Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေသးစားႏွင့္အလတ္ စားစီးပြားေရးလုပ္ငန္းအျဖစ္ ျပည္တြင္းခရီးသြားလုပ္ငန္းငယ္မ်ားကို ႏိုဝင္ဘာတြင္ အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးရန္စီစဥ္ေနေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ၫႊန္ၾကားမႈဦးစီးဌာနလက္ေထာက္ ၫႊန္ၾကားေရးမွဴး ဦးေအာင္ၿဖိဳးက ေျပာသည္။

ျပည္တြင္းရွိ ခရီးသြားအေရ အတြက္ကို စာရင္းအတိအက် ေကာက္ယူရန္ ခက္ခဲေနသည့္အ တြက္ အေသးစားႏွင့္ အလတ္စား ခရီးသြားဝန္ေဆာင္မႈမ်ားကို အသိအမွတ္ျပဳ လက္မွတ္မ်ားထုတ္ေပးရန္စီစဥ္ခဲ့ေၾကာင္း ၎က ေျပာသည္။

အသိအမွတ္ျပဳလက္မွတ္ရ ရွိရန္ ျပည္တြင္းဘုရားဖူးဝန္ ေဆာင္မႈႏွင့္ ခရီးသြားလုပ္ငန္းမ်ားအသင္း၏ ေထာက္ခံခ်က္ပါရွိရ မည္ျဖစ္သည္။

‘‘ႏုိင္ငံျခားခရီးသြားေတြကို ဝန္ေဆာင္မႈေပးတဲ့ လိုင္စင္လိုမ်ိဳး မဟုတ္ပါဘူး။ သူ႔မွာ ေနရာေဒသ ရွိတယ္။ အသင္းေထာက္ခံပါ တယ္ဆိုရင္ ရပါၿပီ’’ဟု ဦးေအာင္ ၿဖိဳးက ေျပာသည္။ ခရီးသြားဝန္ ေဆာင္မႈကုမၸဏီမ်ား လုိင္စင္ တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈအပါအဝင္ အ ျခားေသာ စည္းကမ္းခ်က္မ်ိဳးစံုလို အပ္ေသာ္လည္း ျပည္တြင္းခရီး သြားလုပ္ငန္းအတြက္ အသိအမွတ္ျပဳလက္မွတ္ကို စည္းကမ္းတင္းက်ပ္ျခင္းမရွိဘဲ ထုတ္ေပးႏိုင္ရန္ စီစဥ္ေနသည္။

ျပည္တြင္းခရီးသြားလုပ္ငန္း မ်ားအတြက္ အသိအမွတ္ျပဳလက္ မွတ္မ်ား ထုတ္ေပးျခင္းသည္ ေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္ ျဖစ္ေသာ္လည္း လက္မွတ္ရလုပ္ ငန္းမ်ားကို ထိုက္သင့္သည့္ အခြန္ တစ္ခု ေကာက္ခံေပးေစလို ေၾကာင္း၊ လက္မွတ္ျပ၍ စည္းကမ္းမဲ့ခရီးသြား ဝန္ေဆာင္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္ပါ က အျခားေသာလိုင္စင္ရ ခရီးသြား ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ နစ္နာမႈမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း Caravan ခရီးသြား ကုမၸဏီမွ ေဒၚေကခိုင္ကေျပာသည္။

လက္ရွိတြင္ လိုင္စင္ရ ခရီး သြားကုမၸဏီအခ်ိဳ႕သည္ ျပည္ တြင္း၊ ျပည္ပခရီးသည္မ်ားအတြက္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ပူးတြဲ လုပ္ေဆာင္ေနၾကသည္။ ဘုရားဖူးဝန္ေဆာင္မႈအတြက္ အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးျခင္းျဖင့္ တစ္ႏိုင္တစ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား ေပၚေပါက္လာသည့္အျပင္ ႏုိင္ငံအတြင္းခရီးသြားလာမႈ စစ္တမ္းကိုလည္း မွန္ကန္စြာ ရရွိလာမည္ဟု ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန က ေမွ်ာ္မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းအဖြစ် ပြည်တွင်းခရီးသွားလုပ်ငန်းငယ်များကို နိုဝင်ဘာတွင် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက ပြောသည်။

ပြည်တွင်းရှိ ခရီးသွားအရေ အတွက်ကို စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲနေသည့်အ တွက် အသေးစားနှင့် အလတ်စား ခရီးသွားဝန်ဆောင်မှုများကို အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်စီစဉ်ခဲ့ကြောင်း ၎င်းက ပြောသည်။

အသိအမှတ်ပြုလက်မှတ်ရ ရှိရန် ပြည်တွင်းဘုရားဖူးဝန် ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းများအသင်း၏ ထောက်ခံချက်ပါရှိရ မည်ဖြစ်သည်။

‘‘နိုင်ငံခြားခရီးသွားတွေကို ဝန်ဆောင်မှုပေးတဲ့ လိုင်စင်လိုမျိုး မဟုတ်ပါဘူး။ သူ့မှာ နေရာဒေသ ရှိတယ်။ အသင်းထောက်ခံပါ တယ်ဆိုရင် ရပါပြီ’’ဟု ဦးအောင် ဖြိုးက ပြောသည်။ ခရီးသွားဝန် ဆောင်မှုကုမ္ပဏီများ လိုင်စင် တွင် ရင်းနှီးမြှုပ်နှံမှုအပါအဝင် အ ခြားသော စည်းကမ်းချက်မျိုးစုံလို အပ်သော်လည်း ပြည်တွင်းခရီး သွားလုပ်ငန်းအတွက် အသိအမှတ်ပြုလက်မှတ်ကို စည်းကမ်းတင်းကျပ်ခြင်းမရှိဘဲ ထုတ်ပေးနိုင်ရန် စီစဉ်နေသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း များအတွက် အသိအမှတ်ပြုလက် မှတ်များ ထုတ်ပေးခြင်းသည် ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်သော်လည်း လက်မှတ်ရလုပ် ငန်းများကို ထိုက်သင့်သည့် အခွန် တစ်ခု ကောက်ခံပေးစေလို ကြောင်း၊ လက်မှတ်ပြ၍ စည်းကမ်းမဲ့ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပါ က အခြားသောလိုင်စင်ရ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအတွက် နစ်နာမှုများ ဖြစ်ပေါ်နိုင်ကြောင်း Caravan ခရီးသွား ကုမ္ပဏီမှ ဒေါ်ကေခိုင်ကပြောသည်။

လက်ရှိတွင် လိုင်စင်ရ ခရီး သွားကုမ္ပဏီအချို့သည် ပြည် တွင်း၊ ပြည်ပခရီးသည်များအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ပူးတွဲ လုပ်ဆောင်နေကြသည်။ ဘုရားဖူးဝန်ဆောင်မှုအတွက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းဖြင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာသည့်အပြင် နိုင်ငံအတွင်းခရီးသွားလာမှု စစ်တမ်းကိုလည်း မှန်ကန်စွာ ရရှိလာမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က မျှော်မှန်းထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top