Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 နတ္ရြာစံ ထုိင္းဘုရင္ ဘူမိေဘာ အဒူလုိင္ဒက္ဂ်က္၏ စ်ာပန အခမ္းအနား ေနာက္ဆံုးေန႔တြင္ ၎၏ အ႐ိုးျပာမ်ားကို နတ္ကြန္းႏွစ္ခုသို႔ ျဖန္႔ေဝ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။


ဘန္ေကာက္တြင္ ႀကီးႀကီးက်ယ္က်ယ္ စီစဉ္ က်င္းပခဲ့သည့္ ငါးရက္ၾကာ စ်ာပန အခမ္းအနားမွာ ေအာက္တိုဘာ ၂၉ ရက္ေန႔က ၿပီးဆံုးခဲ့သည္။ ထိုေန႔တြင္ ဘူမိေဘာ၏ အ႐ိုးျပာမ်ားကို ဘန္ေကာက္ရွိ ေတာ္ဝင္ မိသားစုဝင္မ်ား ဝတ္ျပဳရာ ဘုရားေက်ာင္း ႏွစ္ေက်ာင္းမွ နတ္ကြန္းမ်ားထဲသို႔ ပို႔ေဆာင္ခဲ့ျခင္း ျဖစ္သည္။

ဘူမိေဘာသည္ ၿပီးခဲ့သည့္ႏွစ္၊ ေအာက္တိုဘာလက နတ္ရြာစံခဲ့ျခင္းျဖစ္ၿပီး စ်ာပန အခမ္းအနားကို တစ္ႏွစ္ေက်ာ္ အၾကာတြင္မွ ျပဳလုပ္ခဲ့သည္။ ထိုင္းျပည္သူမ်ားက ဖခင္သဖြယ္ ခ်စ္ခင္ေလးစားမႈ ခံရၿပီး ထိုင္းႏုိင္ငံ ထီးနန္းကို ႏွစ္ေပါင္း ၇၀ မွ် စိုးစံခဲ့သည့္ ဘုရင္ႀကီးသည္ အသက္ ၈၈ ႏွစ္ အရြယ္တြင္ နတ္ရြာစံခဲ့သည္။ စ်ာပန အခမ္းအနား ေနာက္ဆံုးေန႔၌ ၎ကို ထုိင္းျပည္သူ ေထာင္ေသာင္းခ်ီ၍ လာေရာက္ ဂါရဝ ျပဳခဲ့ၾကသည္။

ထိုင္းႏုိင္ငံတြင္ ဘူမိေဘာ နတ္ရြာစံၿပီးေနာက္ ဝမ္းနည္းေၾကကြဲမႈ အထိမ္းအမွတ္ ကာလကို တစ္ႏွစ္ၾကာ သတ္မွတ္ထားၿပီး ေအာက္တိုဘာ ၂၉ ရက္ ညသန္းေခါင္တြင္ အဆံုးသတ္ခဲ့ၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ထုိင္းျပည္သူမ်ား အေနျဖင့္ ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ ၎တို႔ ဝတ္ဆင္ေလ့ရွိသည့္ အနက္ေရာင္အစား ပိုမိုေတာက္ပ စိုေျပသည့္ အေရာင္မ်ား ဝတ္ဆင္လာႏုိင္ၿပီ ျဖစ္သည္။

ဘူမိေဘာ၏ ႂကြင္းက်န္ ႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက မီးသၿဂႋဳဟ္ခဲ့ၿပီး အဆိုပါ အစီအစဉ္ကို သားေတာ္ လက္ရွိ ထုိင္းဘုရင္ မဟာ ဗီဂ်ရာေလာင္ကြန္းက ဦးစီးခဲ့သည္။ ဗီဂ်ရာေလာင္ကြန္းသည္ နတ္ကြန္းတြင္ ထားရွိမည့္ ဖခင္၏ အ႐ိုးျပာမ်ားကို နန္းေတာ္ထဲ၌ တာဝန္ယူ ေရြးခ်ယ္ခဲ့ေၾကာင္း သိရွိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူလိုင်ဒက်ဂျက်၏ ဈာပန အခမ်းအနား နောက်ဆုံးနေ့တွင် ၎င်း၏ အရိုးပြာများကို နတ်ကွန်းနှစ်ခုသို့ ဖြန့်ဝေ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


ဘန်ကောက်တွင် ကြီးကြီးကျယ်ကျယ် စီစဉ် ကျင်းပခဲ့သည့် ငါးရက်ကြာ ဈာပန အခမ်းအနားမှာ အောက်တိုဘာ ၂၉ ရက်နေ့က ပြီးဆုံးခဲ့သည်။ ထိုနေ့တွင် ဘူမိဘော၏ အရိုးပြာများကို ဘန်ကောက်ရှိ တော်ဝင် မိသားစုဝင်များ ဝတ်ပြုရာ ဘုရားကျောင်း နှစ်ကျောင်းမှ နတ်ကွန်းများထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘူမိဘောသည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလက နတ်ရွာစံခဲ့ခြင်းဖြစ်ပြီး ဈာပန အခမ်းအနားကို တစ်နှစ်ကျော် အကြာတွင်မှ ပြုလုပ်ခဲ့သည်။ ထိုင်းပြည်သူများက ဖခင်သဖွယ် ချစ်ခင်လေးစားမှု ခံရပြီး ထိုင်းနိုင်ငံ ထီးနန်းကို နှစ်ပေါင်း ၇၀ မျှ စိုးစံခဲ့သည့် ဘုရင်ကြီးသည် အသက် ၈၈ နှစ် အရွယ်တွင် နတ်ရွာစံခဲ့သည်။ ဈာပန အခမ်းအနား နောက်ဆုံးနေ့၌ ၎င်းကို ထိုင်းပြည်သူ ထောင်သောင်းချီ၍ လာရောက် ဂါရဝ ပြုခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် ဘူမိဘော နတ်ရွာစံပြီးနောက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် ကာလကို တစ်နှစ်ကြာ သတ်မှတ်ထားပြီး အောက်တိုဘာ ၂၉ ရက် ညသန်းခေါင်တွင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ထိုင်းပြည်သူများ အနေဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၎င်းတို့ ဝတ်ဆင်လေ့ရှိသည့် အနက်ရောင်အစား ပိုမိုတောက်ပ စိုပြေသည့် အရောင်များ ဝတ်ဆင်လာနိုင်ပြီ ဖြစ်သည်။

ဘူမိဘော၏ ကြွင်းကျန် ရုပ်အလောင်းကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မီးသင်္ဂြိုဟ်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို သားတော် လက်ရှိ ထိုင်းဘုရင် မဟာ ဗီဂျရာလောင်ကွန်းက ဦးစီးခဲ့သည်။ ဗီဂျရာလောင်ကွန်းသည် နတ်ကွန်းတွင် ထားရှိမည့် ဖခင်၏ အရိုးပြာများကို နန်းတော်ထဲ၌ တာဝန်ယူ ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top