ဒီလိုဆို အဲ့ဒီသင်းချိုင်း ဘယ်လို ကျော်လို့ ကျော်သွားမှန်းတောင် သိမှာမဟုတ်ဘူး.."

"အေး..အဲ့ဒီ အစီအစဉ်ကောင်းတယ်…"

ဒီလိုနဲ့ နှစ်ယောက်သား စကားတပြောပြောနဲ့ ဆိုင်ကယ်စီးလာလိုက်ကြတာနဲ့…. ခရီး တစ်ဝက်ကျိုး  ည၁၀း၀၀ ခွဲလောက်လဲ ရောက်ရော.. ဆိုင်ကယ် ရှေ့မီးက ဖြတ်ကနဲ ကျွမ်းသွားတယ်..

"ဟ…သောက်ကျိုးနဲ…မီးသီးကျွမ်းသွားပဟ…"

"မင်းက သရဲ ကြောက်ကြောက်နဲ့ လီဗာ အသားကုန် လွတ်ဆွဲတာကိုးဟ.."

"ဟရောင်… ဒီအကြောင်း မစပါနဲ့ဆို… ခွီးတဲ့မှ… မင်းမှာ ဓါတ်မီးပါတယ်မှတ်လား.. ငါ့ကို နောက်ကနေ မီးထိုးပေး.."

ဒီလိုနဲ့ ဖြစ်သလို ဆက်မောင်းလာလိုက်ကြတာ… ည (၁း၀၀) ရောက်လည်း ရောက်ရော.. မြို့ထိပ် က သင်းချိုင်းကုန်း နားကို ရောက်လာပါရော…

"ဟရောင်… အသားကုန်ဆွဲကွာ.. လမ်းက ဖြူးနေတာပဲကို…"

ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဟိုကောင် မြှောက်ပေးတဲ့အတိုင်း လီဗာကို မိုင်ကုန်ဆွဲပြီး သင်းချိုင်းကို အမြန်ကျော်ဖို့ ကြိုးစားလိုက်တယ်..။ အဲ့ဒီအချိန်မှာပဲ..

"ဂလုတ်…ဂလုတ်…ဂလုတ်…."

"ဟ…ဘာဖြစ်တာလဲ ..ဟရောင်…"

"ဟရောင်ရေ.. သေရောဟ… ချိန်းဆက်ပြုတ်သွားတာကွ…"

"တောက်…. ဒီနေရာကို ကျော်ချင်ပါတယ်ဆိုမှ ဒီနေရာ ရှေ့မှာ လာဖြစ်ရတယ်လို့…"

"ဟရောင်… ဒီအကြောင်းမပြောပါနဲ့ဆို… လာ ဆိုင်ကယ်ကို ဒီမှာ ဒေါက်ထောက်ခဲ့.. နောက်မှ ချိန်း ဆက်ပြန်လိုက်ရှာကြမယ်…"

နှစ်ယောက်သား ကြောက်ကြောက်နဲ့ ဓါတ်မီးထွန်းပြီး ချိန်းဆက်လေးကို လိုက်ရှာနေလိုက်ကြတာ အချိန် ဘယ်လောက်တောင် တာသွားလိုက်လဲမသိဘူး… ဗြုန်းဆို…. ဓါတ်မီး ရောင်အောက်မှာ ခြေထောက်တစ်စုံ ပေါ်လာတယ်… နှစ်ယောက်သား အပေါ်ကို ဆက်မကြည့်ရဲသေးပဲ ကြောက်ရွံ့စွာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်.. ပြီးမှ တံတွေးမျိုချလိုက်ပီး အပေါ်ကို ဆက် ကြည့်လိုက်တော့… အသက် ၇၀ အရွယ် အဘိုးကြီး တစ်ယောက်…

"သားတို့ အဘကို ကူညီပါအုံးကွယ်…"

"ဗျာ….."

"အဘလေ… အဘ မြေးလေးကို လာမြှပ်တာ…."

"ဗျာ…."

"ဒီလိုပါ မြေးတို့ရယ်.. အဘ မြေးလေးက မနေ့ကပဲ  ဝမ်းလျှောပီး ဆုံးသွားတယ်ကွယ်.. အဲ့ဒါ မြှပ်ချင်လို့ ကူညီပါအုံးနော်…"

"အာ… အဘကလည်း… မြှပ်စရာရှိ.. နေ့လည်မြှပ်ပေါ့ဗျ… ဒါမှ မဟုတ် သုဘရာဇာ လက်အပ် လိုက်လေ…"

"အဘတို့က ဆင်းရဲပါတယ်ကွယ်… ရက်လည်ဆွမ်းတောင်မှ ခုထိ မကပ်ရသေးပါဘူး… အဘမှာ ဆွေမျိုးကလည်းမရှိ… ဒီမြေးလေး တစ်ယောက်တည်းရှိတာ…ခုတော့…ခုတော့…ကူညီပေးပါ သားတို့ရယ်.."

ကျွန်တော် ခဏမျှ စဉ်းစားလိုက်ပြီး

"ကဲ…ကဲ…. ပြီးရောဗျာ…. ဟရောင်ထ.. သွားမယ်…"

"အာ… ဖြစ်….ဖြစ်ပါ့မလားကွာ…. ငါ သင်းချိုင်းထဲမဝင်ရဲဘူး…ပြီးတော့…ပြီးတော့.. အဲ့အဘက သရဲ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ…"

"ခွီးတဲ့မှ သရဲဖြစ်နေမှတော့.. ငါတို့ကို လာပီး အကူအညီတောင်းပါ့မလား..ခြောက်လွှတ်လိုက်မှာပေါ့ ဟ… ပိုက်ဆံမရှိလို့ပါတဲ့ဆို… သနားပါတယ်ကွာ…ကူညီလိုက်တာပေါ့..ကုသိုလ်ရပါတယ်.."

နှစ်ယောက်သား အဘနောက်ကနေ ကုပ်ချောင်းချောင်းနဲ့ လိုက်ပါသွားကြတယ်….. သင်းချိုင်း တစ်နေရာ ရောက်တော့… တူးလက်စ တွင်းလေးတစ်ခုနဲ့ ပေါက်တူး တစ်ချောင်းကို တွေ့ရတယ်..

"ဒီနေရာပဲ သားတို့ရယ်.. အဘ ဆက်မတူးနိုင်တော့လို့…သားတို့ ဆက်တူးပေးပါအုံး…"

"အဘ မြေးအလောင်းက ဘယ်မှာလဲ…"

"ဟိုးး အုတ်ဂူပေါ်မှာ တင်ထားတယ်…"

ဖျာလိပ်နဲ့ ပတ်ထားတဲ့ ၅ ပေလောက်ရှည်တဲ့ အလောင်း တစ်လောင်းကို တွေ့လိုက်ရတယ်.. အလောင်းရဲ့ပုံစံကြည့်ရတာ အသက် ၇ နှစ် ၈ ပဲ ရှိအုံးမယ်လို့ ခန့်မှန်းရတယ်..

ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် တစ်ယောက်ကလှည့် တူးလိုက်ကြတာ ခဏကြာတော့ ကလေး တစ်ယောက် ကောင်းကောင်းမြှပ်လို့ရမယ့် ကြွင်းအနေအထေား ရောက်သွားပီ…

"ပြီးသွားပီ အဘ…"

"တူးပေးပါအုံးကွယ်.. ကျယ်ကျယ်လေး… ငါ့မြေးလေး ကျပ်နေမှာစိုးလို့ပါ…"

ကျွန်တော်တို့လည်း နောက် ဆယ်မိနစ်လောက်ကြာအောင် ဆက်တူးပေးလိုက်တယ်…

"ဒီလောက်ဆို ရပီလား အဘ…"

"အေး..ရပီ..မြေးတို့ရယ်..ကျေးဇူးပါပဲ…ဒီလောက်ဆို အဘတို့ မြေးအဘိုး နှစ်ယောက်အတွက် ဆန့်လောက်ပါတယ်..."

"ဗျာ...အဘ.... ဘာ...ဘာ..ပြောလိုက်တာ...."

အဘက ဘာမှ ထပ်မပြောတော့ပဲ...
"အဘ မြေးကို တစ်ခါတည်း မြှပ်လိုက်တော့မယ်.. ခဏနော်.." ဆိုပြီး အုတ်ဂူပေါ်မှာ တင်ထားတဲ့ အလောင်းကို ပုခုံးပေါ်မှာ ထမ်းချလာတယ်..။ ပြီးတော့ ကျွန်တော် တို့ နှစ်ယောက်ရှေ့မှာ ချလိုက်တယ်..။

"သားတို့ တစ်ဖက်က ကိုင်ပေးပါလား.."

ကျွန်တော်တို့လည်း အလောင်းတစ်ဖက်ကနေကိုင်ပြီး ဆွဲမလိုက်တယ်..။ ပုပ်သိုးတဲ့ အညှီနံ့က နှာခေါင်းထဲကို အလုအယက်တိုးဝင်လာတယ်.. အဲ့ဒီအချိန်မှာပဲ.. အလောင်းကို နှစ်ဖက်မတာ မညီတာ ကြောင့် ဖျာလိပ်က အဘဖက်ကို လျှောကြသွားတယ်..။ ကျွန်တော်တို့ လက်ထဲမှာ ကျန်ခဲ့တာက….. မျက်လုံးကြီး ပွင့်ပြီး ကျွန်တော်တို့ကို ပြူးကြည့်နေတဲ့ ကလေးအလောင်းးး

"အားးးးးးးးး… ဟရောင်….လုပ်ပါအုံး….."

ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ကလေးအလောင်းကို ကျွင်းထဲ ပစ်ချလိုက်တယ်..။

"ဟင်… မင်းတို့….မင်းတို့…ငါ့မြေးကို ဘာလုပ်တာလဲ…. ငါ့မြေးကို ဘာလို့ပစ်ချလိုက်တာလဲ…"

"ကျွန်တော်တို့ မရည်ရွယ်ပါဘူး..ကလေးက မျက်လုံးမပိတ်ထားတော့..လန့်ပြီး…ပစ်…ပစ်…"

"အဟင့်…အဟင့်…. အဟင့်….." ဒီအချိန်မှာပဲ…. ကျွင်းထဲက အလောင်းကနေ ကောင်မလေး တစ်ယောက်ရဲ့ ငိုသံထွက်လာတယ်…။

"ဟင်….ငါ့မြေးလေးနာလို့ ငိုနေပီ… ငါ့မြေးလေး နာအောင် လုပ်တဲ့ကောင်တွေ… ငါနဲ့တွေ့မယ်… ငါနဲ့တွေ့မယ်…"

"အားးးးးးးးး…….."

"အားးးး.. အမေရေ… ကယ်ပါအုံး…. သရဲဗျ… သရဲ…သရဲ…အဟီးးး …အဟီးး…"

ကျွန်တော်တို့ နှစ်ယောက် အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းမသိတော့ပါဘူး..။ ဆိုင်ကယ်မယူပဲ တောက်လျှောက်ကိုပြေးလာတာပါ..။ အိမ်ရောက်တော့ ဖိနပ်တွေလည်း ပါမလာတော့ဘူး.. ဟို ကောင်ဆို ဘောင်းဘီတိုလေးပဲ ပြန်ပါလာတော့တယ်…။ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ပတ်လောက် လိပ်ပြာလွင့်ပြီး ဖျားခဲ့ကြပါတယ်..။

ဒီဖြစ်ရပ်တွေ အပြီး ခြောက်လလောက် အကြာမှာ.. အသုဘပို့ရင်း သင်းချိုင်းကို နောက်တစ်ခေါက် ရောက်လာခဲ့ရပါတယ်..။ သင်းချိုင်းထဲဝင်ဝင်ချင်းပဲ ကြက်သီးတွေ ထသွားခဲ့ပြီး အားလုံးကိစ္စတွေ ပီးလို့ ကားပေါ် ပြန်တက်မယ့် အချိန်မှာ ကျွန်တော့်စိတ်ထဲ အတွေး တခု ဝင်လာပါတယ်..။ ကျွန်တော် ချက်ချင်းပဲ ကားပေါ်က ဆင်းပြီး..
"ခဏနော်… အပေါ့သွားချင်လို့…" လို့ပြောပြီး ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ နေရာကို သွားကြည့် မိပါတယ်..။ ကျွန်တော် တွေ့ခဲ့ရတာကတော့…. မြေပုံလေးနှစ်ခုကို ကပ်လျက်မြှပ်ထားတာကို တွေ့လိုက်ရပါတယ်…. မြေပုံလေးနှစ်ခုပေါ်မှာ ရေးထားတာကတော့…..

"ဦးဖိုးစိန် - အသက် (၇၂) - ၂၄-၆-၂၀၀၃
ကျော့ဖြူစင် - အသက် (၈) - ၂၄-၆-၂၀၀၃ "



ဖိုးသူတော် (www.phothutaw.com)
Credit:  အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top