





Credit: tameelay

#Unicode Version#
မကြီးစိုးလို့ ခေါ်ကြတဲ့ စိုးမြတ်သူဇာ က မကြာသေးခင်က ကိုရီးယားသွားပြီး မျက်နှာ ခွဲစိတ် ပြုပြင်မှု အချို့ လုပ်ခဲ့ပါတယ်။ အဲ့လိုလုပ်လိုက်တာ မှန်တယ်လို့ ဆိုရမယ်ထင်ပါတယ်။ ခုဆိုရင် စိုးမြတ်သူဇာ က ပိုပြီးနုနေသလိုပုံစံနဲ့ပါ။

စက်တင်ဘာလ ၂၉ ရက်က လျှပ်တစ်ပြတ်ဂျာနယ် မှ ဦးမြတ်ခိုင်၏  အမေးကို စိုးမြတ်သူဇာ က ဖြေပေးခဲ့ပါတယ်။

“ရည်းစား မထားဘူးလား”၊ “ရည်းစား ထားရမယ့် အရွယ်လည်းမဟုတ်တော့ဘူး အသက်လည်းကြီးနေပြီ။ ဒါတွေမရှိပါဘူး” ဟု ဖြေခဲ့သည်။

“ဒီလိုပဲ Single ပဲသွားတော့မယ့်၊ လွတ်လပ်တယ်၊ စိတ်ချမ်းတယ်။ စိုးနဲ့လည်း ဘယ်ယောက်ျားနဲ့မှ ဖြစ်မှာမဟုတ်ဘူး” ဟုဆိုသည်။

စိုးမြတ်သူဇာ က အသက် ၁၆ နှစ်အရွယ်တည်းက အနုပညာ ခြေလှမ်း စခဲ့သည်ဟု သိရသည်။ ၁၉၉၄ ခုနှစ်အတွင် နော်ရင်မွှေး ဇာတ်ကား မှ ဇာတ်ဆောင် အကယ်ဒမီ နှင့် ၁၉၉၈ ခုနှစ် ရွှေနံ့သာစံအိမ် ဇာတ်ကား မှ ဇာတ်ဆောင် အကယ်ဒမီတို့ကို ရရှိထားသူဖြစ်သည်။

အိမ်ထောင် ပြုဖို့အစီအစဉ်မရှိတော့တဲ့ စိုးမြတ်သူဇာ က ခုတော့ ဝတ္ထုစာအုပ်တစ်အုပ် ရေးနေတယ်လို့ သိရပါတယ်။ သူမရဲ့ ဘဝအတွေ့အကြုံတွေကို ရေးပြမှာလို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: tameelay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top