Golden City Promotion
×

အဓိပၸာယ္ဖြင့္ဆိုခ်က္

ေခါင္းတစ္ျခမ္းကိုက္ျခင္းဆိုတာ ဘာလဲ။

ေခါင္းတစ္ျခမ္းကိုက္ျခင္းဆိုတာဟာ အာရံုခံ သတိေပးတဲ့ လကၡဏာေတြျဖစ္တဲ့ ၿပိဳးၿပိဳးျပက္ျပက္ အလင္းေရာင္၊ ေျခလက္ထံုက်ဥ္ျခင္း၊ ပ်ိဳ႔အန္ျခင္းနဲ႔ အလင္းနဲ႔ အသံကို အာရံုခံမႈတိုးမ်ားျခင္း စေသာ အခ်က္မ်ားအလ်င္ၾကိဳျဖစ္ျပီး (သို ့) အတူတြဲ ျဖစ္ေသာ ေခါင္းကိုက္မႈတစ္ခု ျဖစ္ပါတယ္။ နာက်င္မႈဟာ ျပင္းထန္ၿပီးေတာ့ နာရီမ်ားစြာ (သို႔) ရက္ေပါင္းမ်ားစြာ ၾကာျမင့္တတ္ပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္းဟာ ေသြးေၾကာေဖါင္းပြမႈနဲ႔ ဒီေသြးေၾကာေတြကို ရစ္ပတ္ထားတဲ့ အာရံုေၾကာမွ်င္ေတြကေန ဓါတုပစၥည္း ထုတ္လုပ္မႈတိို႔ေၾကာင့္ ေပါင္းစပ္ျဖစ္ေပၚပါတယ္။ ေခါင္းကိုက္ေနစဥ္မွာ ေသြးေၾကာဟာ ႀကီးမားလာပါတယ္။ ဒါဟာ ေရာင္ရမ္းျခင္းနဲ႔ နာက်င္ျခင္းကို ျဖစ္ေစတဲ့ ဓါတု ပစၥည္းတစ္မ်ိဳးကို ထုတ္လုပ္ေပးၿပီးေတာ့ ေသြးေၾကာ ႀကီးလာျခင္းကို ထပ္မံျဖစ္ေစပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္းဟာ sympathetic အာရံုေၾကာစနစ္ကိုတံု ့ျပန္ျခင္းကိုျဖစ္ေစကာ ပ်ိဳ႔အန္ျခင္း၊ ဝမ္းေလွ်ာျခင္းတုိ ့ျဖစ္ေစပါတယ္။ ဒီလိုတုန္႔ျပန္မႈဟာ အစာအိမ္ကေန အူသိမ္ထဲကို အစာစြန္႔ထုတ္ျခင္းကို ၾကာျမင့္ေစၿပီး ေသြးလည္ပတ္မႈကို ေႏွးေကြးေစပါတယ္။ ဒါ့ျပင္ အလင္းနဲ႔ အသံေတြကို အာရံုခံမႈကိုလည္း ျမင့္မားေစပါတယ္။

အေမရိကန္ ၂၈ သန္းေက်ာ္ဟာ ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ခံစားေနရၿပီး အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ေခါင္းပိုကိုက္တတ္ၾကပါတယ္။

အေမရိကန္ႏုိင္ငံက သုေတသီေတြက ေခါင္းတစ္ျခမ္းကိုက္တတ္တဲ့ ကေလးေတြဟာ အျပဳအမူပိုင္းဆုိင္ရာ ျပႆနာေတြျဖစ္တဲ့ အာရံုစူးစိုက္မႈ ျပႆနာေတြ၊ စိတ္ပူပန္ျခင္းေတြ၊ စိတ္က်ျခင္းေတြကို ေခါင္းမကိုက္တဲ့ကေလးေတြထက္ ပိုမိုခံစားရႏိုင္ေျခ ရွိတယ္လို႔ ေျပာပါတယ္။

ဦးေနွာက္အနာေတြနဲ႔ ေခါင္းတစ္ျခမ္းကိုက္ျခင္း ဆက္ႏြယ္မႈ – ေခါင္းတစ္ျခမ္းကိုက္တတ္တဲ့ အမ်ိဳးသမီးေတြဟာ white matter hyperintensities လို႔ ေခၚတဲ့ ဦးေနွာက္အနာတစ္မ်ိဳးကုိ အျခားအမ်ိဳးသမီးေတြထက္ ပိုမိုရရွိႏိုင္ပါတယ္လို႔ နယ္သာလန္က ေဆးဖက္ဆိုင္ရာ ဂ်ာနယ္တစ္ခု မွာ ႏိုဝင္ဘာ ၂၀၁၂ က ေဖာ္ျပခဲ့ပါတယ္။ သူတုိ႔က ေခါင္းတစ္ျခမ္းကိုက္ရဲ႕ ျပင္းထန္မႈ၊ အႀကိမ္ေရနဲ႔ ဘယ္ေလာက္ၾကာေအာင္ကိုက္ေနတာလဲ ဆိုတာေတြက အနာေတြရဲ႕ တိုးတက္မႈနဲ႔ မဆက္စပ္ဘူးလုိ႔ဆိုပါတယ္။

ျဖစ္ပြားႏုိင္ေစသည့္ အေၾကာင္းရင္းမ်ား

ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ဘယ္အရာေတြက ျဖစ္ေစပါသလဲ။

အခ်ိဳ႔လူေတြဟာ သူတုိ႔ကို ေခါင္းကိုက္ေစတဲ့အရာေတြကို ေသခ်ာစြာ ေျပာျပႏိုင္ေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ မေျပာျပႏိုင္ပါဘူး။ ျဖစ္ႏိုင္ေျခရွိတဲ့ အရာေတြကေတာ့

ဓါတ္မတည့္မႈမ်ား

စူးရွတဲ့အလင္းေရာင္၊ ဆူညံတဲ့အသံ၊ အခ်ိဳ႔ေသာေရေမႊး (သို႔) အနံ႔

စိတ္ပိုင္းဆိုင္ရာ (သို႔) ရုပ္ပိုင္းဆိုင္ရာ ဖိစီးျခင္း

ေဆးလိပ္ေသာက္ျခင္း (သို႔) ေဆးလိပ္ေငြ႔ႏွင့္ ရႈရႈိက္မိျခင္း

အစာ မစားျခင္း

အရက္

ရာသီေျပာင္းလဲမႈမ်ား၊ ကိုယ္ဝန္တားေဆး၊ ေသြးဆံုးစဥ္ ေဟာ္မုန္းေျပာင္းလဲမႈမ်ား

စိတ္ဖိစီးမႈေၾကာင့္ ေခါင္းကိုက္ျခင္း

Tyramine ပါဝင္ေသာ အစားအစာမ်ား (ဝုိင္အနီ၊ ခ်ီးစ္၊ ငါးၾကပ္တုိက္၊ ၾကက္အသည္း၊ သဖန္းသီး၊ ပဲအခ်ိဳ႕)၊ အခ်ိဳမႈန္႔၊ ႏိုက္ထရိတ္ (ဝက္ေပါင္ေျခာက္၊ ေဟာ့ေဒါ့၊ အမဲအူေခ်ာင္း)

အျခားအစားအစာေတြျဖစ္တဲ့ ေခ်ာကလက္၊ အခြံမာသီး၊ ပဲေထာပတ္၊ ေထာပတ္သီး၊ ငွက္ေပ်ာသီး၊ ေရွာက္သီး၊ ၾကက္သြန္နီ၊ ႏို႔ထြက္ပစၥည္းမ်ား၊ သနပ္မ်ား

ဒီအရာေတြဟာ ေခါင္းတစ္ျခမ္းကိုက္ျခင္းကို အျမဲ မျဖစ္ေစႏုိင္သလို ဒီအရာေတြကို ေရွာင္ၾကဥ္ျခင္းကလဲ ေခါင္းတစ္ျခမ္းကိုက္ျခင္းကို အျမဲမကာကြယ္ႏိုင္ပါဘူး။
လကၡဏာမ်ား

ေခါင္းတစ္ျခမ္းကိုက္ျခင္းရဲ႕ လကၡဏာေတြက ဘာေတြလဲ။

ေခါင္းတစ္ျခမ္းကိုက္ျခင္းရဲ႕ လကၡဏာေတြဟာ ေခါင္းမကိုက္ခင္ (သို႔)ေခါင္းကိုက္ေနစဥ္အတြင္း (သို ့) ေခါင္းကိုက္ၿပီးေသာေနာက္တြင္ ျဖစ္ေပၚတတ္ပါတယ္။ ေခါင္းကိုက္ျခင္းအမ်ိဳးမ်ိဳး ရွိတတ္ေပမယ့္ အေတြ႔မ်ားတဲ့ လကၡဏာေတြကေတာ့

အသင့္အတင့္ကေန ျပင္းထန္တဲ့ နာက်င္မႈ (ေခါင္းတစ္ျခမ္း ကေန ဆက္တိုက္ကိုက္ျခင္း)

ေသြးတိုးေနသလို တဒိန္းဒိန္း ကိုက္ခဲျခင္း

ကိုယ္လက္ လႈပ္ရွားမႈလုပ္စဥ္ နာက်င္ျခင္း

နာက်င္မႈေၾကာင့္ ပံုမွန္ လႈပ္ရွားမႈ မလုပ္ႏုိင္ျခင္း

ပ်ိဳ႕ျခင္း

အန္ျခင္း

အလင္းႏွင့္ အသံကို အာရံုခံမႈ ျမင့္မားျခင္း

လူအေတာ္မ်ားမ်ားဟာ ေခါင္းတစ္ျခမ္း ကိုက္ေတာ့မယ္ ဆိုတာကို ေခါင္းမကိုက္ခင္မွာ ေရာင္ဝါလကၡဏာေတြေၾကာင့္ သိတတ္ၾကေပမယ့္ လူအခ်ိဳ႕ကေတာ့ မသိၾကပါဘူး။ စိတ္ရႈပ္ေထြးဖြယ္ အေတြးေတြ၊ အေတြ႔အၾကံဳေတြ၊ ထူးဆန္းတဲ့အလင္းေရာင္ေတြ မသာယာတဲ့ အနဲ႔ေတြ ရတတ္ၾကပါတယ္။

သုေတသီေတြက ဒီလိုေတြ ျမင္ၿပီး ေခါင္းကိုက္တတ္တဲ့ အမ်ိဳးသမီးေတြမွာ ႏွလံုးရပ္မႈျဖစ္ႏိုင္ေျခပိုမ်ားၿပီး ကိုယ္ဝန္တားေဆးအသစ္သံုးတဲ့ အမ်ိဳးသမီးေတြမွာေတာ့ ေသြးခဲျဖစ္ႏႈန္း ပိုမိုျမင့္မားတယ္လို႔ ေဖၚျပခဲ့ပါတယ္။

ေခါင္းတစ္ျခမ္းကိုက္တတ္တဲ့ အမ်ိဳးသမီးေတြမွာ နာရီေပါင္းမ်ားစြာ မတိုင္ခင္ (သို႔) တစ္ရက္ေလာက္ႀကိဳၿပီးေတာ့ သိေနေလ့ရွိပါတယ္။ ဒီလကၡဏာေတြကေတာ့ အားအင္ျပင္းထန္ျခင္း၊ အခ်ိဳစားခ်င္ျခင္း၊ ေရဆာျခင္း၊ ႏုန္းျခင္း၊ စိတ္တုိျခင္းနဲ႔ စိတ္က်ျခင္း တုိ႔ပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Dr . Phyu Mon Latt
#Unicode Version#
အဓိပ္ပာယ်ဖွင့်ဆိုချက်

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဘာလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာဟာ အာရုံခံ သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို အာရုံခံမှုတိုးများခြင်း စသော အချက်များအလျင်ကြိုဖြစ်ပြီး (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးကြောဖေါင်းပွမှုနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓါတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကြီးမားလာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓါတု ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကြီးလာခြင်းကို ထပ်မံဖြစ်စေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကိုတုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်စေပါတယ်။ ဒီလိုတုန့်ပြန်မှုဟာ အစာအိမ်ကနေ အူသိမ်ထဲကို အစာစွန့်ထုတ်ခြင်းကို ကြာမြင့်စေပြီး သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒါ့ပြင် အလင်းနဲ့ အသံတွေကို အာရုံခံမှုကိုလည်း မြင့်မားစေပါတယ်။

အမေရိကန် ၂၈ သန်းကျော်ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားနေရပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခေါင်းပိုကိုက်တတ်ကြပါတယ်။

အမေရိကန်နိုင်ငံက သုတေသီတွေက ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အာရုံစူးစိုက်မှု ပြဿနာတွေ၊ စိတ်ပူပန်ခြင်းတွေ၊ စိတ်ကျခြင်းတွေကို ခေါင်းမကိုက်တဲ့ကလေးတွေထက် ပိုမိုခံစားရနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

ဦးနှောက်အနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆက်နွယ်မှု – ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေဟာ white matter hyperintensities လို့ ခေါ်တဲ့ ဦးနှောက်အနာတစ်မျိုးကို အခြားအမျိုးသမီးတွေထက် ပိုမိုရရှိနိုင်ပါတယ်လို့ နယ်သာလန်က ဆေးဖက်ဆိုင်ရာ ဂျာနယ်တစ်ခု မှာ နိုဝင်ဘာ ၂၀၁၂ က ဖော်ပြခဲ့ပါတယ်။ သူတို့က ခေါင်းတစ်ခြမ်းကိုက်ရဲ့ ပြင်းထန်မှု၊ အကြိမ်ရေနဲ့ ဘယ်လောက်ကြာအောင်ကိုက်နေတာလဲ ဆိုတာတွေက အနာတွေရဲ့ တိုးတက်မှုနဲ့ မဆက်စပ်ဘူးလို့ဆိုပါတယ်။

ဖြစ်ပွားနိုင်စေသည့် အကြောင်းရင်းများ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘယ်အရာတွေက ဖြစ်စေပါသလဲ။

အချို့လူတွေဟာ သူတို့ကို ခေါင်းကိုက်စေတဲ့အရာတွေကို သေချာစွာ ပြောပြနိုင်ပေမယ့် လူအတော်များများကတော့ မပြောပြနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့

ဓါတ်မတည့်မှုများ

စူးရှတဲ့အလင်းရောင်၊ ဆူညံတဲ့အသံ၊ အချို့သောရေမွှေး (သို့) အနံ့

စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ဖိစီးခြင်း

ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့နှင့် ရှုရှိုက်မိခြင်း

အစာ မစားခြင်း

အရက်

ရာသီပြောင်းလဲမှုများ၊ ကိုယ်ဝန်တားဆေး၊ သွေးဆုံးစဉ် ဟော်မုန်းပြောင်းလဲမှုများ

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း

Tyramine ပါဝင်သော အစားအစာများ (ဝိုင်အနီ၊ ချီးစ်၊ ငါးကြပ်တိုက်၊ ကြက်အသည်း၊ သဖန်းသီး၊ ပဲအချို့)၊ အချိုမှုန့်၊ နိုက်ထရိတ် (ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ အမဲအူချောင်း)

အခြားအစားအစာတွေဖြစ်တဲ့ ချောကလက်၊ အခွံမာသီး၊ ပဲထောပတ်၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရှောက်သီး၊ ကြက်သွန်နီ၊ နို့ထွက်ပစ္စည်းများ၊ သနပ်များ

ဒီအရာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲ မဖြစ်စေနိုင်သလို ဒီအရာတွေကို ရှောင်ကြဉ်ခြင်းကလဲ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲမကာကွယ်နိုင်ပါဘူး။
လက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေဟာ ခေါင်းမကိုက်ခင် (သို့)ခေါင်းကိုက်နေစဉ်အတွင်း (သို့) ခေါင်းကိုက်ပြီးသောနောက်တွင် ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းအမျိုးမျိုး ရှိတတ်ပေမယ့် အတွေ့များတဲ့ လက္ခဏာတွေကတော့

အသင့်အတင့်ကနေ ပြင်းထန်တဲ့ နာကျင်မှု (ခေါင်းတစ်ခြမ်း ကနေ ဆက်တိုက်ကိုက်ခြင်း)

သွေးတိုးနေသလို တဒိန်းဒိန်း ကိုက်ခဲခြင်း

ကိုယ်လက် လှုပ်ရှားမှုလုပ်စဉ် နာကျင်ခြင်း

နာကျင်မှုကြောင့် ပုံမှန် လှုပ်ရှားမှု မလုပ်နိုင်ခြင်း

ပျို့ခြင်း

အန်ခြင်း

အလင်းနှင့် အသံကို အာရုံခံမှု မြင့်မားခြင်း

လူအတော်များများဟာ ခေါင်းတစ်ခြမ်း ကိုက်တော့မယ် ဆိုတာကို ခေါင်းမကိုက်ခင်မှာ ရောင်ဝါလက္ခဏာတွေကြောင့် သိတတ်ကြပေမယ့် လူအချို့ကတော့ မသိကြပါဘူး။ စိတ်ရှုပ်ထွေးဖွယ် အတွေးတွေ၊ အတွေ့အကြုံတွေ၊ ထူးဆန်းတဲ့အလင်းရောင်တွေ မသာယာတဲ့ အနဲ့တွေ ရတတ်ကြပါတယ်။

သုတေသီတွေက ဒီလိုတွေ မြင်ပြီး ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရပ်မှုဖြစ်နိုင်ခြေပိုများပြီး ကိုယ်ဝန်တားဆေးအသစ်သုံးတဲ့ အမျိုးသမီးတွေမှာတော့ သွေးခဲဖြစ်နှုန်း ပိုမိုမြင့်မားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နာရီပေါင်းများစွာ မတိုင်ခင် (သို့) တစ်ရက်လောက်ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ အားအင်ပြင်းထန်ခြင်း၊ အချိုစားချင်ခြင်း၊ ရေဆာခြင်း၊ နုန်းခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်း တို့ပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Dr . Phyu Mon Latt
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top