ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ေန႔ေသာအခါ ဗုဒၶျမတ္စြာဘုရားသည္ ရဟန္းတို႔အား ဤသို႔မိန္႔ေတာ္မူသည္။
"ရဟန္းတို႔ - နံနက္ခင္း၌ ကိုယ္ျဖင့္ ေကာင္းေသာအက်င့္ကို က်င့္ကုန္ေသာ၊
ႏႈတ္ျဖင့္ ေကာင္းေသာအက်င့္ကို က်င့္ကုန္ေသာ၊
စိတ္ျဖင့္ ေကာင္းေသာအက်င့္ကို က်င့္ကုန္ေသာ သတၱ၀ါတို႔အား၊ ေကာင္းေသာ နံနက္ခင္း ျဖစ္ေပ၏"

"အလားတူပင္၊ ေန႔လယ္ခင္း၌ ကိုယ္ ႏႈတ္ စိတ္ျဖင့္ ေကာင္းေသာအက်င့္ကို က်င့္ကုန္ေသာ သတၱ၀ါတို႔အား၊ ေကာင္းေသာေန႔ခင္း ျဖစ္ေပ၏"

"ညခ်မ္းအခါ၌ ကိုယ္ ႏႈတ္ စိတ္ျဖင့္ ေကာင္းေသာအက်င့္ကို က်င့္ကုန္ေသာ သတၱ၀ါတို႔အား၊ ေကာင္းေသာညခ်မ္းအခါ ျဖစ္ေပ၏"

"ဤသို႔ ေကာင္းေသာအက်င့္ႏွင့္ ျပည့္စံုေသာေန႔သည္ - ေကာင္းေသာနကၡတ္ႏွင့္လည္း ယွဥ္သည္မည္၏။
ေကာင္းေသာမဂၤလာလည္း ျဖစ္ေပသည္။
ေကာင္းေသာ မိုးေသာက္လည္း မည္၏။
ေကာင္းေသာ အိပ္ရာမွ ထျခင္းလည္း မည္၏။
ေကာင္းေသာ ခဏလည္း မည္၏။
ေကာင္းေသာ မုဟုတ္ ( ခဏ-ဟူေသာ အခ်ိန္ကာလထက္ အနည္းငယ္ပိုေသာ အခ်ိန္ကာလ ) လည္း မည္၏။
ေကာင္းေသာ မဂၤလာႏွင့္ ျပည့္စံုေသာအခါ၀ယ္၊ ျမတ္ေသာအက်င့္ကို က်င့္ေလ့ရွိသူတို႔၌ ေပးလွဴျခင္းသည္လည္း၊ ေကာင္းစြာပူေဇာ္ျခင္းမည္၏"

"ေကာင္းေသာ မဂၤလာႏွင့္ ျပည့္စံုေသာေန႔၌ -
ကိုယ္ျဖင့္ျပဳေသာအမႈသည္ ပြားစည္းေသာ ကာယကံမည္၏။
ႏႈတ္ျဖင့္ျပဳေသာအမႈသည္ ပြားစည္းေသာ ၀စီကံမည္၏။
စိတ္ျဖင့္ျပဳေသာအမႈသည္ ပြားစည္းေသာ မေနာကံမည္၏။
ပြားစည္းေသာ ထိုကံတို႔ကို ေဆာက္တည္သည္မည္၏။
ပြားစည္းေသာ ထိုကံတို႔ကို ျပဳျပီး၍၊ ပြားစည္းေသာ အက်ိဳးတို႔ကို ရကုန္၏"

"အက်ိဳးကိုရေသာ ထိုသူတို႔သည္၊ အလံုးစံုေသာ ေဆြမ်ိဳးတို႔ႏွင့္တကြ၊ ျမတ္စြာဘုရား သာသနာေတာ္၌၊ ခ်မ္းသာကုန္၊ စည္ပင္ျပန္႔ပြားကုန္သည္ ျဖစ္၍ ေရာဂါမရွိျခင္း ခ်မ္းသာျခင္းတို႔ ျဖစ္ၾကေလကုန္သတည္း"

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( ပုဗၺဏွသုတ္-မဂၤလ၀ဂ္၊ အဂၤုတၱရနိကာယ္ )

# Unicode Version #
တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။
"ရဟန်းတို့ - နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား၊ ကောင်းသော နံနက်ခင်း ဖြစ်ပေ၏"

"အလားတူပင်၊ နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား၊ ကောင်းသောနေ့ခင်း ဖြစ်ပေ၏"

"ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တဝါတို့အား၊ ကောင်းသောညချမ်းအခါ ဖြစ်ပေ၏"

"ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် - ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ်၊ မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း၊ ကောင်းစွာပူဇော်ခြင်းမည်၏"

"ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌ -
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ဝစီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍၊ ပွားစည်းသော အကျိုးတို့ကို ရကုန်၏"

"အကျိုးကိုရသော ထိုသူတို့သည်၊ အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ၊ မြတ်စွာဘုရား သာသနာတော်၌၊ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည် ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း"

ဖိုးသူတော် (www.phothutaw.com)
Credit: ( ပုဗ္ဗဏှသုတ်-မင်္ဂလဝဂ်၊ အင်္ဂုတ္တရနိကာယ် )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top