Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


အိမ္ၿခံေျမမ်ားကို ေနထိုင္ရန္မဟုတ္ဘဲ ဝယ္ယူကာ ေစ်းကစားသူမ်ားကို ပစၥည္းခြန္ ေကာက္ခံျခင္းျဖင့္ တားဆီးမည္ ဟု စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ ေမာင္ဝင္းကေျပာသည္။

      ထိုသို႔ေကာက္ခံႏိုင္ရန္ ပစၥည္းခြန္ ေကာက္ခံျခင္းကို ႀကီးၾကပ္ျခင္းဆိုင္ရာ ဥပေဒ (မူၾကမ္း) ေရးဆြဲေနၿပီး ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္႐ံုးသို႔ ဥပေဒအႀကံဉာဏ္မ်ား ေတာင္းခံထားေၾကာင္း ၎ကေျပာသည္။

ယင္းဥပေဒျပ႒ာန္းၿပီးပါက ပစၥည္းခြန္ေကာက္ခံေရး ပစၥည္း ခြန္ေကာက္ခံမႈႀကီးၾကပ္ေရးဗဟို အဖြဲ႕ကို ျပည္ေထာင္စု အစိုးရ အဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ဖြဲ႕ စည္းမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီး ကေျပာသည္။

ထိုအဖြဲ႕က ႏွစ္စဥ္၊ ေျမ၊ အေဆာက္အအံု ဌားရမ္းခစံႏႈန္း သတ္မွတ္တန္ဖိုးကို ျပည္ေထာင္ စုအစိုးရအဖြဲ႕၏ သေဘာတူညီ ခ်က္ျဖင့္ သတ္မွတ္မည္ဟု ၎ ကေျပာသည္။

‘‘ႏွစ္စဥ္သံုးသပ္ၿပီး တန္ဖိုး သတ္မွတ္ကာ က်သင့္ပစၥည္းခြန္ ကို ေကာက္ခံမည္ျဖစ္၍ အိမ္ၿခံ ေျမေစ်းကစားသူမ်ားက အိမ္ၿခံ ေျမမ်ားကို ေနထုိင္ရန္မဟုတ္ဘဲ ဝယ္ယူ၊ ထိန္းသိမ္းလက္ဝါးႀကီး အုပ္ျခင္း (သို႔မဟုတ္) ေစ်းကစား ျခင္းတို႔ကို တားဆီးကာကြယ္ႏိုင္ မည္ျဖစ္ပါတယ္’’ ဟု ၎ကေျပာ သည္။

ေအာက္တိုဘာ ၃၀ ရက္က ျပည္သူ႔လႊတ္ေတာ္ ဘီးလင္းမဲဆႏၵ နယ္မွ ကိုယ္စားလွယ္ ဦးတင္ကို ကိုဦးက အိမ္ၿခံေျမ ေစ်းကစားသူ မ်ားက ေနထိုင္ရန္အတြက္မဟုတ္ ဘဲ ဝယ္ယူူထိန္းသိမ္း လက္ဝါး ႀကီးအုပ္ျခင္းတို႔က အကာအကြယ္ ေပးေစရန္ ပိုင္ဆိုင္မႈအခြန္ (Pro-perty Tax) ေကာက္ခံရန္ အစီအစဥ္ရွိ၊ မရွိိ ေမးျမန္းခဲ့သည္။

အခြန္ေကာက္ခံသည့္ စနစ္ သည္ ေကာင္းမြန္ၿပီး အိမ္ၿခံေျမ ေစ်းကြက္ ေဖာင္းပြမႈ ထိန္းခ်ဳပ္ႏိုင္ျခင္း၊ ေစ်းႏႈန္းတည္ၿငိမ္လာျခင္း၊ ေငြမည္းခဝါခ်မႈတားဆီးႏိုင္ျခင္း၊ ျပည္သူမ်ားအေနျဖင့္ အိမ္ၿခံေျမအိပ္မက္မ်ား လက္လွမ္းမမီျခင္းကို တားဆီးႏိုင္ျခင္း စသည့္ အခ်က္မ်ား ေဆာင္ရြက္ႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း ဒုဥကၠ႒ဦးသန္းဦးက ေျပာသည္။

‘‘မေရႊ႕မေျပာင္းႏိုင္တဲ့ ပိုင္ ဆိုင္မႈေပါ့၊ ေရေျမ၊ ဥစၥာေတြ တိုး လာတဲ့အေပၚမွာ ဒါကတျဖည္း ျဖည္းထိန္းခ်ဳပ္တဲ့ သေဘာမ်ိဳးနဲ႔အ ခြန္နဲ႔ ေကာက္ခံၿပီး ထိန္းခ်ဳပ္တာ ပါ။ အဲဒီစနစ္ပါ’’ ဟု ၎ကေျပာ သည္။

ထိုသို႔အခြန္ေကာက္ခံပါက အိမ္ၿခံေျမ ေစ်းမ်ား က်ဆင္း ရန္ အတိအက်ေျပာဆိုရန္ ခက္ခဲၿပီး ေစ်းႏႈန္းက်ဆင္းရန္၊ အျခားအေၾကာင္း အခ်က္မ်ားရွိေနေၾကာင္းဦးသန္းဦးကေျပာသည္။

‘‘အခြန္နဲ႔ ထိန္းသိမ္းလိုက္ တာ မွန္ေပမယ့္ ႏိုင္ငံ့ရဲ႕ ေငြေၾကး ေဖာင္းပြမႈက သိပ္မ်ားေနရင္လည္း  က်စရာမရွိဘူး’’ ဟု ၎ကေျပာၾကားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#

အိမ်ခြံမြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူကာ ဈေးကစားသူများကို ပစ္စည်းခွန် ကောက်ခံခြင်းဖြင့် တားဆီးမည် ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းကပြောသည်။

      ထိုသို့ကောက်ခံနိုင်ရန် ပစ္စည်းခွန် ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) ရေးဆွဲနေပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံဉာဏ်များ တောင်းခံထားကြောင်း ၎င်းကပြောသည်။

ယင်းဥပဒေပြဋ္ဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံရေး ပစ္စည်း ခွန်ကောက်ခံမှုကြီးကြပ်ရေးဗဟို အဖွဲ့ကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့်ဖွဲ့ စည်းမည်ဖြစ်ကြောင်း ဒုဝန်ကြီး ကပြောသည်။

ထိုအဖွဲ့က နှစ်စဉ်၊ မြေ၊ အဆောက်အအုံ ဌားရမ်းခစံနှုန်း သတ်မှတ်တန်ဖိုးကို ပြည်ထောင် စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် သတ်မှတ်မည်ဟု ၎င်း ကပြောသည်။

‘‘နှစ်စဉ်သုံးသပ်ပြီး တန်ဖိုး သတ်မှတ်ကာ ကျသင့်ပစ္စည်းခွန် ကို ကောက်ခံမည်ဖြစ်၍ အိမ်ခြံ မြေဈေးကစားသူများက အိမ်ခြံ မြေများကို နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီး အုပ်ခြင်း (သို့မဟုတ်) ဈေးကစား ခြင်းတို့ကို တားဆီးကာကွယ်နိုင် မည်ဖြစ်ပါတယ်’’ ဟု ၎င်းကပြော သည်။

အောက်တိုဘာ ၃၀ ရက်က ပြည်သူ့လွှတ်တော် ဘီးလင်းမဲဆန္ဒ နယ်မှ ကိုယ်စားလှယ် ဦးတင်ကို ကိုဦးက အိမ်ခြံမြေ ဈေးကစားသူ များက နေထိုင်ရန်အတွက်မဟုတ် ဘဲ ဝယ်ယူူထိန်းသိမ်း လက်ဝါး ကြီးအုပ်ခြင်းတို့က အကာအကွယ် ပေးစေရန် ပိုင်ဆိုင်မှုအခွန် (Pro-perty Tax) ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အခွန်ကောက်ခံသည့် စနစ် သည် ကောင်းမွန်ပြီး အိမ်ခြံမြေ ဈေးကွက် ဖောင်းပွမှု ထိန်းချုပ်နိုင်ခြင်း၊ ဈေးနှုန်းတည်ငြိမ်လာခြင်း၊ ငွေမည်းခဝါချမှုတားဆီးနိုင်ခြင်း၊ ပြည်သူများအနေဖြင့် အိမ်ခြံမြေအိပ်မက်များ လက်လှမ်းမမီခြင်းကို တားဆီးနိုင်ခြင်း စသည့် အချက်များ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌဦးသန်းဦးက ပြောသည်။

‘‘မရွှေ့မပြောင်းနိုင်တဲ့ ပိုင် ဆိုင်မှုပေါ့၊ ရေမြေ၊ ဥစ္စာတွေ တိုး လာတဲ့အပေါ်မှာ ဒါကတဖြည်း ဖြည်းထိန်းချုပ်တဲ့ သဘောမျိုးနဲ့အ ခွန်နဲ့ ကောက်ခံပြီး ထိန်းချုပ်တာ ပါ။ အဲဒီစနစ်ပါ’’ ဟု ၎င်းကပြော သည်။

ထိုသို့အခွန်ကောက်ခံပါက အိမ်ခြံမြေ ဈေးများ ကျဆင်း ရန် အတိအကျပြောဆိုရန် ခက်ခဲပြီး ဈေးနှုန်းကျဆင်းရန်၊ အခြားအကြောင်း အချက်များရှိနေကြောင်းဦးသန်းဦးကပြောသည်။

‘‘အခွန်နဲ့ ထိန်းသိမ်းလိုက် တာ မှန်ပေမယ့် နိုင်ငံ့ရဲ့ ငွေကြေး ဖောင်းပွမှုက သိပ်များနေရင်လည်း  ကျစရာမရှိဘူး’’ ဟု ၎င်းကပြောကြားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top