Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ စံဖရီးေက်းရြာအုပ္စု၊ စံဖရီးေက်းရြာ၊ ပအို႔၀္စုရပ္ကြက္တြင္ ေအာက္တိုဘာလ ၂၃ ရက္ေန႔ညေနပိုင္းက ညီအကိုခ်င္းစကားမ်ားရာမွ စိတ္ဆိုးကာ ေနအိမ္အတြင္း အ၀တ္အထည္မ်ားအား မီးႏွင္႔ရိွဳ႕ရာမွ မီးေလာင္ကၽြမ္းမွဳျဖစ္ပြားခဲ႔ေၾကာင္း သတင္းရရွိသည္။
ေအာက္တိုဘာ ၂၃ ရက္ေန႔ ညေန ၄နာရီခြဲ အခ်ိန္ခန္႔ စံဖရီးေက်းရြာ၊ ပအို႔၀္စုရပ္ကြက္တြင္ မီးေလာင္မွဳျဖစ္ပြားေၾကာင္း သတင္းအရ ဘားအံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရဲမွဴးေက်ာ္သန္းဦးစီးသည္႔ ရဲတပ္ဖြဲ႕၀င္မ်ား ျဖင္႔သြားေရာက္စစ္ေဆးခဲ႔ရာ မီးေလာင္မွဳျဖစ္ပြားသည္႔ေနအိမ္မွာ ဦးအနီး(ခ)ဦးျမေအာင္ၾကည္၏ (၅)ပင္(၃)ခန္း၊ ပ်ဥ္ေထာင္၊ပ်ဥ္ခင္း၊သြပ္မိုးေနအိမ္အား မီးေလာင္ကၽြမ္းခဲ႔ျခင္းျဖစ္ၿပီး မီးေလာင္မွဳေၾကာင္႔ ေနအိမ္တစ္လံုးဆံုးရွံဳးသြားခဲ႔ ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင္႔ပတ္သက္ၿပီး စံုစမ္းစစ္ေဆးရာ အခင္းမျဖစ္မီၤအခ်ိန္က ဦးအနီး(ခ)ဦးျမေအာင္ၾကည္ႏွင္႔အကိုေတာ္စပ္သူ ဦးသန္းလြင္တို႔ စကားမ်ားရာမွ စိတ္ဆိုးၿပီး ေနအိမ္အတြင္းရွိ ဗီရိုအတြင္းမွ အ၀တ္အထည္မ်ားအားေနအိမ္ၾကမ္းျပင္ေပၚ ခ်ၿပီးမီးရွိဳ႕ရာမွ မီးေလာင္ကၽြမ္းမွဳျဖစ္ပြားခဲ႔ေၾကာင္းသိရၿပီး မီးေလာင္သည္႔ေနရာအား ရဲတပ္၀င္မ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ေက်းရြာျပည္သူမ်ား ၀ိုင္း၀န္းၿငိမ္းသတ္ခဲ႔သျဖင္႔ ပတ္၀န္းက်င္ေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္း၊ လူႏွင္႔တိရိစာၦန္မ်ား ထိခိုက္ဒဏ္ရာရရွိျခင္းတို႔ မျဖစ္ခဲ႔ေၾကာင္းသိရသည္။

ထို႔ေၾကာင္႔ မိမိေနအိမ္အား မီးရွိဳ႕သူ ဦးအနီး(ခ)ဦးျမေအာင္ၾကည္အား စက္မွဳဇုန္နယ္ေျမရဲစခန္းမွဴး ရဲအုပ္မ်ိဳးေက်ာ္ညႊန္႔မွ ထိန္းသိမ္းထားၿပီး ဥပေဒႏွင္႔အညီ အမွဳဖြင္႔အေရးယူရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ စံဖရီးကျေးရွာ၊ ပအို့ဝ်စုရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ညနေပိုင်းက ညီအကိုချင်းစကားများရာမှ စိတ်ဆိုးကာ နေအိမ်အတွင်း အဝတ်အထည်များအား မီးနှင့်ရှို့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့် စံဖရီးကျေးရွာ၊ ပအို့ဝ်စုရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်သန်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ ဖြင့်သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုဖြစ်ပွားသည့်နေအိမ်မှာ ဦးအနီး(ခ)ဦးမြအောင်ကြည်၏ (၅)ပင်(၃)ခန်း၊ ပျဉ်ထောင်၊ပျဉ်ခင်း၊သွပ်မိုးနေအိမ်အား မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရှုံးသွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ အခင်းမဖြစ်မီၤအချိန်က ဦးအနီး(ခ)ဦးမြအောင်ကြည်နှင့်အကိုတော်စပ်သူ ဦးသန်းလွင်တို့ စကားများရာမှ စိတ်ဆိုးပြီး နေအိမ်အတွင်းရှိ ဗီရိုအတွင်းမှ အဝတ်အထည်များအားနေအိမ်ကြမ်းပြင်ပေါ် ချပြီးမီးရှို့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရပြီး မီးလောင်သည့်နေရာအား ရဲတပ်ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ မဖြစ်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် မိမိနေအိမ်အား မီးရှို့သူ ဦးအနီး(ခ)ဦးမြအောင်ကြည်အား စက်မှုဇုန်နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးကျော်ညွှန့်မှ ထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top