ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

          သြားေရာဂါျဖစ္ပြားပါက အခ်ိန္မဆိုင္းဘဲ သြားဆရာဝန္မ်ားသို႔ သြားေရာက္ျပသသင့္သည္။
သြားပိုးစားၿပီး ေရာဂါပိုးဝင္ရာက တစ္ဆင့္ ေမး႐ိုးေဆြးျခင္းေရာဂါ ျဖစ္ႏုိင္ေသာေၾကာင့္ သြားႏွင့္ ခံတြင္း က်န္းမာေရးကို သတိျပဳရန္ လိုအပ္ေၾကာင္း သြားႏွင့္ခံတြင္းဆုိင္ရာ ဆရာဝန္ ေဒါက္တာသန္းထြန္း (မိုးထက္ပါရမီ)က ေျပာသည္။
 သြားပိုးစားျခင္းကို ေစာစီးစြာ ကုသမႈမခံယူဘဲ ပစ္ထားပါက ေမး႐ိုးထဲ၌ အနာျဖစ္ၿပီး အဖုအ က်ိတ္ျဖစ္ရာကတစ္ဆင့္ ယင္း ေရာဂါျဖစ္ပြားႏုိင္ေၾကာင္း၊ သြား ႏုတ္ရာကတစ္ဆင့္ သြားပိုးစားအ ျမစ္က်န္၍ ေရာဂါပိုးဝင္ေရာက္ ျခင္းလည္း ျဖစ္ပြားႏုိင္ေၾကာင္း ၎က ဆုိသည္။

‘‘သြားပိုးစားတာ မနာေတာ့ ကုသမႈမခံယူဘူး။ ေနာက္႐ိုးရာ ေဆး (ဗမာေဆး)ေတြထည့္တယ္။ အဲဒီေဆးေတြက ထည့္တုန္းေတာ့ သက္သာသြားေပမယ့္ ေနာက္ ဆက္တြဲသြားေဆြးျမည့္တာပိုျဖစ္ ေစတယ္။ ေနာက္သြားကိုက္ပိုးစား တာကို ႏုတ္လိုက္ေပမယ့္ ေရာဂါ ပိုးဝင္သြားတယ္။ အေပၚယံသြား ဖံုးက မာမာေျပာင္ေျပာင္ေလးျဖစ္ ေနေပမယ့္ အနာက ေကာင္း ေကာင္းမက်က္ဘဲ သြားဖံုးက ျပည္တစိုစိုထြက္တာ၊ ေရာင္တာနဲ႔ အနာႀကီးျဖစ္လာတယ္။ ေမး႐ိုး ေဆြးတာက ခ်က္ခ်င္းျဖစ္တာ ေတာ့ မဟုတ္ဘူး’’ဟု ေဒါက္တာ သန္းထြန္းက ေျပာသည္။

အသက္ (၃၀)ႏွင့္ (၄၀)ႏွစ္ အၾကား အရြယ္မ်ားတြင္ ေရာဂါ ျဖစ္ပြားမႈ ပို၍ေတြ႕ရေၾကာင္း၊ အ သက္ငယ္စဥ္တြင္ သြားႏုတ္ရာက တစ္ဆင့္ ေရာဂါပိုးဝင္ၿပီး အသက္ ႀကီးသည့္အခ်ိန္ ျပန္ျဖစ္တတ္ ေၾကာင္း၊ ယင္းေရာဂါျဖစ္ပြားမႈအ တြက္ အစပ်ိဳးကာလသည္ ၂ ႏွစ္မွ ငါးႏွစ္အထိ ၾကာတတ္ၿပီး အခ်ိဳ႕ တြင္ ေရာဂါျဖစ္ေနသည္ကို မသိဘဲ ႐ုတ္တရက္အက္ဆီးဒင့္ျဖစ္ၿပီး မ်က္ႏွာေမး႐ိုးက်ိဳးရာမွတစ္ဆင့္ ေမး႐ိုးေဆြးေနသည္ကို သိရွိ ေၾကာင္း ၎က ဆုိသည္။

‘‘ေရာဂါပိုးဝင္ၿပီး ၿမံဳေနတယ္၊မသိဘူး။ ဆုိင္ကယ္အက္ဆီးဒင့္ ျဖစ္မွ ေမး႐ိုးမက်ိဳးသင့္ဘဲက်ိဳး ေတာ့ ဓာတ္မွတ္႐ိုက္စစ္ေဆး ေတာ့မွ သိတာလည္းရွိတယ္။ ေမး႐ိုးနဲ႔ ခံတြင္းမွာ အဖုအက်ိတ္ျဖစ္ တယ္။ အေထြေထြဆရာဝန္နဲ႔ျပ တယ္။ အနာျဖစ္လိုက္၊ ေဆး ေသာက္လိုက္၊ သက္သာသြားလိုက္နဲ႔ အခ်ိန္ၾကာေနတယ္။ ေနာက္ဆံုးက်မွ သြားဆရာဝန္ဆီ ေရာက္လာေတာ့ ေရာဂါျဖစ္မႈကဆိုးေနၿပီ’’ဟု ေဒါက္တာသန္းထြန္း ကေျပာသည္။

ေရာဂါျဖစ္ပြားမႈကို ေနာက္ က်မွသိပါက ကုသရန္ ခက္ခဲမႈႏွင့္ ကုန္က်စရိတ္ပိုမ်ားေၾကာင္း၊ ထို႔ ေၾကာင့္ သြားပိုးစားျခင္းကို ေစာ စီးစြာ ကုသမႈခံယူရန္ႏွင့္ ေမး႐ိုး ေဆြးျခင္း ေရာဂါျဖစ္ပြားပါက စနစ္တက်ကုသမႈခံယူရန္၊ ေမး႐ိုးႏွင့္ ခံတြင္း၌ အဖုအက်ိတ္အနာမ်ား ျဖစ္ပြားပါက မေပါ့ဆဘဲ သြားႏွင့္ ခံတြင္းဆုိင္ရာ ဆရာဝန္ျဖင့္ ျပသ ရန္ လိုအပ္ေၾကာင္း ၎က အႀကံ ျပဳသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သွားပိုးစားပြီး ရောဂါပိုးဝင်ရာက တစ်ဆင့် မေးရိုးဆွေးခြင်းရောဂါ ဖြစ်နိုင်သောကြောင့် သွားနှင့် ခံတွင်း ကျန်းမာရေးကို သတိပြုရန် လိုအပ်ကြောင်း သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ပြောသည်။
 သွားပိုးစားခြင်းကို စောစီးစွာ ကုသမှုမခံယူဘဲ ပစ်ထားပါက မေးရိုးထဲ၌ အနာဖြစ်ပြီး အဖုအ ကျိတ်ဖြစ်ရာကတစ်ဆင့် ယင်း ရောဂါဖြစ်ပွားနိုင်ကြောင်း၊ သွား နုတ်ရာကတစ်ဆင့် သွားပိုးစားအ မြစ်ကျန်၍ ရောဂါပိုးဝင်ရောက် ခြင်းလည်း ဖြစ်ပွားနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘သွားပိုးစားတာ မနာတော့ ကုသမှုမခံယူဘူး။ နောက်ရိုးရာ ဆေး (ဗမာဆေး)တွေထည့်တယ်။ အဲဒီဆေးတွေက ထည့်တုန်းတော့ သက်သာသွားပေမယ့် နောက် ဆက်တွဲသွားဆွေးမြည့်တာပိုဖြစ် စေတယ်။ နောက်သွားကိုက်ပိုးစား တာကို နုတ်လိုက်ပေမယ့် ရောဂါ ပိုးဝင်သွားတယ်။ အပေါ်ယံသွား ဖုံးက မာမာပြောင်ပြောင်လေးဖြစ် နေပေမယ့် အနာက ကောင်း ကောင်းမကျက်ဘဲ သွားဖုံးက ပြည်တစိုစိုထွက်တာ၊ ရောင်တာနဲ့ အနာကြီးဖြစ်လာတယ်။ မေးရိုး ဆွေးတာက ချက်ချင်းဖြစ်တာ တော့ မဟုတ်ဘူး’’ဟု ဒေါက်တာ သန်းထွန်းက ပြောသည်။

အသက် (၃၀)နှင့် (၄၀)နှစ် အကြား အရွယ်များတွင် ရောဂါ ဖြစ်ပွားမှု ပို၍တွေ့ရကြောင်း၊ အ သက်ငယ်စဉ်တွင် သွားနုတ်ရာက တစ်ဆင့် ရောဂါပိုးဝင်ပြီး အသက် ကြီးသည့်အချိန် ပြန်ဖြစ်တတ် ကြောင်း၊ ယင်းရောဂါဖြစ်ပွားမှုအ တွက် အစပျိုးကာလသည် ၂ နှစ်မှ ငါးနှစ်အထိ ကြာတတ်ပြီး အချို့ တွင် ရောဂါဖြစ်နေသည်ကို မသိဘဲ ရုတ်တရက်အက်ဆီးဒင့်ဖြစ်ပြီး မျက်နှာမေးရိုးကျိုးရာမှတစ်ဆင့် မေးရိုးဆွေးနေသည်ကို သိရှိ ကြောင်း ၎င်းက ဆိုသည်။

‘‘ရောဂါပိုးဝင်ပြီး မြုံနေတယ်၊မသိဘူး။ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်မှ မေးရိုးမကျိုးသင့်ဘဲကျိုး တော့ ဓာတ်မှတ်ရိုက်စစ်ဆေး တော့မှ သိတာလည်းရှိတယ်။ မေးရိုးနဲ့ ခံတွင်းမှာ အဖုအကျိတ်ဖြစ် တယ်။ အထွေထွေဆရာဝန်နဲ့ပြ တယ်။ အနာဖြစ်လိုက်၊ ဆေး သောက်လိုက်၊ သက်သာသွားလိုက်နဲ့ အချိန်ကြာနေတယ်။ နောက်ဆုံးကျမှ သွားဆရာဝန်ဆီ ရောက်လာတော့ ရောဂါဖြစ်မှုကဆိုးနေပြီ’’ဟု ဒေါက်တာသန်းထွန်း ကပြောသည်။

ရောဂါဖြစ်ပွားမှုကို နောက် ကျမှသိပါက ကုသရန် ခက်ခဲမှုနှင့် ကုန်ကျစရိတ်ပိုများကြောင်း၊ ထို့ ကြောင့် သွားပိုးစားခြင်းကို စော စီးစွာ ကုသမှုခံယူရန်နှင့် မေးရိုး ဆွေးခြင်း ရောဂါဖြစ်ပွားပါက စနစ်တကျကုသမှုခံယူရန်၊ မေးရိုးနှင့် ခံတွင်း၌ အဖုအကျိတ်အနာများ ဖြစ်ပွားပါက မပေါ့ဆဘဲ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်ဖြင့် ပြသ ရန် လိုအပ်ကြောင်း ၎င်းက အကြံ ပြုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top