Golden City Promotion
×

ေလာကႀကီးမွာ ၿပီးျပည္႔စံုတဲ႔လူသားဆိုတာ မရွိပါဘူး။ သူ႕ဟာနဲ႔သူ အျပစ္ေလးေတြ၊ အနာအဆာေလးေတြေတာ႔ ရွိမွာပါပဲ။ Relationship တစ္ခုမွာဆိုရင္ ကေတာက္ကဆေလးေတြ၊ အလႈပ္အခတ္ေလးေတြဆိုတာလည္း ရွိမွာပါပဲ။

ဒါေပမယ္႔ ကိုယ္နဲ႔ ကိုယ္႔ရည္းစားဟာ အျမဲလိုလို သတ္ေနရတယ္ဆိုရင္၊ ဒီတစ္ေယာက္ဟာ ကိုယ္႔ဘဝအတြက္ ေရရွည္လက္တြဲဖို႔ သင္႔ေတာ္ပါ႔မလား ဆိုၿပီး သံသယဝင္ေနရတယ္ဆိုရင္ေတာ႔ ျပန္လည္စမ္းစစ္ၾကည္႔သင္႔ပါၿပီ။
၁။ တန္ဖိုးထားပံုခ်င္း မတူညီဘူး
ဘဝမွာ လူတစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားတဲ႔အရာခ်င္း၊ တန္ဖိုးထားပံုခ်င္း မတူညီတာက သဘာဝပါ။ ဥပမာ... ကိုယ္က ဖက္ရွင္ဒီဇိုင္းေလးေတြကို စိတ္ဝင္စားမယ္။ အလွျပင္ပစၥည္းေလးေတြဆိုရင္ တန္ဖိုးထားမယ္။ ကိုယ္႔ရည္းစားက စာအုပ္ဖတ္ရတာကို ႏွစ္သက္တယ္။ သူ႔စာအုပ္ကို အရမ္းတန္ဖိုးထားတယ္။ စသျဖင္႔ေပါ႔။

တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားပံုခ်င္း မတူညီတဲ႔အခါ အေလးထားမႈေတြလည္း ကြာျခားလာတတ္ပါတယ္။ ဒီကိစၥေလးေတြက အေသးအဖြဲေလးေတြဆုိေပမယ္႔ ကုိယ္တန္ဖိုးထားတဲ႔အရာကို သူတန္ဖုိးမထားႏိုင္တဲ႔ အခ်ိန္မွာ၊ ႏွိမ္ခ်ေျပာဆိုလာခ်ိန္မွာ ျပႆနာေလးေတြ တက္လာပါလိမ္႔မယ္။
၂။ ႏွစ္သိမ္႔ေပးျခင္းမရွိဘူး

ကိုယ္စိတ္ရႈပ္ေနခ်ိန္မွာ သူတို႔ ဘယ္လိုတံု႕ျပန္တတ္လဲ။ လူတစ္ေယာက္နဲ႔တစ္ေယာက္ တံု႕ျပန္ပံုခ်င္း တူမွာမဟုတ္ပါဘူး။ အထူးသျဖင္႔ စိတ္ခံစားခ်က္ေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ ေယာက်္ားနဲ႔ မိန္းမ ကိုင္တြယ္ပံုခ်င္း ကြဲျပားပါတယ္။ ေယာက်္ားေလးေတြက စိတ္ခံစားခ်က္ေတြကို ကိုင္တြယ္ရာမွာ ေျဖရွင္းနည္းကို အရင္ဆံုး စဥ္းစားတတ္ၾကၿပီး မိန္းကေလးေတြကေတာ႔ ေျဖရွင္းနည္း ဆိုတာထက္ ကိုယ္ေျပာတာကို နားေထာင္ေပးတာနဲ႔ ႏွစ္သိမ္႔ေပးတာကို လုိခ်င္ၾကတာပါ။

ကိုယ္႔ခ်စ္သူက ကိုယ္နာက်င္ခံစား ေနရတာကိုေတာင္ ဘယ္လိုႏွစ္သိမ္႔ေပးရမလဲ မသိရင္၊ ႏွစ္သိမ္႔ေပးခ်င္စိတ္ မရွိရင္ ကိုယ္႔အတြက္ကိုယ္ပဲၾကည္႔တဲ႔ အတၱသမားတစ္ေယာက္ျဖစ္ႏိုင္ေျခမ်ားပါတယ္။
၃။ ဦးစားမေပးတတ္ဘူး

ဒီေန႔ေခတ္မွွာ အဆက္အသြယ္လုပ္လို႔ရတဲ႔ နည္းလမ္းေတြက အမ်ားႀကီးပါပဲ။ အီးေမးလ္၊ စမတ္ဖုန္း၊ Facebook၊ message အစရွိတဲ႔ နည္းပညာၾကားခံပစၥည္းေတြနဲ႔ အခ်ိန္ျပည္႔ဆက္သြယ္လို႔ ရေနပါတယ္။ ဒါေၾကာင္႔ တစ္ေယာက္နဲ႔တစ္ေယာက္ လူခ်င္းမေတြ႕ရတဲ႔ အခ်ိန္မွာ လုပ္မယ္႔အရာေတြနဲ႔ ကိုယ္ပိုင္ခ်ိန္ေတြကို ဘယ္လိုအသံုးခ်မယ္ဆိုတာကိုလည္း ေသခ်ာေဆြးေႏြးထားသင္႔ပါတယ္။

လူတိုင္းလူတိုင္း ကုိယ္ပိုင္ခ်ိန္လိုအပ္တာ အမွန္ပါပဲ။ ေနာက္ၿပီး မိသားစု၊ သူငယ္ခ်င္း၊ အလုပ္နဲ႔ တျခား ဦးစားေပးရမယ္႔ အရာေတြလည္း ရွိမွာအမွန္ပါပဲ။ ဒါေပမယ္႔ ကိုယ္ကလြဲရင္ အရာရာတိုင္းက သူ႔ရဲ႕ဦးစားေပးအလုပ္ ျဖစ္ေနၿပီဆိုရင္ေတာ႔ တစ္ခုခုေတာ႔ မွားေနပါၿပီ။ ေဘာ္ဒါေတြနဲ႔ ဂိမ္းေဆာ႔ေနလို႔ ကိုယ္႔ကို ပလစ္သြားတာမ်ိဳး၊ အိမ္ကလူေတြနဲ႔ အျပင္သြားရမွာမို႔ ရံုးပိတ္ရက္ ေလွ်ာက္လည္ခ်င္တာေတာင္ အိမ္တြင္းေအာင္းေနလိုက္ရတာမ်ိဳးေပါ႔။

၄။ လံုးဝအျမင္မတူဘူး

ညွိႏႈိင္းေဆာင္ရြက္မႈက Relationship တိုင္းမွာ လိုအပ္ပါတယ္။ ဒါေပမယ္႔ ေန႔တိုင္းလိုလို စကားမ်ားရန္ျဖစ္ေနရၿပီဆိုရင္ေတာ႔ ဒါဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံရာမွာ တစ္ခုခုမွားယြင္းေနပါၿပီ။ တစ္နည္းအားျဖင္႔ အျမင္မတူၾကေတာ႔လို႔ ဒီလိုျဖစ္ေနရတာပါ။ ကိုယ္ေျပာသမွ်၊ လုပ္သမွ် အရာရာတိုင္းကို အျပစ္ျမင္မယ္ဆိုရင္၊ နားလည္မႈလြဲေနမယ္ဆိုရင္ ခဏခဏ စကားမ်ားေနရမွာျဖစ္ၿပီး ဘယ္ေတာ႔မွွလည္း ေျပလည္မႈအစစ္ကို ရရွိမွာမဟုတ္ပါဘူး။

ရန္ျဖစ္္တာရပ္တန္႔သြားၿပီဆိုတာကလည္း စကားမ်ားရတာကို ေမာလာလို႔သာ ရပ္လိုက္တာ ျဖစ္ႏိုင္ပါတယ္။ ဒီလို relationship မ်ိဳးကေတာ႔ ႏွစ္ဖက္လံုးကို ထိခိုက္ေစတဲ႔ ဆက္ဆံေရးမ်ိဳးပဲ ျဖစ္ပါတယ္။
၅။ အျပစ္ပံုခ်တတ္တယ္

ျပႆနာတိုင္းမွာ သူ႔အျမင္၊ ကိုယ္႔အျမင္ဆိုတာရွိပါတယ္။ တစ္ခါတေလမွာ ကိုယ္မွန္တယ္ဆိုတိုင္း သူမွားေနတာ ဟုတ္ခ်င္မွဟုတ္မွာပါ။ ဒါေပမယ္႔ ကိုယ္႔ခ်စ္သူကေတာ႔ ျပႆနာျဖစ္ရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈ မရွိဘဲ ကိုယ္႔အေပၚပဲ အျပစ္ေတြ ပံုခ်တတ္တယ္ဆုိရင္ေတာ႔ ဒါဟာ မက်န္းမာတဲ႔ ဆက္ဆံေရးတစ္ခုပါပဲ။ စကားမ်ားစရာ အေၾကာင္းအရာတစ္ခုရွိမယ္ဆိုရင္ အျပဳသေဘာနဲ႔ ခ်ဥ္းကပ္ေျဖရွင္းရမွာျဖစ္ပါတယ္။ ဒီလိုမဟုတ္ဘဲ အျပစ္ပဲလႊဲခ်တတ္တဲ႔လူနဲ႔ တြဲေနရတယ္ဆိုရင္ေတာ႔ ေျပာင္းလဲခ်ိန္တန္ပါၿပီ။

Source: Reader's Digest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
လောကကြီးမှာ ပြီးပြည့်စုံတဲ့လူသားဆိုတာ မရှိပါဘူး။ သူ့ဟာနဲ့သူ အပြစ်လေးတွေ၊ အနာအဆာလေးတွေတော့ ရှိမှာပါပဲ။ Relationship တစ်ခုမှာဆိုရင် ကတောက်ကဆလေးတွေ၊ အလှုပ်အခတ်လေးတွေဆိုတာလည်း ရှိမှာပါပဲ။

ဒါပေမယ့် ကိုယ်နဲ့ ကိုယ့်ရည်းစားဟာ အမြဲလိုလို သတ်နေရတယ်ဆိုရင်၊ ဒီတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် ရေရှည်လက်တွဲဖို့ သင့်တော်ပါ့မလား ဆိုပြီး သံသယဝင်နေရတယ်ဆိုရင်တော့ ပြန်လည်စမ်းစစ်ကြည့်သင့်ပါပြီ။
၁။ တန်ဖိုးထားပုံချင်း မတူညီဘူး
ဘဝမှာ လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့အရာချင်း၊ တန်ဖိုးထားပုံချင်း မတူညီတာက သဘာဝပါ။ ဥပမာ... ကိုယ်က ဖက်ရှင်ဒီဇိုင်းလေးတွေကို စိတ်ဝင်စားမယ်။ အလှပြင်ပစ္စည်းလေးတွေဆိုရင် တန်ဖိုးထားမယ်။ ကိုယ့်ရည်းစားက စာအုပ်ဖတ်ရတာကို နှစ်သက်တယ်။ သူ့စာအုပ်ကို အရမ်းတန်ဖိုးထားတယ်။ စသဖြင့်ပေါ့။

တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားပုံချင်း မတူညီတဲ့အခါ အလေးထားမှုတွေလည်း ကွာခြားလာတတ်ပါတယ်။ ဒီကိစ္စလေးတွေက အသေးအဖွဲလေးတွေဆိုပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာကို သူတန်ဖိုးမထားနိုင်တဲ့ အချိန်မှာ၊ နှိမ်ချပြောဆိုလာချိန်မှာ ပြဿနာလေးတွေ တက်လာပါလိမ့်မယ်။
၂။ နှစ်သိမ့်ပေးခြင်းမရှိဘူး

ကိုယ်စိတ်ရှုပ်နေချိန်မှာ သူတို့ ဘယ်လိုတုံ့ပြန်တတ်လဲ။ လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံချင်း တူမှာမဟုတ်ပါဘူး။ အထူးသဖြင့် စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ယောကျ်ားနဲ့ မိန်းမ ကိုင်တွယ်ပုံချင်း ကွဲပြားပါတယ်။ ယောကျ်ားလေးတွေက စိတ်ခံစားချက်တွေကို ကိုင်တွယ်ရာမှာ ဖြေရှင်းနည်းကို အရင်ဆုံး စဉ်းစားတတ်ကြပြီး မိန်းကလေးတွေကတော့ ဖြေရှင်းနည်း ဆိုတာထက် ကိုယ်ပြောတာကို နားထောင်ပေးတာနဲ့ နှစ်သိမ့်ပေးတာကို လိုချင်ကြတာပါ။

ကိုယ့်ချစ်သူက ကိုယ်နာကျင်ခံစား နေရတာကိုတောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိရင်၊ နှစ်သိမ့်ပေးချင်စိတ် မရှိရင် ကိုယ့်အတွက်ကိုယ်ပဲကြည့်တဲ့ အတ္တသမားတစ်ယောက်ဖြစ်နိုင်ခြေများပါတယ်။
၃။ ဦးစားမပေးတတ်ဘူး

ဒီနေ့ခေတ်မှှာ အဆက်အသွယ်လုပ်လို့ရတဲ့ နည်းလမ်းတွေက အများကြီးပါပဲ။ အီးမေးလ်၊ စမတ်ဖုန်း၊ Facebook၊ message အစရှိတဲ့ နည်းပညာကြားခံပစ္စည်းတွေနဲ့ အချိန်ပြည့်ဆက်သွယ်လို့ ရနေပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ရတဲ့ အချိန်မှာ လုပ်မယ့်အရာတွေနဲ့ ကိုယ်ပိုင်ချိန်တွေကို ဘယ်လိုအသုံးချမယ်ဆိုတာကိုလည်း သေချာဆွေးနွေးထားသင့်ပါတယ်။

လူတိုင်းလူတိုင်း ကိုယ်ပိုင်ချိန်လိုအပ်တာ အမှန်ပါပဲ။ နောက်ပြီး မိသားစု၊ သူငယ်ချင်း၊ အလုပ်နဲ့ တခြား ဦးစားပေးရမယ့် အရာတွေလည်း ရှိမှာအမှန်ပါပဲ။ ဒါပေမယ့် ကိုယ်ကလွဲရင် အရာရာတိုင်းက သူ့ရဲ့ဦးစားပေးအလုပ် ဖြစ်နေပြီဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။ ဘော်ဒါတွေနဲ့ ဂိမ်းဆော့နေလို့ ကိုယ့်ကို ပလစ်သွားတာမျိုး၊ အိမ်ကလူတွေနဲ့ အပြင်သွားရမှာမို့ ရုံးပိတ်ရက် လျှောက်လည်ချင်တာတောင် အိမ်တွင်းအောင်းနေလိုက်ရတာမျိုးပေါ့။

၄။ လုံးဝအမြင်မတူဘူး

ညှိနှိုင်းဆောင်ရွက်မှုက Relationship တိုင်းမှာ လိုအပ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလို စကားများရန်ဖြစ်နေရပြီဆိုရင်တော့ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ တစ်ခုခုမှားယွင်းနေပါပြီ။ တစ်နည်းအားဖြင့် အမြင်မတူကြတော့လို့ ဒီလိုဖြစ်နေရတာပါ။ ကိုယ်ပြောသမျှ၊ လုပ်သမျှ အရာရာတိုင်းကို အပြစ်မြင်မယ်ဆိုရင်၊ နားလည်မှုလွဲနေမယ်ဆိုရင် ခဏခဏ စကားများနေရမှာဖြစ်ပြီး ဘယ်တော့မှှလည်း ပြေလည်မှုအစစ်ကို ရရှိမှာမဟုတ်ပါဘူး။

ရန်ဖြစ်တာရပ်တန့်သွားပြီဆိုတာကလည်း စကားများရတာကို မောလာလို့သာ ရပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒီလို relationship မျိုးကတော့ နှစ်ဖက်လုံးကို ထိခိုက်စေတဲ့ ဆက်ဆံရေးမျိုးပဲ ဖြစ်ပါတယ်။
၅။ အပြစ်ပုံချတတ်တယ်

ပြဿနာတိုင်းမှာ သူ့အမြင်၊ ကိုယ့်အမြင်ဆိုတာရှိပါတယ်။ တစ်ခါတလေမှာ ကိုယ်မှန်တယ်ဆိုတိုင်း သူမှားနေတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမယ့် ကိုယ့်ချစ်သူကတော့ ပြဿနာဖြစ်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ကိုယ့်အပေါ်ပဲ အပြစ်တွေ ပုံချတတ်တယ်ဆိုရင်တော့ ဒါဟာ မကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုပါပဲ။ စကားများစရာ အကြောင်းအရာတစ်ခုရှိမယ်ဆိုရင် အပြုသဘောနဲ့ ချဉ်းကပ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အပြစ်ပဲလွှဲချတတ်တဲ့လူနဲ့ တွဲနေရတယ်ဆိုရင်တော့ ပြောင်းလဲချိန်တန်ပါပြီ။

Source: Reader's Digest

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top