Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေနသူေတြအေနနဲ႔ က်န္းမာေရးနဲ႔ညီညႊတ္တဲ့ အစားအစာစားေပးဖို႔လိုသလို ကိုယ္လက္ေလ့က်င့္ခန္းလုပ္ေပးဖုိ႔လိုအပ္ပါတယ္။ ဒါ့အျပင္ အဆီေတြကို ေခ်ဖ်က္ေပးမယ့္ ေဖ်ာ္ရည္ေတြကိုလည္း ေသာက္ေပးသင့္ပါတယ္။

တစ္ေန႔ကို အနည္းဆံုး ေရ ၂ လီတာေလာက္ေသာက္ေပးဖို႔လိုပါတယ္။ ဒါ့အျပင္ အဆီေလာင္ကၽြမ္းေစမယ့္ ေဖ်ာ္ရည္အနည္းဆံုး တစ္ခြက္ေလာက္ေသာက္ေပးဖို႔ အႀကံျပဳခ်င္ပါတယ္။

အသီးအရြက္ေဖ်ာ္ရည္

အစာမစားခင္မွာ အသီးအရြက္ေဖ်ာ္ရည္လတ္လတ္ဆတ္ဆတ္တစ္ခြက္ေလာက္ ေဖ်ာ္ေသာက္လိုက္ပါ။ အဲဒီလိုေသာက္ေပးတာဟာ အစားအလြန္အကၽြံစားမိျခင္းကိုလည္း ကာကြယ္ပးႏိုင္သလို ကယ္လိုရီမ်ားမ်ားစားသံုးမိျခင္းကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။ မုန္လာဥနီ၊ နံနံပင္၊ ပန္းသီး စသျဖင့္ ေရာၿပီး ေဖ်ာ္ေသာက္ေပးလို႔ရပါတယ္။

ေရနဲ႔ သံပုယိုသီး

ေရတစ္ခြက္ထဲမွာ သံပုရာသီးညွစ္ၿပီးေသာက္ေပးျခင္းအားျဖင့္ အသားအေရကို ပိုၿပီးလွပလာေစပါတယ္။ ဝမ္းခ်ဳပ္တာကိုလည္း သက္သာေစၿပီး အူလမ္းေၾကာင္းကို က်န္းမာေစပါတယ္။

ေရေႏြးတစ္ခြက္ထဲမွာ သံပုယုိသီးတစ္ျခမ္းကို အရည္ညွစ္ၿပီးေသာက္လိုက္ပါ။

Green Tea

Green Tea ေရေႏြးၾကမ္းေသာက္ေပးတာဟာလည္း အဆီေတြကိုက်ေစပါတယ္။ အထူးသျဖင့္ ဝမ္းဗိုက္က အဆီေတြကို က်ေစပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို ေရေႏြးၾကမ္း ၃ ခြက္ေလာက္ ေသာက္ေပးသင့္ပါတယ္။

အုန္းရည္

အုန္းရည္လတ္လတ္ဆတ္ဆတ္ေသာက္ေပးတာဟာ အဆီကို က်ေစပါတယ္။ အုန္းရည္မွာ ပိုတက္ဆီယမ္ပါဝင္ၿပီး သင့္ရဲ႕ ၾကြက္သားေတြကို သန္မာေစပါတယ္။ အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး အစာေခ်စနစ္ကို ေကာင္းမြန္ေစကာ ခႏၶာကိုယ္အတြင္း ေရဓာတ္ျပည့္ဝေနေစမွာပါ။

ဂ်င္းလက္ဖက္ရည္

ဂ်င္းလက္ဖက္ရည္ဟာ အဆီေတြကို ေလာင္ကၽြမ္းေစႏိုင္ပါတယ္။ ေရတစ္ခြက္၊ ဂ်င္းပါးပါးလွီး လက္ဖက္၇ည္ဇြန္း ၁ ဇြန္းစာ လိုပါတယ္။ အရင္ဆံုး ေရေႏြးကို ပြက္ပြက္ဆူေအာင္သည္ၿပီး မီးဖိုေပၚကခ်ကာ ဂ်င္းထည့္လိုက္ပါ။ ၿပီးရင္ အဖံုးဖံုးထားညပီး ၅ မိနစ္ေလာက္ထားပါ။ အခ်ိဳႀကိဳက္ရင္ ပ်ားရည္နည္းနည္းထည့္ပါ။

သစ္ၾကမ္းပိုးေခါက္နဲ႔ ပန္းသီး

သစ္ၾကမ္းပိုေခါင္းနဲ႔ ပန္းသီးကိုလည္း ေဖ်ာ္ရည္လုပ္ၿပီးေသာက္ေပးႏိုင္ပါတယ္။

ပန္းသီး တစ္လံုး၊ သစ္ၾကမ္းပိုးေခါက္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ေရခဲတံုး ၁ ခြက္ စာလိုပါတယ္။ ပန္းသီးကို အခြံႏႊာၿပီး အတံုးလိုက္လွီးလိုက္ပါ။ သစ္ၾကမ္းပိုးေခါက္မႈန္႔ထည့္ၿပီး ႀကိတ္စက္ထဲမွာ ႀကိမ္လုိက္ပါ။ ၿပီးရင္ ေရခဲတံုးထည့္ပါ။ ေရနည္းနည္းထည့္ပါ။ အဲဒီေနာက္ ေရခဲေပ်ာ္တဲ့ထိထားၿပီး ေသာက္ေပးလို႔ရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာစားပေးဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အဆီတွေကို ချေဖျက်ပေးမယ့် ဖျော်ရည်တွေကိုလည်း သောက်ပေးသင့်ပါတယ်။

တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာလောက်သောက်ပေးဖို့လိုပါတယ်။ ဒါ့အပြင် အဆီလောင်ကျွမ်းစေမယ့် ဖျော်ရည်အနည်းဆုံး တစ်ခွက်လောက်သောက်ပေးဖို့ အကြံပြုချင်ပါတယ်။

အသီးအရွက်ဖျော်ရည်

အစာမစားခင်မှာ အသီးအရွက်ဖျော်ရည်လတ်လတ်ဆတ်ဆတ်တစ်ခွက်လောက် ဖျော်သောက်လိုက်ပါ။ အဲဒီလိုသောက်ပေးတာဟာ အစားအလွန်အကျွံစားမိခြင်းကိုလည်း ကာကွယ်ပးနိုင်သလို ကယ်လိုရီများများစားသုံးမိခြင်းကိုလည်း လျှော့ချပေးပါတယ်။ မုန်လာဥနီ၊ နံနံပင်၊ ပန်းသီး စသဖြင့် ရောပြီး ဖျော်သောက်ပေးလို့ရပါတယ်။

ရေနဲ့ သံပုယိုသီး

ရေတစ်ခွက်ထဲမှာ သံပုရာသီးညှစ်ပြီးသောက်ပေးခြင်းအားဖြင့် အသားအရေကို ပိုပြီးလှပလာစေပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပြီး အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

ရေနွေးတစ်ခွက်ထဲမှာ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးသောက်လိုက်ပါ။

Green Tea

Green Tea ရေနွေးကြမ်းသောက်ပေးတာဟာလည်း အဆီတွေကိုကျစေပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်က အဆီတွေကို ကျစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်လောက် သောက်ပေးသင့်ပါတယ်။

အုန်းရည်

အုန်းရည်လတ်လတ်ဆတ်ဆတ်သောက်ပေးတာဟာ အဆီကို ကျစေပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ်ပါဝင်ပြီး သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနေစေမှာပါ။

ဂျင်းလက်ဖက်ရည်

ဂျင်းလက်ဖက်ရည်ဟာ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ရေတစ်ခွက်၊ ဂျင်းပါးပါးလှီး လက်ဖက်၇ည်ဇွန်း ၁ ဇွန်းစာ လိုပါတယ်။ အရင်ဆုံး ရေနွေးကို ပွက်ပွက်ဆူအောင်သည်ပြီး မီးဖိုပေါ်ကချကာ ဂျင်းထည့်လိုက်ပါ။ ပြီးရင် အဖုံးဖုံးထားညပီး ၅ မိနစ်လောက်ထားပါ။ အချိုကြိုက်ရင် ပျားရည်နည်းနည်းထည့်ပါ။

သစ်ကြမ်းပိုးခေါက်နဲ့ ပန်းသီး

သစ်ကြမ်းပိုခေါင်းနဲ့ ပန်းသီးကိုလည်း ဖျော်ရည်လုပ်ပြီးသောက်ပေးနိုင်ပါတယ်။

ပန်းသီး တစ်လုံး၊ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေခဲတုံး ၁ ခွက် စာလိုပါတယ်။ ပန်းသီးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။ သစ်ကြမ်းပိုးခေါက်မှုန့်ထည့်ပြီး ကြိတ်စက်ထဲမှာ ကြိမ်လိုက်ပါ။ ပြီးရင် ရေခဲတုံးထည့်ပါ။ ရေနည်းနည်းထည့်ပါ။ အဲဒီနောက် ရေခဲပျော်တဲ့ထိထားပြီး သောက်ပေးလို့ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top