Golden City Promotion
×

ကမာၻ႔ အသက္ အရွည္ဆံုး စေကာ့တလန္က အဘြားအုိ တစ္ဦးရဲ႕ အသက္ရွည္ က်န္းမာေရး လ်ိဳ႕ဝွက္ခ်က္ ကသိပ္ကုိ အံ့အားသင့္စရာေကာင္းပါတယ္။ အသက္ ၁၀၉ ႏွစ္ အရြယ္ရွိတဲ့ အဘြားအုိ ဂ်က္ဆီ ဂါလန္က သူမ ရဲ႕ အသက္ရွည္က်န္းမာျခင္း လ်ိဳ႕ဝွက္ခ်က္နည္းလမ္းေတြကုိ မွ်ေဝေပးခဲ့ပါတယ္။ ဒါက သူမ ရဲ႕ ဘဝတစ္ေလွ်ာက္ အမ်ိဳးသား ေတြကုိ ေရွာင္ၾကဥ္ၿပီးေတာ့ ေန႔စဥ္ ဆန္ျပဳတ္ တစ္ကန္စားသံုးခဲ့ တယ္လုိ႔ ဆုိပါတယ္။ ရုပ္ပုိင္းဆုိင္ရာ က်န္းမာေရး အတြက္ က်န္းမာေရးလုိက္စားတာနဲ႔ အစားအ ေသာက္ပံုမွန္စားသံုးေပးတာေတြ လုပ္ခဲ့ၿပီး စိတ္ပုိင္းဆုိင္ရာ က်န္းမာေပ်ာ္ရႊင္ဖုိ႔အတြက္ကုိေတာ့ အမ်ိဳးသားေတြနဲ႔ ခပ္ကင္းကင္းေနထုိင္ခဲ့တယ္လုိ႔ ေျပာျပခဲ့ပါတယ္။

အမ်ိဳးသား ေတြနဲ႔ ခပ္ေဝးေဝးေနထုိင္ျခင္းက သူတုိ႔ေတြဆီကေန ရလာမယ့္စိတ္ဒုကၡနဲ႔ ရုပ္ပုိင္းဆုိင္ရာ ျပႆနာေတြ ကင္းေဝးကာ အခုလုိပဲ အသက္ရွည္ရွည္ က်န္းက်န္းမာမာ ေနထုိင္ႏုိင္တယ္လုိ႔ ေျပာျပ ပါတယ္။ ဒါ့အျပင္ က်န္းမာေရး ေလ့က်င့္ခန္း မ်ားမ်ား လုပ္ၿပီးေတာ့ ေန႔စဥ္ပူေႏြးတဲ့ ဆန္ျပဳတ္ ပန္းကန္လံုး တစ္ခြက္ နံနက္ခင္းတုိင္းမွာ ေသာက္သံုးတယ္လုိ႔ သိရပါတယ္။ ေနာက္ၿပီး သူတစ္ပါးအေပၚမွာ လည္း မွီခုိမႈကင္းကင္းနဲ႔ ကုိယ္တုိင္ရပ္တည္ႏုိင္တဲ့သူျဖစ္ေအာင္ ႀကိဳးစားေနထုိင္ခဲ့ကာ အရာအားလံုးက သူမရဲ႕ စိတ္နဲ႔ သူမကုိယ္တုိင္ပဲျဖစ္ေစခဲ့တယ္လုိ႔ ဆုိပါတယ္။

အဘြားအုိ ဟာ အသက္ ၁၀၀ ေက်ာ္သည့္တုိင္ေအာင္ကုိ က်န္းမာသန္စြမ္းၿပီးေတာ့ အကူမပါပဲ လမ္း ေလွ်ာက္ႏုိင္ျခင္း၊ အစားအေသာက္ ေတြ စားေသာက္ႏုိင္ေသးျခင္း၊ စကားေကာင္းေကာင္း ေျပာႏုိင္ ျခင္းေတြ ရွိေနတာကုိလည္း ေတြ႔ရပါတယ္။ သူမရဲ႕အသက္ရွည္ က်န္းမာေရး လ်ိဳ႕ဝွက္ခ်က္ဖြင့္ဟျခင္း ရုပ္သံဖုိင္ကုိ ဆုိရွယ္အသံုးျပဳသူအမ်ားအျပားဝင္ေရာက္ၾကည့္ရႈကာ အင္တာနက္ စာမ်က္ႏွာေပၚ လူသိ မ်ားေက်ာ္ၾကားေနခဲ့တာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: search myanmar

#Unicode Version#
ကမ္ဘာ့ အသက် အရှည်ဆုံး စကော့တလန်က အဘွားအို တစ်ဦးရဲ့ အသက်ရှည် ကျန်းမာရေး လျို့ဝှက်ချက် ကသိပ်ကို အံ့အားသင့်စရာကောင်းပါတယ်။ အသက် ၁၀၉ နှစ် အရွယ်ရှိတဲ့ အဘွားအို ဂျက်ဆီ ဂါလန်က သူမ ရဲ့ အသက်ရှည်ကျန်းမာခြင်း လျို့ဝှက်ချက်နည်းလမ်းတွေကို မျှဝေပေးခဲ့ပါတယ်။ ဒါက သူမ ရဲ့ ဘဝတစ်လျှောက် အမျိုးသား တွေကို ရှောင်ကြဉ်ပြီးတော့ နေ့စဉ် ဆန်ပြုတ် တစ်ကန်စားသုံးခဲ့ တယ်လို့ ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် ကျန်းမာရေးလိုက်စားတာနဲ့ အစားအ သောက်ပုံမှန်စားသုံးပေးတာတွေ လုပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့အတွက်ကိုတော့ အမျိုးသားတွေနဲ့ ခပ်ကင်းကင်းနေထိုင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။


အမျိုးသား တွေနဲ့ ခပ်ဝေးဝေးနေထိုင်ခြင်းက သူတို့တွေဆီကနေ ရလာမယ့်စိတ်ဒုက္ခနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကင်းဝေးကာ အခုလိုပဲ အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေထိုင်နိုင်တယ်လို့ ပြောပြ ပါတယ်။ ဒါ့အပြင် ကျန်းမာရေး လေ့ကျင့်ခန်း များများ လုပ်ပြီးတော့ နေ့စဉ်ပူနွေးတဲ့ ဆန်ပြုတ် ပန်းကန်လုံး တစ်ခွက် နံနက်ခင်းတိုင်းမှာ သောက်သုံးတယ်လို့ သိရပါတယ်။ နောက်ပြီး သူတစ်ပါးအပေါ်မှာ လည်း မှီခိုမှုကင်းကင်းနဲ့ ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ကာ အရာအားလုံးက သူမရဲ့ စိတ်နဲ့ သူမကိုယ်တိုင်ပဲဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။


အဘွားအို ဟာ အသက် ၁၀၀ ကျော်သည့်တိုင်အောင်ကို ကျန်းမာသန်စွမ်းပြီးတော့ အကူမပါပဲ လမ်း လျှောက်နိုင်ခြင်း၊ အစားအသောက် တွေ စားသောက်နိုင်သေးခြင်း၊ စကားကောင်းကောင်း ပြောနိုင် ခြင်းတွေ ရှိနေတာကိုလည်း တွေ့ရပါတယ်။ သူမရဲ့အသက်ရှည် ကျန်းမာရေး လျို့ဝှက်ချက်ဖွင့်ဟခြင်း ရုပ်သံဖိုင်ကို ဆိုရှယ်အသုံးပြုသူအများအပြားဝင်ရောက်ကြည့်ရှုကာ အင်တာနက် စာမျက်နှာပေါ် လူသိ များကျော်ကြားနေခဲ့တာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: search myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top