Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျပင္ဦးလြင္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ထြက္ခြာလာသည့္ ႏုိင္ငံ ျခားသားမ်ား လိုက္ပါလာေသာ ယာဥ္သည္ ဆုိင္ကယ္တစ္စီးကုိ ဝင္တိုက္မိရာမွ တိမ္းေမွာက္ခဲ့ သည္။
ပုသိမ္ႀကီးၿမိဳ႕နယ္ ေက်ာက္ ေခ်ာေက်းရြာ ျပင္ဦးလြင္-မႏၲ ေလးအဆင္းကားလမ္းတြင္ ႏုိင္ငံ ျခားသားေျခာက္ဦးကို တင္ေဆာင္လာေသာ အျဖဴေရာင္ အငွား ယာဥ္တစ္စီးသည္ ေအာက္တုိ ဘာ ၂၁ ရက္ ညေနက လမ္း ေျမာက္ဘက္ရွိ စားေသာက္ဆုိင္ ေရွ႕မွ ျဖတ္ေမာင္းလာေသာ ဆုိင္ ကယ္ကို တိမ္းေရွာင္စဥ္ အရွိန္ မထိန္းႏိုင္ဘဲ အျခားရပ္ထားေသာ ဆုိင္ကယ္တစ္စီးကို ဝင္တိုက္ခဲ့ ေၾကာင္း မႏၲေလးတုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ံုးမွတ္တမ္း၌ ေဖာ္ျပ ထားသည္။
အျဖဴေရာင္ အငွားယာဥ္ သည္ ရပ္တန္႔ထားေသာ ေက်ာက္လုပ္သားတစ္ဦး၏  ဆုိင္ကယ္ကို အရွိန္ျဖင့္ဝင္တိုက္မိ၍ တိမ္း ေမွာက္ခဲ့သျဖင့္ ဘယ္လ္ဂ်ီယံႏုိင္ငံ သူတစ္ဦး ယာနဖူးေရာင္ျခင္း၊ ပခံုးနာက်င္ဒဏ္ရာမ်ားရရွိၿပီး မႏၲေလးေဆး႐ံုႀကီးသို႔ တင္ပို႔ခဲ့ ေၾကာင္း တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕ မွဴး႐ံုးမွ အႀကီးတန္းရဲအရာရွိတစ္ ဦးက ေျပာသည္။
‘‘ႏုိင္ငံျခားသူက သာမန္နာ က်င္ဒဏ္ရာပါ။ စိုးရိမ္စရာေတာ့ မရွိဘူး။ ယာဥ္ေမာင္းကိုေတာ့ အ ေရးယူထားပါတယ္’’ဟု အႀကီး တန္းအရာရွိက ေျပာသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ လိုက္ပါလာသည့္ ႏုိင္ငံျခားသားေျခာက္ဦးအနက္ တစ္ဦးဒဏ္ရာရရွိၿပီး ယာဥ္ေမာင္းႏွင့္ ျမန္မာႏုိင္ငံသားႏွစ္ဦး ဒဏ္ရာမရရွိေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွတ္တမ္းတြင္ ပါရွိသည္။ ယာဥ္ေမာင္း ကိုအုန္းေခ်ာနယ္ေျမရဲတပ္ဖြဲ႕စခန္းတြင္ ယာဥ္ေပါ့ဆစြာေမာင္းႏွင္မႈပုဒ္မ ၃၃၇ အရ အမႈဖြင့္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသည့် နိုင်ငံ ခြားသားများ လိုက်ပါလာသော ယာဉ်သည် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိရာမှ တိမ်းမှောက်ခဲ့ သည်။

ပုသိမ်ကြီးမြို့နယ် ကျောက် ချောကျေးရွာ ပြင်ဦးလွင်-မန္တ လေးအဆင်းကားလမ်းတွင် နိုင်ငံ ခြားသားခြောက်ဦးကို တင်ဆောင်လာသော အဖြူရောင် အငှား ယာဉ်တစ်စီးသည် အောက်တို ဘာ ၂၁ ရက် ညနေက လမ်း မြောက်ဘက်ရှိ စားသောက်ဆိုင် ရှေ့မှ ဖြတ်မောင်းလာသော ဆိုင် ကယ်ကို တိမ်းရှောင်စဉ် အရှိန် မထိန်းနိုင်ဘဲ အခြားရပ်ထားသော ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း၌ ဖော်ပြ ထားသည်။

အဖြူရောင် အငှားယာဉ် သည် ရပ်တန့်ထားသော ကျောက်လုပ်သားတစ်ဦး၏  ဆိုင်ကယ်ကို အရှိန်ဖြင့်ဝင်တိုက်မိ၍ တိမ်း မှောက်ခဲ့သဖြင့် ဘယ်လ်ဂျီယံနိုင်ငံ သူတစ်ဦး ယာနဖူးရောင်ခြင်း၊ ပခုံးနာကျင်ဒဏ်ရာများရရှိပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ခဲ့ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ် ဦးက ပြောသည်။

‘‘နိုင်ငံခြားသူက သာမန်နာ ကျင်ဒဏ်ရာပါ။ စိုးရိမ်စရာတော့ မရှိဘူး။ ယာဉ်မောင်းကိုတော့ အ ရေးယူထားပါတယ်’’ဟု အကြီး တန်းအရာရှိက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသည့် နိုင်ငံခြားသားခြောက်ဦးအနက် တစ်ဦးဒဏ်ရာရရှိပြီး ယာဉ်မောင်းနှင့် မြန်မာနိုင်ငံသားနှစ်ဦး ဒဏ်ရာမရရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းတွင် ပါရှိသည်။ ယာဉ်မောင်း ကိုအုန်းချောနယ်မြေရဲတပ်ဖွဲ့စခန်းတွင် ယာဉ်ပေါ့ဆစွာမောင်းနှင်မှုပုဒ်မ ၃၃၇ အရ အမှုဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top