ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တစ္ခါတုန္းက ေတာရြာေလးတစ္ရြာမွာရွိတဲ႔ လယ္သမားတစ္ဦးဟာ အိုးကေလး ႏွစ္လံုးကို၀ယ္လာတယ္။ ဒါေပမယ္႔ အဲ႔ဒီအိုးကေလး ႏွစ္လံုးမွာ တစ္လံုးက အနညး္ငယ္အက္ေနတယ္။ တစ္ေန႔က်ေတာ႔ လယ္သမားႀကီးဟာ အိုးႏွစ္လံုးကိုသယ္လုိ႔ ျမစ္ဆိပ္သို႔သြားၿပီး ေရခပ္တယ္။ ေရခပ္ၿပီးျပန္လာေတာ႔ အက္ေနတဲ႔ အိုးကေလးဟာ ေရေတြစိမ္႔ထြက္ေနတယ္။ ေရေတြစိမ္႔ထြက္ေနတာေၾကာင္႔ အိုးကေလးဟာ သူ႔ကိုယ္သူ အသံုးမက်ဘူးလို႔ ခံစားလာရတယ္။ ေကာင္းတဲ႔အိုးကလည္း သူ႔ကိုေလွာင္ေျပာင္မႈ႔ေတြ ျပဳလုပ္တယ္ေလ။ အဲ႔ဒီမွာပဲသူဟာ စိတ္ဓါတ္က်လာတာေၾကာင္႔ လယ္သမားႀကီးကုိ ေျပာလိုက္တယ္။

"ကြ်န္ေတာ္႔ကို လႊင္ပစ္လုိက္ပါေတာ႔ဗ်ာ၊ ကြ်န္ေတာ္ဟာ အသံုးမ၀င္ပါဘူး"

အဲ႔ဒီမွာပဲ လယ္သမားႀကီးက ၿပံဳးရင္ျပန္ေျပာတယ္..

"မင္း ငါတို႔ရြာလမ္းႀကီးကို ၾကည္႔ၾကည္႔ပါဦးကြ"

အဲ႔ဒီမွာပဲ အိုးကြဲေလးဟာ ရြာလမ္းကို သတိထားၾကည္႔လိုက္မိတယ္။ ရြာလမ္းေတြဟာ ပန္းေတြပြင္႔ေနတာကို အံ႔ၾသစြာေတြ႔လိုက္ရတယ္။

"မင္းေတြ႔လား မင္းဆီက ဖိတ္စင္ၾကလာတဲ႔ ေရေတြဟာ၊ ရြာလမ္းမွာ ပန္းေတြပြင္႔ေစတယ္ေလ"

သင္ခန္းစာ

လူတိုင္းမွာမတူညီတဲ႔ အရည္အခ်င္းကိုယ္စီ ရွိၾကတာမို႔၊ အျခားသူမ်ားႏွင္႔ယွဥ္ၿပီး မိမိကိုယ္ကို စိတ္မပ်က္မိပါေစနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေအာင္ခန္႔


#Unicode Version

တစ်ခါတုန်းက တောရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားတစ်ဦးဟာ အိုးကလေး နှစ်လုံးကိုဝယ်လာတယ်။ ဒါပေမယ့် အဲ့ဒီအိုးကလေး နှစ်လုံးမှာ တစ်လုံးက အနည်းငယ်အက်နေတယ်။ တစ်နေ့ကျတော့ လယ်သမားကြီးဟာ အိုးနှစ်လုံးကိုသယ်လို့ မြစ်ဆိပ်သို့သွားပြီး ရေခပ်တယ်။ ရေခပ်ပြီးပြန်လာတော့ အက်နေတဲ့ အိုးကလေးဟာ ရေတွေစိမ့်ထွက်နေတယ်။ ရေတွေစိမ့်ထွက်နေတာကြောင့် အိုးကလေးဟာ သူ့ကိုယ်သူ အသုံးမကျဘူးလို့ ခံစားလာရတယ်။ ကောင်းတဲ့အိုးကလည်း သူ့ကိုလှောင်ပြောင်မှု့တွေ ပြုလုပ်တယ်လေ။ အဲ့ဒီမှာပဲသူဟာ စိတ်ဓါတ်ကျလာတာကြောင့် လယ်သမားကြီးကို ပြောလိုက်တယ်။

"ကျွန်တော့်ကို လွှင်ပစ်လိုက်ပါတော့ဗျာ၊ ကျွန်တော်ဟာ အသုံးမဝင်ပါဘူး"

အဲ့ဒီမှာပဲ လယ်သမားကြီးက ပြုံးရင်ပြန်ပြောတယ်..

"မင်း ငါတို့ရွာလမ်းကြီးကို ကြည့်ကြည့်ပါဦးကွ"

အဲ့ဒီမှာပဲ အိုးကွဲလေးဟာ ရွာလမ်းကို သတိထားကြည့်လိုက်မိတယ်။ ရွာလမ်းတွေဟာ ပန်းတွေပွင့်နေတာကို အံ့သြစွာတွေ့လိုက်ရတယ်။

"မင်းတွေ့လား မင်းဆီက ဖိတ်စင်ကြလာတဲ့ ရေတွေဟာ၊ ရွာလမ်းမှာ ပန်းတွေပွင့်စေတယ်လေ"

သင်ခန်းစာ

လူတိုင်းမှာမတူညီတဲ့ အရည်အချင်းကိုယ်စီ ရှိကြတာမို့၊ အခြားသူများနှင့်ယှဉ်ပြီး မိမိကိုယ်ကို စိတ်မပျက်မိပါစေနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:အောင်ခန့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top