ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သၾကားဆုိတာ ကြ်န္ေတာ္တုိ႔ ေန႔စဥ္စားေနတဲ့အစားအေသာက္ အမ်ားစုမွာ ပါေနတဲ့ အရာျဖစ္ပါတယ္။ စားေသာက္ဖုိ႔ အျပင္သၾကားရဲ႕ အသုံး၀င္တဲ့ နည္းလမ္းအနည္းငယ္ကုိသာ လူအမ်ားစု သိၾကပါတယ္။ တကယ္ေတာ့ သၾကားမွာ အသုံး၀င္နည္းလမ္းေတြမ်ားစြာ ရွိပါေသးတယ္။ သၾကားရဲ႕ လူသိနည္းတဲ့ လက္ေတြ႔အသုံး၀င္နည္းလမ္းေလးေတြကုိ သုတဇုန္မိတ္ေဆြမ်ားအတြက္ ျပန္လည္မွ်ေ၀လုိက္ပါတယ္။

ပြန္းရာ ၊ ပဲ့ရာ ၊ ထိခုိက္ရာ

ပြန္းရာပဲ့ရာ ထိခုိက္ရာေတြကုိ မေတာ္တဆ ႀကဳံတယ္ဆုိပါစုိ႔။ ဒီအခါမ်ဳိးမွာ သုံးစရာေဆး၀ါး နဲ႔ ကုသဖုိ႔ အလြယ္တကူမရွိေနဘူး ဆုိရင္ သၾကားကို သုံးႏုိင္ပါတယ္။ သၾကားပြင့္ေတြကို ဒါဏ္ရာေပၚမွာ ျဖန္းေပးျခင္းအားျဖင့္ နာက်ငင္မႈကိုသက္သာေစၿပီး ဒါဏ္ရာကို တျဖည္းျဖည္းျပန္ေကာင္းလာေစပါတယ္။

ႏႈတ္ခမ္းေျခာက္ ၊ ႏႈတ္ခမ္းကြဲ

ႏႈတ္ခမ္းေတြခမ္းေျခာက္ၿပီး အက္ေနတဲ့အခါမ်ဳိးမွာ သၾကားကုိ သုံးႏုိင္ပါတယ္။ သုံးနည္းကေတာ့ လက္ညဳိးကုိေရထိၿပီး သၾကားအနည္းငယ္ေပၚကို တုိ႔ပါ။ ၿပီးေတာ့ ႏႈတ္ခမ္းတစ္၀ုိက္ကုိ ပြတ္လိမ္းေပးလုိက္ပါ။ ေျခာက္ေသြ႔အက္ကြဲတဲ့ သင့္ႏႈတ္ခမ္းဟာ သိသာစြာ သက္သာလာေစမွာပါ။

မ်က္ႏွာသစ္ Scrub

သၾကားကို မ်က္ႏွာသစ္ Scrub အျဖစ္လည္းသုံးႏုိင္ပါေသးတယ္။ အသုံးျပဳပုံကေတာ့ သၾကားစားပြဲတင္ဇြန္း ၁ဇြန္း ၊ ဂ်ဳံမႈန္႔ ၁ဇြန္း နဲ႔ ႏုိ႔ ၁ဇြန္းတုိ႔ကုိ သမေအာင္ေရာနယ္ပါ။ ရလာတဲ့အႏွစ္ကုိ မ်က္ႏွာေပၚမွာ ငါးမိနစ္ခန္႔ စက္၀ုိင္းပုံလိမ္းေပးရင္း ႏွိပ္နယ္ပါ။ အဲဒီေနာက္ ေရေအးနဲ႔ မ်က္ႏွာသစ္လုိက္တဲ့အခါမွာေတာ့ သင့္ရဲ႕မ်က္ႏွာဟာ ေခ်ာေမြ႔ၿပီး သန္႔ရွင္းသြားတာကို ေတြ႔ရပါလိမ့္မယ္။

ေဘာ္ဒီ Scrub

ယေန႔ေခတ္မွာ ခႏၶာကိုယ္ကုိ သန္႔ရွင္းေခ်ာေမြ႔ေစတဲ့ ေဘာ္ဒီ Scrub ေတြဟာ ေစ်းႀကီးလာပါၿပီ။ ဒီအခါမ်ဳိးမွာ ပုိက္ဆံကုန္မွာလန္႔ေနရင္ သၾကားကိုပဲ သုံးလုိက္ပါ။ လုိတာကေတာ့ သၾကား နဲ႔ ဟင္းရြက္ဆီ(သံလြင္ဆီ ဆုိရင္ပုိေကာင္းပါတယ္)။ သၾကား စားပြဲတင္ဇြန္း ၃ဇြန္းကို ဟင္းရြက္ဆီ ၄ဇြန္း နဲ႔ ေရာေမြၿပီး ရလာတဲ့အႏွစ္နဲ႔ ကုိယ့္ရဲ႕ခႏၶာကိုယ္အား စက္၀ုိင္းပုံပြတ္တုိက္ပါ။ ၿပီးရင္ေတာ့ အနည္းငယ္ေႏြးတဲ့ေရနဲ႔ ေလာင္းခ်ေပးလုိက္ရင္ တန္ဖုိးႀကီး Scrub ေတြလုိပဲ ခႏၶာကိုယ္ကို သန္႔ရွင္းေခ်ာေမြ႔သြားေစမွာပါ။

ကြတ္ကီး ၊ မုန္႔ၾကြပ္မ်ား

ကြတ္ကီး မုန္႔ၾကြပ္ေတြ ၾကာရွည္ခံၿပီး လတ္ဆတ္ေနေစခ်င္ရင္ သၾကားတုံးေလး ႏွစ္တုံးေလာက္ကုိ ကြတ္ကီးေတြနဲ႔အနီးကပ္ထားေပးလုိက္ပါ။

ေျခဖ၀ါးမ်ားအတြက္


မ်က္ႏွာ ၊ ခႏၶာကိုယ္တုိ႔လုိပဲ ေျခဖ၀ါးအတြက္လည္း သၾကားကို အသုံးျပဳႏုိင္ပါေသးတယ္။ သိၾကား နဲ႔ ဆီတစ္မ်ဳိးမ်ဳိး(peppermint ဆီကေတာ့ အေကာင္းဆုံးပါ) ကို ေရာနယ္ၿပီး ေျခဖ၀ါးေတြ ကို မိနစ္အနည္းငယ္ ၾကမ္းၾကမ္းေလးပြတ္တုိက္ေပးလုိက္ပါ။ သၾကားဟာ ဆဲလ္ေသေတြကိုဖယ္ရွားပစ္ၿပီး ဆီကေတာ့ေျခဖ၀ါး ဖေႏွာင့္တုိ႔ကုိ ေပ်ာ့ေျပာင္းေစပါလိမ့္မယ္။

လက္သန္႔ရွင္းမယ္


အင္ဂ်င္၀ုိင္ နဲ႔ အျခားအစြန္းအထင္းတစ္ခုခုကိုင္မိတဲ့အခါမ်ဳိးမွာ ဆပ္ျပာနဲ႔အႀကိမ္ႀကိမ္ပြတ္တုိက္တာေတာင္ အဆင္မေျပျဖစ္တတ္ပါတယ္။ ဒီေနရာမွာ သၾကားကို တစ္ႀကိမ္သုံးၿပီး လြယ္ကူစြာ လက္ကိုသန္႔ရွင္းႏုိင္ပါတယ္။ သၾကားကို ဆီတစ္မ်ဳိးမ်ဳိးနဲ႔ အတူ လက္ဖ၀ါးႏွစ္ဖက္ကုိ နာနာပြတ္တုိက္လုုိက္ပါ။ ဒါဆုိရင္ ေရေဆးခ်လုိက္တာနဲ႔ အစြန္းေတြ သန္႔ရွင္းသြားတာကို ေတြ႔ရပါလိမ့္မယ္။

အ၀တ္စြန္းေတြကို သန္႔မယ္

သၾကားဟာ အ၀တ္ေတြ စြန္းထင္းတာကို သန္႔ရွင္းႏုိင္ပါေသးတယ္။ အစြန္းအထင္းတုိင္းကို မေပ်ာက္ေစႏုိင္ေပမယ့္ ေတာ္ရုံအစြန္းအထင္းေလာက္ကိုေတာ့ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ စြန္းေနတဲ့ အ၀တ္ေပၚမွာ သၾကားကို ျဖဴးၿပီး မိနစ္ ၃၀ခန္႔ထားပါ(ၾကာရင္ပိုေကာင္းပါတယ္)။ အဲဒီေနာက္ေတာ့ ပြတ္တုိက္လုိက္ပါ။ေတာ္ရုံအစြန္းေလာက္ဆုိရင္ေတာ့ ေပ်ာက္သြားမွာ အေသအခ်ာပါ။

ပန္းေတြၾကာရွည္ခံဖုိ႔

အိမ္က ဘုရားစင္မွာသုံးတဲ့ ပန္းေတြ ၊ ဒါမွမဟုတ္အျခားေနရာမွာ သုံးတဲ့ပန္းေတြ ၾကာၾကာခံလုိတဲ့အခါမ်ဳိးမွာလည္း သၾကားကို သုံးႏုိင္ပါေသးတယ္။ လုပ္နည္းကေတာ့ သၾကား စားပြဲတင္ဇြန္း ၃ဇြန္း နဲ႔ ရွာလကာရည္ ၂ဇြန္းတုိ႔ကုိ ပန္းအုိးထဲကေရထဲကုိ ထည့္ေပးထားပါ။ သၾကားက အသီးအပြင့္တုိ႔ကုိလန္းေစၿပီး ရွာလကာရည္ကေတာ့ ဘက္တီးရီးယားပိုးမႊားေတြကို ကာကြယ္ေပးပါတယ္။

အင္းဆက္ပုိးမႊားေတြ အကုိက္ခံရတဲ့အခါ

ဒါကေတာ့ လူတုိင္းသိထားသင့္တဲ့နည္းေလးတစ္ခုပါ။ တခါတရံ အင္းဆက္ပိုးမႊားေတြ အကုိက္ခံရတဲ့အခါ ဘာအေကာင္မွန္းမသိပဲ ေတာ္ရုံ ေဆး ၊ အဆီေတြလိမ္းေပးလုိ႔မရပါဘူး။ ဒီအခါမ်ဳိးမွာ သၾကားကို အႏၱရာယ္ကင္းစြာသုံးႏုိင္ပါတယ္။ သၾကားအနည္းငယ္ကို အကိုက္ခံရတဲ့ ဒါဏ္ရာေပၚမွာ ပြတ္ေပးလုိက္ပါ။ ဒီလုိလုပ္ျခင္းအားျဖင့္ အဆိပ္ကုိကာကြယ္ေပးသလုိ ၊ ေရာင္ရမ္းျခင္းျဖစ္မွာလည္း မပူရေတာ့ပါဘူး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

#Unicode Version#
သကြားဆိုတာ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့အစားအသောက် အများစုမှာ ပါနေတဲ့ အရာဖြစ်ပါတယ်။ စားသောက်ဖို့ အပြင်သကြားရဲ့ အသုံးဝင်တဲ့ နည်းလမ်းအနည်းငယ်ကိုသာ လူအများစု သိကြပါတယ်။ တကယ်တော့ သကြားမှာ အသုံးဝင်နည်းလမ်းတွေများစွာ ရှိပါသေးတယ်။ သကြားရဲ့ လူသိနည်းတဲ့ လက်တွေ့အသုံးဝင်နည်းလမ်းလေးတွေကို သုတဇုန်မိတ်ဆွေများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ပွန်းရာ ၊ ပဲ့ရာ ၊ ထိခိုက်ရာ

ပွန်းရာပဲ့ရာ ထိခိုက်ရာတွေကို မတော်တဆ ကြုံတယ်ဆိုပါစို့။ ဒီအခါမျိုးမှာ သုံးစရာဆေးဝါး နဲ့ ကုသဖို့ အလွယ်တကူမရှိနေဘူး ဆိုရင် သကြားကို သုံးနိုင်ပါတယ်။ သကြားပွင့်တွေကို ဒါဏ်ရာပေါ်မှာ ဖြန်းပေးခြင်းအားဖြင့် နာကျငင်မှုကိုသက်သာစေပြီး ဒါဏ်ရာကို တဖြည်းဖြည်းပြန်ကောင်းလာစေပါတယ်။

နှုတ်ခမ်းခြောက် ၊ နှုတ်ခမ်းကွဲ

နှုတ်ခမ်းတွေခမ်းခြောက်ပြီး အက်နေတဲ့အခါမျိုးမှာ သကြားကို သုံးနိုင်ပါတယ်။ သုံးနည်းကတော့ လက်ညိုးကိုရေထိပြီး သကြားအနည်းငယ်ပေါ်ကို တို့ပါ။ ပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ကို ပွတ်လိမ်းပေးလိုက်ပါ။ ခြောက်သွေ့အက်ကွဲတဲ့ သင့်နှုတ်ခမ်းဟာ သိသာစွာ သက်သာလာစေမှာပါ။

မျက်နှာသစ် Scrub

သကြားကို မျက်နှာသစ် Scrub အဖြစ်လည်းသုံးနိုင်ပါသေးတယ်။ အသုံးပြုပုံကတော့ သကြားစားပွဲတင်ဇွန်း ၁ဇွန်း ၊ ဂျုံမှုန့် ၁ဇွန်း နဲ့ နို့ ၁ဇွန်းတို့ကို သမအောင်ရောနယ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ငါးမိနစ်ခန့် စက်ဝိုင်းပုံလိမ်းပေးရင်း နှိပ်နယ်ပါ။ အဲဒီနောက် ရေအေးနဲ့ မျက်နှာသစ်လိုက်တဲ့အခါမှာတော့ သင့်ရဲ့မျက်နှာဟာ ချောမွေ့ပြီး သန့်ရှင်းသွားတာကို တွေ့ရပါလိမ့်မယ်။

ဘော်ဒီ Scrub

ယနေ့ခေတ်မှာ ခန္ဓာကိုယ်ကို သန့်ရှင်းချောမွေ့စေတဲ့ ဘော်ဒီ Scrub တွေဟာ ဈေးကြီးလာပါပြီ။ ဒီအခါမျိုးမှာ ပိုက်ဆံကုန်မှာလန့်နေရင် သကြားကိုပဲ သုံးလိုက်ပါ။ လိုတာကတော့ သကြား နဲ့ ဟင်းရွက်ဆီ(သံလွင်ဆီ ဆိုရင်ပိုကောင်းပါတယ်)။ သကြား စားပွဲတင်ဇွန်း ၃ဇွန်းကို ဟင်းရွက်ဆီ ၄ဇွန်း နဲ့ ရောမွေပြီး ရလာတဲ့အနှစ်နဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်အား စက်ဝိုင်းပုံပွတ်တိုက်ပါ။ ပြီးရင်တော့ အနည်းငယ်နွေးတဲ့ရေနဲ့ လောင်းချပေးလိုက်ရင် တန်ဖိုးကြီး Scrub တွေလိုပဲ ခန္ဓာကိုယ်ကို သန့်ရှင်းချောမွေ့သွားစေမှာပါ။

ကွတ်ကီး ၊ မုန့်ကြွပ်များ

ကွတ်ကီး မုန့်ကြွပ်တွေ ကြာရှည်ခံပြီး လတ်ဆတ်နေစေချင်ရင် သကြားတုံးလေး နှစ်တုံးလောက်ကို ကွတ်ကီးတွေနဲ့အနီးကပ်ထားပေးလိုက်ပါ။

ခြေဖဝါးများအတွက်


မျက်နှာ ၊ ခန္ဓာကိုယ်တို့လိုပဲ ခြေဖဝါးအတွက်လည်း သကြားကို အသုံးပြုနိုင်ပါသေးတယ်။ သိကြား နဲ့ ဆီတစ်မျိုးမျိုး(peppermint ဆီကတော့ အကောင်းဆုံးပါ) ကို ရောနယ်ပြီး ခြေဖဝါးတွေ ကို မိနစ်အနည်းငယ် ကြမ်းကြမ်းလေးပွတ်တိုက်ပေးလိုက်ပါ။ သကြားဟာ ဆဲလ်သေတွေကိုဖယ်ရှားပစ်ပြီး ဆီကတော့ခြေဖဝါး ဖနှောင့်တို့ကို ပျော့ပြောင်းစေပါလိမ့်မယ်။

လက်သန့်ရှင်းမယ်


အင်ဂျင်ဝိုင် နဲ့ အခြားအစွန်းအထင်းတစ်ခုခုကိုင်မိတဲ့အခါမျိုးမှာ ဆပ်ပြာနဲ့အကြိမ်ကြိမ်ပွတ်တိုက်တာတောင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သကြားကို တစ်ကြိမ်သုံးပြီး လွယ်ကူစွာ လက်ကိုသန့်ရှင်းနိုင်ပါတယ်။ သကြားကို ဆီတစ်မျိုးမျိုးနဲ့ အတူ လက်ဖဝါးနှစ်ဖက်ကို နာနာပွတ်တိုက်လိုုက်ပါ။ ဒါဆိုရင် ရေဆေးချလိုက်တာနဲ့ အစွန်းတွေ သန့်ရှင်းသွားတာကို တွေ့ရပါလိမ့်မယ်။

အဝတ်စွန်းတွေကို သန့်မယ်

သကြားဟာ အဝတ်တွေ စွန်းထင်းတာကို သန့်ရှင်းနိုင်ပါသေးတယ်။ အစွန်းအထင်းတိုင်းကို မပျောက်စေနိုင်ပေမယ့် တော်ရုံအစွန်းအထင်းလောက်ကိုတော့ ပျောက်ကင်းစေနိုင်ပါတယ်။ စွန်းနေတဲ့ အဝတ်ပေါ်မှာ သကြားကို ဖြူးပြီး မိနစ် ၃၀ခန့်ထားပါ(ကြာရင်ပိုကောင်းပါတယ်)။ အဲဒီနောက်တော့ ပွတ်တိုက်လိုက်ပါ။တော်ရုံအစွန်းလောက်ဆိုရင်တော့ ပျောက်သွားမှာ အသေအချာပါ။

ပန်းတွေကြာရှည်ခံဖို့

အိမ်က ဘုရားစင်မှာသုံးတဲ့ ပန်းတွေ ၊ ဒါမှမဟုတ်အခြားနေရာမှာ သုံးတဲ့ပန်းတွေ ကြာကြာခံလိုတဲ့အခါမျိုးမှာလည်း သကြားကို သုံးနိုင်ပါသေးတယ်။ လုပ်နည်းကတော့ သကြား စားပွဲတင်ဇွန်း ၃ဇွန်း နဲ့ ရှာလကာရည် ၂ဇွန်းတို့ကို ပန်းအိုးထဲကရေထဲကို ထည့်ပေးထားပါ။ သကြားက အသီးအပွင့်တို့ကိုလန်းစေပြီး ရှာလကာရည်ကတော့ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ

ဒါကတော့ လူတိုင်းသိထားသင့်တဲ့နည်းလေးတစ်ခုပါ။ တခါတရံ အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ ဘာအကောင်မှန်းမသိပဲ တော်ရုံ ဆေး ၊ အဆီတွေလိမ်းပေးလို့မရပါဘူး။ ဒီအခါမျိုးမှာ သကြားကို အန္တရာယ်ကင်းစွာသုံးနိုင်ပါတယ်။ သကြားအနည်းငယ်ကို အကိုက်ခံရတဲ့ ဒါဏ်ရာပေါ်မှာ ပွတ်ပေးလိုက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အဆိပ်ကိုကာကွယ်ပေးသလို ၊ ရောင်ရမ်းခြင်းဖြစ်မှာလည်း မပူရတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top