Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ#

ဒီျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့အပတ္က အေမရိကန္ Kentuckyျပည္နယ္ အဲလီဇဘက္ေတာင္း ၿမဳိ႕မွာျဖစ္ခဲ့တာပါ။ ၇ႏွစ္အရြယ္ ဒုတိယတန္းေက်ာင္းသား ေကာင္ေလးတစ္ေယာက္ဟာ ပုံမွန္အတုိင္းအိပ္ေပ်ာ္သြားရာကေန ၁၁ရက္ၾကာမွ ႏုိးလာတဲ့ျဖစ္စဥ္ျဖစ္ပါတယ္။

ေကာင္ေလးရဲ႕နာမည္က Wyatt Shaw ျဖစ္ပါတယ္။ အဲဒီေန႔ညက သူဟာ အေမျဖစ္သူ Amy Thompson နဲ႔အတူ သူ႔အေဒၚရဲ႕ မဂၤလာပြဲကုိသြားခဲ့ပါတယ္။ မဂၤလာပြဲက ျပန္လာခဲ့ၿပီးတဲ့ေနာက္အိပ္ယာ၀င္ၿပီး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာ ေနျမင့္တဲ့အထိ ထမလာတာေၾကာင့္ အေမျဖစ္သူ Amy က သြားႏႈိးခဲ့ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာ ေအာ္ဟစ္လႈပ္ႏုိးခဲ့ေပမယ့္ Wyatt ဟာ လုံး၀ႏုိးမလာပဲ အိပ္ေပ်ာ္ၿမဲအိပ္ေပ်ာ္ေနပါတယ္။ အတင္းဆြဲၿပီးထခုိင္းေပမယ့္ လႊတ္လုိက္တာနဲ႔ခ်က္ခ်င္းလဲၿပီး အိပ္ေပ်ာ္သြားပါတယ္။ အေမျဖစ္သူဟာတစ္ေန႔လုံးႏႈိးလုိ႔မရေတာ့တဲ့အဆုံးမွာ တစ္ခုခုထူးျခားေနၿပီဆုိတာကုိ သိလုိက္ၿပီး သူမရဲ႕သားကိုခ်ီၿပီး Norton ကေလးေဆးရုံထံသြားခဲ့ပါတယ္။

ဆရာ၀န္ေတြက ဘက္တီးရီးယား (သုိ႔) ဗုိင္းရပ္စ္ေရာဂါပုိးတစ္မ်ဳိးမ်ဳိးေၾကာင့္ ဒီလုိအိပ္ေပ်ာ္ေနတာလုိ႔ သုံးသပ္ၾကပါတယ္။ မအိပ္ေပ်ာ္ခင္အထိေတာ့ Wyatt ဟာ အစာအိမ္နာက်င္တာနဲ႔ ေခါင္းမူး တာေတြျဖစ္တယ္ လုိ႔ မိခင္ျဖစ္သူက ဆုိပါတယ္။ ဒါေပမယ့္ ေဆးစစ္ၾကည့္ၿပီးထြက္လာတဲ့အေျဖမွာေတာ့ ဘာေရာဂါ အမွားအယြင္းမွ မရွိတာကိုထူးဆန္းစြာေတြ႔ရပါတယ္။ ဆရာ၀န္ေတြ နည္းေပါင္းစုံနဲ႔ Wyatt ကုိ ႏႈိးဖုိ႔ႀကဳိးစားေပမယ့္ မထူးခဲ့ပါဘူး။ တစ္ခါတစ္ရံ မ်က္လုံးပြင့္လာတတ္ေပမယ့္ ႏုိးေနသူတစ္ေယာက္လုိမဟုတ္ပဲ ေယာင္ယမ္းၿပီးပြင့္လာသလုိသာျဖစ္ၿပီး ခ်က္ခ်င္းျပန္အိပ္ေပ်ာ္သြားပါတယ္။ ကိုးမား၀င္သလုိေမ့ေမ်ာေနျခင္းမဟုတ္ပဲ ပုံမွန္အတုိင္းအိပ္ေပ်္ေနျခင္းသာျဖစ္ပါတယ္။ ဒီလုိအိပ္ေပ်ာ္သြားလုိက္တာ ၁၁ရက္ၾကာခဲ့ပါတယ္။ ဒီရက္အတြင္းမွာ အစာအဟာရအတြက္ကုိေတာ့ ဆရာ၀န္ေတြက ေျဖရွင္းေပးခဲ့ပါတယ္။

၁၁ ရက္ေျမာက္ေန႔မွာေတာ့ Wyatt ဟာ ျပန္ႏုိးလာခဲ့ပါတယ္။ ဒါေပမယ့္ လမ္းမေလွ်ာက္ႏုိင္ေတာ့သလုိ စကားလည္းေကာင္းေကာင္းမေျပာႏုိင္ေတာ့ပါဘူး။ ရက္အနည္းငယ္အတြင္း မိခင္ျဖစ္သူရဲ႕ အကူအညီနဲ႔ လမ္းေလွ်ာက္လာႏုိင္ေပမယ့္ စကားလုံးေတြကိုေတာ့ ပီသေအာင္ မေျပာႏုိင္ေသးပါဘူး။ ဒါဟာ ရက္ေပါင္းမ်ားစြာ မူမမွန္အိပ္ေပ်ာ္ခဲ့တာေၾကာင့္ျဖစ္ၿပီး မၾကာခင္မွာ တျဖည္းျဖည္းပုံမွန္အတိုင္းျပန္ျဖစ္လာလိမ့္မယ္လုိ႔ ဆရာ၀န္ေတြက ဆုိပါတယ္။ ဘာေၾကာင့္ ဒီလုိ ၁၁ ရက္ၾကာေအာင္ အိပ္ေပ်ာ္ခဲ့သလဲ ဆုိတာကိုေတာ့ အခုထိတုိင္အေျဖရွာမရေသးပါဘူး။ အရင္ႏွစ္ေတြတုန္းကလည္း ကာဇက္စတန္က လူတစ္ေယာက္ဟာ ၆ရက္ၾကာ ဆက္တုိက္အိပ္ေပ်ာ္ခဲ့ၿပီး သူ႔ရဲ႕ေရာဂါကိုေတာ့ sleeping syndrome လုိ႔ေခါင္းစဥ္တပ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့အပတ်က အမေရိကန် Kentuckyပြည်နယ် အဲလီဇဘက်တောင်း မြို့မှာဖြစ်ခဲ့တာပါ။ ၇နှစ်အရွယ် ဒုတိယတန်းကျောင်းသား ကောင်လေးတစ်ယောက်ဟာ ပုံမှန်အတိုင်းအိပ်ပျော်သွားရာကနေ ၁၁ရက်ကြာမှ နိုးလာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

ကောင်လေးရဲ့နာမည်က Wyatt Shaw ဖြစ်ပါတယ်။ အဲဒီနေ့ညက သူဟာ အမေဖြစ်သူ Amy Thompson နဲ့အတူ သူ့အဒေါ်ရဲ့ မင်္ဂလာပွဲကိုသွားခဲ့ပါတယ်။ မင်္ဂလာပွဲက ပြန်လာခဲ့ပြီးတဲ့နောက်အိပ်ယာဝင်ပြီး အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ နေမြင့်တဲ့အထိ ထမလာတာကြောင့် အမေဖြစ်သူ Amy က သွားနှိုးခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ အော်ဟစ်လှုပ်နိုးခဲ့ပေမယ့် Wyatt ဟာ လုံးဝနိုးမလာပဲ အိပ်ပျော်မြဲအိပ်ပျော်နေပါတယ်။ အတင်းဆွဲပြီးထခိုင်းပေမယ့် လွှတ်လိုက်တာနဲ့ချက်ချင်းလဲပြီး အိပ်ပျော်သွားပါတယ်။ အမေဖြစ်သူဟာတစ်နေ့လုံးနှိုးလို့မရတော့တဲ့အဆုံးမှာ တစ်ခုခုထူးခြားနေပြီဆိုတာကို သိလိုက်ပြီး သူမရဲ့သားကိုချီပြီး Norton ကလေးဆေးရုံထံသွားခဲ့ပါတယ်။

ဆရာဝန်တွေက ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုးမျိုးကြောင့် ဒီလိုအိပ်ပျော်နေတာလို့ သုံးသပ်ကြပါတယ်။ မအိပ်ပျော်ခင်အထိတော့ Wyatt ဟာ အစာအိမ်နာကျင်တာနဲ့ ခေါင်းမူး တာတွေဖြစ်တယ် လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် ဆေးစစ်ကြည့်ပြီးထွက်လာတဲ့အဖြေမှာတော့ ဘာရောဂါ အမှားအယွင်းမှ မရှိတာကိုထူးဆန်းစွာတွေ့ရပါတယ်။ ဆရာဝန်တွေ နည်းပေါင်းစုံနဲ့ Wyatt ကို နှိုးဖို့ကြိုးစားပေမယ့် မထူးခဲ့ပါဘူး။ တစ်ခါတစ်ရံ မျက်လုံးပွင့်လာတတ်ပေမယ့် နိုးနေသူတစ်ယောက်လိုမဟုတ်ပဲ ယောင်ယမ်းပြီးပွင့်လာသလိုသာဖြစ်ပြီး ချက်ချင်းပြန်အိပ်ပျော်သွားပါတယ်။ ကိုးမားဝင်သလိုမေ့မျောနေခြင်းမဟုတ်ပဲ ပုံမှန်အတိုင်းအိပ်ပျေ်နေခြင်းသာဖြစ်ပါတယ်။ ဒီလိုအိပ်ပျော်သွားလိုက်တာ ၁၁ရက်ကြာခဲ့ပါတယ်။ ဒီရက်အတွင်းမှာ အစာအဟာရအတွက်ကိုတော့ ဆရာဝန်တွေက ဖြေရှင်းပေးခဲ့ပါတယ်။

၁၁ ရက်မြောက်နေ့မှာတော့ Wyatt ဟာ ပြန်နိုးလာခဲ့ပါတယ်။ ဒါပေမယ့် လမ်းမလျှောက်နိုင်တော့သလို စကားလည်းကောင်းကောင်းမပြောနိုင်တော့ပါဘူး။ ရက်အနည်းငယ်အတွင်း မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ လမ်းလျှောက်လာနိုင်ပေမယ့် စကားလုံးတွေကိုတော့ ပီသအောင် မပြောနိုင်သေးပါဘူး။ ဒါဟာ ရက်ပေါင်းများစွာ မူမမှန်အိပ်ပျော်ခဲ့တာကြောင့်ဖြစ်ပြီး မကြာခင်မှာ တဖြည်းဖြည်းပုံမှန်အတိုင်းပြန်ဖြစ်လာလိမ့်မယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဘာကြောင့် ဒီလို ၁၁ ရက်ကြာအောင် အိပ်ပျော်ခဲ့သလဲ ဆိုတာကိုတော့ အခုထိတိုင်အဖြေရှာမရသေးပါဘူး။ အရင်နှစ်တွေတုန်းကလည်း ကာဇက်စတန်က လူတစ်ယောက်ဟာ ၆ရက်ကြာ ဆက်တိုက်အိပ်ပျော်ခဲ့ပြီး သူ့ရဲ့ရောဂါကိုတော့ sleeping syndrome လို့ခေါင်းစဉ်တပ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top