Golden City Promotion
×

က်ြႏု္တာ္တို႔ဗုဒၶဘာသာအမ်ားစုသည္ ကုသိုလ္ေကာင္းမႈမ်ားကို စြမ္းအား ရွိသေလာက္ ျပဳလုပ္ ေနၾကပါသည္။ သို႔ေသာ္ တစ္ခါတရံ၌ ကိုယ္က ေကာင္းမႈကုသိုလ္လုပ္၍ ေကာင္းက်ိဳး မရသည့္အခါ စိတ္ဓာတ္ေတြက်၊ ေဒါသေတြျဖစ္ကာ ကိုယ့္ကံတရားႏွင့္ ကိုယ္ကိုယ္တိုင္ လက္ခံယုံၾကည္ေသာ ဘာသာတရားကို သံသယျဖစ္လာတတ္ ပါသည္။

ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳးေပးတယ္ဆိုတာ ဟုတ္ေကာဟုတ္ရဲ႕လား.. ဆိုေသာ သံသယေတြျဖစ္လာတတ္ပါသည္။ မေကာင္းတာလုပ္ေနတဲ့လူေတြၾကေတာ့လဲ မေကာင္းက်ိဳးက မေပးပါဘူး သူတို႔မွာ ခ်မ္းခ်မ္းသာသာ ေကာင္းေကာင္းမြန္မြန္နဲ႔ ဇိမ္က်ေနလိုက္ၾကတာ။ ေကာင္းတာလုပ္လဲ ေကာင္းက်ိဳးမေပးတဲ့ အတူတူေတာ့ျဖင့္
သူတို႔လိုပဲ မေကာင္းတာေတြလုပ္၊ စိတ္ရွိတိုင္း ထင္ရာစိုင္းၾကရင္ေကာင္းမလား
ဆိုေသာ အေတြးမွား အၾကံမွား စိတ္ဆိုး စိတ္ယုတ္မ်ား ျဖစ္ေပၚလာတတ္ပါသည္။ ထိုအခါ ကိုယ့္ကိုယ္ကို မထိန္းသိမ္းႏိုင္ေသာ၊ စိတ္ထားမခိုင္ ေသာသူမ်ားက မေကာင္းမႈဘက္သို႔ယိမ္းပါသြားတတ္ၾကပါသည္။

ထိုအျဖစ္မ်ိဳး ထိုအေတြးမွား၊ အႀကံမွားမ်ိဳး ျဖစ္ခဲ့ဘူးသူတို႔၏ အေၾကာင္းကို တင္ျပလိုပါသည္...

တစ္ခါတုန္းက တကၠသိုလ္ျပည္က ဒိသာပါေမာကၡဆရာႀကီးထံမွာ ပညာသင္ၾကားေနေသာ တစ္ၿမိဳ႕တည္းသား ေက်ာင္းသားႏွစ္ေယာက္ရွိပါသည္။ တစ္ေယာက္က စိတ္ေကာင္း ေစတနာေကာင္းျဖင့္ ေကာင္းသည့္အလုပ္မွန္သမွ်ကို
လုပ္ပါသည္။ တပည့္၀တ္၊ သားသမီး၀တ္ေက်ပြန္သည့္အျပင္ကိုယ္က်င့္တရား လည္းေကာင္းသူျဖစ္ပါသည္။ အျခားတစ္ေယာက္ကေတာ့ စိတ္ဆိုး ေစတနာဆိုးျဖင့္ မေကာင္းသည့္အလုပ္မွန္သမွ် ကိုလုပ္ပါသည္။ တပည့္၀တ္၊ သားသမီး၀တ္ မေက်ပြန္သည့္အျပင္ ကိုယ္က်င့္တရား လည္းမေကာင္းပါ။

ထိုသူႏွစ္ေယာက္ ေက်ာင္းပိတ္ခ်ိန္မွာ သူတို႔ၿမိဳ႕ေလးသို႔ အတူတကြျပန္ၾကသည္။ ေတာလမ္းခရီးတစ္ခုသို႔ ျဖတ္ေက်ာ္စဥ္ မိုးႀကီးသည္းထံစြာ ရြာသည့္အတြက္ သစ္ပင္ႀကီးတစ္ပင္ေအာက္သို႔ ခို၀င္ၾကသည္။ ရုတ္တရက္သစ္ကိုင္းႀကီး က်ိဳးက်ကာ သူေတာ္ေကာင္းေက်ာင္းသား ေျခေထာက္ႏွင့္ ထိခိုက္မိ၍ ဒဏ္ရာျပင္းထန္စြာရသည္။
သူေတာ္ေကာင္းေက်ာင္းသားက မိမိဒဏ္ရာကိုမိမိ သက္သာေအာင္ ေဆးကုေပးေနစဥ္ သူယုတ္မာေက်ာင္းသားကေတာ့ သစ္ကိုင္းႀကီးထိုးေကာ္လုိက္ေသာ ေျမတြင္းထဲက ေရႊအိုးႀကီးတစ္ခုကို ရရွိသြားပါသည္။

သူေတာ္ေကာင္းေက်ာင္းသားစိတ္ထဲမွာ အေတာ္ေလးကို မခံမရပ္ႏိုင္ျဖစ္သြားခဲ့ပါသည္။ စိတ္ေကာင္းေစတနာေကာင္းႏွင့္ေကာင္းမႈကုသိုလ္မွန္သမွ်လုပ္တဲ့ ငါ့က်ေတာ့ ဒဏ္ရာအနာတရျဖစ္တယ္။ အၿမဲတမ္း စိတ္ထားယုတ္ညံ့ၿပီး မေကာင္းတာမွန္သမွ် လုပ္ေနတဲ့ ေကာင္က်ေတာ့ ေရႊအိုးရတယ္ ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳး
ေပးတယ္ဆိုတာ ဟုတ္ေကာ ဟုတ္ပါ့မလား.. ဟူေသာ ယုံမွားသံသယေတြႏွင့္ ေ၀ခြဲမရျဖစ္ခဲ့ရေလသည္။

သူတို႔ ၿမိဳ႕ကိုေရာက္ေသာအခါ စ်ာန္အဘိညာဥ္ရေသာ ရေသ့ႀကီးကလည္း ရြာကိုေရာက္လာခိုက္ သူ၏ယုံမွားသံသယမ်ားကို ေလွ်ာက္ထားပါသည္။ ထိုအခါ ရေသ့ႀကီးက` မင္းက ဒီဘ၀တစ္ခုထဲ ၾကည့္ၿပီး ယုံမွားသံသယေတြျဖစ္ေနတာကိုးကြ ။ မင္းက ဒီဘ၀မွာ စိတ္ေကာင္းေစတနာေကာင္းရွိတဲ့ သူေတာ္ေကာင္းျဖစ္ေပမဲ့
မင္းအရင္ဘ၀က အလြန္ယုတ္မာေကာက္က်စ္တဲ့ လူဆိုးလူမိုက္ႀကီးျဖစ္ခဲ့တာကိုမွ မင္းမျမင္ဘဲကိုးကြ။ မင္းဆိုးခဲ့ေတခဲ့တာေတြက ဟိုေကာင့္ထက္ေတာင္ပိုေသးတယ္ကြ.။ ဒီဘ၀မွာ မင္းက စိတ္ေကာင္းေစတနာေကာင္းေတြနဲ႔ ေကာင္းမႈကုသိုလ္ေတြ ခ်ည္းလုပ္ေနခဲ့လို႔ အခုလို ဒဏ္ရာ ရယုံပဲဆိုးက်ိဳးခံစားရတာ။ မင္းသာ မေကာင္း
တဲ့အလုပ္ေတြကို လုပ္ေနခဲ့မယ္ဆိုရင္ မင္းအေသဆိုးနဲ႔ ေသႏိုင္တယ္။ မင္းသူငယ္ခ်င္းကေတာ့ ဒီဘ၀မွာသာ သူက လူဆိုးလူမိုက္ျဖစ္ေနတာ။ အရင္ဘ၀က စိတ္ေကာင္းေစတနာေကာင္းရွိတဲ့ တကယ့္သူေတာ္ေကာင္းႀကီးျဖစ္ခဲ့တယ္။ သူက ဒီဘ၀မွာ မေကာင္းတာေတြခ်ည္းလုပ္ေနေတာ့ ေရႊအိုးပဲ ရတာေပါ့။ တကယ္လို႔ သူကသာ စိတ္ေကာင္းေစတနာေကာင္းနဲ႔ ေကာင္းမႈကုသိုလ္ေတြလုပ္လိုက္မယ္ဆိုရင္ သူေနတဲ့ အိမ္ထဲမွာတင္ ေရႊေတာင္ႀကီးေပါက္ႏိုင္တယ္`` ဟု မိန္႔ၾကားေလသည္..။

ရေသ့ႀကီးရဲ႕ မိန္႔ၾကားခ်က္ကို နာယူရမွ သူေတာ္ေကာင္းေက်ာင္းသားလည္းယုံမွားသံသယမ်ားကင္းလြတ္ကာေကာင္းမႈကုသိုလ္မ်ားကို စိတ္အားထက္သန္စြာ ဆက္လက္ျပဳလုပ္ပါေတာ့သည္။ သူယုတ္မာေက်ာင္းသားကလည္း မေကာင္းမႈဒုစရိုက္ မ်ားကိုေရွာင္ၾကဥ္ကာ စိတ္ေကာင္းေစတနာေကာင္းရွိေသာ သူေတာ္ေကာင္းတစ္ဦး
ျဖစ္လာပါေတာ့သည္ ။

ထိုျဖစ္စဥ္ကို ၾကည့္ပါ။ ကၽြႏ္ုပ္တို႔ေတြအားလုံး ေကာင္းမႈမွန္သမွ်ျပဳၿပီး ေကာင္းက်ိဳးမေပး ေသးေသာ္လည္း ဘာမွ် အားေလွ်ာ့ရန္မလို။ စိတ္ဓာတ္က်ေနစရာမလို။ ေကာင္းမႈကုသိုလ္ျပဳစဥ္ကထဲကိုက ေကာင္းက်ိဳးခ်မ္းသာကိုေမွ်ာ္လင့္ မေနသင့္ေပ။ ေမွ်ာ္လင့္ခ်က္ႀကီးက ေရွ႕တန္းကေန ဦးေဆာင္ေနလွ်င္ ေလာဘဦးစီးေသာ ကုသိုလ္ျဖစ္သြားပါလိမ့္မည္။ ေလာဘဦးစီးေနလွ်င္ အကုသိုလ္က ေရာေႏွာပါ၀င္ေနသည့္ အတြက္ အက်ိဳးေပးမထက္သန္ေတာ့ေပ။
ကုသိုလ္ေကာင္းမႈျပဳစဥ္ကထဲကို စိတ္သန္႔သန္႔ေလးထားကာ ဘုရားေလာင္းတို႔၏ စိတ္ထားမ်ိဳးထားႏိုင္ေအာင္ ေမြးျမဴရပါမည္။ ကၽြႏ္ုပ္ယခုေကာင္းမႈျပဳသည့္အတြက္ ေကာင္းက်ိဳးခ်မ္းသာရလိုမႈက အဓိက ပဓာနမဟုတ္။ လိုခ်င္တပ္မက္ေသာ ေလာဘတဏွာ၊ ခက္ထန္ရိုင္းျပေသာ ေဒါသ၊ ဉာဏ္မ်က္စိကန္းေသာ ေမာဟမ်ားကို ပယ္ခြါျပဳလုပ္သည့္အတြက္ ထိုေလာဘ၊ ေဒါသ၊ ေမာဟမီးတို႔ အၿပီးတိုင္ၿငိမ္းေအးရာ နိဗၺာန္၏ အေထာက္အပ့ံျဖစ္ပါေစလို႔ အဓိ႒ာန္ျပဳၿပီး ျပဳလုပ္ေပးရပါသည္။ သို႔မွသာ မွန္ကန္ေသာ အေတြးအျမင္တို႔ျဖင့္ အသိအလိမၼာ ဉာဏ္ပညာမ်ား တိုးတက္ျမင့္မားႏိုင္ ပါေၾကာင္း ေကာင္းျမတ္ေသာ ေစတနာျဖင့္တင္ျပလိုက္ပါသည္..။
" ကုသိုလ္ကံေပး မရေသး ေႏွာင့္ေႏွးဗ်ာပါမရွိရာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ဇ၀န(ကုန္းေဇာင္း)

#Unicode Version#
ကျွနု်တော်တို့ဗုဒ္ဓဘာသာအများစုသည် ကုသိုလ်ကောင်းမှုများကို စွမ်းအား ရှိသလောက် ပြုလုပ် နေကြပါသည်။ သို့သော် တစ်ခါတရံ၌ ကိုယ်က ကောင်းမှုကုသိုလ်လုပ်၍ ကောင်းကျိုး မရသည့်အခါ စိတ်ဓာတ်တွေကျ၊ ဒေါသတွေဖြစ်ကာ ကိုယ့်ကံတရားနှင့် ကိုယ်ကိုယ်တိုင် လက်ခံယုံကြည်သော ဘာသာတရားကို သံသယဖြစ်လာတတ် ပါသည်။

ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား.. ဆိုသော သံသယတွေဖြစ်လာတတ်ပါသည်။ မကောင်းတာလုပ်နေတဲ့လူတွေကြတော့လဲ မကောင်းကျိုးက မပေးပါဘူး သူတို့မှာ ချမ်းချမ်းသာသာ ကောင်းကောင်းမွန်မွန်နဲ့ ဇိမ်ကျနေလိုက်ကြတာ။ ကောင်းတာလုပ်လဲ ကောင်းကျိုးမပေးတဲ့ အတူတူတော့ဖြင့်
သူတို့လိုပဲ မကောင်းတာတွေလုပ်၊ စိတ်ရှိတိုင်း ထင်ရာစိုင်းကြရင်ကောင်းမလား
ဆိုသော အတွေးမှား အကြံမှား စိတ်ဆိုး စိတ်ယုတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုအခါ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်သော၊ စိတ်ထားမခိုင် သောသူများက မကောင်းမှုဘက်သို့ယိမ်းပါသွားတတ်ကြပါသည်။

ထိုအဖြစ်မျိုး ထိုအတွေးမှား၊ အကြံမှားမျိုး ဖြစ်ခဲ့ဘူးသူတို့၏ အကြောင်းကို တင်ပြလိုပါသည်...

တစ်ခါတုန်းက တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ကြားနေသော တစ်မြို့တည်းသား ကျောင်းသားနှစ်ယောက်ရှိပါသည်။ တစ်ယောက်က စိတ်ကောင်း စေတနာကောင်းဖြင့် ကောင်းသည့်အလုပ်မှန်သမျှကို
လုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ်ကျေပွန်သည့်အပြင်ကိုယ်ကျင့်တရား လည်းကောင်းသူဖြစ်ပါသည်။ အခြားတစ်ယောက်ကတော့ စိတ်ဆိုး စေတနာဆိုးဖြင့် မကောင်းသည့်အလုပ်မှန်သမျှ ကိုလုပ်ပါသည်။ တပည့်ဝတ်၊ သားသမီးဝတ် မကျေပွန်သည့်အပြင် ကိုယ်ကျင့်တရား လည်းမကောင်းပါ။

ထိုသူနှစ်ယောက် ကျောင်းပိတ်ချိန်မှာ သူတို့မြို့လေးသို့ အတူတကွပြန်ကြသည်။ တောလမ်းခရီးတစ်ခုသို့ ဖြတ်ကျော်စဉ် မိုးကြီးသည်းထံစွာ ရွာသည့်အတွက် သစ်ပင်ကြီးတစ်ပင်အောက်သို့ ခိုဝင်ကြသည်။ ရုတ်တရက်သစ်ကိုင်းကြီး ကျိုးကျကာ သူတော်ကောင်းကျောင်းသား ခြေထောက်နှင့် ထိခိုက်မိ၍ ဒဏ်ရာပြင်းထန်စွာရသည်။
သူတော်ကောင်းကျောင်းသားက မိမိဒဏ်ရာကိုမိမိ သက်သာအောင် ဆေးကုပေးနေစဉ် သူယုတ်မာကျောင်းသားကတော့ သစ်ကိုင်းကြီးထိုးကော်လိုက်သော မြေတွင်းထဲက ရွှေအိုးကြီးတစ်ခုကို ရရှိသွားပါသည်။

သူတော်ကောင်းကျောင်းသားစိတ်ထဲမှာ အတော်လေးကို မခံမရပ်နိုင်ဖြစ်သွားခဲ့ပါသည်။ စိတ်ကောင်းစေတနာကောင်းနှင့်ကောင်းမှုကုသိုလ်မှန်သမျှလုပ်တဲ့ ငါ့ကျတော့ ဒဏ်ရာအနာတရဖြစ်တယ်။ အမြဲတမ်း စိတ်ထားယုတ်ညံ့ပြီး မကောင်းတာမှန်သမျှ လုပ်နေတဲ့ ကောင်ကျတော့ ရွှေအိုးရတယ် ကောင်းတာလုပ်ရင် ကောင်းကျိုး
ပေးတယ်ဆိုတာ ဟုတ်ကော ဟုတ်ပါ့မလား.. ဟူသော ယုံမှားသံသယတွေနှင့် ဝေခွဲမရဖြစ်ခဲ့ရလေသည်။

သူတို့ မြို့ကိုရောက်သောအခါ ဈာန်အဘိညာဉ်ရသော ရသေ့ကြီးကလည်း ရွာကိုရောက်လာခိုက် သူ၏ယုံမှားသံသယများကို လျှောက်ထားပါသည်။ ထိုအခါ ရသေ့ကြီးက` မင်းက ဒီဘဝတစ်ခုထဲ ကြည့်ပြီး ယုံမှားသံသယတွေဖြစ်နေတာကိုးကွ ။ မင်းက ဒီဘဝမှာ စိတ်ကောင်းစေတနာကောင်းရှိတဲ့ သူတော်ကောင်းဖြစ်ပေမဲ့
မင်းအရင်ဘဝက အလွန်ယုတ်မာကောက်ကျစ်တဲ့ လူဆိုးလူမိုက်ကြီးဖြစ်ခဲ့တာကိုမှ မင်းမမြင်ဘဲကိုးကွ။ မင်းဆိုးခဲ့တေခဲ့တာတွေက ဟိုကောင့်ထက်တောင်ပိုသေးတယ်ကွ.။ ဒီဘဝမှာ မင်းက စိတ်ကောင်းစေတနာကောင်းတွေနဲ့ ကောင်းမှုကုသိုလ်တွေ ချည်းလုပ်နေခဲ့လို့ အခုလို ဒဏ်ရာ ရယုံပဲဆိုးကျိုးခံစားရတာ။ မင်းသာ မကောင်း
တဲ့အလုပ်တွေကို လုပ်နေခဲ့မယ်ဆိုရင် မင်းအသေဆိုးနဲ့ သေနိုင်တယ်။ မင်းသူငယ်ချင်းကတော့ ဒီဘဝမှာသာ သူက လူဆိုးလူမိုက်ဖြစ်နေတာ။ အရင်ဘဝက စိတ်ကောင်းစေတနာကောင်းရှိတဲ့ တကယ့်သူတော်ကောင်းကြီးဖြစ်ခဲ့တယ်။ သူက ဒီဘဝမှာ မကောင်းတာတွေချည်းလုပ်နေတော့ ရွှေအိုးပဲ ရတာပေါ့။ တကယ်လို့ သူကသာ စိတ်ကောင်းစေတနာကောင်းနဲ့ ကောင်းမှုကုသိုလ်တွေလုပ်လိုက်မယ်ဆိုရင် သူနေတဲ့ အိမ်ထဲမှာတင် ရွှေတောင်ကြီးပေါက်နိုင်တယ်`` ဟု မိန့်ကြားလေသည်..။

ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နာယူရမှ သူတော်ကောင်းကျောင်းသားလည်းယုံမှားသံသယများကင်းလွတ်ကာကောင်းမှုကုသိုလ်များကို စိတ်အားထက်သန်စွာ ဆက်လက်ပြုလုပ်ပါတော့သည်။ သူယုတ်မာကျောင်းသားကလည်း မကောင်းမှုဒုစရိုက် များကိုရှောင်ကြဉ်ကာ စိတ်ကောင်းစေတနာကောင်းရှိသော သူတော်ကောင်းတစ်ဦး
ဖြစ်လာပါတော့သည် ။

ထိုဖြစ်စဉ်ကို ကြည့်ပါ။ ကျွန်ုပ်တို့တွေအားလုံး ကောင်းမှုမှန်သမျှပြုပြီး ကောင်းကျိုးမပေး သေးသော်လည်း ဘာမျှ အားလျှော့ရန်မလို။ စိတ်ဓာတ်ကျနေစရာမလို။ ကောင်းမှုကုသိုလ်ပြုစဉ်ကထဲကိုက ကောင်းကျိုးချမ်းသာကိုမျှော်လင့် မနေသင့်ပေ။ မျှော်လင့်ချက်ကြီးက ရှေ့တန်းကနေ ဦးဆောင်နေလျှင် လောဘဦးစီးသော ကုသိုလ်ဖြစ်သွားပါလိမ့်မည်။ လောဘဦးစီးနေလျှင် အကုသိုလ်က ရောနှောပါဝင်နေသည့် အတွက် အကျိုးပေးမထက်သန်တော့ပေ။
ကုသိုလ်ကောင်းမှုပြုစဉ်ကထဲကို စိတ်သန့်သန့်လေးထားကာ ဘုရားလောင်းတို့၏ စိတ်ထားမျိုးထားနိုင်အောင် မွေးမြူရပါမည်။ ကျွန်ုပ်ယခုကောင်းမှုပြုသည့်အတွက် ကောင်းကျိုးချမ်းသာရလိုမှုက အဓိက ပဓာနမဟုတ်။ လိုချင်တပ်မက်သော လောဘတဏှာ၊ ခက်ထန်ရိုင်းပြသော ဒေါသ၊ ဉာဏ်မျက်စိကန်းသော မောဟများကို ပယ်ခွါပြုလုပ်သည့်အတွက် ထိုလောဘ၊ ဒေါသ၊ မောဟမီးတို့ အပြီးတိုင်ငြိမ်းအေးရာ နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေလို့ အဓိဋ္ဌာန်ပြုပြီး ပြုလုပ်ပေးရပါသည်။ သို့မှသာ မှန်ကန်သော အတွေးအမြင်တို့ဖြင့် အသိအလိမ္မာ ဉာဏ်ပညာများ တိုးတက်မြင့်မားနိုင် ပါကြောင်း ကောင်းမြတ်သော စေတနာဖြင့်တင်ပြလိုက်ပါသည်..။
" ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါမရှိရာ။



ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ဇဝန(ကုန်းဇောင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top