Golden City Promotion
×

ႏိုင္ငံေတြ၊အရပ္ေဒသေတြမွာ မတူညီတဲ့ ရိုးရာ ဓေလ့ အစဥ္အလာေတြ အမ်ားႀကီး ရွိပါတယ္။ အဲ့ဒီထဲကမွ အင္ဒိုနီးရွားႏိုင္ငံက ရြာတစ္ရြာမွာ က်င့္သံုးတဲ့ ေသတာနဲ႔ ပတ္သက္တဲ့ ထူးဆန္းတဲ့ ရိုးရာ ဓေလ့ တစ္ခု အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ ဘာလီ ျပည္နယ္၊ Batur ကန္ရဲ႕ အေရွ႕ဘက္ကမ္းေျခစပ္မွာရွိတဲ့ ေတာင္ေပၚ ရြာေလး Trunyan မွာ ထူးဆန္းတဲ့ ရိုးရာဓေလ့တစ္ခုကို လက္ခံက်င့္သံုးၾက ပါတယ္။

အဲ့ဒါကေတာ့ လူေသ အေလာင္း ေတြကို ေျမမျမွဳပ္၊ မီးသၿဂိဳဟ္တာေတြ လည္း မလုပ္ပဲ ၀ါးေလွာင္အိမ္ ထဲမွာ ဒီအတိုင္းထားၿပီး ပုပ္သိုး ေဆြးေျမ႕ေစတာပါ။ လူတစ္ေယာက္ ေသတိုင္း အဲ့ဒီအတိုင္းပဲ ထားၾကတာပါ။

အေလာင္း ေတြကို ဒီအတိုင္း ေျမႀကီး ေပၚ ခ်ထားၿပီး ပုပ္ေသြးေဆြးေျမ႕ခံတဲ့ ဓေလ့ ကေတာ့ တကယ့္ကို ေက်ာခ်မ္းစရာပါ။ အသားေတြကို ေဆြးေျမ႕ၿပီး အရိုး က်န္တဲ့ အထိ ဒီအတိုင္းထားၾကတာပါ။

ထိုးထိုးေထာင္ေထာင္ ၀ါးေလွာင္အိမ္ ေတြထဲမွာ လူေသေတြ ထားထားတဲ့ Trunyan သုသာန္ဟာ ရြာနားမွာပဲ ရွိတာပါ။ ဒါေပမယ့္ Batur ကန္ကို ေလွနဲ႔ျဖတ္ကူးၿပီးမွသာ ေရာက္ႏိုင္ပါတယ္။ အဲ့ဒီေနရာဟာ တားျမစ္ေနရာ ျဖစ္ၿပီး အမ်ိဳးသားေတြကိုသာ ၀င္ထြက္ခြင့္ ျပဳထားပါတယ္။

အသုဘ အခမ္းအနား ၿပီးတာနဲ႔ အေလာင္းေတြကိုသယ္လာၿပီး ဒီအတိုင္း ထားၾကတာပါ။ အေလာင္းကို အ၀တ္နဲ႔ပတ္ၿပီီး၊ မ်က္ႏွာ ကိုေတာ့ မဖံုးပဲ ဒီအတိုင္းေျမႀကီးေပၚ ထား ထားၾကတာပါ။ အမ်ိဳးသမီး ေတြ မ၀င္ရတဲ့ အဲ့ဒီေနရာကို အမ်ိဳးသမီးတစ္ေယာက္ေယာက္ကမ်ား ေရာက္လာခဲ့တယ္ ဆိုရင္ ငလ် င္လႈပ္တာ (သို႔)မီးေတာင္ ေပါက္ ကြဲတာ အစရွိတဲ့ ေဘးအႏၱရာယ္ တစ္မ်ိဳးမ်ိဳးနဲ႔ ႀကံဳရတတ္တယ္ ဆိုတဲ့ အယူရွိပါတယ္။

Taru Menyan သစ္ပင္ ေအာက္မွာ ထားၾကတာျဖစ္ၿပီး၊ အဲ့ဒီအပင္ဟာ ေမႊးရနံ႔ ကို ထုတ္ေပးတာေၾကာင့္ အေလာင္းေတြရဲ႕ အပုပ္နံ႔ ကို သက္သာေစတယ္လို႔ ဆိုပါတယ္။ ၀ါးေလွာင္အိမ္ ေတြမွာ အေလာင္းေတြ ျပည့္ေနခဲ့ရင္ေတာ့ သက္တမ္း ရင့္ အေလာင္းေတြကို ေရြးထုတ္ၿပီး စုပံုကာ ေနာက္လာတဲ့ အေလာင္းသစ္ အတြက္ ေနရာဖန္တီးေပးေလ့ ရွိပါတယ္။

အေလာင္း က လံုး၀ အရိုး က်သြားၿပီ ဆိုရင္ေတာ့ ဦးေခါင္းခြံကို ယူၿပီး သစ္ပင္တစ္ပင္ရဲ႕ ေအာက္မွာ စုပံုထားေလ့ရွိ ပါတယ္။ ရြာသူ၊ရြာသားေတြကေတာ့ သူတို႔ဟာ တကယ့္ ဘာလီကၽြန္းသူ၊ ကၽြန္းသား အစစ္ ေတြလို႔ ယံုၾကည္ေနၿပီး၊ (၁၃၄၀)ခုႏွစ္က ဂ်ာဗားကၽြန္းမွာရွိတဲ့ Majapahit အင္ပါယာမွ ေရႊ႕ေျပာင္းလာသူေတြ မတိုင္ခင္တည္းက သူတို႔က အဲ့ဒီေနရာမွာ ရွိေနခဲ့သူေတြလို႔ ဆိုပါတယ္။

ေနာက္ထပ္ထူးဆန္းတဲ့ ဓေလ့ တစ္ခုကေတာ့ လူငယ္ေတြက ငွက္ေပ်ာရြက္ အေျခာက္ ေတြကို ၀တ္ၿပီး Barong ဆုိတဲ့ ျခေသၤ့နဲ႔ တူတဲ့ အရာကို ဂုဏ္ျပဳတဲ့ ပြဲပါ။ ဒီပြဲမွာေတာ့ လူငယ္ ေတြသာ ပါ၀င္ႏိုင္တာျဖစ္ၿပီး သူတို႔ကို အထူးေရြးခ်ယ္ ထားတာပါ ။

ပြဲမွာမပါ၀င္ခင္ (၄၂)ရက္ေလာက္က သူတို႔ကိုယ္သူတို႔ သန္႔စင္ ေအာင္ ေနၾကရပါတယ္။ ငွက္ေပ်ာရြက္ ေတြ ၀တ္ထားတဲ့ လူငယ္ေတြက ဘုရားေက်ာင္းနားမွာ ပတ္ေျပး၊ လမ္းသြားလမ္းလာေတြက သူတုိ႔ကိုယ္ေပၚက အရြက္ေတြကို ခိုးဖို႔ ႀကိဳးစား၊ လူငယ္ေတြက သူတို႔လက္ထဲက ၾကာပြတ္နဲ႔ ျပန္ရိုက္ရတာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: သတင္းစံု

#Unicode Version#
နိုင်ငံတွေ၊အရပ်ဒေသတွေမှာ မတူညီတဲ့ ရိုးရာ ဓလေ့ အစဉ်အလာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲကမှ အင်ဒိုနီးရှားနိုင်ငံက ရွာတစ်ရွာမှာ ကျင့်သုံးတဲ့ သေတာနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ ရိုးရာ ဓလေ့ တစ်ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလီ ပြည်နယ်၊ Batur ကန်ရဲ့ အရှေ့ဘက်ကမ်းခြေစပ်မှာရှိတဲ့ တောင်ပေါ် ရွာလေး Trunyan မှာ ထူးဆန်းတဲ့ ရိုးရာဓလေ့တစ်ခုကို လက်ခံကျင့်သုံးကြ ပါတယ်။

အဲ့ဒါကတော့ လူသေ အလောင်း တွေကို မြေမမြှုပ်၊ မီးသဂြိုဟ်တာတွေ လည်း မလုပ်ပဲ ဝါးလှောင်အိမ် ထဲမှာ ဒီအတိုင်းထားပြီး ပုပ်သိုး ဆွေးမြေ့စေတာပါ။ လူတစ်ယောက် သေတိုင်း အဲ့ဒီအတိုင်းပဲ ထားကြတာပါ။

အလောင်း တွေကို ဒီအတိုင်း မြေကြီး ပေါ် ချထားပြီး ပုပ်သွေးဆွေးမြေ့ခံတဲ့ ဓလေ့ ကတော့ တကယ့်ကို ကျောချမ်းစရာပါ။ အသားတွေကို ဆွေးမြေ့ပြီး အရိုး ကျန်တဲ့ အထိ ဒီအတိုင်းထားကြတာပါ။

ထိုးထိုးထောင်ထောင် ဝါးလှောင်အိမ် တွေထဲမှာ လူသေတွေ ထားထားတဲ့ Trunyan သုသာန်ဟာ ရွာနားမှာပဲ ရှိတာပါ။ ဒါပေမယ့် Batur ကန်ကို လှေနဲ့ဖြတ်ကူးပြီးမှသာ ရောက်နိုင်ပါတယ်။ အဲ့ဒီနေရာဟာ တားမြစ်နေရာ ဖြစ်ပြီး အမျိုးသားတွေကိုသာ ဝင်ထွက်ခွင့် ပြုထားပါတယ်။

အသုဘ အခမ်းအနား ပြီးတာနဲ့ အလောင်းတွေကိုသယ်လာပြီး ဒီအတိုင်း ထားကြတာပါ။ အလောင်းကို အဝတ်နဲ့ပတ်ပြီး၊ မျက်နှာ ကိုတော့ မဖုံးပဲ ဒီအတိုင်းမြေကြီးပေါ် ထား ထားကြတာပါ။ အမျိုးသမီး တွေ မဝင်ရတဲ့ အဲ့ဒီနေရာကို အမျိုးသမီးတစ်ယောက်ယောက်ကများ ရောက်လာခဲ့တယ် ဆိုရင် ငလျ င်လှုပ်တာ (သို့)မီးတောင် ပေါက် ကွဲတာ အစရှိတဲ့ ဘေးအန္တရာယ် တစ်မျိုးမျိုးနဲ့ ကြုံရတတ်တယ် ဆိုတဲ့ အယူရှိပါတယ်။

Taru Menyan သစ်ပင် အောက်မှာ ထားကြတာဖြစ်ပြီး၊ အဲ့ဒီအပင်ဟာ မွှေးရနံ့ ကို ထုတ်ပေးတာကြောင့် အလောင်းတွေရဲ့ အပုပ်နံ့ ကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဝါးလှောင်အိမ် တွေမှာ အလောင်းတွေ ပြည့်နေခဲ့ရင်တော့ သက်တမ်း ရင့် အလောင်းတွေကို ရွေးထုတ်ပြီး စုပုံကာ နောက်လာတဲ့ အလောင်းသစ် အတွက် နေရာဖန်တီးပေးလေ့ ရှိပါတယ်။

အလောင်း က လုံး၀ အရိုး ကျသွားပြီ ဆိုရင်တော့ ဦးခေါင်းခွံကို ယူပြီး သစ်ပင်တစ်ပင်ရဲ့ အောက်မှာ စုပုံထားလေ့ရှိ ပါတယ်။ ရွာသူ၊ရွာသားတွေကတော့ သူတို့ဟာ တကယ့် ဘာလီကျွန်းသူ၊ ကျွန်းသား အစစ် တွေလို့ ယုံကြည်နေပြီး၊ (၁၃၄၀)ခုနှစ်က ဂျာဗားကျွန်းမှာရှိတဲ့ Majapahit အင်ပါယာမှ ရွှေ့ပြောင်းလာသူတွေ မတိုင်ခင်တည်းက သူတို့က အဲ့ဒီနေရာမှာ ရှိနေခဲ့သူတွေလို့ ဆိုပါတယ်။

နောက်ထပ်ထူးဆန်းတဲ့ ဓလေ့ တစ်ခုကတော့ လူငယ်တွေက ငှက်ပျောရွက် အခြောက် တွေကို ဝတ်ပြီး Barong ဆိုတဲ့ ခင်္သြေ့နဲ့ တူတဲ့ အရာကို ဂုဏ်ပြုတဲ့ ပွဲပါ။ ဒီပွဲမှာတော့ လူငယ် တွေသာ ပါဝင်နိုင်တာဖြစ်ပြီး သူတို့ကို အထူးရွေးချယ် ထားတာပါ ။

ပွဲမှာမပါဝင်ခင် (၄၂)ရက်လောက်က သူတို့ကိုယ်သူတို့ သန့်စင် အောင် နေကြရပါတယ်။ ငှက်ပျောရွက် တွေ ဝတ်ထားတဲ့ လူငယ်တွေက ဘုရားကျောင်းနားမှာ ပတ်ပြေး၊ လမ်းသွားလမ်းလာတွေက သူတို့ကိုယ်ပေါ်က အရွက်တွေကို ခိုးဖို့ ကြိုးစား၊ လူငယ်တွေက သူတို့လက်ထဲက ကြာပွတ်နဲ့ ပြန်ရိုက်ရတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သတင်းစုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top