Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ပ္တစ္ေသာင္းတန္နဲ႔ ငါးေထာင္တန္ေငြစကၠဴအတု က်ပ္ ၁၇ သိန္းခန္႔ ဖမ္းမိခဲ့တာပါ။
ဘံုကထိန္အလွဴခံတစ္ခုမွာ ေငြလာလွဴတဲ့ အမ်ိဳးသားတစ္ဦးထံကေန က်ပ္တစ္ေသာင္းတန္နဲ႔ ငါးေထာင္တန္ေငြစကၠဴအတု က်ပ္ ၁၇ သိန္းခန္႔ ဖမ္းမိခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ဥကၠလာပၿမိဳ႕နယ္ (ဌ)ရပ္ကြက္ရွိ ဘံုကထိန္အလွဴခံမ႑ပ္တစ္ခုမွာ ေငြစကၠဴအတုေတြ ကိုင္ေဆာင္ၿပီး လွဴဒါန္းသံုးစြဲေနတာကုိ သတင္းရလို႔ ေအာက္တိုဘာ ၂၈ ရက္ ည ၈ နာရီေလာက္မွာ ရဲတပ္ဖြဲ႕က သြားေရာက္ရွာေဖြတုန္း ေငြစကၠဴအတုေတြေတြ႕ ရွိခဲ့တာလို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕႐ံုးမွ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

အဆိုပါ ရပ္ကြက္မွာ ေနထုိင္တဲ့ ကားလက္မွတ္ေရာင္းသူ ဦးေအာင္ေက်ာ္ရဲ႕ေဘးလြယ္အိတ္ထဲကေန က်ပ္တစ္ေသာင္းတန္ေငြစကၠဴအတု ၁၃၉ ရြက္နဲ႔ က်ပ္ငါးေထာင္တန္ ေငြစကၠဴအတုအရြက္ ၆၀ တို႔ကို သိမ္းဆည္းရမိခဲ့တယ္လုိ႔ သိရပါတယ္။
‘‘သူက အလွဴခံမ႑ပ္မွာ လာလွဴတာ။ သူလာလွဴတဲ့ပိုက္ဆံ ေတြက ေတာ္ေတာ္သိသာေတာ့ ဘံုကထိန္က လူေတြက မသကၤာ လို႔ ကြၽန္ေတာ္တို႔ကို သတင္းေပး လို႔ သြားစစ္ၾကည့္ေတာ့ အမွန္တ ကယ္ အတုျဖစ္ေနတယ္။ သူ ဘံု ကထိန္မွာ ဘယ္ေလာက္လွဴသလဲ ဆိုတာေတာ့ အတိအက်မသိေသး ဘူး။ စစ္ေနတုန္းမို႔လို႔ပါ’’လို႔ ေဝဘာဂီနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ေငြစကၠဴအတု က်ပ္ ၁၆ သိန္းကိုး ေသာင္းဖမ္းမိတဲ့ အသက္(၅၉) ႏွစ္အရြယ္ အမ်ိဳးသားကို ေဝဘာဂီနယ္ေျမရဲစခန္းက ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကျပ်တစ်သောင်းတန်နဲ့ ငါးထောင်တန်ငွေစက္ကူအတု ကျပ် ၁၇ သိန်းခန့် ဖမ်းမိခဲ့တာပါ။
ဘုံကထိန်အလှူခံတစ်ခုမှာ ငွေလာလှူတဲ့ အမျိုးသားတစ်ဦးထံကနေ ကျပ်တစ်သောင်းတန်နဲ့ ငါးထောင်တန်ငွေစက္ကူအတု ကျပ် ၁၇ သိန်းခန့် ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်ရှိ ဘုံကထိန်အလှူခံမဏ္ဍပ်တစ်ခုမှာ ငွေစက္ကူအတုတွေ ကိုင်ဆောင်ပြီး လှူဒါန်းသုံးစွဲနေတာကို သတင်းရလို့ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေတုန်း ငွေစက္ကူအတုတွေတွေ့ ရှိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အဆိုပါ ရပ်ကွက်မှာ နေထိုင်တဲ့ ကားလက်မှတ်ရောင်းသူ ဦးအောင်ကျော်ရဲ့ဘေးလွယ်အိတ်ထဲကနေ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၁၃၉ ရွက်နဲ့ ကျပ်ငါးထောင်တန် ငွေစက္ကူအတုအရွက် ၆၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
‘‘သူက အလှူခံမဏ္ဍပ်မှာ လာလှူတာ။ သူလာလှူတဲ့ပိုက်ဆံ တွေက တော်တော်သိသာတော့ ဘုံကထိန်က လူတွေက မသင်္ကာ လို့ ကျွန်တော်တို့ကို သတင်းပေး လို့ သွားစစ်ကြည့်တော့ အမှန်တ ကယ် အတုဖြစ်နေတယ်။ သူ ဘုံ ကထိန်မှာ ဘယ်လောက်လှူသလဲ ဆိုတာတော့ အတိအကျမသိသေး ဘူး။ စစ်နေတုန်းမို့လို့ပါ’’လို့ ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ငွေစက္ကူအတု ကျပ် ၁၆ သိန်းကိုး သောင်းဖမ်းမိတဲ့ အသက်(၅၉) နှစ်အရွယ် အမျိုးသားကို ဝေဘာဂီနယ်မြေရဲစခန်းက ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top