Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တစ္ညလံုး ေကာင္းေကာင္းအိပ္ ေမာက်ၿပီးခ်ိန္မွာေတာင္ ေန႔ခင္းဘက္မွာ အိပ္ငိုက္ေနပါသလား။  ဘာမွမလုပ္ဘဲနဲ႔ေတာင္ အျမဲ ပင္ပန္းေနပါသလား။ ဒါက အေျခခံ အိပ္စက္မႈေဝဒနာ (Hypersomia) ေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အဲဒီေဝဒနာေၾကာင့္ စြမ္းအင္ဆံုး႐ႈံးတာ၊ ႏံုးခ်ည့္ေညာင္းညာတာ၊ ေတြးေခၚေျမာ္ျမင္ႏိုင္စြမ္း မေကာင္းတာတို႔ ျဖစ္တတ္ပါတယ္။ ကြန္ပ်ဴတာေရွ႕မွာ အထိုင္မ်ားတာ၊ ေလ့က်င့္ခန္း မလုပ္တာ စတဲ့ အထိုင္မ်ားတဲ့ ဘဝ ေနထိုင္စားေသာက္မႈ ပံုစံရွိသူေတြ အေနနဲ႔ အိပ္စက္မႈ ေဝဒနာ ခံစားရတတ္သလို နာ့ဗ္ေၾကာေဝဒနာ ခံစားရတတ္ပါတယ္။ အိပ္စက္မႈ ေဝဒနာျဖစ္ေစႏိုင္တဲ့ တျခားအေၾကာင္းရင္းေတြကေတာ့
- အိပ္စက္ရင္း အသက္႐ွဴရာမွာ အခက္အခဲရွိတာ၊
- အိပ္ေရးပ်က္တာ၊ - ကိုယ္အေလးခ်ိန္မ်ားတာ၊ အဝလြန္တာ၊
- ကဖင္း၊ နီကိုတင္း ဒါမွမဟုတ္ အယ္လ္ကိုေဟာ အလြန္အမင္း မွီဝဲတာ၊
- ကိုယ္ဝန္ေဆာင္တာ စတာေတြ ျဖစ္ၾကပါတယ္။

ဘယ္လို ေျဖရွင္းႏိုင္သလဲ

တစ္ေန႔တာအတြင္း စြမ္းအင္ေတြ က်ဆင္းၿပီး အိပ္ငိုက္ေနရင္ အိပ္စက္မႈ ပံုစံကို ေစာင့္ၾကည့္သင့္ပါတယ္။ ေလ့က်င့္ခန္းလုပ္တာ၊ က်န္းမာေရးနဲ႔ ညီၫြတ္မွ်တတဲ့ အစားအေသာက္ စားတာ စတဲ့ ဘဝေနထိုင္မႈပံုစံအတုိင္း လိုက္နာသင့္ပါတယ္။ ဒါ့အျပင္ အိပ္စက္မႈ ေဝဒနာေတြကို ေက်ာ္လႊားႏိုင္ဖို႔ ေအာက္ပါ အခ်က္ေတြကို လိုက္နာသင့္ပါတယ္။ အိပ္စက္ခ်ိန္ကို အစီအစဥ္ေရးဆြဲထားပါ။  တစ္ေန႔တာမွာ အိပ္စက္မႈကိုလည္း ဦးစားေပး ထည့္သြင္းပါ။
ေန႔စဥ္ မိနစ္ ၃ဝ ခန္႔ ေလ့က်င့္ခန္း လုပ္ပါ။
ေန႔ခင္း တစ္ေရးအိပ္တာကို ေလွ်ာ့ခ်ပါ။
ညဘက္မွာ အဆီအအိမ့္ကဲၿပီး ဟင္းခတ္ အေမႊးအႀကိဳင္ပါတဲ့ အစာကို ေရွာင္ပါ။
ေန႔ခင္းဘက္မွာ အရည္မ်ားမ်ား ေသာက္ၿပီး ညအိပ္ရာဝင္ခါနီး အရည္ ေလွ်ာ့ေသာက္ပါ။ ဒါမွသာ ညဘက္ ဆီးသြားခ်င္တာေၾကာင့္ အိပ္ေရးပ်က္တာကို ေရွာင္လႊဲႏိုင္မွာ ျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္ႏွင့္ အိပ္ေရးပ်က္ေဝဒနာ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အလြန္အမင္း အိပ္စက္အနားယူလိုတာက ပံုမွန္ပဲ ျဖစ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ ကိုယ္ဝန္ေဆာင္ အမ်ဳိးသမီး ၇၈ ရာခိုင္ႏႈန္းဟာ အိပ္ေရးပ်က္ ေဝဒနာခံစားရၿပီး ကိုယ္ဝန္ ၁ဝ ပတ္ရွိမွသာ အဲဒီ ေဝဒနာ သက္သာသြားတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလ ပထမသံုးလပတ္အတြင္း ပ႐ိုဂ်က္စတီ႐ုန္း ေဟာ္မုန္း ျမင့္တက္တာေၾကာင့္ အိပ္စက္လဲေလ်ာင္းခ်င္စိတ္ ျဖစ္ေပၚရတာပါ။ ဒါ့အျပင္ ရင္ပူတာ၊ ညဘက္ ဆီးမၾကာခဏ သြားရတာ၊ ပူပင္ေသာကမ်ားတာ၊ စိတ္ဖိစီးမႈမ်ားတာ စတဲ့ အခ်က္ေတြေၾကာင့္လည္း အိပ္စက္မႈ ေဝဒနာ ခံစားရတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း အနားမ်ားမ်ားယူရင္ အိပ္စက္မႈ ေဝဒနာ သက္သာ ေလ်ာ့ပါးသြားတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္ (Ref;health)

# Unicode Version ျဖင့္ ဖတ္ပါ#

တစ်ညလုံး ကောင်းကောင်းအိပ် မောကျပြီးချိန်မှာတောင် နေ့ခင်းဘက်မှာ အိပ်ငိုက်နေပါသလား။  ဘာမှမလုပ်ဘဲနဲ့တောင် အမြဲ ပင်ပန်းနေပါသလား။ ဒါက အခြေခံ အိပ်စက်မှုဝေဒနာ (Hypersomia) ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီဝေဒနာကြောင့် စွမ်းအင်ဆုံးရှုံးတာ၊ နုံးချည့်ညောင်းညာတာ၊ တွေးခေါ်မြော်မြင်နိုင်စွမ်း မကောင်းတာတို့ ဖြစ်တတ်ပါတယ်။ ကွန်ပျူတာရှေ့မှာ အထိုင်များတာ၊ လေ့ကျင့်ခန်း မလုပ်တာ စတဲ့ အထိုင်များတဲ့ ဘဝ နေထိုင်စားသောက်မှု ပုံစံရှိသူတွေ အနေနဲ့ အိပ်စက်မှု ဝေဒနာ ခံစားရတတ်သလို နာ့ဗ်ကြောဝေဒနာ ခံစားရတတ်ပါတယ်။ အိပ်စက်မှု ဝေဒနာဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေကတော့
- အိပ်စက်ရင်း အသက်ရှူရာမှာ အခက်အခဲရှိတာ၊
- အိပ်ရေးပျက်တာ၊ - ကိုယ်အလေးချိန်များတာ၊ အဝလွန်တာ၊
- ကဖင်း၊ နီကိုတင်း ဒါမှမဟုတ် အယ်လ်ကိုဟော အလွန်အမင်း မှီဝဲတာ၊
- ကိုယ်ဝန်ဆောင်တာ စတာတွေ ဖြစ်ကြပါတယ်။

ဘယ်လို ဖြေရှင်းနိုင်သလဲ

တစ်နေ့တာအတွင်း စွမ်းအင်တွေ ကျဆင်းပြီး အိပ်ငိုက်နေရင် အိပ်စက်မှု ပုံစံကို စောင့်ကြည့်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက် စားတာ စတဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း လိုက်နာသင့်ပါတယ်။ ဒါ့အပြင် အိပ်စက်မှု ဝေဒနာတွေကို ကျော်လွှားနိုင်ဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။ အိပ်စက်ချိန်ကို အစီအစဉ်ရေးဆွဲထားပါ။  တစ်နေ့တာမှာ အိပ်စက်မှုကိုလည်း ဦးစားပေး ထည့်သွင်းပါ။
နေ့စဉ် မိနစ် ၃ဝ ခန့် လေ့ကျင့်ခန်း လုပ်ပါ။
နေ့ခင်း တစ်ရေးအိပ်တာကို လျှော့ချပါ။
ညဘက်မှာ အဆီအအိမ့်ကဲပြီး ဟင်းခတ် အမွှေးအကြိုင်ပါတဲ့ အစာကို ရှောင်ပါ။
နေ့ခင်းဘက်မှာ အရည်များများ သောက်ပြီး ညအိပ်ရာဝင်ခါနီး အရည် လျှော့သောက်ပါ။ ဒါမှသာ ညဘက် ဆီးသွားချင်တာကြောင့် အိပ်ရေးပျက်တာကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နှင့် အိပ်ရေးပျက်ဝေဒနာ

ကိုယ်ဝန်ဆောင်ချိန်မှာ အလွန်အမင်း အိပ်စက်အနားယူလိုတာက ပုံမှန်ပဲ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၇၈ ရာခိုင်နှုန်းဟာ အိပ်ရေးပျက် ဝေဒနာခံစားရပြီး ကိုယ်ဝန် ၁ဝ ပတ်ရှိမှသာ အဲဒီ ဝေဒနာ သက်သာသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမသုံးလပတ်အတွင်း ပရိုဂျက်စတီရုန်း ဟော်မုန်း မြင့်တက်တာကြောင့် အိပ်စက်လဲလျောင်းချင်စိတ် ဖြစ်ပေါ်ရတာပါ။ ဒါ့အပြင် ရင်ပူတာ၊ ညဘက် ဆီးမကြာခဏ သွားရတာ၊ ပူပင်သောကများတာ၊ စိတ်ဖိစီးမှုများတာ စတဲ့ အချက်တွေကြောင့်လည်း အိပ်စက်မှု ဝေဒနာ ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အနားများများယူရင် အိပ်စက်မှု ဝေဒနာ သက်သာ လျော့ပါးသွားတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန် (Ref;health)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top