Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဝင္စတန္ခ်ာခ်ီ ေသာက္ခဲ့သည့္ ေဆးျပင္းလိပ္တုိတစ္ခုကို ကန္ေဒၚလာ ၁၂,၀၀၀ ျဖင့္ ေရာင္းခ်ခဲ့ ေၾကာင္း ေဘာ္စတြန္အေျခစိုက္ RP Auction ေလလံအဖြဲ႕က ေျပာသည္။

၁၉၄၇ ေမလ ၁၁ ရက္တြင္ ပါရီၿမိဳ႕ လီဘုိဂတ္ေလဆိပ္၌ ခ်ာ ခ်ီသည္ ၁၀ စင္တီမီတာအရွည္ရိွ ထိုေဆးျပင္းလိပ္ကို တစ္စိတ္ တစ္ပုိင္း ေသာက္ခဲ့သည္။

ခ်ာခ်ီ၏ ေသာက္လက္စ ထို ေဆးျပင္းလိပ္တုိကုိ ေအာက္တို ဘာ ၁၁ ရက္ ညက ဖေလာ္ရီဒါ ျပည္နယ္တြင္ ေလလံတင္ေရာင္း ခ်ခဲ့ၿပီး ဝယ္ယူသူအမည္ကုိ မေဖာ္ျပေပ။

အဆုိပါေဆးျပင္းလိပ္တိုကုိ ၿဗိတိန္ ေလတပ္သားတစ္ဦးက သိမ္းထားခဲ့ျခင္းျဖစ္သည္။

အနီေရာင္ႏွင့္ေရႊေရာင္ ေရာစပ္ထားေသာ La Corona တံဆိပ္ႏွင့္ ခ်ာခ်ီ၏နာမည္အျပည့္အစံုကုိ ေဖာ္ျပထားေသာ က်ဴးဘားေဆး ျပင္းလိပ္ကို တပ္ၾကပ္ႀကီး ဝီလီယံ အယ္လ္လန္တူနာက သိမ္းထား ခဲ့သည္။

ထို႔အျပင္ ဝီလီယံအယ္လ္ လန္တူနာသည္ ၎ကုိယ္တုိင္ ႐ုိက္ကူးခဲ့ေသာ ၁၉၄၇ ေမလ ၁၁ ရက္တြင္ ပါရီၿမိဳ႕ လီဘုိဂတ္ေလ ဆိပ္သုိ႔ ေရာက္လာသည့္ ခ်ာခ်ီ ၏ ဓာတ္ပံုတစ္ပံုကုိလည္း ေဖာ္ျပ ခဲ့သည္။

၂၀၁၅ ကလည္း ၿဗိတိန္ ေလလံဌာနတစ္ခုတြင္ ခ်ာခ်ီ၏ ေဆးျပင္းလိပ္တစ္ခုကုိ ယူ႐ုိ ၂,၀၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ သောက်ခဲ့သည့် ဆေးပြင်းလိပ်တိုတစ်ခုကို ကန်ဒေါ်လာ ၁၂,၀၀၀ ဖြင့် ရောင်းချခဲ့ ကြောင်း ဘော်စတွန်အခြေစိုက် RP Auction လေလံအဖွဲ့က ပြောသည်။

၁၉၄၇ မေလ ၁၁ ရက်တွင် ပါရီမြို့ လီဘိုဂတ်လေဆိပ်၌ ချာ ချီသည် ၁၀ စင်တီမီတာအရှည်ရှိ ထိုဆေးပြင်းလိပ်ကို တစ်စိတ် တစ်ပိုင်း သောက်ခဲ့သည်။

ချာချီ၏ သောက်လက်စ ထို ဆေးပြင်းလိပ်တိုကို အောက်တို ဘာ ၁၁ ရက် ညက ဖလော်ရီဒါ ပြည်နယ်တွင် လေလံတင်ရောင်း ချခဲ့ပြီး ဝယ်ယူသူအမည်ကို မဖော်ပြပေ။

အဆိုပါဆေးပြင်းလိပ်တိုကို ဗြိတိန် လေတပ်သားတစ်ဦးက သိမ်းထားခဲ့ခြင်းဖြစ်သည်။

အနီရောင်နှင့်ရွှေရောင် ရောစပ်ထားသော La Corona တံဆိပ်နှင့် ချာချီ၏နာမည်အပြည့်အစုံကို ဖော်ပြထားသော ကျူးဘားဆေး ပြင်းလိပ်ကို တပ်ကြပ်ကြီး ဝီလီယံ အယ်လ်လန်တူနာက သိမ်းထား ခဲ့သည်။

ထို့အပြင် ဝီလီယံအယ်လ် လန်တူနာသည် ၎င်းကိုယ်တိုင် ရိုက်ကူးခဲ့သော ၁၉၄၇ မေလ ၁၁ ရက်တွင် ပါရီမြို့ လီဘိုဂတ်လေ ဆိပ်သို့ ရောက်လာသည့် ချာချီ ၏ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြ ခဲ့သည်။

၂၀၁၅ ကလည်း ဗြိတိန် လေလံဌာနတစ်ခုတွင် ချာချီ၏ ဆေးပြင်းလိပ်တစ်ခုကို ယူရို ၂,၀၀၀ ဖြင့် ရောင်းချခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top